သြဂုတ်-၃၊ ၂၀၁၃
M-Media
၂၀၁၃ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့တွင်ကျရောက်သော လူငယ်များနေ့ကို ကြိုဆိုသောအားဖြင့် မန္တလေးလူငယ်များမှ ၂၀၁၃ ခုနှစ်၊ အတွက် ရွေးချယ်ခဲ့သော ဆောင်ပုဒ်ဖြစ်သည့် “ခွဲခြားမှုကင်းသော အနာဂတ် မျိုးဆက် ဆီသို့” ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲကို ပါဝင် ဆင်နွှဲရန် အတွက် လူငယ် ၀ါသနာရှင်များကို ဖိတ်ခေါ်ထားကြောင်းသိရပါသည်။
ပြိုင်ပွဲဝင် ဓာတ်ပုံများကို ဖေ့စ်ဘုခ် စာမျက်နှာ (https://www.facebook.com/pages/Equality-Myanmar/229213553883498 ) တွင် ပြသထားကာ ပရိတ်သတ် အကြိုက်ဆုံး “Like” အများဆုံးရရှိသည့် ဓာတ်ပုံ ၂၀ကို စကာတင် အဖြစ် ရွေးချယ်ပြီး သြဂုတ်လ (၁၂)ရက်နေ့ မန္တလေး မြို့တော်ခန်းမတွင် ပြုလုပ်မည့် နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် ပွဲတွင် ပြသသွားမည် ဟုလည်း သိရသည်။
ပြိုင်ပွဲဝင်များအနေနှင့် ပြိုင်ပွဲဝင် လျှောက်လွှာများကို သြဂုတ်လ (၅)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာပါ ရုံးလိပ်စာများသို့ လျှောက်ထားရန် လိုအပ်ပါသည်။ အသေးစိတ်သိလိုက ၀၉-၄၀၂၇၆၉၀၁၇ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ဓာတ်ပုံပညာရပ်ကို စိတ်ဝင်စားသော M-Media စာဖတ်ပရိတ်သတ်များ အချိန်မီ လျှောက်လွှာတင်ကာပြိုင်ပွဲ ၀င်နိုင်စေဖို့အတွက် တင်ပြလိုက်ပါသည်။
ကိုးကား- YSCM.Myanmar FB Group