News @ M-Media

Tag: fake_News

  • ဗိုလ်တစ်ထောင် ဗလီအတွင်း လူစိမ်း များတွေ့ရှိသည့် သတင်း မှားယွင်းကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်

    ဗိုလ်တစ်ထောင် ဗလီအတွင်း လူစိမ်း များတွေ့ရှိသည့် သတင်း မှားယွင်းကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်

    ဒီဇင်ဘာ ၁၀ ၊၂၀၁၅
    M-Media
    သတင်း-သူရိန်
    .-1  Yangon Police   ဖြစ်စဉ်မှန်သတင်းအား ဖော်ပြအသိပေးခြင်း ရန်ကုန်၊...
    ယမန့်နေ့ ညဦးပိုင်းအချိန်မှ အွန်လိုင်းစာမျက်နှာထပ်တွင် ပြန့်နှံလာသည့် ဗိုလ်တစ်ထောင် ဗလီအတွင်း လူစိမ်း ၁၀၀ ကျော်စစ်ဆေးတွေ့ရှိကြောင်း ဝါဒဖြန့်လုပ်ကြံသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဖြစ်ရပ်အမှန်ကို သတင်းထုတ်ပြန်လိုက်ပါတယ်။

    အဆိုပါ ဝါဒဖြန့် သတင်းအမှားနှင့် ပတ်သက်ပြီး M-Media မှ သတင်းတပုဒ် ယနေ့ တင်ပြပေးခဲ့ပြီးဖြစ်ပါတယ်။
    http://www.m-mediagroup.com/news/49714
    ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဝါဒဖြန့်သည့် သတင်း မှားယွင်းကြောင်းသာ ပါရှိပြီး လှုံ့ဆော်ဝါဒဖြန့်နေသူများအား အရေးယူဆောင်ရွက်မည့် အကြောင်း ဖော်ပြထားခြင်းမရှိပါ။

    ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
    .————————————————-
    ဖြစ်စဉ်မှန်သတင်းအား ဖော်ပြအသိပေးခြင်း

    ရန်ကုန်၊ ဒီဇင်ဘာ ၁၀

    ၁၀.၁၂.၂၀၁၅ ရက်နေ့ ၀၀၂၈ အချိန်တွင် “ဗိုလ်တစ်ထောင် ဗလီအတွင်း လူစိမ်းကုလား ၁၀၀ ကျော်စစ်ဆေးတွေ့ရှိ” ခေါင်းစဉ်ဖြင့် လူမှုကွန်ယက် အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိသည့် “ရန်ကုန်မြို့ ဗိုလ်တစ်ထောင် မြို့နယ်၊ ၁၀ရပ်ကွက်၊ ၄၈ လမ်းရှိ ဗလီကို ရှောင်တခင် ရက်ကွက်အုပ်ချုပ်ရေး မှုးမှ ဝင်ရောက်စစ်ဆေးရာ မှတ်ပုံတင်မရှိ ဧည့်စာရင်းဖြင့် မူဆလင်ကုလား  လူစိမ်း ၁၀၀ကျော် ထွေအုပ်ရုံးက တွေ့ရှိခဲ့သည်ဟုသိရှိရသည်။ ဒီလို စစ်ဆေးမှုဟာတစ်လ တစ်ခါပုံမှန်လုပ်ကြောင်းဟုဆိုပါတယ်။

    အဆိုပါ လူစိမ်း ၁၀၀ကျော် မိထားသည့်ကိစ္စကို သက်ဆိုင်ရာသို့ အကြောင်း  ကြားသော်လည်း သတင်းမပေါက်ကြားဖို့သာ ပြောဆိုပြီးဘာမှ အရေးယူဆောက်ရွတ်ခြင်းမရှိဟု သိရှိရသည်။

    အိန္ဒိယ၊ဘင်္ဂလားဒေရှ်နှင့် ရခိုင်ပြည်နယ်မှ ခိုးဝင်လားသော ဗမာစကားမပြောတတ်သည့် မူဆလင်ခေါ်တောကုလားတွေကို ဗလီတော်တော်များများမှာ ဗမာစကားပြောတတ်အောင်သင်ပေးပြီး နောက်မှ မူဆလင်များသည့် မြို့နယ်နှင့်  ရပ်ကွက်များသို့ဖြန့် ကျက်လေ့ရှိကြောင်းဟုစုံစမ်းရရှိသည်။

    အလုပ်တွေကိုတော့ တောင်တဂုံ စက်မှုဇုံက မူဆလင်ပိုင်ဆိုင်တွေဆီ ပို့ထားပြီး ၊ လူရေလည်လာပြီ ဆိုမှ မြို့အတွင်းပိုင်းဖြစ်သည့် တာမွေ၊  ပန်ဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ ပုစွန်တောင်၊ သင်္ကန်းကျွန်း၊ ဒေါပုံ၊ အနော်မာအစရှိတဲ့ မူဆလင်ပိုင်ဆိုင်တွေမှာ ခွဲဝေအလုပ်ပေးထားကြောင်း စုံစမ်းရရှိသည်။

    ခိုးဝင်လာသူတွေက လမ်းခရီးမှာဖမ်းမိခဲ့ရင် ဖြေရှင်းဖို့ဆောဒီအာရေဗျနှင့် အာရပ်နိုင်ငံများမှ ထောက်ပံ့ထားသည့် ငွေဖြင့်ပြည်တွင်းသို့ ခေါ်တော ကုလားတွေကို ခိုးသွင်းသည့် မူဆလင်ကွန်ရက်မှ လိုက်လံဖြေရှင်းပေးလေ့ ရှိကြောင်း စုံစမ်းရရှိသည်။
    အဆိုပါကိစ္စကို ပြည်ထဲရေနှင့်လဝက ဝန်ကြီးဌာနတို့ ထိထိရောက်ရောက် အရေယူပေးဖို့ အသိပေးဖော်ပြလိုက်ပါတော့သည်။” စသည်ဖြင့်သတင်းဖော်ပြခဲ့မှုမှာ လူမှုကွန်ယက်အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်ကိုသိရှိရပါသည်။

    ဖြစ်စဉ်သတင်းနှင့်ပတ်သက်၍ ၁၀.၁၂.၂၀၁၅ ရက်နေ့ ၀၉၀၀ အချိန်တွင်  ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ၄၇ လမ်း၊ အမှတ်(၁၈၁/၁၈၃)ဗလီ သို့ ဗိုလ်တထောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ  တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ဗိုလ်တထောင် မြို့မရဲစခန်းမှတပ်ဖွဲ့ ၀င်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဗလီမှာ ကုရ်အာန်ကျမ်းဘာသာရေးစာသင်ကျောင်းနှင့်တွဲဖက်ကာ ဘာသာရေးစာပေများကို နေ့စဉ် ၀၈၀၀ အချိန်မှ ၁၆၀၀ အချိန်ထိ သင်ကြားပေးလျက်ရှိကြောင်း၊ ၎င်းကျောင်းတွင် စာသင်ကျောင်းသား (၁၆၃)ဦးရှိပြီး ညအိပ်စာသင်ကျောင်းသား(၁၁၉)ဦးနှင့်
    နေ့ချင်းပြန်စာသင်ကျောင်းသား (၄၄)ဦး ရှိကြောင်း၊ စာသင်ကျောင်းသား များ၏ အသက်မှာ (၁၀)နှစ်မ (၂၀)နှစ်အတွင်းဖြစ်ကြောင်း၊ စာသင်ကျောင်းသားများသည် ရန်ကုန်မြို့နှင့်အခြားနယ်မြို့များမှလာရောက်သင်ကြားသူများဖြစ်ပြီး စာသင်နှစ်မှာ (၃)နှစ်ဖြစ်ကြောင်း၊ ၎င်းစာသင်သား များအား သင်ကြားရေးဆရာ(၁၆)ဦးတို့မှသင်ကြား ပေးနေခြင်းသာဖြစ် ကြောင်း၊ တရားမ၀င်ခိုးဝင်လာသူများပါဝင်မှုမရှိကြောင်း စစ်ဆေးသိရှိခဲ့ရပါသည်။

    အဆိုပါလူမှုကွန်ယက်အင်တာနက်စာမျက်နှာ၌ ဖော်ပြပါရှိသည့် ဖြစ်စဉ်အား စိစစ်ခဲ့ရာတွင် သတင်းရေးသားဖော်ပြထားသကဲ့သို့ မဟုတ်ဘဲ စစ်ဆေးတွေ့ရှိသည့်ဖြစ်စဉ်အမှန်အား အသိပေးဖော်ပြ အပ်ပါသည်။

    ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းမူရင်းလင့်
    https://www.facebook.com/yangonpolice/posts/762124527250150

    48

    ဝါဒဖြန့်နေသူများအနက် Wira Mos Sess Facebook အကောင့်လင့်ခ်
    https://www.facebook.com/photo.php?fbid=171519729869095&set=a.127899564231112.1073741828.100010332063324&type=3

  • အလိမ်အညာ ဓါတ်ပုံဖြင့် ရခိုင်သတင်း Page တခုမှ သွေးထိုး လှုံဆော်မှုများ ပြုလုပ်နေ

    ဧပြီ ၁ ၊ ၂၀၁၄
    M-Media
    KK

    Fake BD Flag

    ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာ မွတ်စလင်များမှ ဘင်္ဂလားဒေရှ်နိုင်ငံ အလံလွှင်ထူဆိုသည့် ဓါတ်ပုံ အလိမ်တခုကို သွေးထိုးလှုံဆော်မှုများ အဆက်မပြတ်ပြုလုပ်နေသည့် ရခိုင် FB သတင်း စာမျက်နှာ တခုမှ ဖြန်ချီနေတာကို တွေ့ရှိပါသည်။

    အဆိုပါ ဓါတ်ပုံမှာ ဘင်္ဂလားဒေရှ်သတင်းဌာနမှ ၂၀၁၂ ခုနှစ်က တင်ခဲ့သည့် ပုံကို ကူးယူပြီး ယခုကဲ့သို့ သွေးထိုးလှုံဆော်နေခြင်း ဖြစ်ပါတယ်။

    ပြည်လုံးကျွှတ်သန်းခေါင်စာရင်းကောက်ယူချိန် ရခိုင်ပြည်နယ်၌ ထိလွယ်ရှလွယ် ဖြစ်ပွားသည့်အခြေအနေတွင် အဆိုပါရခိုင်သတင်းဌာနမှ အချိန်ကိုက် သတင်းအမှားများဖြင့် လှုံဆော်လာခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှာ အချိန်မှီသတင်းထုတ်ပြန်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်ဖို့ လိုအပ်ကြောင်းကို ရန်ကုန်မြို့နေ ပြည်သူတစ်ဦးမှ M-Media ကိုပြောပါတယ်။

    ရခိုင် သတင်း Page ဓါတ်ပုံတင်ထားသည့် Link =>https://www.facebook.com/photo.php?fbid=492274894210942&set=a.456827444422354.1073741829.455782234526875&type=1&theater

    People_of_Indian_enclaves_hoist_Bangladesh_flag_-_2014-04-01_12.20.22

    မူရင်းဓါတ်ပုံလင့် ကြည့်ရန်=> http://www.christianarchy.nl/2012/04/onbekende-hongerstakingsactie-in.html

  • စစ်တွေ GTC တိုက်ခိုက်ခံရသည့် သတင်းမှားကြောင်း ရခိုင်ပြည်နယ် အစိုးရပြော

    စစ်တွေ GTC တိုက်ခိုက်ခံရသည့် သတင်းမှားကြောင်း ရခိုင်ပြည်နယ် အစိုးရပြော

    ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမည့် သတင်းမှားများ ထုတ်ပြန်ခြင်း မပြုရန် မေတ္တာရပ်ခံ

     

    ဇူလိုင် ၂၇ရက် ၂၀၁၂

    Soure: News Watch Weekly

    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ရာ သတင်းထောက်များ အနေဖြင့် ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားစေမည့် သတင်းမှားများ ထုတ်ပြန်ခြင်း မပြုကြရန် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ရခိုင်ပြည်နယ် ရှေ့နေချုပ် ဦးလှသိန်းက ပြောကြားခဲ့သည်။

    နိရဉ္စရာ သတင်းဌာနမှ ဇူလိုင် ၁၇ ၂၀၁၂ တွင်ဖော်ပြခဲ့သော စစ်တွေ GTC ကျောင်းသားများတိုက်ခိုက်ခံရသော သတင်းအမှား
    မူရင်း သတင်း Link

    ယခင်အပတ်ထုတ် ဂျာနယ်တစ်စောင်တွင် ဂျီတီစီကျောင်းသားများ တိုက်ခိုက်ခံရ ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းမှာ ဖြစ်ရပ်မှန်နှင့် လုံးဝကွဲလွဲပြီး မသိသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု မရှိသေးကြောင်း အထင်မှားစရာဖြစ်သလို တစ်ဖက်နှင့်တစ်ဖက် ရန်လိုမုန်းတီးမှုများ ပြန်လည်ဖြစ်ပွားစေနိုင်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားနိုင်သည်အထိ ဖြစ်သွားနိုင်ကြောင်း၊ ဖြစ်ရပ်မှန်မှာ ဂျီတီစီကျောင်းတွင် တာဝန်ကျနေသည့် လုံခြုံရေးဝန်ထမ်းများနှင့် အရပ်သားများအကြား အထင်လွဲမှား ဖြစ်ပွားမှုသာ ဖြစ်ကြောင်း၊ ကျောင်းသားများနှင့် အရပ်သားများ မည်သူမျှ သက်ဆိုင်မှုမရှိကြောင်း၊ ထို့ကြောင့် ဂျီတီစီကျောင်းမှာလည်း ပုံမှန်ဖွင့်လှစ်သင်ကြားကာ ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေကြကြောင်း ပြောကြားခဲ့သည်။

    ထို့အတူ စစ်တွေတက္ကသိုလ်ကိုလည်း မကြာမီ ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ် ကျောင်းသားအချို့ ကျောင်းတက်ရောက်နိုင်ရန် အခက်အခဲရှိပါက ၄င်းတို့အား အဝေးသင်တက္ကသိုလ်သို့ ပြောင်းလဲသင်ကြားပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အရေးအခင်းများ ဖြစ်ပွားခဲ့ရာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေမြို့နယ်များရှိ အခြေခံပညာသင် ကျောင်းများအားလည်း ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း အဖွဲ့ခေါင်းဆောင်မှ ရှင်းလင်းပြောကြားခဲ့သည်။ သတင်းမှားများ ထုတ်ပြန်ခြင်းအတွက် ဒေသတည်ငြိမ်ရေးကို ထိခိုက်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုခံရနိုင်မည် ဖြစ်ကြောင်းလည်း အသိပေးရှင်းလင်း ပြောကြားခဲ့ပြီး ယခုအချိန်အထိ အရေးယူခြင်း မရှိသေးသော်လည်း သတင်းမှား ဖော်ပြခြင်းအတွက် အမှားပြင်ဆင်ချက်နှင့် မှားယွင်းကြောင်း တောင်းပန်စာများကိုသာ ထည့်ရန် သတိပေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံ သတင်းထောက်တစ်ဦးက “ဂျာနယ်အချို့မှာ ဒေသခံ သတင်းထောက်တွေ ထားရှိပါတယ်။

    YPI သတင်းဌာနတွင် ဇူလိုင် ၁၈ ၂၀၁၂ တွင်ဖော်ပြခဲ့သော စစ်တွေ GTC ကျောင်းသားများ တိုက်ခိုက်ခံရသော သတင်းအမှား
    သတင်းအပြည့်အစုံဖတ်ရန် ပုံပေါ်တွင် နှိပ်ပါ။
    YPI သတင်းဖော်ပြခဲ့သည့် Link
    သစ်ထူးလွင် ဆိုဒ်တွင် ဖော်ပြခဲ့သော် ဇူလိုင် ၁၈ ၂၀၁၂ တွင်ဖော်ပြခဲ့သော စစ်တွေ GTC ကျောင်းသားများ တိုက်ခိုက်ခံရသော သတင်းအမှား
    မူရင်း သတင်း Link

    တချို့လည်း အလွတ်တန်း သတင်း ရေးနေသူတွေ ရှိပါတယ်။ ဒေသသတင်းများကို ရေးသားမယ်ဆိုရင် ဒေသခံ သတင်းထောက်တွေဆီက ပြန်လည်စုံစမ်းသင့်ပါတယ်။ အရပ်သတင်း၊ အရပ်စကားကြားရုံနှင့် ရန်ကုန်တိုက်ကနေပြီး တိုက်ပိုင်သတင်းထောက်တွေက အမှားရေးတော့ ဒေသခံသတင်းထောက်တွေအပေါ် အထင်သေးမှုတွေ ဖြစ်ပေါ်ပြီး ဌာနတွေနှင့် ဆက်ဆံရာမှာ အဖုအထစ်များ ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

     

    News Watch Weekly ဂျာနယ်မှကူးယူဖော်ပြချက်