News @ M-Media

Tag: fire

  • လှိုင်သာယာ PPCL (မန်းကုမ္ပဏီ) ဆီပေပါ သိုလှောင်ရုံတွင် မီးလှောင်မှုဖြစ်ပွား

    မတ်လ ၁၂ရက်၊ ၂၀၁၃
    M-Media
    သတင်း-ပသီဆောင်းနှင်မှုံ

     P6090109
    လှိုင်သာယာမြို့နယ်၊ ဒိုက်စုကျေးရွာ၊ အပိုင်း(၆)၊ ဆိပ်ကမ်းသာ လမ်းမပေါ်ရှိ PPCL Premiun PetroL (မန်း ကုမ္မဏီ)တွင် ယနေ့ မွန်းတည့် ၁၂း၀၀ နာရီ တွင် မီးလောင်မှု့ ဖြစ်ပွားခဲ့ပြီး ၁၂း၅၅ မိနစ်ချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒိုက်စုမီးသတ်ဌာနမှ တပ်စုမှူး ကိုသန်းလွင်မှ “ဆီပေပါတွေ သိုလှောင်ထားတဲ့ နေရာကနေ မီးလောင်တာပါ၊ဘယ်လိုစ လောင်တာလည်း ဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးပါဘူး၊လှိုင်သာယာ၊ အင်းစိန် ၊စမ်းချောင်း၊ ကမာရွက် စတဲ့မြို့နယ်တွေက မီးသတ်ကား အစီးရေ (၅၀)ခန့်၊ လူအင်အား အယောက် ၃၀၀လောက်နဲ့ မီးဝိုင်းငြိမ်းကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ၀င်းထဲက ၀န်ထမ်း အိမ်ယာ နှစ်လုံးရယ်၊ ရုံးခန်း အဆောက်အဦးရယ်၊ ဆီပေပါ ၃လုံး၊ ဆီပေပါတင် ကားနှစ်စီးရယ်၊ သင်္ဘောတစ်စင်း မီးထဲ ပါသွားပါတယ် ”ဟု M-Media သို့ပြောကြားခဲ့သည်။

    “ဆီပေပါ ထည့်တဲ့ အလုပ်သမား နှစ်ဦး ဒဏ်ရာ ရရှိလို့ ဆေးရုံပို့ထားပါတယ်။ ဒီအနီးအနားမှာ မီး ဆက်လက် လောင်ကျွမ်းဖို့ လွယ်ကူတဲ့ နေရာတွေ မရှိပါဘူး ။ဒီနေရာက လူနေအိမ်တွေနဲ့ ဝေးပါတယ်။ ဆိပ်ကမ်းမှာ ရပ်ထားတဲ့ သဘောင်္ တစ်စီးတော့ ပါသွားတယ်” ဟု  မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက M-Media သို့ပြောသည်။

    မြင့်သက်ဦး ၄၅၁ ငါးဖမ်း သင်္ဘောမှ ၀န်ထမ်းကလည်း “ကျွန်တော်တို့ သင်္ဘော ဆိုက်ကပ်ထားတဲ့နေရာမှာ မီးလောင်နေတယ်လို့ ပြောလို့ အပြေးလာကြည့်တာပါ။ ဒီရောက်တော့ ကျွန်တော်တို့ သင်္ဘောလည်း မီးထဲ ပါသွားပြီး ထင်းဖြစ်သွားပြီ။ ချောင်းလေး ရှိတော့ ဒီနားမှာ သင်္ဘောပြင်တဲ့ အချိန်တိုင်း အမြဲ ကမ်းကပ်ကပ် ထားတာပါ”ဟု M-Media သို့ပြောကြားခဲ့သည်။

    အဆိုပါ မီးလောင်မူနှင့် ပတ်သက်၍  ဆီဖြည့်နေရင်း လောင်တာဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင် ပြည်သူတစ်ဦးမှ ဝေဖန်သုံးသပ် ပြောကြားခဲ့သည်။

    More Photo

    P6090114

    P6090089