News @ M-Media

Tag: Food

  • ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင် ၂၀၁၅ ခုနှစ်တွင် မြန်မာ၌ ဖွင့်မည်

    ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင် ၂၀၁၅ ခုနှစ်တွင် မြန်မာ၌ ဖွင့်မည်

    အောက်တိုဘာ ၁၃ ၊ ၂၀၁၄
    M-Media
    _68911962_kfcchinagrandopeningexterior-april302011
    – ၂၀၁၅ ခုနှစ်၌ KFC ကြက်ကြော်ဆိုင်ခွဲများ စတင်ဖွင့်လှစ်ရန်အတွက် ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင်၏ မိခင် ကုမ္ပဏီဖြစ်သော Yum! Brands မှာ စင်ကာပူတွင် အခြေစိုက် ရိုးမ မဟာဗျူဟာ ဟိုလ်းဒင်း ကုမ္ပဏီနှင့် ဆက်သွယ်ကာ သဘောတူညီချက် ရခဲ့သည်ဟု သိရသည်။

    Yum! ကုမ္ပဏီမှာ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းက ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်ရေး မဟာဗျူဟာအား အကောင်အထည်ဖော်ခြင်းဖြစ်ကာ၊ KFC မှာ မြန်မာနိုင်ငံအား အာရှစီးပွားရေးတွင် အရေးပါသည့် နိုင်ငံအဖြစ် ရှုမြင်သည်ဟု KFC အမှုဆောင် အကြီးအကဲ မစ်ကီပန်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ရိုးမမဟာဗျူဟာ ဟိုလ်းဒင်းမှာ စင်ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာရေး ကဏ္ဍများအပါအ၀င် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။

    အဆိုပါ ရိုးမကုပ္ပဏီ၏ အမှုဆောင်ဥက္ကဌဖြစ်သူ ဆာဂျီပွန်ကမူ ကြက်သားမှာ မြန်မာနိုင်ငံတွင် ပရိုတိန်းရရှိသော အဓိကအစားသောက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “KFC မြန်မာနိုင်ငံမှာ ဖွင့်ခြင်းဟာ မြန်မာ့ အစားသောက်လုပ်ငန်းမှာ အဓိကကုမ္ပဏီတစ်ခုဖြစ်လာရေး  ရိုးမကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို အောင်မြင်ဖို့ အရေးပါတဲ့ ခြေလှမ်းဖြစ်ပါတယ်” ဟု မစ္စတာ ပွန်ကဆိုပြီး စားသုံးသူ ၂.၅ သန်းမှ ၂၀၃၀ ခုနှစ်တွင် စားသုံးသူ ၁၉ သန်းအထိတိုးတက်လာရေး မျှော်မှန်းထားသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Yum! Brands ကုမ္ပဏီမှာ Pizza Hut နှင့် Taco Bell စသည့် အသင့်စား အစားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်ထားပြီး ထိုကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် KFC ၏ ကြက်သားအခြေပြု အစားသောက်များမှာ အလျင်အမြန် တိုးတက်နေသော တံဆိပ်များမှ တစ်ခုလည်းဖြစ်သည်။

    KFC မှာ ယခုလက်ရှိတွင် ကမ္ဘာတစ်ဝှမ်း ဆိုင်ပေါင်း ၁၄၀၀၀ ခန့်ကို ဖွင့်လှစ်ထားပြီး ၂၀၂၀ ခုနှစ်တွင် ၂၀၀၀၀ အထိဖွင့်လှစ်ရန် စီစဉ်ထားသည်။

    ref_ BBC

  • အကုန်ကျ သက်သာပြီး ခန္ဓာကိုယ် အဆီကျစေမယ့် အစားအစာ (၁၀)မျိုး

    အကုန်ကျ သက်သာပြီး ခန္ဓာကိုယ် အဆီကျစေမယ့် အစားအစာ (၁၀)မျိုး

    သြဂုတ် ၁၅ ၊၂၀၁၄
    M-Media
    တင်ဆက်သူ- မောင်အာယု
    effective-fat-burning-foods
    – နည်းပညာတွေ တိုးတက်လာတဲ့ အခုခေတ်ကြီးမှာ ကျွန်တော်တို့ ခန္ဓာကိုယ်က အဆီတွေကို ချေဖျက်လျှော့ချုဖို့ ဆေးဝါးတွေ၊ နည်းလမ်းတွေလည်း အများကြီး ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီဆေးဝါးတွေ၊ နည်းလမ်းတွေမှာ ငွေးကြေး အလွန်အကျွံ ကုန်ကြတာရှိပြီး အနည်းနဲ့အများဆိုသလို ဆိုးကျိုးတွေ ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် လွယ်ကူသက်သာစေမယ့် နည်းလမ်းနဲ့ အဆီချဖို့နည်းလမ်းတွေကို လူတွေက ပိုပြီး ရှာဖွေလာကြပါတယ်။

    ကျွန်တော်တို့ နေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တစ်ကူရရှိနိုင်တဲ့ အသီးအနှံတွေကနေ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းက အဆီပိုတွေ အလွယ်တကူ လျော့ချနိုင်ပါတယ်။

    အကုန်အကျသက်သာပြီး အဆီချရာမှာ ပိုပြီးထိရောက်မယ့် အစားအစာ ၁၀ မျိုးကို M-Media စာဖတ်ပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

    ၁။ ဂျုံကြမ်း – ဂျုံကြမ်းဟာ ကျွန်တော်တို့အတွက် အရသာကောင်းကို ပေးစွမ်းနိုင်တာသာမက အစာခံစေပါတယ်။ ဂျုံကြမ်းမှာ အမျှင်ဓာတ်တွေ ပါဝင်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကို တည်ငြိမ်အောင် ကူညီပေးပါလိမ့်မယ်။

    ၂။ ဥ – ကျွန်တော်တို့ မကြာခဏစားလေ့ရှိတဲ့ ကြက်ဥ၊ ဘဲဥတွေဟာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းတဲ့ အစားအစာတွေပါ။ ကြွက်သားတွေ ဖြစ်ထွန်းလာဖို့ အကျိုးပြုတဲ့ ကိုလက်စထရောတွေ တိုးပွားလာဖို့ ဥတွေက ကူညီပေးပါတယ်။

    ၃။ ပန်းသီး – ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရောဂါပိုး တိုက်ဖျက်တဲ့ ဓာတ်တိုးပစ္စည်းတွေနဲ့ အခြားသော ထောက်ပံ့ရေးပစ္စည်းတွေကို ပန်းသီးစားခြင်းဖြင့် ရရှိနိုင်ပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ အရေးပါဆုံး ဓာတ်ပစ္စည်းတစ်ခုကတော့ ခန္ဓာကိုယ်တွင်းက အဆီဆဲလ်တွေကို လျှော့ချပေးနိုင်တဲ့ Pectin ပါပဲ။ ဒါ့ကြောင့် အဆီပိုတွေကို လျော့ကျစေဖို့အတွက် ပန်းသီးများများစားရပါလိမ့်မယ်။

    ၄။ အစိမ်းရောင် ငရုပ်သီး – ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေ ကြီးထွားဖို့ အထောက်အကူပြုတဲ့ Capsaicin ပါဝင်ပြီး၊ ကယ်လိုရီတွေကိုလည်း အချိန်အနည်းငယ်အတွင်မှာ လောင်ကျွမ်းစေပါတယ်။ အဆီချဖို့အတွက် အကောင်းဆုံး အစားအစာတစ်ခုပါပဲ။

    ၅။ ကြက်သွန်ဖြူ – ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့ Allicin ပါဝင်ပြီး အဆီပိုတွေနဲ့ မကောင်းတဲ့ ကိုလက်စထရော ဖယ်ရှားဖို့ ကြက်သွန်ဖြူက အထောက်အကူဖြစ်စေပါတယ်။

    ၆။ ပျားရည် – အဆီတွေကို လောင်းကျွမ်းစေတဲ့ အကောင်းအဆုံး အရာကတော့ ပျားရည်ပဲဖြစ်ပါတယ်။ ရေနွေးအဖြူထဲကို ပျားရည်ထည့်ပြီး နံနက်စောစောတိုင်း မှီဝဲတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆီတွေ ကျစေဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။

    ၇။ Green Tea – ခန္ဓာကိုယ် အလေးချိန်ကိုလျော့ချဖို့ Green Tea က အထိရောက်ဆုံး ကူညီနိုင်ပါတယ်။ ရောဂါပိုးတွေကို ကာကွယ်နိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေလည်း ပါဝင်ပြီး၊ ခန္ဓာကိုယ်အလေးချိန် တည်ငြိမ်စေဖို့အတွက်လည်း ကူညီပါတယ်။ တစ်နေ့ကို ၂ ခွက် သောက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ကျန်းမာရေးအတွက် ပိုကောင်းတဲ့ ရလဒ်တွေ ရနိုင်ပါသေးတယ်။

    ၈။ ဂျုံပင် – ခန္ဓာကိုယ်တွင်းက ဇိဝကမ္မဖြစ်စဉ်ကို ပိုမိုအားကောင်းစေပြီး အဆီတွေကိုလည်း လျော့ချပေးပါတယ်။

    ၉။ ခရမ်းချဉ်သီး – ကျွန်တော်တိုရဲ့ ခန္ဓာကိုယ်က အဆီတွေ အချိန်တိုတိုအတွင်း ကျစေဖို့ ခရမ်းချဉ်သီးက ကူညီပါတယ်။ ကျွန်တော်တို့ နေ့စဉ်စားသောက်မှုတွေမှာ ခရမ်းချဉ်သီးကို ပုံမှန်စားသုံးပေးရင် ကင်ဆာရောဂါကနေ ကင်းဝေးစေနိုင်ပါတယ်။

    ၁၀။ အနက်ရောင် ချောကလက် – သွေးထဲမှာရှိတဲ့ ကိုလက်စထရောတွေကို လျော့ကျစေဖို့ အထောက်အကူဖြစ်စေတဲ့ Flavonoids ဓာတ်ပစ္စည်းပါဝင်ပါတယ်။ အနက်ရောင် ချောကလက်ဟာ ဆီရိုတိုနင်လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို တိုးပွားစေပြီး အဆီတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။

    ref_ Health Digezt

  • စားသုံးရန် အန္တရာယ်ရှိသည်ဟု ဆိုထားသော်လည်း ဈေးကွက်တွင် ရောင်းလိုအား ကျဆင်းမှုမရှိ

    စားသုံးရန် အန္တရာယ်ရှိသည်ဟု ဆိုထားသော်လည်း ဈေးကွက်တွင် ရောင်းလိုအား ကျဆင်းမှုမရှိ

    မတ် ၂၂၊ ၂၀၁၄
    M-Media
    လမင်း

    333

    ရန်ကုန် ။      ။      အာလူးကြော် Oishi နှင့် Dee Do အချိုရည်တို့ကို စားသုံးရန်မသင့်တော်ကြောင်းကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ ကြေငြာထားသော်လည်း ဈေးကွက်တွင် ရောင်းလိုအားကျဆင်းမှုမရှိကြောင်းကိုတွေ့ရှိရသည်။

    “အစ်မတို့ ဆိုင်မှာတော့ လာဝယ်တဲ့ လူတွေလျော့သွားတာမျိုးမရှိပါဘူး၊ ပင်ရင်းဆိုင်တွေမှာလည်း ၀ယ်ရတာအရင်လိုပဲ ရှားပါးသွားတာမျိုး မရှိပါဘူး။ စားသုံးရန်မသင့်ဘူးလို့ပြောထားပေမဲ့လည်း လာဝယ်စားနေတဲ့လူတွေရှိနေတာပါပဲ။ ၀ယ်စားတဲ့ လူတွေရှိနေတော့ အစ်မတို့ကလည်း ရောင်းနေရ တာပဲလေ” ဟု ရန်ကုန်မြို့ ၃၅-လမ်းတွင် မုန့်ဆိုင်ဖွင့်ထားသော ဆိုင်ရှင်တစ်ဦးကပြောခဲ့သည်။

    အားလူးကြော် Oishi နှင့် Dee DOအချိုရည်တို့ကို မြန်မာနိုင်ငံစားသုံးသူများအသင်းမှ သမ၀ါယမ လက်အောက်ရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့ပြီး စားသုံးရန်မသင့်ကြောင်းကို လွန်ခဲ့သည့်ရက်များကဖော်ပြခဲ့သည်။

    “ဆရာတို့ဘက်ကလည်း အန္တရာယ်ရှိလို့ စားသုံးရန်မသင့်ကြောင်းကို အများပြည်သူတွေကိုအသိပေးထားပါတယ်။ သက်ဆိုင်ရာကတာဝန်ရှိသူတွေက လုံးဝမစားသင့်ကြောင်းကို တိုက်တွန်းပေးရင်ပိုမိုကောင်းမွန်မှာပါ လို့ဆရာထင်ပါတယ်” ဟု မြန်မာနိုင်ငံစားသုံးသူများအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က သုံးသပ် ပြောကြားခဲ့သည်။

  • ဂျာမဏီ နိုင်ငံ ကြက်သား၊ ကြက်ဥ၊ ၀က်သားတို့တွင် အဆိပ် တွေ့ရှိ

    ဂျာမနီမြောက်ပိုင်း Hamburg, Bremen မနီးမဝေး Boesel နှင့် Utersen ရွာကလေးတွေရှိ Harles Und Jentzsch ကုမ္ပဏီပိုင် တိရိစ္ဆာန် အစားအစာ ထုတ်လုပ်တဲ့ စက်ရုံမှနေ အသားတိုးအောင် အတွက်လား မသိ၊ စက်ရုံတွေမှ စွန့်ပစ်တဲ့ အဆီတွေကို အစာတွေထဲ ထည့်သွင်း အသုံးပြုတာကြောင့်မို့ ကြက်ဥ၊ ကြက်သားနဲ့ ၀က်သားတွေမှာ Doxinအဆိပ် ၇၇%ကျော် တွေ့ရှိတာကြောင့် ဂျာမန်တွေ အားလုံး ကြောက်လန့်တကြား ဖြစ်နေကြပါပြီ။ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင် တွေ့ရှိခဲ့ရတဲ့ ဒီအဆိပ်မှ အစပြုကာ ယာတောပေါင်း ၅၀၀၀ကျော် ပိတ်ပြစ်ခဲ့ရပြီး တိရိစ္ဆာန်အစာ တန်ပေါင်း တစ်သိန်းခွဲ (၁၅၀ ၀၀၀)မှာလည်း အဆိပ်ရှိနေတာ တွေ့ရှိခဲ့ရပါတယ်။

    စူပါမားကက်တွေနဲ့ အသားဆိုင်တွေမှာလည်း ဈေးဝယ်သူတွေက ၀ယ်ထားမိတဲ့ ကြက်ဥ၊ ကြက်သား၊ ၀က်သားတွေ ပြန်ပေးကြပြီး၊ Bio ဆိုင်တွေမှ ကြက်ဥ နဲ့ အသားတွေကိုပဲ စားသုံးနေကြပါပြီ။ (more…)