News @ M-Media

Tag: food crisis

  • တရုတ်နိုင်ငံရှိ စားသောက်ကုန်စက်ရုံ ထက်ဝက်ခန့်မှာ စံချိန်စံညွှန်းများနှင့် မညီညွတ်

    တရုတ်နိုင်ငံရှိ စားသောက်ကုန်စက်ရုံ ထက်ဝက်ခန့်မှာ စံချိန်စံညွှန်းများနှင့် မညီညွတ်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၅
    M-Media

    chn

    – တရုတ်နိုင်ငံရှိ အစားအသောက်ထုတ်လုပ်သည့် စက်ရုံများ၏ ထက်ဝက်ခန့်မှာ နိုင်ငံတကာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ညီညွတ်ခြင်းမရှိဟု စစ်ဆေးမှုများအရ တွေ့ရှိခဲ့ရကြောင်း AsiaInspection အဖွဲ့က ပြောကြားလိုက်သည်။

    အာရှနိုင်ငံများတွင် စားသောက်ကုန်လုပ်ငန်း အရည်အသွေးထိန်းချုပ်ရေး စစ်ဆေးသည့် အဆိုပါ အဖွဲ့မှာ ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်နိုင်ငံရှိ အစားအသောက်စက်ရုံ ထောင်ပေါင်းများစွာကို စစ်ဆေးခဲ့ပြီး ထိုအထဲမှ ၄၈ ရာခိုင်နှုန်းမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွှတ်ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    `ဆိုးရွားတဲ့ အကြောင်းအရင်းတွေ ထင်ထင်ရှားရှား ရှိနေပါတယ်။ သန့်ရှင်းမှု စံနှုန်းနဲ့ပတ်သက်ပြီး ဘာအခြေခံမှမရှိတဲ့ စက်ရုံတွေကိုတောင် ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ လူတွေက လက်အိတ်တွေမပါဘဲနဲ့ အစားအသောက်တွေကို ကိုင်တွယ်နေကြပါတယ်´ ဟု AsiaInspection အဖွဲ့၏ ဒုတိယဥက္ကဌဖြစ်သူ မက်သယူး လာဘက်ဆီက ပြောကြားခဲ့သည်။

    ထို့ပြင် အချို့သော စားသောက်ကုန်များတွင်း စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်သော ပိုးသက်ဆေး၊ ပဋိဇီဝပစ္စည်းများ၊ သတ္ထုစများ၊ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများပင် ပါဝင်နေကြောင်း၊ အချို့တွင်မူ ထုတ်ပိုးမှု မမှန်ကန်ခြင်း၊ သာမန်မဟုတ်သော ဆိုးဆေးများ၊ အနံ့များ ထည့်ခြင်း၊ ပင်လယ်စာများတွင် အချိန်စီးစေရန် ရေထိုးခြင်းတို့ ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက် ပြဿနာများမှာ လွန်ခဲ့သည့် နှစ်နည်းငယ်အတွင်းမှစ၍ တရုတ်နိုင်ငံတွင် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ပြီး လတ်တလောဖြစ်ပွားခဲ့သည့် အကြောင်းအရာများထဲမှ အထင်ရှားဆုံးမှာ McDonald’s၊ Starbucks၊ KFC၊ Pizza Hut စသည့် အသင့်စား စားသောက်ဆိုင်များသို့ တရုတ်နိုင်ငံတွင်လည်ပတ်နေသည့် အမေရိကန် စက်ရုံတစ်ခုက ရက်လွန်နေသည့် အသားများ၊ ပုပ်သိုးနေသောအသားများ ပိုဆောင်သည့် ကိစ္စဖြစ်သည်။

    တရုတ်နိုင်ငံတွင် စားသောက်ကုန်လုပ်ငန်းပေါင်း ၅ သိန်းခန့ှ်ရှိပြီး ထိုအထဲမှ ၇၀ ရာခိုင်နှုန်းမှာ အလုပ် ၁၀ ဦးအောက်ဖြင့် လည်ပတ်နေသည့် လုပ်ငန်းများဖြစ်သည်။

    Ref: CNN

  • လူဦးရေ သန်း တစ်ထောင်ခန့် အာဟာရ ချိုတဲ့နေ ဟု ဆို

    ကမ္ဘာ့လူဦးရေ သန်းပေါင်း ၁၀၀၀ ကျော် မှာ အစာရေစာ မလောက်ဝမှု  အာဟာရချို့တဲ့မှုများ နှင့် ရင်ဆိုင်နေရကြောင်း မကြာခင်က ထုတ်ပြန်ခဲ့သော အစီရင်ခံ စာအသစ်တွင်  ဖေါ်ပြထားပါသည်။ ၂၀၁၀ ခုနှစ်  ၏ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှုပြ အညွန်းကိန်းအရ ကလေးငယ်များ တွင်အာဟာရချိုတဲ့မှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေကြောင်း ၊ အထူးသဖြင့် အာဖရိက ဆာဟာရနိုင်ငံများ ၊တောင်အာရှဒေသများက စိုးရိမ်ရသည့် အခြေနေဖြစ် နေကြောင်း သိရ သည်။ အဆိုပါ ကိန်းညွန်း ကို နိုင်ငံတ ကာ အစားစာ လေ့လာမှု သိပ္ပံ၊ Welthungerhilfe ၊ Concern worldwide တို့ကပူးတွဲ ပြုစု တင်ပြခဲ့ခြင်းဖြစ်သည်။ (more…)