News @ M-Media

Tag: Global warming

  • နေရောင်ကို မှိန်အောင်လုပ်ကာ ကမ္ဘာကြီးပူနွေးမှုကိုလျှော့ချမည့် အစီအစဉ် သိပ္ပံပညာရှင်များချပြ

    နေရောင်ကို မှိန်အောင်လုပ်ကာ ကမ္ဘာကြီးပူနွေးမှုကိုလျှော့ချမည့် အစီအစဉ် သိပ္ပံပညာရှင်များချပြ

    နိုဝင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့လေထုထဲမှာ နေရောင်ခြည်ကို မှေးမှိန်စေမယ့် ဓာတုဆေးတွေဖြန်းပြီး ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်မယ့် အစီအစဉ်တစ်ခုကို ဟားဗဒ်နဲ့ ယေးလ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဖော်ထုတ်တင်ပြလာကြပါတယ်။

    ဒီအစီအစဉ်ကို Environmental Research Letters ဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပြီး ကမ္ဘာမြေပြင်အထက် ၁၂ မိုင်မှာရှိတဲ့ လေထုအလွှာ stratosphere မှာ ဆာလ်ဖိတ်အမှုန် ပမာဏ တော်တော်များများကို ထည့်သွင်းမယ့်နည်းလမ်း ဖြစ်ပါတယ်။

    ဒီနည်းလမ်းကြောင့် နေရောင်မှိန်သွားကာ ကမ္ဘာကြီးပူနွေးမှုကို ထက်ဝက်လောက် လျှော့ချနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းပြောဆိုထားပေမယ့် လိုအပ်တဲ့ဆာလ်ဖိတ်အမှုန်တွေကို stratosphere ထဲ ထည့်သွင်းဖို့ အသုံးပြုနိုင်မယ့် လေယာဉ်မျိုး၊ နည်းပညာမျိုး လက်ရှိမှာ မရှိသေးပါဘူး။

    ဒါပေမယ့် Environmental Research Letters က စာတမ်းမှာတော့ လိုအပ်တဲ့ ကုန်တင်လေယာဉ်မျိုး တည်ဆောက်ဖို့ဆိုတာ နည်းပညာအရရော၊ ကုန်ကျစားရိတ်အရပါ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

    ဒီစီမံကိန်းအတွက် ခန့်မှန်း သတ်မှတ်ကာလက ၁၅ နှစ်နဲ့ ကုန်ကျစားရိတ်က ကန်ဒေါ်လာ ၃.၅ ဘီလီယံ ရှိမှာဖြစ်တယ်လို့လည်း စာတမ်းက ဆိုပါတယ်။ အသုံးပြုဖို့အတွက် ကုန်ကျစားရိတ်ဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၂.၂၅ ဘီလီယံလောက် ရှိမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ စီမံကိန်းက စိတ်ကူးသက်သက်သာဖြစ်ပြီး မိုးခေါင်တာ၊ ရာသီဥတုဆိုးရွားတာတွေလို ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက စာတမ်းမှာ ၀န်ခံထားပါတယ်။

    လက်ရှိ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းအရင်းဟာ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ မြင့်တက်လာမှုကြောင့်ဖြစ်ပြီး ဒီကိစ္စကိုတော့ စာတမ်းမှာ ဆွေးနွေးထားခြင်း မရှိပါဘူး။

    Ref: CNN

  • ၂၀၁၅ မှာ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူချိန် အမြင့်ဆုံးနှစ် ဖြစ်လာ

    ၂၀၁၅ မှာ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူချိန် အမြင့်ဆုံးနှစ် ဖြစ်လာ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    heat

    – ယခု ၂၀၁၅ ခုနှစ်မှာ ကြေးခေတ်မှစ၍ ယခုအချိန်အထိ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူပြင်းဆုံး နှစ်ဖြစ်သည်ဟု ရာသီဥတုဆိုင်ရာ ပညာရှင်များက ပြောကြားလိုက်သည်။

    ကမ္ဘာ့မြောက်ခြမ်းရှိ နွေရာသီလများဖြစ်သော ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့မှာ ၁၈၈၀ အပူချိန်မှတ်တမ်းများ စတင်ယူစဉ်ကတည်းက ကမ္ဘာတစ်ဝှမ်း အမြင့်ဆုံး ပျမ်းမျှအပူချိန်ရှိသည့် လများအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးအဖွဲ့က ဆိုသည်။

    ပြီးခဲ့သည့် ၉ လအတွင်း ၇ လမှာ ယခင်ကထက် နှိုင်းယှဉ်လျှင် အပူချိန်ပိုမြင့်သည့်လများ ဖြစ်ခဲ့ပြီး စက်တင်ဘာလ၏ မြေပြင်နှင့် သမုဒ္ဒရာအပူချိန်များမှာ စံချိန်တင်အပူချိန်မျိုး ဖြစ်ခဲ့သည်။

    “မကြုံစဖူး ဒီအပူချိန်ဟာ ပစိဖိတ်အတွင်းမှာဖြစ်ပေါ်တဲ့ ပြင်းထန်တဲ့ အလယ်နီညိုကြောင့် ဖြစ်ပါတယ်။ အပူချိန်ဟာ ၅ လဆက်ဆိုက် စံချိန်တင်ခဲ့ပြီး နွေဦးရာသီရောက်ရင်လည်း အလ်နီညိုက ဒီအတိုင်းရှိမှာ ဖြစ်တာကြောင့် အပူချိန်မြင့်တာကလည်း ဆက်ဖြစ်နေမှာပါ” ဟု CNN ၏ ရာသီဥတုဆိုင်ရာ အကြီးတန်းပညာရှင် ဒေ့ဗ် ဟန်နန်က ပြောကြားခဲ့သည်။

    ရာသီဥတု လေ့လာရေး ပညာရှင်များကမူ ယခုနှစ် ကမ္ဘာကြီး၏ အပူချိန်မှာ ကြေးခေတ်နောက်ပိုင်း အမြင့်ဆုံး အပူချိန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ စံချိန်တင်အပူချိန်များကို မြောက်အာဖရိကမှ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှဒေသရှိ အစိတ်အပိုင်းအချို့၊ တောင်အမေရိက ဒေသတစ်ဝက်၊ မြောက်အမေရိက အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

    သို့သော်လည်း တောင်အမေရိက တောင်ဘက်ပိုင်း၊ ကနေဒါအနောက်ဖက်၊ အလာစကာနှင့် အာရှ အလယ်ပိုင်းတို့တွင် အပူချိန်မှာ ပျမ်းမျှထက် ပိုမိုလျော့နည်းနေသည်ကို တွေ့ခဲ့ရသည်။

    “ပြင်းထန်တဲ့ အလ်နီညိုဟာ ဆက်ပြီးရှိနေဖို့ ၉၈ ရာခိုင်နှုန်း သေချာနေပါတယ်။ ဒါ့ကြောင့် ဒီနှစ်ဟာ တစ်ကမ္ဘာလုံး အပူချိန် စံချိန်တင်မြင့်မားတဲ့နှစ်အဖြစ် အဆုံးသတ်လိမ့်မယ်လို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်” ဟု ဟန်နန်က ပြောကြားခဲ့သည်။

    Ref: CNN

  • ကွယ်ပျောက်သွားမည့် အရေး နှင့်ရင်ဆိုင်နေရသော အာရှ အထင်ကရ နေရာများ

    ဂူဂျာရသ်ပြည်နယ် (အိန္ဒိယ)

    သမိုင်း ၀င် ပုဂ္ဂိုလ်ကြီး မဟတ္တမဂန္ဒီ၏ မွေးရပ်မြေ ဖြစ်သော အိန္ဒိယနိုင်ငံရှိ ဂူဂျာရသ်ပြည်နယ်မှာ ၀ါနှင့်ဆားအထွက် ဆုံးပြည်နယ်ကြီးဖြစ် သည်။ ယင်းပြည် နယ်ကြီး

    သည် ယခုအခါတွင် ကမ္ဘာကြီး ပူနွေးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အပြင်းအထန် ရင်ဆိုင်နေရပါသည်။၂၀၀၅-၂၀၀၆တ၏ အတွင်း မိုးသည်းထန်မှု

    လေမုန်တိုင်း တိုက်ခတ်မှု များကြောင့် ရေလွမ်းမိုများနှင့် အကြီးအကျယ်ကြုံတွေ့ခဲ့ရပြီး ပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ အိန္ဒိယနိုင်ငံ၏ အနောက်

    ဘက်ဆုံးတွင်ရှိသော ယင်းပြည်နယ်မှာ ရာသီဥတုပြောင်းလဲမှု များကြောင့် ပြည်နယ်၏ အဓိက အသက်သွေးကြောဖြစ်သည့် ၀ါနှင့်ဆား လုပ်ငန်းများ သည်မကြာခင်

    ပျောက်ကွယ် သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

    မော်လ်ဒိုက်

    ကမ္ဘာလှည်ခရီးသွားများ အား အာရုံဖမ်းစား နေသော၊ စိမ်းပြာပြာ ရေပြင်၊ ဖြူလွလွ သဲသောင် များရှိသော ၊ ကျွန်းပေါင်း ၁၂၀၀ကျော်ပိုင် ဆိုင်ထားသည့်

    မော်လဒိုက်နိုင်ငံအား ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာနေမှုက ခြိမ်းခြောက် နေသည်။ ၀င်ရိုစွန်း ဒေသများရှိ ရေခဲပြင်များ အရည်ပျော် နေခြင်းကြောင့်

    ပင်လယ်ရေပြင် မျက်နှာပြင်ထက် တစ်မီတာ အမြင့်တွင် တည်ရှိနေသော ယင်းနိုင်ငံလေးမှာ  လာမည့် ဆယ်စုနှစ်များ အတွင်း ရေနှစ်မြုပ် ကွယ်ပျောက်

    သွားတော့မည် ဟု ဟောကိန်း ထုတ်ထားကြသည်။

    ဘန်ကောက်

    ကျောက်ဖယား မြစ်ဝကျွန်ပေါ် တွင်တည်ရှိသော ဘန်ကောက်မြို့ တော်မှာ ထိုင်းနိုင်ငံ  ၏ပညာရေး စီးပွားရေး၊ ယဉ်ကျေးမှု၊နှင့် နိုင်ငံရေး အချက်အခြာ

    အဖြစ်ရှိ နေပါသည်။ မုတ်သုံရာသီ ကာလများတွင် မြစ်ရေမြင့် တက်ခြင်းကြောင့် မြိုတော်၏ နေရာအတော်တော်များများသည် ရေလွှမ်းခံနေရသည်။ မြို့ တည်ရှိရာ

    မြေလွာသည် ပျော့ ပြောင်းခြင်း ၊မြေအောက်ရေ အလွန်အကျွံ သုံးစွဲခြင်း၊ မိုးမျှော်တိုက်များ အဆမတန် ဆောက်လုပ်ခြင်းတို့ ၏ အကျိုးဆက်အဖြစ် ဘန်ကောက်မြို

့တော်သည် မြေအောက်သို့ တဖြည်ဖြည်းနိမ့်ဝင်လျက်ရှိ နေသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ရာစုနှစ် ကုန်ပိုင်းတွင် ဘန်ကောက်မြို့ သည် ပင်လယ်အောက်

    ကျွံဝင်သွားလိမ့် မည်ဟု တွက်ဆထားကြသည်။

    Cherrapunji (အိန္ဒိယ)

    ပင်လယ်ရေ မျက်နှာ ပြင်အထက် ၁၂၉၀မီတာ တွင်တည်ရှိသော အိန္ဒိယနိုင်ငံ၏  Cherrapunjiဒေသမှာ ကမ္ဘာမိုးရေချိန်အများ ဆုံးရွားသွန်းရာဒေသ ဖြစ်ပါသည်။

    နှစ်စဉ် မတ်လမှ အော်ကတိုဘာလအထိ မိုးများရွားသွန်း သော်လည်း ကျန်လများတွင်ပူပြင်ခြောက်သွေ့ လျက်ရှိနေသည်။ ယင်းဒေသရှိ မြေဆီလွာများသည်

    မိုးရေများကို စုပ်ယူထိန်းသိမ်းနိုင်မှုမရှိခြင်း ရာသီဥတု ဆိုးဝါးပြင်ထန်ခြင်း၊ ပတ်ဝန်ကျင် ညစ်ညမ်းလာခြင်း သစ်တောပြုန်းတီးခြင်း၊ များကြောင့်ဒေသခံပြည်များ မှာ

    ရေရှားပါးပျက်လပ် မှုဒဏ်ကို ဆိုးဆိုး ၀ါးဝါးရင်ဆိုင်နေရသည်။ လာမည့် ဆယ်စုနှစ်များ၌ ၎င်းဒေသရှိ ပြည်သူများ အသက်ရှင် သန်ရပ်တည် နိုင် ရေးသည် မ

    လွယ်ကူနိုင် တော့ ကြောင်း သိပ္ပံ ပညာရှင်များက ခန့်မှန်းထားကြသည်။

    Komodo (အင်ဒိုနီးရှား)

    အင်ဒိုနီရှားရှိ Komodo ကျွန်းစုသည် ပြည့်ဝကြည် လင်သော ရေပြင်၊ စုံလင်လှသော အပုပိုင်းရေနေသတ္တ၀ါများ ကြောင့် နာမည်ကျော်နေပြီး အပျော်တမ်း ရေငုပ်

    အပန်းဖြေသူများ အတွက်နတ် ဘုံနတ်နန်းတမျှ ဖြစ်နေသည်။ ကျွန်းပေါ်တွင် ကမ္ဘာအကြီးဆုံး ဖွတ်သတ္တ၀ါများနေထိုင် ကျက်စားလျက်၇ှိသည်။ ယခုအခါတွင်

    ကမ္ဘာကြီးပူနွေးလာမှု၊ ပင်လယ်ရေ အပူချိန်ပြောင်းလဲမှု များကြောင့် ရေအောက် ရှိ သန္တကျောက်တန်း များမှာ ကွယ်ပျောက် ပျက်ဆီသွား မည့်အရေးနှင့်

    ရင်ဆိုင်နေရသည်။

    ဟော့ကိုင်းဒိုး(ဂျပန်)

    ဂျပန်နိုင်ငံ ဟောကိုင်းဒိုကျွန်း ရှိ ခုရှိရော ရွှံ့နွံ ဒေသ မှာ ရှားပါး ခေါင်းနီကြိုးကြာ များအပါဝင် ငှက်မျိုးစိတ်များ ကြောင့်နာမည် ကျော်ဒေသ ဖြစ်ပါ သည်။  ယခုအခါတွင်

    လူတို့  ၏ အမဲလိုက်ခြင်း ထူးကဲဒီရေတက်ခြင်း တို့ကြောင်း ယင်းဒေသ၏ ဒီရေတောများ၊ ငှက်သတ္တ၀ါ ခိုအောင်း ရာနေရာများ သည် တစ်နှစ်ထက်တစ်နှစ်

    ပျက်ဆီးပျောက်ကွယ် လျက်ရှိနေသည်။ ထို့အတူ ရှားပါးစာရင်ဝင် ကြိုးကြာခေါင်းနီများ သည်လည်း မျိုးသုန်းပျောက်ကွယ် မည့် အန္တရယ်နှင့်ရင်ဆိုင်နေရသည်။

    အိန္ဒူမြစ် ( ပါကစ္စတန်)

    ဟိမ၀န္တာရှိ ရေခဲဖုံးရာ တောင်တန်းများတွင် မြစ်ဖျားခံစီး ဆင်းလာသော အရှည် ၃၀၀၀ရှိ အိန္ဒူမြစ် သည် သစ်တောအုပ်များ၊ ကျေးရွားများစွာကိုဖြတ်သန်းကာ

    အိန္ဒိယသမုဒ္ဒရာ အတွင်း စီးဝင် ပါသည်။ ပါကစ္စတန်ရှိ ဆည်များ စွားအတွက် အဓိက ရေအရင်းအမြစ် ဖြစ်နေသော ယင်းမြစ်ကြီးသည် ဟိမ၀န္တာ တောင်တန်း

    များရှိရေခဲများ အရည်ပျော်ကုန်ခန်းလာ နေခြင်း ဒေသအတွင်း ပုံမှန် မိုးရွာသွန်းမှုမရှိခြင်း တို့ကြောင့် ခန်းခြောက်သွား မည့်အန္တရယ်နှင့် ရင်ဆိုင်နေရကာ အိန္ဒူမြစ်အား

    မှီခိုနေများသူများ မှာလည်း ရေရှားပါးမှုနှင့် ကြုံ တွေ့ရဖွယ်ရှိနေသည်။   linyone