News @ M-Media

Tag: Hate Crime Watch

  • အောင်ဇေယျတု ဂျာနယ် ဘာသာရေး စော်ကားမှု အရေးယူဖို့ သမ္မတထံ စာပို့တိုင်ကြား

    အောင်ဇေယျတု ဂျာနယ် ဘာသာရေး စော်ကားမှု အရေးယူဖို့ သမ္မတထံ စာပို့တိုင်ကြား

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ဘာသာရေး စော်ကားရေးသားသည့် အောင်ဇေယျတုဂျာနယ်အား တည်ဆဲဥပဒေအရ အရေးယူတားမြစ်ပေးရန် သမ္မတထံ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ကန့်ကွက်တိုင်ကြား

    ၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသည့် အောင်ဇေယျတုဂျာနယ် အမှတ်(၄၄)တွင် အစ္စလာမ်ဘာသာနှင့် တမန်တော် မုဟမ္မဒ်(ဆွ) သခင်အား စော်ကားထားသည့် အတွက် ဘာသာရေးစော်ကားမှု၊ စိတ်နာကျည်းစေမှု၊ အစ္စလာမ်သာသနာအား မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ရေးသားမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် အရေးအသားများကို အတင့်ရဲစွာ ဖြန့်ဝေနေမှုအား ဆောလျင် ထိရောက်စွာ တည်ဆဲ ဥပဒေများအရ အရေးယူတားမြစ်ပေးရန် အတွက် ကန့်ကွက်တိုင်ကြားစာ တစ်စောင်ကို အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက သမ္မတထံသို့ ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ပေးပို့ခဲ့ကြောင်း သိရသည်။

    အဆိုပါ ကန့်ကွက်တိုင်ကြားစာတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ – ၃၆၂)အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သောဘာသာတို့အား အသိအမှတ်ပြုထားပြီး အဆိုပါ ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်ဟူ၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ – ၃၆၃)တွင် အတိအလင်း ပြဌာန်းပြီးဖြစ်ကြောင်းဖော်ပြထားသည့်အတွက် လူမျိုးရေး၊ ဘာသာရေးအရ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ အမျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော အပြုအမူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ကြောင်း (ပုဒ်မ – ၃၆၄)တွင် ဖော်ပြထားပြီး ဖြစ်ကြောင်းတို့ ပါရှိသည်။

    ၎င်းကန့်ကွက်တိုင်ကြားစာအရ အောင်ဇေယျတု ဂျာနယ်တွင် ဘာသာရေး စော်ကားရေးသားမှုများကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် နိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ရပ်လုံး စိတ်နာကျည်း ၀မ်းနည်းမှုများခံစားခဲ့ရကြောင်း၊ ၂၀၁၄-ခု ဇန်န၀ါရီလ ၃၁-ရက်နေ့ ၎င်းဂျာနယ် အမှတ်(၇)တွင်လည်း အစ္စလာမ်သာသနာအပေါ် စော်ကားရေးသားခဲ့သည့်အတွက် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် ဖေဖော်ဝါရီလ ၅-ရက်နေ့တွင် နိုင်ငံတော်အစိုးရထံ ကန့်ကွက်တိုင်ကြားမှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

    ထိုကဲ့သို့ ဘာသာတစ်ခုအပေါ် အခြားဘာသာတစ်ခုမှ နားလည်မှုလွဲမှားအောင် ရေးသား ဖြန့်ချိမှုကြောင့် ပြည်သူလူထုအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေကြောင်းနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေသည့်အတွက် နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းရပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားထိခိုက်စေသည့်အတွက် ၎င်းကဲ့သို့ ရေးသားဖြန့်ချိမှုများအား နိုင်ငံတော် တည်ဆဲဥပဒေ ပြဌာန်းချက်များနှင့်အညီ အမြန်ဆုံး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆို တင်ပြလိုက်ကြောင်း ဖော်ပြထားပါသည်။

    တိုင်ကြားစာ အပြည့်အစုံကိုအောက်တွင် ဖတ်ရှုနိုင်ပါသည်။

    01 02 03 04

  • မေတ္တာတရားနှင့် အစွန်း၏ အမုန်း ဆုံရာဝယ် “အကြမ်းမဖက်ဖို့ မေတ္တာရပ်တဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား ဆဲဆိုဝေဖန်ခံရ”

    မေတ္တာတရားနှင့် အစွန်း၏ အမုန်း ဆုံရာဝယ် “အကြမ်းမဖက်ဖို့ မေတ္တာရပ်တဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား ဆဲဆိုဝေဖန်ခံရ”

    ဇူလိုင် ၂၄ ၊ ၂၀၁၄
    M-Media
    လူသား ရေးသည်။

    10565718_4284943378563_1499226377_n11
    ဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီအမည်ခံယူထားတဲ့ အစိုးရတက်လာပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲ ကို ၂၀၁၂ ခုနှစ် ဧပြီ ၁ရက်မျာ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီမှ မဲဆန္ဒနယ် ၄၄ နေရာမှာ ၄၃ နေ၇ာ အနိုင်ရခဲ့ပါတယ်။

    အဲဒီကြားဖြတ်ရွေးကောက်ပွဲအပြီး  ၂၀၁၂ခုနှစ် ဧပြီ  သင်္ကြန်အပြီး၌  ကချင်ပြည်နယ် စိုင်းတောင်တွင် အစ္စလာမ်ဘာသာဝင်တို့၏ ဝတ်ပြုဆောင် တခု ဖျက်ဆီးခံရပြီး  မကွေးတိုင်း သရက်ခရိုင် ကမ္မမြို့တို့တွင် လူနည်းစု အစ္စလာမ်ဘာသာဝင်တို့၏ အိုးအိမ် စည်းစိမ်များ လုယက် ဖျက်ဆီးခံရပြီး ဗလီဝတ်ကျောင်းတော်လဲ တိုက်ခိုက်ခံခဲ့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    သိပ်မကြာခင်၂၀၁၂ ခုနှစ်  ဇွန်လ ဆန်းမှာ  ခရီးသွား မွတ်စလင်မ် ၁၀ဦး  တောင်ကုတ်တွင် နေခင်းကြောင်တောင် ကားပေါ်မှ ဆွဲချပြီး ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကာ ဘာသာရေး အသွင်ဆောင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တဝှမ်း မီးဟုန်းဟုန်း  တောက်လောင်ခဲ့ရသည်။ စစ်တွေ ၊ မြောက်ဦး၊ ကျောက်တော၊ ကျောက်ဖြူ ၊ မြေပုံတို့မှ မွတ်စလင်များ နေအိမ်မီးရှို့ခံရပြီး ဒုက္ခသည် စခန်းတွင်း ရောက်ရှိခဲ့တာ ယနေ့ တိုင်ထိပဲ ။

    ထို့မှတဆင့်  ၂၀၁၃ ခုနှစ် မတ်လ အကုန်ပိုင်းမှာ မိတ္ထီလာမြို့တွင် မွတ်စလင်မ်များကို  သာမန် အရောင်းအဝယ် ရန်ပွဲကို အစပြုပြီး မြို့ခံ မွတ်စလင်များ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြန်ပါတယ်။ နေအိမ်အများစု မိးရှို့ခံခဲ့ရပြီး အာရဗီစာသင်ကျောင်းသားများ အစုလိုက် အသတ်ခံခဲ့ရမှုကာ မြို့နေ မွတ်စလင် အများစု ဒုက္ခသည် စခန်းတွေကို ရောက်ခဲ့ပြန်ပါတယ်။ အဲဒီရက်ပိုင်းတောက်လျောက် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပဲခူးတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် တွေမှာ မွတ်စလင်တွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ တောက်လျောက် ဖြစ်ပွား ခဲ့ပါတယ်။ အဆိုပါမြို့တွေမှာတော့ မီးရှို့၊လူသတ်မှုတွေ မရှိတော့ပေမယ့် ဗလီနှင့် နေအိမ် ၊ဆိုင်ခန်းများကို ဖျက်ဆီးမှုတွေ ဖြစ်ပေါ်ခဲပါတယ်။

    ၂၀၁၃ ခုနှစ် မေလ တွင် ရှမ်းပြည်နယ် လားရှိုးမြို့နှင့် ရန်ကုန်တိုင်း ဥက္ကံတို့တွင် အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။ အခြားမြို့များတွင်လည်း ဘာသာရေးအသွင်ဆောင်သည့် ပြဿနာများ တိုက်ခိုက်မှုအသေးစားများ ကြိုကြားကြိုကြားရှိခဲ့သေးတယ်။ ရခိုင်ပဋိပက္ခတွင် သေဆုံးသူဦးရေ ၃၀၀ခန့်အထိရှိခဲ့ပြီး သိန်းချီကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မိတ္ထီလာအကြမ်းဖက်တွင် လူ၄၀ကျော်သေဆုံးခဲ့ရပြီး ထောင်ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ် ဖြစ်စဉ်နှစ်ရပ်လုံးတွင် သေဆုံးသူအများစုနှင့် အိုးအိမ်မဲ့အများစုမှာ မွတ်စလင်မ်များဖြစ်ကြတာတွေ့ရတယ်။

    “ဗုဒ္ဓဘုရားရှင်က မေတ္တာတရားနဲ့ ကရုဏာတရားကို ဟောပြောသွန်သင်ပြခဲ့တာပါ။ ဗုဒ္ဓဘုရားရှင်သာ အဲ့ဒီ(အကြမ်းဖက်နေတဲ့)နေရာတွေမှာ ရှိနေခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ မွတ်စလင်မ်တွေကို ဘုရားရှင်က စောင့်ရှောက်မှာပဲ။”

    ထိုအကြမ်းဖက်မှုဖြစ်စဉ်များတလျှောက်တွင် အစ္စလာမ်ဘာသာရေး အဖွဲ့များမှ နိုင်ငံတော် အစိုးရထံသို့ စာရေးတိုင်ကြားမှုများရှိခဲ့သော်လည်း ထိရောက်ပြီး ပွင့်လင်းမြင်သာသော အရေးအယူဆောင်ရွက်မှုများ မရှိသလောက်ပဲ။ လူနည်းစုမွတ်စလင်မ်တို့အပေါ် မဟုတ်မမှန် မုန်းတီးရေးဖြန့်ချီမှုများနှင့် ခွဲခြားဆက်ဆံရေးလှုံ့ဆော်မှုများမှာ အင်တာနက်စာမျက်နှာများမှာလည်းကောင်း၊ နိုင်ငံပိုင် သတင်းစာမှ လည်းကောင်း၊ ပုဂ္ဂလိက ဂျာနယ်များမှလည်းကောင်း၊ ဘာသာရေးတရားပွဲများမှလည်းကောင်း၊ စာအုပ်များနှင့် လိုင်စင်မဲ့ တရားခွေများမှ လည်းကောင်း စသည်ဖြင့် များစွာ ပေါ်ပေါ်ထင်ထင် ပြန့်နှံ့ခဲ့ပါတယ်။

    ယခုနှစ် ဇူလိုင်လဆန်းပိုင်းတွင် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်၊ နောက်ဆုံးမင်းနေပြည်တော်၊ ယဉ်ကျေးမှုမြို့တော်ဟု ထင်ရှားလူသိများသည့် မန္တလေးမြို့တွင် လူနည်းစု မွတ်စလင်မ်များကို တစ်ဖက်သတ်တိုက်ခိုက်သော ဘာသာရေးအသွင်ဆောင်သည့် အကြမ်းဖက်မှု ဖြစ်သွားပြန်ပြီ။ လူနှစ်ဦး သေဆုံးခဲ့ရပြီး များစွာဒဏ်ရရှိခဲ့တယ်။

    မြန်မာနိုင်ငံတွင်း လူနည်းစုမွတ်စလင်မ်အများအပေါ် အမုန်းစကားဖြန့်မှုနှင့် အကြမ်းဖက်မှုများ အရှိန်ကောင်းနေခဲ့သည့် ဇူလိုင်လ ၂၀၁၃တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တိဘက်ဗုဒ္ဓဘာသာ ဦးသျှောင် ကမ္ဘာကျော် ဘုန်းတော်ကြီး ဒလိုင်းလားမားမှ အကြမ်းဖက်မှုများကို ဖြစ်စေသည့် အမုန်းတရားဖြန့်ဝေမှုများကို ဦးဆောင်နေသည့် မြန်မာဗုဒ္ဓဘာသာဘုန်းကြီးရဟန်း (လုပ်ဆောင်နေသည့် ရဟန်းအမည်ခံများကို သာဆိုလို)များကို ထိုလုပ်ရပ်များ ရပ်တန့်ရန် ပထမဦးဆုံးအကြိမ် မေတ္တာရပ်ခံခဲ့ပါတယ်။

    ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာပြည်မှာ မြန်မာဖေ့စ်ဘုတ် သုံးစွဲသူအများစုက ကမ္ဘာမှာ လူ့ကျင်ဝတ်ပိုင်း ရေးသားဟောပြုမှုတွေ ငြိမ်းချမ်းရေးမြှင့်တင်မှုတွေနဲ့ နာမည်ကျော်လှတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးကို ယုတ်ရင့်ကြမ်းတမ်းစွာ ဆဲဆို တိုက်ခိုက်တာကတော့ အံ့သြစရာကောင်းနေပါတယ်။ ပိုပြီး မင်သက်စရာကောင်းတာက အဲ့ဒီသူတွေထဲမှာ ဘုန်းကြီးတွေ ရဟန်းတွေပါပါနေတာပါပဲ။

    “အလွန်တရာမှ ဝမ်းနည်းဖို့ ကောင်းပါတယ်” ဟု အစချီက “ဗုဒ္ဓမြတ်စွာဘုရားက ခွင့်လွှတ်ခြင်း၊ ခန္တီတရားနှင့် မေတ္တာတရားတွေကို ကိုယ်တော်တို့ကို အမြဲသင်ကြားပေးတော်မူခဲ့တာပါ။ သင်တို့ရဲ့ စိတ်ထောင့်တစ်နေရာက စိတ်ခံစားချက်အချို့က အသင်တို့ကို ရိုက်ပုတ်ချင်လာအောင်၊ ဒါမှ မဟုတ် သတ်ဖြတ်ချင်လာအောင် ဖြစ်စေတယ်ဆိုရင် ကျေးဇူးပြုပြီး ဗုဒ္ဓဘာသာရဲ့ သွန်သင်မှုကို သတိရကြပါ။ ကိုယ်တော်တို့တွေဟာ ဗုဒ္ဓရဲ့ နောက်လိုက်တွေဖြစ်ကြပါတယ်” ဟု မေတ္တာရပ်ခဲ့တာပါ။

    သီရိလင်္ကာနိုင်ငံတွင် လူနည်းစု မွတ်စလင်မ်များ အပေါ်အကြမ်းဖက်မှုဖြစ်စဉ်များပြီးကာစနှင့် မြန်မာပြည်တွင် မန္တလေး အကြမ်းဖက်မှု ဖြစ်ပွားနေစဉ်အတွင်း ဘုန်းတော်ကြီး ဒလိုင်းလားမားမှ သီရိလင်္ကာနှင့် မြန်မာပြည် ဗုဒ္ဓဘာသာဝင်များကို လူနည်းစုမွတ်စလင်မ်များအား အကြမ်းဖက်တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် ဇူလိုင် ၆ ရက်နေ့ သက်တော် ၇၉နှစ်မြောက် မွေးနေ့အခမ်းအနားတွင် ဒုတိယအကြိမ် မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။

    “ဒီလို ပြစ်မှုတွေ မကျူးလွန်ခင်မှာ ဗုဒ္ဓဘုရားရှင်တော်ကို မြင်ယောင်ကြည့်ကြဖို့ အဲ့ဒီတိုင်းပြည်တွေက ဗုဒ္ဓဘာသာဝင်တွေကို ကိုယ်တော် တိုက်တွန်းလိုပါတယ်။ ”

    “ဗုဒ္ဓဘုရားရှင်က မေတ္တာတရားနဲ့ ကရုဏာတရားကို ဟောပြောသွန်သင်ပြခဲ့တာပါ။ ဗုဒ္ဓဘုရားရှင်သာ အဲ့ဒီ(အကြမ်းဖက်နေတဲ့)နေရာတွေမှာ ရှိနေခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ မွတ်စလင်မ်တွေကို ဘုရားရှင်က စောင့်ရှောက်မှာပဲ။”

    အဲ့ဒီ့သတင်းကို ဧရာဝတီသတင်းဌာနမှ မြန်မာဘာသာပြန်ကာ ဖေစ့်ဘုတ်စာမျက်နှာပေါ် မျှဝေလိုက်တဲ့ အခါမှာတော့ ပေါ်ပျူလာသတင်း တစ်ပုဒ်ဖြစ်ခဲ့ပြီး ဝင်ရောက်မှတ်ချက်ပေး ဆွေးနွေးသူပေါင်း ၁၆၅၀ခန့် ရှိခဲ့ပါတယ်။

    မှတ်ချက်ပေးသူတွေထဲမှာ အကြမ်းမျဉ်းအားဖြင့် ဆန့်ကျင်ဝေဖန်သူများ၊ ထောက်ခံသူများ၊ နိုင်ငံရေးအမြင်ဖြင့် သုံးသပ်ပြသူများဆိုပြီး သုံးအုပ်စု ကွဲပါတယ်။ အများစုမှာတော့ ဆန့်ကျင်ဝေဖန်သူများဖြစ်ကြပြီး သြဝါဒတစ်ခု၊ မေတ္တာရပ်ခံတိုက်တွန်းချက် တစ်ခုအပေါ်မှာ ဆန့်ကျင်သူတွေရှိတာ မဆန်းပေမယ့်၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာပြည်မှာ မြန်မာဖေ့စ်ဘုတ် သုံးစွဲသူအများစုက ကမ္ဘာမှာ လူ့ကျင်ဝတ်ပိုင်း ရေးသားဟောပြုမှုတွေ ငြိမ်းချမ်းရေးမြှင့်တင်မှုတွေနဲ့ နာမည်ကျော်လှတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကို ယုတ်ရင့်ကြမ်းတမ်းစွာ ဆဲဆို တိုက်ခိုက်တာကတော့ အံ့သြစရာကောင်းနေပါတယ်။ ပိုပြီး မင်သက်စရာကောင်းတာက အဲ့ဒီသူတွေထဲမှာ ဘုန်းကြီးတွေ ရဟန်းတွေပါပါနေတာပါပဲ။

    မှတ်ချက်ပေးသူပေါင်း ရာချီမှာ ရဟန်းဘွဲ့အမည်၊ သင်္ကန်းစည်း ဓာတ်ပုံနဲ့ မှတ်ချက်ပေးသူ ဗုဒ္ဓဘာသာဝင် မြန်မာရဟန်း ၇ ပါး ပါဝင်ပြီး။ အားလုံးရဲ့ မှတ်ချက်တွေဟာ ကန့်ကွက်တဲ့ မှတ်ချက်တွေဖြစ်ပြီး ၎င်းတို့အနက် ၆ပါးဟာ ရင့်သီးတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းခဲ့ပါတယ်။

    ပိုပြီးစိတ်ပျက်အံ့သြစရာကောင်းတာက ထိုရဟန်းတွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ အထောက်အထားများအရ ၎င်းတို့အနက် ၃ပါးဟာ နိုင်ငံတော်အဆင့်နဲ့ နိုင်ငံတကာ ဗုဒ္ဓသက္ကသိုလ်တွေမှာ ပရိယတ် ပဋိပတ်တွေကို ဆည်းပူးခဲ့ ဆည်းပူးနေသူတွေ ဖြစ်နေတာပါပဲ။ ထိုရဟန်း ၆ ပါးကတော့ –

    (၁) သန္ဒောဘသ ( ဖေ့စ်ဘုတ် အမည် – San Dobhasa)
    နိုင်ငံတကာမှာပင် နာမည်ကြီးသော ထေရဝါဒဗုဒ္ဓသက္ကသိုလ် မဟာချူလာလောင်ကွန်တွင် ပညာသင်ကြားနေသူ ဟုယူဆရပြီး မှတ်တမ်းများအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းသုံးလျက်ရှိနေသည်။

    (၂) အရှင် အရိယ (ဖေ့စ်ဘုတ် အမည်  – Ashin Ariya)
    နိုင်ငံတော်ပရိယတ္တိသာသနာ့သက္ကသိုလ်မှ ဖြစ်ပါတယ်။

    (၃) ဆန္ဒောဘသ  (ဖေ့စ်ဘုတ် အမည်  -Chando Bhasa)
    အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မာဂဓသက္ကသိုလ်မှ ဖြစ်ပါတယ်။

    (၄) အရှင်ကောဝိဒ (ဖေ့စ်ဘုတ် အမည်  -Ashinkawwi Da)
    ငယ်မည်မှာ ကျော်နိုင်လင်းဟု ယူဆရပါတယ်။

    (၅) အရှင်သုစာရအိန္ဒ (ဖေစ့်ဘုတ်အမည်- Ashin Thusarainda)
    ငယ်မည် ကျော်ကျော်မိုးဟု ယူဆရပါတယ်။

    (၆) အရှင်ဝိစာရာ လင်္ကာရ

    မြန်မာရဟန်း San Dobhasa ဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားကို “ကောင်” ဆိုသည့် လူသာမန်အချင်းချင်းကြားတွင်ပင် ရိုင်းသည်ဟု မှတ်ယူထားသည့် အသုံးအနှုန်းကို သုံးစွဲခဲ့ပြီး “တရုတ်မသွားရဲဘူး…တရုတ်ပြည်မှာ သွားပြော”စသည့်ဖြင့် ရင့်သီးစွာ တုန့်ပြန် မှတ်ချက်ပေးခဲ့ပါတယ်။

    ရဟန်းသံဃာများက အဲ့လို ရင့်ရင့်သီးသီး မှတ်ချက်ပေးနေချိန်မှာ လူရာပေါင်းများစွာတို့ဟာလည်း ထိုထက် အဆပေါင်းများစွာ ရင့်သီးရိုင်းဆိုင်းသည့် အသုံးအနှုန်းများဖြင့် မှတ်ချက်ရေးသားခဲ့ကြပါတယ်။

    မြန်မာဖေစ့်ဘုတ် သုံးစွဲသူတွေဟာ ဒလိုင်းလားမားကိုယ်တော်ကိုသာမက ဧရာဝတီ သတင်းဌာနကိုပါ တိုက်ခိုက်တဲ့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒလိုင်းလားမားဘုန်းတော်ကြီးဟာ အိန္ဒိယမှာ သတင်းသုံးတော်မူပြီး အိန္ဒိယနိုင်ငံထဲမှာကို နောက်လိုက်ပေါင်း များစွာရှိတယ်ဆိုတဲ့ အချက်ကိုပင် ဂရုမပြုနိုင်ကြတော့ဘဲ သတင်းဌာနက သုံးစွဲခဲ့တဲ့ ဘုန်းတော်ကြီးနဲ့ သူ့ အိန္ဒိယနိုင်ငံသား ဒါယိကာ ဒါယိကာမတွေရဲ့ ဓာတ်ပုံကို အကြောင်းရှာပြီး စွပ်စွဲသတင်းဖြစ်ကြောင်း လုပ်ကြံသတင်းဖြစ်ကြောင်းဆိုပြီး ဝေဖန်တဲ့ မှတ်ချက်တွေကလည်း များစွာပင်။ ဒီသတင်းဟာ ဘာသာပြန်သတင်းဖြစ်ပြီး ကမ္ဘာကျော် သတင်းဆိုဒ်ကြီးတွေဖြစ်တဲ့ အေဖက်ပီ (AFP) ၊ စီအန်အန် (CNN)၊ အလ်ဂျဇီးရာ (Al Jazeera)နဲ့ အခြားနိုင်ငံတကာ သတင်းစာမျက်နှာပေါင်း များစွာက သတင်းပေးပို့ ထုတ်ပြန်ခဲ့တယ်ဆိုတာတောင် သူတို့ခမျာ သတိမရှိကြတော့ပါဘူး။

    10567940_4286225290610_1763772312_n

    ဘုန်းတော်ကြီး ဒလိုင်းလားမားကို ရိုင်းရိုင်းစိုင်းစိုင်း ဝေဖန်သူ ရာချီထဲမှာ ပြည်ပ အတွေ့အကြုံရှိပြီး ဖေ့စ်ဘုတ် ပရိုဖိုင်းလ်အရ မြန်မာနိုင်ငံမှာ နာမည်နဲ့ သိက္ခာရှိ မီဒီယာကြီး တစ်ခုနဲ့ပတ်သက်မှုရှိသူဟု ယူဆရတဲ့ အသက် ၃၆နှစ်ခန့် လူလတ်ပိုင်းအရွယ် အောင်ဌေးလှိုင်ရဲ့ မှတ်ချက်ကတော့ တော်တော်ကို ဆိုးဆိုးဝါးဝါးပါ။ အောင်ဌေးလှိုင်ဟာ သူ့ကိုယ်သူ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းဖော်ပြထားပြီး ဒလိုင်းလားမား ဘုန်းတော်ကြီးကိုသာမက ဘုန်းတော်ကြီးရဲ့ မယ်တော်ကိုပါ ထိခိုက်နစ်နာစေတဲ့ အယုတ်မာ အရိုင်းဆိုင်းဆုံး ဆဲဆိုမှုကို သုံးနှုန်းခဲ့ပါတယ်။ ဒါ့အပြင် ဘုန်းတော်ကြီးရဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုလည်း ဆဲဆိုခဲ့ပါတယ်။

    ရော့ခ်ဂီတကို မြတ်နိုးသူ အောင်ဌေးလှိုင်ရဲ့ ဖေ့စ်ဘုတ် နာမည်ကတော့ Aunghtay Hlaing ဖြစ်ပြီး သူ့ဖေ့စ်ဘုတ် မှတ်တမ်းအရ နာမည်ကြီး မီဒီယာမှာ  အလုပ်လုပ်သူဖြစ်ကာ ပြည်ပအတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သောက်ဖော်စားဖက် ရင်းနှီးတဲ့ သူငယ်ချင်းတွေထဲမှာ အဆိုပါမီဒီယာမှာ ဓာတ်ပုံဆရာလုပ်ဆောင်ခဲ့ဖူးသူဟု ဖေ့စ်ဘုတ် ပရိုဖိုင်းလ်တင်ထားသူတွေ ပါနေကြောင်းလည်း မှတ်တမ်းတွေ့ပါတယ်။

    အောင်ဌေးလှိုင်လို ဘုန်းတော်ကြီးရဲ့ နိုဘယ်လ်ဆုကို ပစ်မှတ်ထားဆဲဆို ဝေဖန်သူတွေ ဆယ်ချီရှိပြီး မြန်မာပြည်ရဲ့ အတိုက်အခံနဲ့ ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ဆုကိုပါ အစစ်ထည့်ဝေဖန်တိုက်ခိုက်ထားသူတွေကလည်း မနည်းလှပါ။

    ယဉ်ကျေးလှပါသည် အိနြေ္ဒကြီးလှပါသည်ဟု နာမည်ရသည့် မြန်မာအမျိုးသမီးများထဲမှာ မိသားစုတွင်း မကြားဝံ့မနာသာ စာလုံးများ သုံးကာ မှတ်ချက်ရေးသားကြသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။

    ဒါ့အပြင် ယောက်ျားသားတွေနဲ့ ရင်ဘောင်တန်းပြီး တန်းတူရိုင်းတဲ့ အမျိုးသမီး ဖေ့စ်ဘုတ်သုံးစွဲသူတွေကလည်း အများအပြားပါ။ ယဉ်ကျေးလှပါသည် အိနြေ္ဒကြီးလှပါသည်ဟု နာမည်ရသည့် မြန်မာအမျိုးသမီးများထဲမှာ မိသားစုတွင်း မကြားဝံ့မနာသာ စာလုံးများ သုံးကာ မှတ်ချက်ရေးသားကြသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။ အဲ့ဒီသူတွေအနက် ဒလိုင်းလားမားဘုန်းတော်ကြီးကို သုံးနှုန်းတိုက်ခိုက်ထားသည့် သူမ၏ အရေးအသားကိုကြည့်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ဦး၏ မိခင်ဟု ပြောလျှင် ယုံရခက်ခက်ဖြစ်သွားမည့် သူက ‘Se Ri’ ။ သူမ၏ ဖေ့စ်ဘုတ် မှတ်တမ်းအရ ချစ်ဖွယ်ကောင်းတဲ့ ကလေးငယ်နှစ်ဦး၏ မိခင်ဖြစ်ပြီး ခင်ပွန်းသည်မှာ လေတပ်မှ အရာရှိတစ်ဦးဖြစ်ပုံရပါတယ်။ မှတ်တမ်းဓာတ်ပုံများအရ ဖခင်မှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပါတယ်။ သူမကတော့ ဘုန်းတော်ကြီး ဒလိုင်းလားမားကို အမျိုးသမီး၏ ခါးအောက်ပိုင်း စကားလုံးသုံးကာ မကြားဝံ့မနာသာ မှတ်ချက်ပေးစော်ကားခဲ့သူပါ။

    နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ချက်ကတော့ ဝေဖန်တိုက်ခိုက်သူတွေထဲမှာ ဗုဒ္ဓသာသနာတွင်း ဂိုဏ်းဂဏကွဲပြားမှုကို အဓိကထားတဲ့သူတွေရှိနေတာပါပဲ။ တိဗက်ဗုဒ္ဓဘာသာမို့ မဟာယာနမို့ တိုက်ခိုက်တယ်ဆိုတဲ့ အသုံးတွေတွေ့နေရတာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ကမ္ဘာ့ဗုဒ္ဓသာသနာ ဂိုဏ်းကွဲတွေကြား ရင်ကြားစေ့ဖို့ နိုင်ငံတကာ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းမှာ နာမည်ကြီး မြန်မာပြည်က သီတဂူဆရာတော်ကြီးတို့ ဦးဆောင်ဆော်သြနေမှုနဲ့ အရှေ့နဲ့ အနောက်ဖြစ်နေပါတယ်။

    ဒါပေမယ့် တစ်ဖက်ကလည်း မြန်မာနိုင်ငံအတွက် ဗုဒ္ဓသာသနာတော်အတွက် ပီတီဖြစ်စရာလေးတွေတော့ ရှိနေပါသေးတယ်။ ဆယ်ဂဏန်းမျှသာရှိပေမယ့် ရာချီတဲ့ ရင့်သီး ရိုင်းစိုင်းတဲ့ မှတ်ချက်တွေကို အံတုရင်း ဗုဒ္ဓမြတ်စွာရဲ့ သွန်သင်မှုဟာ မေတ္တာ တရားဖြစ်တယ်၊ ငြိမ်းချမ်းရေးဖြစ်တယ် ဆိုတာကို ချပြရင်း ဒလိုင်းလားမားဘုန်းတော်ကြီးကို ထောက်ခံတဲ့ သူတွေပါပဲ။ တဆက်တည်း တော်တော် စိတ်မကောင်းစရာကောင်းတာကတော့ ရဟန်းတစ်ပါးအပေါ်မှာတောင် ဒီလိုယုတ်မာညစ်ညမ်းတဲ့ အသုံးတွေ သုံးစွဲတာကို ကြည့်ပြီး အချင်းချင်း စိတ်ပျက်သွားကြတဲ့ လူငယ်အချို့ ရှိနေတာပါပဲ။

    46954_156036397895358_2124695783_n
    မွတ်စလင်များကို အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့သို့ ၂၀၁၃ ခုနှစ် ဧပြီ လဆန်းတွင် နိုင်ငံကျော် ဓမ္မကထိက အရှင်ဆန္ဒာဓိက လာရောက်ခဲ့စဉ်မြင်ကွင်း

    ကျွန်တော်တို့ အားလုံး စစ်မှန်တဲ့ ဒီမိုကရေစီနဲ့  ငြိမ်းချမ်းမှုအတိပြီးစေလိုတဲ့ အမိနိုင်ငံမှာ အမုန်းဖြန့်ချီရေးတွေကို တစိုက်မတ်မတ်လုပ်နေပြီး မျိုးဆက်သစ်လူငယ်တွေနဲ့ ပြည်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့ လူပုဂ်ဂိုလ် ရဟန်းအမည်ခံတွေရှိနေတာ စိတ်မကောင်းဖြစ်စရာ ရှိနေပေမယ့် တစ်ဖက်မှာလည်း မိတ္ထီလာဖြစ်ရပ်မှာတုန်းက မိတ္ထီလာအထိ ကြွလာပြီး အကြမ်းဖက်ခံတွေကို နှစ်သိမ့်ခဲ့တဲ့ နိုင်ငံကျော် ဓမ္မကထိက အရှင်ဆန္ဒာဓိက၊ အကြမ်းဖက်သမားတွေလက်ကနေ မိတ္ထီလာမွတ်စလင်မ်တွေကို ကယ်တင်ပေးခဲ့တဲ့ ဘုန်းဘုန်းဦးဝိသုဒ္ဓ၊ အကြမ်းဖက်ခံတွေကို စောင့်ရှောက်ခဲ့တဲ့ လားရှိုးက မန်ဆူဆရာတော်၊ မန်းဖြစ်ရပ်မှာတုန်းက လိုက်လံထိန်းသိမ်းပေးခဲ့တဲ့ ဂဠန်နီဆရာတော်၊ အာရှအလင်းရောင်ဆရာတော် စတဲ့ဆရာတော်တွေ၊ ရန်ကုန်တိုင်းမှာလည်း ပဋိပက္ခ အဆင့်မရောက်အောင် အတတ်နိုင်ဆုံးထိန်းသိမ်းပေးခဲ့ကြတဲ့ ရွှေဝါရောင်သံဃာတော်တွေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ မုန်းတီးမှုတွေပျောက်ဖို့ အားထုတ်နေတဲ့ အခြားရဟန်းသံဃာတော်တွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ အဖွဲ့လိုက် အသင်းလိုက်ကစလို့ တစ်ပါးချင်း တစ်ဦးချင်းတွေ ရှိနေသေးတာဟာ အေးချမ်းပြီး ဖွံ့ဖြိုးတဲ့ လူအဖွဲ့အစည်းဆီကို သွားဖို့ လမ်းစတွေ လမ်းမတွေပဲ ဖြစ်လို့ အားလျော့စရာ အကြောင်းတော့ မရှိသေးပါဘူးလို့ တွေးရင်းနဲ့ပဲ…။   ။

  • မီဒီယာအသီးသီးအပေါ်မှ အမုန်းပွားစေသည့် လုပ်ဆောင်မှုများ စောင့်ကြည့်ပြီး နိုင်ငံတကာသို့ တင်ပြသွားမည်ဟု PEN MYANMAR အဖွဲ့ပြော

    ဧပြီ ၂၇၊ ၂၀၁၄
    M-Media
    လမင်း
    10327283_229251743937424_1850595919_n
    ရန်ကုန်။     ။ မီဒီယာ အသီးသီးပေါ်မှ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သော ရေးသား တင်ဆက်မှုများကို စောင့်ကြည့်လေ့လာသည့် လုပ်ငန်းစဉ် တစ်ခုကို PEN MYANMAR အဖွဲ့ကပြုလုပ် သွားမည်ဖြစ်ပြီး ရရှိလာသော အချက်အလက်များကို အစီရင်ခံစာ တစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း Home Media ရုံးခန်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ပြည်တွင်းစစ်ဖြစ်ရစေသည့် အားပေးရေးသား တင်ဆက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စီးပွားရေးဆိုင်ရာ စနစ်များအရ ကျူးလွန်သော အကြမ်းဖက်မှုများ၊ ရှိရင်းစွဲ ယဉ်ကျေးမှုက ခွင့်ပြုထားသော အကြမ်းဖက်မှု အားပေးသည့် ရေးသား တင်ဆက်မှုများကို တွေ့ရှိပါက ရေးသားပေးပို့နိုင်ကြောင်း သိရသည်။

    “အခုကအချို့မီဒီယာတွေမှာ အမုန်းတရားဖြစ်စေမယ့် စကားတွေကို ရေးသားနေတာမျိုးတွေ ရှိလာပါတယ်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေက အစပေါ့နော် အဲလိုတွေမှာရေးဆက် တင်ပြထားတာတွေကိုလည်းပြောဆိုနိုင်ပါတယ်။ အဓိကကတော့ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဒီပွဲလေးကိုလုပ်ဖြစ်ခဲ့တာပါ” ဟု PEN MYANMAR အဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း)ကပြောခဲ့သည်။

    အမုန်းတရားများကိုဖြစ်ပေါ်စေနိုင်သော ဗီဒီယို၊ သီချင်း၊ ပရင့်မီဒီယာ၊ အွန်လိုင်း မီဒီယာများပေါ်တွင် တွေ့ရှိပါက PEN MYANMAR မှဖြန့်ဝေထားသော ပုံစံများတွင် ဖြည့်စွက်ကာ PEN MYANMAR CENTER သို့ရေးသားပေးပို့နိုင်ကြောင်း သိရသည်။ ပုံစံဖြည့်စွက်ရန် အခက်အခဲရှိပါက PEN MYANMAR CENTER ရုံးဖုန်း ၀၉-၄၂၁၁၆၉၄၆၁ သို့ဆက်သွယ်အကြောင်းကြားနိုင်သည်။

    ရရှိလာသောအချကိအလက်များကိုစုစည်းပြီး အစီရင်ခံစာတစ်စောင်ကို  မြန်မာ၊ အင်္ဂလိပ်ဘာသာများနှင့် ပြည်တွင်းပြည်ပသို့ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

    Pen Myanmar ၏ တရားဝင် FB စာမျက်နှာ -https://www.facebook.com/penmyanmar
    Pen Myanmar သို့ ဆက်သွယ်နိုင်သော အီးမေးလ်- [email protected]

  • ဘာသာတရားကို စော်ကားသည့် စာသား မဟုတ်ကြောင်း GI ကားဂိတ်ပြော၊ စတေကာကပ်သူမှာ ဗုဒ္ဓဘာသာဝင် ကားမောင်းသူဖြစ်

    ဧပြီ ၄၊ ၂၀၁၄
    M-Media
    K K

    GI Bus
    GI Group ၏ ကားတစ်စီးတွင် ရေးသားထားသည့် စာသားမှာ ဘာသာတရားတစ်ခုအား စော်ကားထားသည့် ပုံများနှင့် စာသားရေးသားချိတ်ဆွဲကာ ကားလိုင်းပြေးဆွဲနေသည်ဟု အင်တာနက် စာမျက်နှာများတွင် ရေးသားဖော်ပြမှုများ ရှိနေသည့်အပေါ် ဆက်သွယ်မေးမြန်း စုံစမ်းခဲ့ရာတွင် ၎င်းကဲ့သို့ စော်ကားရေးသားခြင်း မဟုတ်ကြောင်းသိရသည်။

    GI ကားဂိတ်အနေနဲ့ စတေကာကို ကပ်ခြင်းမျိုး မဟုတ်ဘဲ ကားမောင်းသူမှ  “လိမ်နိုင်ရင် ပညာရှိ၊ ညာနိုင်ရင် သမာဓိ၊ ဘာမသိ ဂေါ်တမန်”ဆိုသည့် စာသားအား ကပ်ထားခြင်းဖြစ်ပြီး အဆိုပါ ဂေါ်တမန်ဆိုသည့် စာသားမှာ ပါဠိအားဖြင့် အကြီးအကဲကို ရည်ညွှန်းသည်ဟု ပြောကြောင်း GI ကားဂိတ် ဥက္ကဋ္ဌဖြစ်သူမှ ပြောသည်။

    “ဟုတ်ပါတယ် ကျွန်တော်တို့ ကားလိုင်းကို အင်တာနက်မှာ ဖွနေတယ်ဆိုတဲ့ သတင်းကြားတယ်။ သူတို့ ပြောထားသလို ကျွန်တော်တို့ ကားဂိတ်အနေနဲ့ ဒီစတေကာ ကပ်တာ မဟုတ်ဘူး။ အဲ့ဒီကားကို မောင်းတဲ့သူ (Driver)က ကပ်ထားတာပါ။ သူကလည်းပြောတယ် ဂေါ်တမန်ဆိုတာ အကြီးအကဲကို ရည်ညွှန်းတာလို့ပြောတယ်။ သူကိုယ်တိုင် ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ အခုလို အင်တာနက်မှာ ဖွလာတာတွေအတွက် ကျွန်တော်တို့ လိုက်ပြီး ဖြေရှင်းတာတော့ မလုပ်ထားပါဘူး။ ဒါပေမယ့် ပြဿနာအကျယ်အကျယ် မဖြစ်ချင်လို့ အဲ့ဒီ စာသားစတေကာကိုတော့ ဖြုတ်ထားလိုက်ပါတယ်။”

    အဆိုပါ စတေကာ ကပ်သည့် ကိစ္စကို အကြောင်းပြုပြီး တရားဝင်နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဥိးနေမျိုးဝေမှ ၄င်းရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာထပ်မှာ ပုံပါအတိုင်း အကြမ်းဖက်မီးရှို့ရန် လှုံဆော် ရေးသားမှုများ ပြုလုပ်နေတာကို တွေ့ရပါတယ်။

    ဦးနေမျိုးဝေအပါအဝင် အမျိုးသားရေး  အမည်ခံအုပ်စုများမှာ ဆိုရှယ်မီဒီယာ လူမှုကွန်ယက်တွင် အမုန်းတရားပြန့်ပွားရေးနဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပေါ်ပေါ်တင်တင် တစိုက်မတ်မတ်ပြုလုပ်နေသော်လည်း သက်ဆိုင်ရာမှ ဥပဒေအရ အရေးယူဆောင်ရွက်မှု တစုံတရာမရှိသေးပေ။

  • ကျောက်တော်မှ ရခိုင် ကလေး သေဆုံးမှု ခေါ်စစ်ခဲ့သည့် မွတ်စလင်မ်(၂) ဦး အပြစ်မရှိသဖြင့် ပြန်လွှတ်

    နိုဝင်ဘာ- ၂၁ ၂၀၁၃
    M-Media

    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော် နှင့် ပေါက်တော မြို့နယ် စောမဲကျီရွာမှ အသက် ၅ နှစ်အရွယ် မဇလပ်ဝါတို့ ၂ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မသင်္ကာသူများကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

    ဧရာဝတီ၏ စုံစမ်းမေးမြန်းချက်အရ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးမင်းအောင်က ပေါက်တောဖြစ်စဉ်တွင် မသင်္ကာသူ ရခိုင်တိုင်းရင်းသား ခမီအမျိုးသား ရေလုပ်သား ၆ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ကျောက်တော်ဖြစ်စဉ်တွင် ရခိုင်တိုင်းရင်းသား ၅ ဦး၊ မွတ်စလင် နှစ်ဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပြီး မွတ်စလင်နှစ်ဦးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်သောကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုသည်။

    ” မသကာင်္တဲ့ မွတ်စလင်တွေက ဘာအပြစ်မှ မရှိတော့ ပြန်လွတ်ပေးလိုက်ပြီ။ ခမီတချို့ကတော့ သေချာစစ်နေတယ်လို့ သိရတယ်”ဟု ဒုရဲမှူးကြီးမင်းအောင်က ပြောသည်။

    **အခင်းဖြစ်ပွားပြီး နောက်နေ့မှ စတင်ကာ မွတ်စလင်များက အဆိုပါ မိန်းကလေး ငယ် ၂ ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်သည်ဟူသည့် စွပ်စွဲရေးသားမှုများဖြင့် လူမျိုးရေး၊ ဘာသာရေး မုန်းတီးစေရန် လှုံ့ဆော်မှုများ ဆက်တိုက်လုပ်လာသည်ကို အင်တာနက်လူမှု ကွန်ရက်များတွင် တွေ့လာရသည်။

    ဧရာဝတီ မှ ကောက်နှုတ်ဖော်ပြသည်။

    အပြည့်အစုံ ဖတ်ရန် =>http://burma.irrawaddy.org/news/2013/11/21/51248.html
    ============================

    Sitwe Poutaw case
    ဓါတ်ပုံ အညွှန်း- ပေါက်တောမြို့မှ မငယ်ငယ် အသတ်ခံရသည့် သတင်းကို ဆိုရှယ်မီဒီယာတွေ ဓါတ်ပုံနှင့်တကွ စတင်ဖြန့်ဝေခဲ့သည့်ဟု ယူဆရသူ ဦးဥာဏ စစ်တွေ ဆိုသူ၏ FB စာမျက်နာမှ သတင်း

    ဘာသာရေးမုန်းတီးမှုဖြစ်စေရန် လှုံဆော်ရေးသားသည့် အဆိုပါ သတင်းကို ထပ်ဆင့်ဖြန့်ဝေသူပေါင်း ၄၀၀ ကျော်ရှိနေပြီဖြစ်သည်။

    (မူလက ဓါတ်ပုံနှင့်တကွ တင်ခဲ့သည့် သတင်းမှာ FB ၏ စည်းကမ်းချက်နှင့် ညှိစွန်းနေသဖြင့် Facebook မှ ဖယ်ဖျက်လိုက်သည်ဟု ယူဆရပါသည်။ )

    Link =>https://www.facebook.com/unyar.na.9/posts/268551873304932