News @ M-Media
Tag: hate speech
  • မွတ်စလင် မုန်းတီးရေး ကြေညာချက် လှိုင်းဘွဲ့တွင် ယုံထင်ကြောင်ထင်ဖြစ်
    မွတ်စလင် မုန်းတီးရေး ကြေညာချက် လှိုင်းဘွဲ့တွင် ယုံထင်ကြောင်ထင်ဖြစ်
    နိုဝင်ဘာ ၂၃၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း
    အောက်တိုဘာ ၉ ရက်နေ့ ဘားအံမြို့မှ မဲဘောင်ကျောင်းတိုက်မှ ထုတ်ပြန်သော မွတ်စလင် မုန်းတီးရေး ကြေညာချက်
    အောက်တိုဘာ ၉ ရက်နေ့ ဘားအံမြို့မှ မဲဘောင်ကျောင်းတိုက်မှ ထုတ်ပြန်သော မွတ်စလင် မုန်းတီးရေး ကြေညာချက် စာရွက်များများ ယခုလ ဆန်းတွင် လှိုင်းဘွဲ့ မြို့တွင် ဖြန့်ဝေ ခဲ့သည်။ ယင်းကြေညာချက်တွင် မွတ်စလင်များနှင့် ဆက်ဆံပါက အပြစ်ပေး အရေးယူမည်ဟု ဖေါ်ပြထား သဖြင့် ဘယ်သူက ဘယ်လို ပြစ်ဒဏ်ပေးမည် ဆိုသည်ကို မြို့ခံ ဗုဒ္ဓဘာသာဝင် များ၊ အစ္စလာမ် ဘာသာဝင်များအကြား ယုံထင်ကြောင် ထင်ဖြစ်နေကြသည်။
    “ကြေညာချက်မှာက မွတ်စလင်တွေနဲ့ ဆက်ဆံရင် သူတို့ဆီက ဈေးဝယ်ရင် အရေးယူမယ် ဆိုတော့ တစ်ချို့ ကလည်း ရဲက ဖမ်းမယ်၊ တစ်ချို့က စစ်တပ်က ဖမ်းမယ် ၊ ဆိုပြီး ယုံထင် ကြောင်ထင် ဖြစ်ကုန်ကြ တယ်။ ”က လှိုင်းဘွဲ့ မြို့ခံ တစ်ဦးက ပြောပါသည်။
    “အဲဒီလို စာတွေ က အရင်က မရှိဘူး။ မြန်မာဂလိုဘယ်ပို့စ်မှာ ပါလာပြီးတဲ့ နောက်ပိုင်းမှာ မြို့ပေါ်မှာ ဘားအံက စာရွက်တွေ တချို့ လိုက်ဝေတာ ရှိပါတယ်။ အဲဒီနောက် ပိုင်း မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် ဆက်ဆံရေးအနည်းငယ် တန်းသွားကြတယ်။ ဟု ၄င်းက ပြောသည်။
    လှိုင်းဘွဲ့ ဒေသအာဏာပိုင်များအနေဖြင့် ယင်းအခြေအနေအပေါ် မည်သို့မျှ ဖြေရှင်းပေးခြင်းမရှိသလို ၊ ဘာသာရေး ပဋိပက္ခ လှုံဆော်ကြေညာချက် စာရွက်ဖြန့် ဝေခြင်း များ ကိုလည်း ထိရောက်စွာအရေးယူခဲ့ခြင်းမရှိကြောင်း သိရသည်။
    ဘားအံမဲဘောင်ကျောင်းတိုက်မှ ထုတ်ပြန်သော ကြေညာချက် တွင် မွတ်စလင်များနှင့် ဆက်ဆံရေး မလုပ်ရန် ၄ ချက်ကို ဖော်ပြထားပြီး ယင်းအချက်များ ဖောက်ဖျက်ပါ က အပြစ်ပေးအရေးယူမည် ဟု ဖော်ပြထားသည်။ ယင်းကြေညာချက်ကို မြန်မာပို့စ်ဂလိုဘယ် ဂျာနယ် ခေါင်းကြီးသတင်း အဖြစ် အောက်တိုဘာ ၁၉ရက်နေ့ တွင် ဖေါ်ပြခဲ့သည်။
    ရခိုင် ပဋိပက္ခမတိုင်ခင် ကာလများတွင် မွတ်စလင် မုန်းတီးရေး စာရွက်စာတမ်း ၊ တရားဟောပြောပွဲများ ကို ရခိုင် ပြည်နယ်အနှံ ပြုလုပ်ခြင်းဖြင့် လူအများစု ဗုဒ္ဓ ဘာသာဝင် များကို အယုံသွင်း ခဲ့ကြသည်။ ယင်းနောက် ပိုင်း မွတ်စလင်များ၏ အိုးအိမ်စည်းစိမ်းများကို မတရားသိမ်းပိုက်ခြင်း ၊ တိုက်ခိုက် သတ်ဖြတ်ခြင်း ၊ ဇာတိမြေ မှ မောင်းထုတ်ခြင်းများကို ဗျောင်ကျကျ ကျူးလွန်ခဲ့ကြသည်။
    “ကျွန်တော် တို့တော့ ဒီမှာ အဖြစ်မခံပါဘူး။ ဒီအတိုင်းပါပဲ မြို့ခံ ဗုဒ္ဓဘာသာတွေကလည်း မဖြစ်လိုကြပါဘူး။ ဒီလိုမျိုး ကာလမှာ အမှားအယွင်းမဖြစ်ရအောင် ကျွန်တော် တို့တော့ မွတ်စလင်တွေ ဘက်က အမှားမဖြစ်အောင် ထိန်းနေပါတယ်” ဟု ၄င်း လှိုင်းဘွဲ့မြို့ခံ ကပြောပါသည်။
    အလားတူ ကရင်ပြည်နယ် မြ၀တီမြို့တွင် ရခိုင် ပဋိပက္ခ ကဲ့သို့ ပဋိပက္ခ မဖြစ်ပွားစေရန် အတွက် မြ၀တီမြို့ နာရေးအသင်း ဦးဆောင်မှုဖြင့် ဘာသာပေါင်းစုံ ကွန်ရက် ဖွဲ့စည်းရန် နိုဝင်ဘာ ၅ရက်နေ့တွင် ဆွေးနွေး ခဲ့သည်။
    လှိုင်းဘွဲ့မြို့တွင် အစ္စလာမ် ဘာသာဝင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ရှိ သည်။
    လှိုင်းဘွဲ့ မြို့မှ ၁၅ အကွာ တွင်ရှိသော ပိုင်ကျုံမြို့နယ်ခွဲ တွင် အလားတူ မွတ်စလင်မုန်းတီးရေး စာရွက် စာတမ်း များ ဝေငှခဲ့ခြင်းကြောင့် ဒေသခံ မွတ်စလင်များ စိုးရိမ် သောက ရောက်နေရကြောင်း သိရသည်။
  • ကျူပ်တို့ကုလားတွေေ-ာက်သုံးမကျလို့လား
    ကျူပ်တို့ကုလားတွေေ-ာက်သုံးမကျလို့လား
    နိုဝင်ဘာ ၁၉ ၊ ၂၀၁၂
    ကုလား
    ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်အသင်း အမည်ဖြင့် အာဇာနည် ၉ ဦးတွင် ပါဝင်ခဲ့သည့် အစ္စလာမ်ဘာသာဝင် အာဇာနည် (၂) ဦးကို စော်ကားထားပုံ
    ပြောစရာပေါ်လာလို့ ထပ်ပြောမှာပါ။ ကျူပ်တို့ ကုလားတွေအဆင့်က ၁၀၉ – ၁၁၀ ကောင်တွေ ချက်တင်ထိုင်ရင်း ဆော်ဖွန်ရင်း တောက်တို မယ်ရ ဖေ့စ်ဘွတ်စာဖတ်ပြီး မျိုးချစ်စိတ်ဝင်တဲ့ကောင်တွေ ပြောချင်ရာ ပြောတာကို ငြိမ်ခံ နေရတဲ့အဆင့်၊ ပြန်ပြောခွင့်မရှိတဲ့ ဘ၀ရောက် သွားပြီလား။ ဒါမှမဟုတ် ကျူပ်တို့ ကပဲ ေ-ာက္သံုးမက်လို ့လား။
    ေ-ာက္ဆိုတဲ့ စကားလံုးသံုးလို ့ အက္သစ္နဲ့မညီဘူး၊ ရိုင်းတယ်လို့ ထင်ရင် ကုလားချင်းထက် ပက်ပက်စက်စက်ဆဲထားတဲ့ ဖေ့စ်ဘွတ်ကော်မန့်  တွေကိုတွေးကြည့်လိုက်ပါ (ပြန်ရှာဖတ်စရာမလို၊ ခင်ဗျားမြင်တယ်၊ သိတယ်၊ ပြန်သာ မြင်ယောင်ကြည့်လိုက်)။ ပြီးခဲ့တဲ့ ဆောင်းပါးမှာ ပြောပြီး ပြီ ကျုပ်မရိုင်းဘူးလို့ ။ ဒါပေမဲ့ ကောင်းကောင်းပြောလို့ မရတဲ့ အရိုင်းအစိုင်းတွေ၊ အရိုင်းအစိုင်းစကားလုံးတွေပါမှ နားထောင်မယ် နားဝင်မယ် လို့ ထင်ရတဲ့ ကုလားဆန့် ကျင်ရေးသမားတွေအတွက် သူတို့ စကားအတိုင်း ရိုင်းရိုင်းပြောရမှာ။ တန်ရာတန်ရာပေါ့။
    ကျုပ်တို့ ကိုဆဲထားတာတွေကို ပြန်ဖတ်ကြည့်ပါ။
    စောက်ကုလား
    ခွေးကုလား
    -ီးကုလား
    -ိုးကုလား
    လားကလီး
    ကိုယ့်မေကို –ိုးကုလား
    မုဒိန်းကုလား
    ဒီထက်ဆိုးတာတွေရှိသေးတယ်။
    ကျူပ်တို့ တမန်တော် မိုဟာမ္မဒ်(ဆွလလ္လာဟို အလိုင်းဟေ၀ဆလာမ်) (မသိတဲ့လူတွေအတွက်မှတ်ချက် ဒီကွင်းထဲကစာက ကျူပ်တို့ အင်မ တန်မြတ်နိုးတဲ့တမန်တော် မိုဟာမ္မဒ်ရဲ့ နာမည်ကြားတိုင်းကြားတိုင်း မေတ္ထာပို့ တာ) ကို ပက်ပက်စက်စက်ရေးကြတာ အတိုင်းအတာလွန်ပြီ။ နာမည်ကြားတိုင်း မေတ္တာပို့ ရလောက်အောင် ကျူပ်တို့ ချစ်တဲ့တမန်တော်၊ ငြိမ်းချမ်းရေး တရားမျှတရေး ကိုယ်ကျင့်သိက္ခာစောင့်ထိန်းရေးကို စံပြ လုပ်ခဲ့နေပြခဲ့ လမ်းပြဆုံးမခဲ့တဲ့ တမန်တော်ကို မုဒိန်းကောင်၊ အကြမ်းဖက်ကောင်ဆိုပြီး အရိုင်းအစိုင်းပေါင်းစုံနဲ့ ဆဲကြတယ်။ အစ္စလာမ်နဲ့  မွတ်စလင်မ် ဘာကိုခေါ်မှန်းမသိအောင် အသိတရားခေါင်းပါးတဲ့ ဗမာမျိုးချစ် ဆိုသူတွေက စော်ကားကြတယ်။ ဗမာစာကို ဗမာ နားလည်အောင် မရေးတတ်တဲ့ ကောင်တွေက ကျုပ်တို့ မြတ်နိုးတဲ့ ဒီငြိမ်းချမ်းရေး ပုဂ္ဂိုလ်ကို အကြမ်းဖက်ဂိုဏ်းချုပ်ဆိုပြီး စော်ကားတယ်။ ခွေးတွေ ၀က်တွေနဲ့  နှိုင်းတယ်။ ၁၀ နှစ်အောက် ကလေးကို မုဒိန်းကျင့်တဲ့ တဏှာကောင်လို့ စော်ကားသမားကစော်ကားသလို ၀ါဒဖြန့် သမားတွေကလည်း ဖြန့်  ကြတယ်။ (ကြုံလို့ ပြောလိုက်အုံးမယ် – ကျူပ်တို့  တမန်တော်သာ မုဒိန်းကောင်၊ အယုတ်တမာ၊ ရက်စက်ကြမ်းကြုတ် ရွံ့ ရှာစရာကောင်းတယ် ဆိုရင် ကမ္ဘာပေါ်မှာ ဘီလီလျံနဲ့ ချီတဲ့ လူတွေ သူ့ နောက်လိုက်ပါ့မလား။ မုဒိန်းကောင် နောက်လိုက်ရအောင် ကမ္ဘာပေါ်မှာ ဘီလျံနဲ့ ချီတဲ့ မွတ်စ လင်မ်တွေက အသိတရားကင်းမဲ့ပြီး ဘာမှ သိစွမ်း၊ စဉ်းစားစွမ်း၊ မြင်စွမ်းမရှိတဲ့ ငတုံးငအတွေမလိုလား။  မုဒိန်းကောင်လမ်းပြတဲ့ ဘာသာ ကို ကိုးကွယ်နေတယ်လို့  ဆိုရအောင် အစ္စလာမ်နဲ့  မွတ်စလင်မ်ဆိုတာကို ဘာမှန်းမသိတဲ့၊ မနေ့ တနေ့ ကမှ အင်တာနက်ပေါ်လာမှ စာတို စာ တောင်းဖတ်မိတဲ့ ကုလားမုန်းတီးရေး racist ဘီလူးတွေက လူဦးရေဘီလျံနဲ့ ချီတဲ့ မွတ်စလင်မ်တွေထက် ပိုသိ၊ ပိုတတ်၊ ပိုနားလည်၊ ပိုမြင်၊ ပိုတော်နေလို့ လား။ နွားချေရာခွက်ထဲကဖားတွေက ဖေ့စ်ဘွတ်က စာလောက်ဖတ်ပြီး ၁၄၀၀ ကျော် ရှင်သန်နေတဲ့ ဘာသာကြီးကို စော်ကား တာ အံ့ပါရဲ့။ ဖေ့စ်ဘွတ်က စာတိုတာတောင်းနဲ့  အစ္စလာမ်ဘာသာကို တိုင်းထွာတာ အံ့ပါရဲ့ ။ ဘီလျံနဲ့ ချီယုံကြည်နေတဲ့ဘာသာ၊ နှစ်ပေါင်း ၁၄၀၀ ကျော် တည်တံ့နေတဲ့ဘာသာကို သူတို့ ဖေ့စ်ဘွတ်အသိလောက်နဲ့  တိုင်းထွာတာဟာ ကိုယ်သိတာမှ အမှန်လို့  ထင်ချင်တဲ့ ကိုယ့်ကို ကိုယ် အထင်ကြီးလွန်တဲ့ တလွဲကောင်းစားငတုံးတွေရဲ့ စိတ်ဓာတ်။)
    ဖေ့စ်ဘွတ်လောက်ဖတ်တဲ့ မျိုးချစ်ဆိုသူတွေက ကျုပ်တို့ အမြတ်တနိုးထားတဲ့ မက္ကာက ကာဗာကျောင်းတော်ကို ခွေးက မဖွယ်မရာ လုပ်နေတဲ့ ပုံဆွဲပြီး စော်ကား တယ်။
    မက္ကာက ကျောက်တုန်း (Black Stone of Mecca) ကို အမျိုးသမီးတန်ဆာပုံဖြစ်အောင်လုပ်ပြီး ယောင်္ကျားတန်ဆာနဲ့  မဖွယ်မရာလုပ် နေတဲ့ပုံနဲ့ စော်ကားတယ်။ ခွေးက မဖွယ်မရာ လုပ်နေတဲ့ပုံနဲ့ စော်ကားတယ်။
    ကျုပ်တို့ ကိုးကွယ်တဲ့ အလ္လာအသျှင်မြတ်နဲ့  ကုရ်အာန်ကျမ်းစာကို စော်ကားတာတွေကလည်း ဖော်ပြစရာ စကား ရွေးဖို့ မကျန်တော့ဘူး။ အဲ့ဒီ စော်ကားနေတဲ့ကောင်တွေက ကုရ်အာန်ကိုတောင် မြင်ဖူးတာမဟုတ်ဘူး။ ကုရ်အာန် ကိုရေးထားတဲ့ အာရဗီစာကို အိန္ဒိယက ဟင်ဒီ စာပေလို့  ထင်လောက်အောင် ဗဟုသုတ ခေါင်းပါးတဲ့ အလေအလွင့်လောက်အဆင့် မျိုးချစ်ဆိုသူတွေ။
    မတရားတာကို ကြည့်ကြအုံးလေ။ ကုရ်ဘာနီ အိဒ်မလုပ်တော့ဘူးဆိုတဲ့ ကြေညာချက်တင်ထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ရိုင်းစိုင်းယုတ် မှာတဲ့ စကားလုံးတွေနဲ့ ဆဲသွားကြတယ်။ အဲ့ဒီကြေညာချက်ကို ကျုပ်တို့ နိုင်ငံ မှာရှိ တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ခေါင်းဆောင်ကြီးတွေ၊ ပ ညာရှင်တွေနဲ့ ဖွဲ့ ထားတဲ့ ထိပ်သီးအဖွဲ့ အကြီး ၅ ခုက ထုတ်တဲ့စာ။ မွတ်စလင်မ်တွေရဲ့  အကြီးဆုံးအဖွဲ့ အစည်းတွေထုတ်တဲ့စာ။ လမ်းဘေးက ခွေးလေခွေးလွင့်အဖွဲ့ မဟုတ်ဘူး။ ကလေကချေအဖွဲ့ တွေမဟုတ်ဘူး။ ထိပ်ပိုင်း ဘာသာရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေရဲ့ နိုင်ငံလုံးကိုယ် စားပြု အကြီးဆုံးအဖွဲ့ တွေ။ ဒီလိုအဖွဲ့ ရဲ့ဆုံးဖြတ်ချက်ကို ပြောချင်ရာပြော၊ ဆဲချင်ရာဆဲသွားတယ်။
    အဲ့ဒီစာအောက်မှာ ကျုပ်တို့  အဖွဲ့ အစည်းကြီးတွေကိုလည်းစော်ကားသွားတယ်။ ခေါင်းဆောင်တွေကိုလည်းစော်ကားသွားတယ်။ ကျုပ်တို့  ဘာသာကို လည်းစော်ကားသွားတယ်။ မအေနှမတွေနဲ့  ဆဲသွားတယ်။ ကျုပ်တို့ ရဲ့  ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့  ထိပ်ဆုံးအဖွဲ့ အစည်းတွေကို အဲ့ဒီလို ပေါက်လွတ်ပဲစား စော်ကားချင်တိုင်းစော်ကားရအောင် ကျုပ်တို့ တွေရဲ့ သိက္ခာ၊ ကျူပ်တို့ ရဲ့ ဖြစ်တည်မှု၊ ကျုပ်တို့ ရဲ့  မာန် မာနက ကုန်း ကောက်စရာမရှိအောင် ကုန်သွားပြီလား။
    ကျူပ်တို့ ကို စော်ကားချင်တိုင်း စော်ကားရလောက်အောင် ကျုပ်တို့ သာမန်လူတွေ၊ ကျူပ်တို့ ခေါင်းဆောင်တွေ၊ ကျူပ်တို့  အဖွဲ့ အစည်းက တွေ ဘာမဟုတ်တဲ့ အပေါစားကောင်တွေလား။ အရှက်သိက္ခာမဲ့တဲ့လူတွေရဲ့  ပြောချင်ရာပြော လုပ်ချင်ရာလုပ်ခံရမဲ့ တံတွေးခွက်ထဲက ဘာ သောက်သုံးမှမကျတဲ့ လူတွေလား။ သူတို့ လုပ်တိုင်းခံရအောင် ကျူပ်တို့ ကရော ဘာအစွမ်းအစမှမရှိတဲ့လူတွေလား။ ကျူပ်တို့ ရဲ့  ခေါင်း ဆောင်ကြီးတွေလက်မှတ်ထိုးပြီး ထုတ်ထားတဲ့ အဖွဲ့အစည်းကြီးတွေရဲ့ စာကို  လမ်းဘေးက ခွေးဝဲစားကို စောင့်ကန်သလို လွယ်လွယ်နဲ့  စော် ကားသွားတာကို လုံးဝ မကျေနပ်နိုင်ဘူး။
    အစိုးရကလည်း လွတ်ထားပေးရုံတင်မကဘူး မြောက်ထိုးပင့်ကော်လုပ်ပေးတယ်။ အတိုက်အခံဆိုတဲ့ လူတွေ လည်း အတူတူပဲ။ သူတို့ ကိုယ် တိုင်က ကုလားမုန်းတီးရေးကို မရှက်မကြောက်လုပ်နေတဲ့ထဲမှာပါတယ်။ မသိချင် ဟန်ဆောင်ပေးနေတယ်။ မီဒီယာတွေက လူသတ်မီဒီယာ တွေဖြစ်ကုန်တယ်။
    သူတို့ ဘာသာက သံဃာအဖွဲ့ အစည်းတွေကို ပြောကြည့်လေ။ ဘုန်းကြီးတွေဦးဆောင်ပြီး ကုလားအိမ်ဖျက်၊ ဗလီ မီးရှို့  လူသတ်ပစ္စည်းလုလိမ့် မယ်။ သူတို့ ဘုန်းကြီးကို နဲနဲလေးပြောကြည့်လေ။ မအေနှမမပြောနဲ့  အပြုသဘောနဲ့ ဝေဖန်ရင်တောင်ရလို့ လား။
    ဥပမာတခုပြောမယ်။ ကျူပ် ၁၀ တန်းအောင်ပြီးမကြာဘူး၊ ၂၀၀၀ ခုနှစ်မှာ ကျူပ်သူငယ်ချင်း ဂေါ်ရခါးတယောက်က ဘုန်းကြီး ကို စော်ကား တယ်ဆိုပြီး ကုလားချင်းထပ်ဆဲရာက ထိုးကြိတ်တော့မလိုက ပြသနာ တတက်တော့မလို့ ။ ဖြစ်ပုံက ဒီလို။ အဲ့ဒီ ဂေါ်ရခါးနဲ့  ထွန်းထွန်းခင်နဲ့ က ကျောင်းမှာသောက်နေကျ။ ကျောင်းလာတာကို အတူတူသောက်ပြီးမှလာတယ်။ အရက်သောက်ပြီးမှ ကျောင်းလာတဲ့ ၁၀ ကျောင်းသား ဘယ် လိုလူတွေဆိုတာ စဉ်းစားကြည့်။
    ထွန်းထွန်းခင်က ၁၀ တန်းအောင်ပြီး ကြုံတဲ့နေရာမှာသောက်တယ်။ တိုးအိပ်ချင်တဲ့နေရာမှာ အိပ်တယ်။ သူမူးတိုင်း ဂေါ်ရခါးကျော်ခိုင်က လိုက်ဆွဲရတယ်။ ဘုံကထိန်အတွက်ကောက်ထားတဲ့အလှူငွေကို ကာရာအိုကေပေါ်စ အဲ့ဒီမှာ ကောင်မလေးတွေနဲ့ သွားဖြုန်းပစ်တယ်။ အဲ့ဒီ လိုလူစားမျိုး။ အမေနဲ့ ပြသနာတတ်ရင် သူ့ အမေက လမ်းထိပ်အထိလိုက်ရိုက်လို့  ငိုငိုပြီး အော်အော်ပြီးထွက်ပြေးတယ်။ ဘယ်လောက်ပေပေ တေတေ အမေအရိုက်ကြမ်းလို့  အမေကိုကြောက်တယ်။ တရက် စကားများပြီး အမေလိုက်ရိုက်လို့ ထွက်ပြေးရာက အမေက ငါ့တုတ်ကိုမ ကြောက်ရင် သတ္ထိရှိရင်ပြန်လာဆိုပြီး ရိုက်လိုက်လို့  ထွက်ပြေးတယ်။ လူလို အိမ်မပြန်လာရဲတော့ နောက် ၃ ရက်လောက်နေမှ ဘုန်းကြီး ၀တ် ပြီးပြန်လာတယ်။ လမ်းထောင့်ရောက်တော့ ဂေါ်ရခါး ကျော်ခိုင်က သူငယ်ချင်းဆိုးမလို့  “ဟေ့ကောင် ငါ -ီး လိုပဲ မင်းကလဲ ဘုရားဖြစ်မဲ့ အုတ်ခဲ” လို့ ပြောတာကို လမ်းထောင့်ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေကြ လက်တွန်းလည်းသမားတွေက ကြားသွားပြီး ဘာမသိညာမသိနဲ့  ကုလားက ဘုန်းကြီးကို စော်ကားတယ်ဆိုပြီးဆဲရာက အပြန်အလှန်ပြန်ဆဲကြပြီး ထိုးမယ် ကြိတ်မယ်တွေဖြစ်တော့ ရ၀တ ရုံး ရောက်သွားတယ်။ နောက် တခါ ဒီလိုမဖြစ်အောင်ထိန်းဖို့ လို့ ဆိုပြီး သက်ဆိုင်ရာလူကြီးတွေကို ခေါ်တော့ ကျုပ်တို့ ရပ်ကွက်ထဲက ဗလီဆရာနဲ့  ဗလီ ဂေါဗကဥက္ကဌကို သွားခေါ်လာတယ်။ ဂေါ်ရခါးနဲ့  ဗလီဆရာဘာ ဆိုင်လို့ လဲ။ ဂေါ်ရခါးနဲ့  မွတ်စလင်မ်တောင်မကွဲတဲ့လူတွေ၊ ရပ်ကွက်လူကြီးမင်းတွေ။
    ဗလီဆရာနဲ့  ဂေါပကဥက္ကဌကလည်း ပြသနာ ဆက်မဖြစ်ရင်ပြီးရောဆိုပြီး ဂေါ်ရခါးနဲ့  မွတ်စလင်မ်သက်သက်ဆီဆိုတာနဲနဲပါးပါးရှင်းပြပြီး ကျန် တာ “ဟုတ်ကဲ့ပါ” လုပ်ခဲ့ရတယ်။ စာအုပ်မရှိတဲ့ ရပ်ကွက်စာကြည့်တိုက်အတွက် အလှူငွေ ထည့်ပေးခဲ့ရတယ်။ ကျူပ်တို့ လူမှားတာမှမဟုတ် တာ ကျူပ်တို့ ဖက်က ဘာကိစ္စ ခေါင်းညိမ့်ခဲ့ရတာလဲ။ “ဟေ့လူတွေ၊ ခင်ဗျားတို့  အရှုပ်ထုပ်ခင်ဗျားတို့ ရှင်း၊ ကျူပ်တို့ နဲ့ ဘာမှမဆိုင်ဘူး၊ သောက်ဂရုလည်းမစိုက်ဘူး၊ အားလည်း မအားဘူး၊ ဘာအလှူငွေမှလည်း မထည့်နိုင်ဘူး”  လို့  ပြန်မကျဲခဲ့သင့်ဘူးလား။
    တလောကပဲ အသက် ၈၀ ကျော် ကရင်အဖိုးကြီးတယောက် ဘုန်းကြီးတွေ ဆွမ်းခံတဲ့လိုင်း ကြားထဲ ဖြတ်လျှောက်လို့ ဆိုပြီး ဘုန်းကြီးတွေ ၀ိုင်းရိုက်လို့ သေသွားတယ်။ အဲ့ဒီအဖိုးကြီးကဆို အလကားနေရင်းရိုက်သတ်ခံလိုက်ရတာ။ ဘာမှ ပြောတာ၊ ဆိုတာ၊ ဆဲတာမဟုတ်သေးဘူး။ ဘာမှစော်ကားတာမဟုတ်ဘူး။လိုင်းဖြတ်လျှောက်လို့ ဆိုပြီး ရိုက်သတ်ခံလိုက်ရတာ။
    သူတို့ ကျတော့ ဆတ်ဆတ်ထိမခံ။ သူတို့ လူထိရင် ကမ္ဘာမီးလောင်သလိုပဲ။ ကျူပ်တို့ ကိုကျတော့ စော်ကားနေတာ လူတွေကို  -ီးကုလားဆို တာကနေ ကျူပ်တို့  အလ္လာဟ်အသျှင်မြတ်ကို ၀က်နဲ့ နှိုင်းတယ်။ ကျူပ်တို့  ခေါင်းဆာင်အဖွဲ့ ကို ရစရာမရှိအောင်ပြောတယ်။
    ကျူပ်တို့ ကို စော်ကားတဲ့လူတွေ အတိုင်းအတာကျော်လွန်သွားပြီ။ ကျူပ်တို့ က ငြိမ်ခံနေရအောင် သူတို့ က ဘာ တွေလဲ။ ကျုပ်တို့ ကဘာတွေ လဲ။
    ကျုပ်မမေ့ဘူး။ ဒီလူတွေရဲ့ ပက်ပက်စက်စက်စော်ကားမှုတွေအတွက် ကမ္ဘာမကြေဘူး။ ကျုပ်တို့ ကို စော်ကား ခဲ့သမျှ ကျုပ်တို့  ပြန်တောင်းရ မယ်။ ၁၀၉ -၁၁၀တွေ၊ ဖေ့စ်ဘွတ်စာလောက်တတ်တဲ့ကောင်တွေ၊ လူရိုင်းတွေ၊ စိတ်ဓာတ်နဲ့ပါးစပ်ညစ်ညမ်းတဲ့လူတွေ ပြောချင်တိုင်းပြော၊ ဆဲ ချင်တိုင်းဆဲ၊ စော်ကားချင်တိုင်းစော်ကားတာတွေကို ငြိမ်ခံနေရအောင် ကျုပ်တို့ ကေ-ာက်သုံးမကျတဲ့ ငတုံးတွေ၊ နလပိန်းတုန်းတွေ၊ ငဖျင်း င တူးတွေ၊ ချီးထုပ်တွေမဟုတ်ဘူး။ ကျွေးတာစား ပေးတာယူ လုပ်သမျှ ငြိမ်ခံတဲ့ ကျွန်တွေ၊ အကျဉ်းသားတွေမဟုတ်ဘူး။ ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်မာနနဲ့ ကိုယ်လူလုပ်နေတဲ့ လူတွေဗျ။ မဟုတ်တာမလုပ် မဟုတ်ရင် ငြိမ်မခံတဲ့ လူတွေဗျ လူတွေ။
    ဆဲခဲ့စော်ကားခဲ့တဲ့လူတွေ၊ ခွင့်ပြုထားတဲ့ အစိုးရ၊ မသိချင် မမြင်ချင်ဟန်ဆောင်နေတဲ့ အတိုက်အခံဆိုသူတွေ၊ မြောက်ထိုးပင့်ကော်လုပ်ပေး တဲ့ မီဒီယာတွေ ကျုပ်တို့ ကို မတောင်းပန်မချင်း၊ ကျုပ်တို့ ဂုဏ်သိက္ခာ ကျုပ်တို့ မာန တွေကို အသိအမှတ်မပြုမချင်း မကျေနပ်ဘူး။ ကမ္ဘာတည် သ၍မကျေနပ်ဘူး။ Action တိုင်းအတွက် Reaction ဆိုတာ ရှိသမြဲပဲ။ ဖိတိုင်းပိမယ် တော့မထင်နဲ့ ။ ကျူပ်တို့ ဘာသာက သူတပါးကို မတ ရားစော်ကားခွင့်မပေးထားဘူး။ နှိပ်စက်ငြင်းပမ်းခွင့်မပေး ထားဘူး။ မတရားမှုနဲ့  ဖိနှိပ်မှုကိုလည်း ငြိမ်ခံဖို့ မပြောထားဘူး။
    လတ်တလော ကျုပ်တို့ ဖက်က တောင်းဆိုရမယ်။
    (၁) အင်တာနက်စာမျက်နှာများမှာ ကျူပ်တို့ ကို စော်ကားဆဲဆိုနေတာချက်ချင်းရပ်
    (၂) ဘုန်းကြီးတွေနဲ့  မျိုးချစ်ဆိုသူတွေဦးဆောင်ပြီး ကုလားဆန့် ကျင်ရေးဟောပြောလှုပ်ဆော် စာပေဖြန့် ချိနေတာချက်ချင်းရပ်
    (၃) မီဒီယာတွေမှာ ကုလားတွေမနာနာအောင် ရေးသားနေတာတွေချက်ချင်းရပ်
    (၄) ဦးသိန်းစိန်အစိုးရအနေနဲ့  အစ္စလာမ်အားဆန့် ကျင်ရေးသား လှုပ်ဆော်စည်းရုံးနေတဲ့ လူ၊ ဘုန်ကြီး၊ နိုင်ငံရေးသမား၊  သတင်းသမား အားလုံးကို တားဆီးပြီး ဆက်လက်ရေးသားလှုပ်ဆော် ဟောပြောနေသူတွေကို အရေးယူပေးပါ။
    ခင်ဗျားတို့  စော်ကားတဲ့ အတိုင်းတာ ကျော်လွန်နေပြီ။ ကျူပ်တို့  သည်းခံနေသမျှ ဆက်ပြီး မိုက်ရိုင်းနေမယ်ဆိုရင် ကျုပ်တို့  မငြိမ်းချမ်းသလို ခင်ဗျားတို့ လည်း ငြိမ်းချမ်းမယ်မထင်နဲ့ ။ ဖိတိုင်းလည်း ပိမယ်မထင်နဲ့ ။
    • အစ္စလာမ်ဘာသာနှင့် မွတ်စလင်မ်များအား စော်ကားထားသည့် ပိုစ်များ စုစည်းထားရာ FB စာမျက်နှာတခု
    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်ဖြစ်သည်။)
  • သြော်  …  ဒီလိုလား ?  ရပါတယ်၊  ပြုံးပြုံးလေးနဲ့ နေပါ့မယ်
    သြော် … ဒီလိုလား ? ရပါတယ်၊ ပြုံးပြုံးလေးနဲ့ နေပါ့မယ်
    အောက်တိုဘာ၊ ၂၈ ၊ ၂၀၁၂
    M-Media
    မရေးချင်ပေမယ့် ရေးဖို့ဖြစ်လာပါတယ်။ ဆန္ဒကြောင့် မဟုတ်ဘူး။ တွန်းအားတွေ ဖိအားတွေ ပေးလာတာကြောင့်ပါ။ သို့ဖြစ်လေသောအခါ …..  ဒီလိုရေးသားတင်ပြရကောင်းလားလို့ အပြစ်ဖို့လိုသူတွေ အဖို့ ရေးသားတင်ပြသူထက် တွန်းအား/ဖိအားပေးနေသူများကို ဦးစွာ အပြစ်ဖို့ဝေဖန်အပ်ပါကြောင်း ပဏာမ အစီရင်ခံလိုက်တယ်နော်။
    ” ဗုဒ္ဓဘာသာဝင်တွေပိုင်တဲ့ လယ်၊ အိမ်၊ ခြံ၊ မြေ၊ ပစ္စည်းတွေကို မုစ်လင်မ်တို့ဆီ မရောင်းချပါနဲ့ ” တဲ့။ မွတ်စ်လင်မ်မောင်နှမအပေါင်းတို့ !   စိတ်ညစ်စရာ စိတ်ပျက်စရာ စိတ်တိုစရာ မဟုတ်ဘူးနော်။ ကျွန်တော်တို့ ပြုံးနေရမှာပါ။ ပြုံးပြုံးလေးနဲ့ဘဲ မေးခွန်းပြန်ထုတ်ကြရအောင်လေ ။   သေချာပြီလားလို့ …   ကိုယ့်စကားကို  ကိုယ်ကိုယ်တိုင် တာဝန်ယူထိန်းသိမ်းနိုင်ပြီလားလို့ ….။  အော်သံတိုင်းမှာ ပဲ့တင်သံဆိုတာ ထွက်ပေါ်လာစမြဲဘဲ၊ ဒီတော့ကာ –  စိတ်မဆိုးကြေး  !  ဘွာမခတ်ကြေး  ! နော့ …
    ၁။      ”  ခင်ဗျားတို့ရော  ခင်ဗျားတို့ရဲ့ ပိုင်ဆိုင်မှုတွေ နဲ့ ကုန်ပစ္စည်းမှန်သမျှ အစ္စလာမ်သာသနာဝင် တွေဆီ လုံးဝ မရောင်းချဘဲ တကယ်နေနိုင်လို့လား ?  ခင်ဗျားတို့ ရည်ညွှန်းနေတာ မြန်မာပြည်က မွတ်စ်လင်မ်တွေကိုလား  ဒါမှမဟုတ်  ကမ္ဘာတစ်ဝှန်းလုံးက အစ္စလာမ်သာသနာဝင်တွေကိုလား ဗျို့  ?    ”
    မြန်မာပြည်ထဲက မွတ်စ်လင်မ်တွေကိုလို့ဆိုယင်  –  မိမိတို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဦးဆုံး နိုင်အောင် ထိန်းသိမ်းကြပ်မတ်ပါနော်။ ခင်ဗျားတို့ဖက်က စည်းဖောက်ယင် ခင်ဗျားတို့အလွန်ပါဘဲ ခင်ဗျာ။                နော် နော် နော် !  ကျွန်တော်တို့ ကျွန်မတို့ မွတ်စ်လင်မ်တွေအနေနဲ့ အဲ့ဂလိုမျိုး သဘောထား မရှိသလို အဲ့ဂလိုသတ်မှတ်ချက်မျိုးလည်း မထားတဲ့အပြင် အဲ့ဂလိုမျိုးလည်း ပိတ်ဆို့မှုတွေ မလုပ်တတ်ကြပါ။ ရွှေတံခါးကြီးဖွင့်ထားလျက် ရှိသဗျ။
    ကမ္ဘာတစ်ဝှန်းလုံးက မွတ်စ်လင်မ်တွေဆိုလို့ရှိယင်တော့ –  လိုရင်းဘဲ ပြောပါရစေ။  ၀ံသာနုရက္ခိတ ဆိုတဲ့ အသုံးအနှုန်းကို ဘာမှမဆိုင်တဲ့ ဘာသာရေးစော်ကားမှုမှာ အသုံးပြုနေကြသူများ ခင်ဗျား …….   !  ခင်ဗျားတို့ကိုယ်တိုင်ရော မဟတ္တမ ဂန္ဓီကြီးလို လံကွတ်တီလေးနဲ့ နေနိုင်ကြပြီလားလို့ မေးခွင့်လေးတော့ ပြုစေချင်ပါတယ်။  သိချင်လွန်းလို့ပါ – !
    ၂။      ကြားရတာ နားဝ မချမ်းသာ။  ကျွန်တော်တို့ ကျွန်မတို့အတွက် မဟုတ်ပါဘူး။ သူတို့အတွက် စိတ်မချမ်းသာတာပါ။ လူသားချင်းစာနာထောက်ထားမှု အရပါ။ ဆက်ဆိုပါရစေ – စကားခံထားတယ်နော် –     စိတ်မဆိုးကြေး ….  လို့ ။
    ”  မည်သည့် မွတ်စ်လင်မ်နဲ့မှ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်တွေနဲ့ မပတ်သက်ကြပါနဲ့  ” တဲ့။ ဟုတ်ကဲ့ခင်ဗျာ။ ထပ်မေးပါရစေ – သေချာပြီလား လို့။  ပဲ့တင်သံလေးတစ်ချို့ကို အောက်ပါအတိုင်း ထုတ်လွှင့်ပေးလိုက်ပါသည် –  နားကြပ်လေးတပ်ပြီး နားထောင်ကြပါကုန် – – –
    က။     ဂလိုအော်သူများ မိမိကိုယ်တိုင် စံနမူနာပြ လုပ်ပြစေချင်ပါတယ်။ ရှေ့ကနွား ဖြောင့်ဖြောင့်သွားတဲ့။ ဒါက ရှေးရိုးမြန်မာစကားပုံလေ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စကားမဟုတ်လို့ ဒီစကားကို မနှစ်သက်ယင် ဒီစကားပုံ တီထွင်ခဲ့သူကို အယင်ဆုံးရှာဖွေဖော်ထုတ်ပြစ်တင်ဝေဖန်လိုက်ပါဦးနော်။  မြန်မာနိုင်ငံရဲ့ စီးပွားရေးလောက ထဲက မွတ်စ်လင်မ်တွေရဲ့ကဏ္ဍကို ဖယ်ထုတ်ပစ်ချင်သလား ?  ကမ္ဘာ့မွတ်စ်လင်မ်ထုနဲ့ရော ကုန်သွယ်စီးပွားကဏ္ဍကို ရပ်နားလိုက်ချင်သလား ?  သူတို့အားလုံးကိုယ်စား ကျွန်တော်ကဘဲ အလကားမတ်တင်း ဆွေးနွေးပေးလိုက်ပါ့မယ်။ ရပါတယ် လို့ –  စမ်းကြည့်လိုက်ပါလို့။ ရှေ့ဆက်ဖြစ်လာမှာကတော့ ကိုယ့်အတတ် ကိုယ်စူးမယ့်ကိစ္စဖြစ်တဲ့အတွက် ကိုယ့်စကား နဲ့ ကိုယ့်လုပ်ရပ်ကို မိမိကိုယ်တိုင်ကဘဲ တာဝန်ယူရမှာ ဖြစ်ပါတယ်လို့ သံတမန် စကားလေးနဲ့ ကမ်းလှမ်းလိုက်ပါရစေ။  နော် နော် နော် !  ဒီမိုကရေစီပါလို့ ကမ္ဘာသိအောင်အော်ဟစ်ပြီး မွတ်စ်လင်မ်တွေ၊ ခရစ်ယာန်တွေရဲ့ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဖို့၊ လက်ဝါးကြီးအုပ်ဖို့၊ လုယက်ဖျက်ဆီးဖို့ ထပ်မံဆက်လက်ကြိုးစားနေကြဦးမယ်ဆိုယင် ဓါးပြတိုက်တာနဲ့ ဘာမှခြားနားမှာ မဟုတ်တော့ဘူးဗျ။ ဒါကို ခေတ်သစ်ဝံသာနုစိတ်ဓါတ် သို့တည်းမဟုတ် ခေတ်သစ်ဗုဒ္ဓ၀ါဒ ဒါမှမဟုတ် ခေတ်သစ် Made in Myanmar ဖက်နာ ၀ါဒ ( ဖက်ဆစ်ဝါဒ + နာဇီဝါဒ ) လို့ ကင်ပွန်းတပ်ကြဦးမှာလား။  မကြံကောင်းမစည်ရာကြီးနော် – တကယ့်ဗုဒ္ဓ၀ါဒီစစ်စစ်များ နဲ့ ကမ္ဘာတစ်ဝှန်းက ဗုဒ္ဓဘာသာဝင်များအဖို့ မျက်နှာဖွက်ထားရမယ့်ကိန်း ဆိုက်တော့မယ်ထင်ပါ့။  အဲ့ဒါ … အဲ့ဒါ … အနော်တို့ မွတ်စ်လင်မ်တွေလုပ်တာမဟုတ်ဘူးနော် ( ကြိုတင်ပြောထားတာ၊ မြှားဦးက လှည့်တတ်လွန်းလို့ )။
    ခ။       လူမျိုး၊ ဘာသာ ဘယ်လိုကွဲပြားပါစေ လူဆိုတာလူတွေနဲ့ဆက်ဆံနေရမှာဘဲဖြစ်တဲ့အတွက် မိမိဖာသာမိမိ ဘောင်သွင်းကန့်သတ်၊ လှောင်ချိုင့်ထဲသော့ခတ်ပြီး သီးခြားလူမှုရေးစံနစ် ထူထောင်ချင်နေတာကို အနော်တို့ နားမလည်နိုင်ပေါင်ဗျာ။  ကျွန်တော်တို့ ကျွန်မတို့ မွတ်စ်လင်မ်တွေကို လူမှုဆက်ဆံရေးကဏ္ဍမှာ အစ္စလာမ်သာသနာ့အဆုံးအမအရ လူသားတိုင်းအပေါ် လူလိုဘဲ တန်းတူထားဆက်ဆံခိုင်းထားတယ်။ အနော်တို့ကတော့ မခွဲခြားတတ်ပါဘူး။ သဘောထားကြီးပေးပါတယ်။ သဘောထားကြီးစွာနဲ့ပြုံးးပြတာကို လှောင်နေပါတယ်လို့ အမှတ်မမှားကြပါနဲ့နော် –
    ဂ။       ဒီကနေ့  ဗုဒ္ဓဘာသာဝင်များလက်အောက်မှာ အလုပ်လုပ်နေကြတဲ့မွတ်စ်လင်မ်တွေရော – မွတ်စ်လင်မ်များရဲ့ လုပ်ငန်းထဲမှာ အလုပ်လုပ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရော များမှများပါ ခင်ည။  မယုံယင် စစ်တမ်းကောက်ယူကြည့်ပါခင်ဗျ။ သန်းနဲ့ချီပြီး ရှိကြတယ်ခင်ဗျ။ ကျွန်တော်တို့ မွတ်စ်လင်မ်တွေအနေနဲ့ သာသနာ့အဆုံးအမအရ လူမျိုး၊ ဘာသာခွဲခြားဆက်ဆံနှိပ်ကွပ်ခွင့် မရှိတဲ့အတွက် ဗုဒ္ဓဘာသာဝင် လုပ်သားတွေကို အကြောင်းမဲ့ လက်တွဲဖြုတ် အလုပ်ထုတ်ပစ်တာမျိုး မရှိခဲ့ပါဘူး၊ အခုလည်း မရှိကြသလို နောင်လည်း ရှိမှာမဟုတ်ပါဘူး။ ( ကိုယ့်ဖာသာကိုယ် အယူသည်းအစွန်းရောက်ပြီး အလုပ်ထွက် -လက်တွဲဖြုတ်မယ်၊ အဲ့ဒီနောက် မစို့မပို့ ငွေကြေးထောက်ပံ့မှုတွေလက်ခံလို့ မီဒီယာတွေနဲ့ လက်ဝါးရိုက်ပြီး ဒညင်းသီး အီးတစ်ပြန်နံတတ်သူလည်း ရှိနေတယ်လေ။ ဒါမျိုးကိစ္စတွေကလည်း ရှေ့ဖုံးနောက်ပေါ် မကြာမီ လာမည် …  မျှော်  ဖြစ်သွားရတာချည်းပါဘဲ )။  အထက်ဖော်ပြပါ ၀ါဒမှိုင်းလုံးမိနေသူတွေအနေနဲ့ အဲ့ဒီလမ်းကို လျှောက်ချင်လည်း လျှောက်ပေါ့။ ဒီမိုကရေစီ စကားနဲ့ဆိုရယင် အဲ့ဒါကလည်း သူ့ကိုယ်ပိုင်အခွင့်အရေးဘဲ မဟုတ်လား။  ဒီတော့ မေးချင်တာလေး ရှိလာပါရဲ့။ မွတ်စ်လင်မ်တွေဆီမှာ အလုပ်လုပ်နေတဲ့သူများကို ဆွယ်ထုတ်ပြီးတဲ့နောက် မွတ်စ်လင်မ်တွေကဘဲ အလုပ်ရပ်နားစေတယ်လို့ တစ်ဖက်သတ်အော်ပြီး ဆန္ဒဖော်ထုတ်ပွဲတွေ၊ ဆူပူမှု၊ လုယက်မှုတွေ လုပ်ကြဦးမှာလားဗျာ။  ဘယ်လိုထောင်ချောက်ဆင်ဆင် သေချာတာတစ်ခုကတော့ အနော်တို့ရဲ့ အမိမြန်မာပြည်ထဲမှာ အလုပ်လက်မဲ့ဦးရေ တိုးပွားလာဦးမှာ အမှန်ဘဲဗျို့( အဲ့ဒါ … အနော်တို့ မွတ်စ်လင်မ်တွေလုပ်တာ မဟုတ်ဘူးနော် )။ ကိုယ့်အမျိုးသားတွေအချင်းချင်း ကြီးပွားရေး၊ ကောင်းမြတ်သီလရှိရေး၊ ဂုဏ်သိက္ခာတင့်တယ်စေရေး၊ ဘ၀ခိုင်မာရေး အစား အလုပ်လက်မဲ့ဖြစ်ကုန်အောင်၊ နိမ့်ကျရှုတ်ချခံရအောင် စီမံကိန်းချဖော်ဆောင်နေသူများကတော့ မျိုးချစ်ပုဂ္ဂိုလ်ကြီး  စတဲ့ ဂုဏ်ထူးဝိသေသအမျိုးမျိုးနဲ့ ဗိုက်ဖောင်းစိုပြေ အလှဝေနေကြဦးမှာပါ။ ( အနော်တို့ အစ္စလာမ်သာသနာမှာတော့ အဲ့ဂလိုလူစားမျိုးတွေကို ကြောင်သူတော် ကြွက်သူခိုး / မုနာဖစ်က် တစ်နည်းအားဖြင့် အောက်တန်းစား လို့ ခေါ်တယ်ဗျ၊ မယုံယင် ကျမ်းဂန်များမှာ လေ့လာနိုင်ပါတယ်ခင်ဗျ )။  သက်ဆိုင်သူများခင်ဗျား –  ဘယ်လိုမှ မအောင်းမေ့ကြပါနဲ့။ လူသားချင်းစာနာထောက်ထားမှုအရ တင်ပြနေတာပါနော် –
    သြော် – မေ့နေလို့ပါ။ ဘာတဲ့ –   မွတ်စ်လင်မ်တွေကိုလည်း တိုက်ရိုက်/သွယ်ဝိုက် မကူညီကြနဲ့၊ သူတို့အကူအညီကိုလည်း မယူကြနဲ့တဲ့။ ရှိပါသေးတယ် – တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့။  အင်း  ….   မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ” အင်္ဂလိပ်တွေဆီကနေ တောင်းလို့ မရဘူး၊ တိုက်မှရမယ် ” လို့ ရဲရဲတောက် စပြောခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်တစ်ယောက် ခုနေများ ပြန်ရှင်လာခဲ့ယင် လက်ရှိအခြေအနေတွေအပေါ် ရှက်လွန်းလို့ နောက်တစ်ခေါက် အသက်ထပ်ထွက်သွားနိုင်ပါတယ်။ ထိုနည်းလည်းကောင်း အနော်ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း လူ့လောကထဲ နောက်တစ်ခေါက် ပြန်ရောက်လာယင် မျက်ရည်ပေါက်ပေါက် ကျသွားလောက်မယ် ထင်ပါတယ်။ မွတ်စ်လင်မ်တွေက မြန်မာနိုင်ငံသားပီသစွာ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ရတာတွေ၊  နာဂစ်ကိစ္စမှာတုန်းက ကြောက်ခမန်းလိလိ ဘက်ပေါင်းစုံက ကူညီခဲ့တာတွေ၊ အခု ရခိုင်ကိစ္စမှာလည်း ဘက်နှစ်ဖက်လုံး မျှမျှတတ ပံ့ပိုးထောက်ပံ့နေတာတွေကို ( ဥပမာလေးအနေနဲ့ ထင်ရှားတာလေးတစ်ချို့ကိုသာ တင်ပြတာပါ ) အားနာပါးနာလေး ရှိသင့်ပါတယ်နော်။ အသံကောင်းဟစ်နေကြတဲ့ ၀ံသာနုပုဂ္ဂိုလ်ကြီးတွေက သူတို့အားလုံးကိုယ်စား ပြန်အန်ထုတ်ပေးနိုင်တယ် ဆိုယင်တော့ တစ်မျိုးပေါ့ဗျာ။ မထင် …. မထင် ။  ပြန်မအန်ပေးနိုင်တဲ့အပြင် ကုလားထိုင်ကောင်းကောင်းရရေး၊ အိတ်ဖောင်းရေး၊ (ဘယ်လိုနည်းလမ်းနဲ့ဖြစ်ပါစေ) လူကြည်ညိုခံရရေးအတွက် အသည်းအသန် အားထုတ်နေကြတာကို ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ဖြစ်စေ အသိဥာဏ်ပြည့်ဝသူတိုင်းက အရှိအတိုင်း မြင်ပြီးသားပါ။ ဗြောင်ငြင်းချင်ယင်လည်း ငြင်းပေါ့ –  မိမိရဲ့ကိုယ်ကျင့်တရားကို မိမိကိုယ်တိုင် အထုတ်ဖြည်ပြလိုက်တာပါလို့ဘဲ မှတ်ယူလိုက်ပါမယ်။
    ၃။      အခုဖြစ်နေတာ လူမျိုးရေးပဋိပက္ခတွေပါ တဲ့။  လူမျိုးရေးလဲဆိုသေးရဲ့၊ အစ္စလာမ်သာသနာနဲ့ သက်ဆိုင်နေသော သင်္ကေတမှန်သမျှအပေါ် တစ်အုံတစ်ကျင်း လှည့်နေကြတာ လက်တွေ့ဖြစ်နေပါတယ်။ ဒီရက်ပိုင်း ကုရ်ဗာနီကိစ္စမှာတင် အဖြေပေါ်သွားပါပြီ။ ဒီကိစ္စဟာ လူမျိုးတစ်မျိုး၊ နယ်ပယ်ဒေသတစ်ခုရဲ့ ဓလေ့ ထုံးတမ်းအစဉ်အလာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှန်းက အစ္စလာမ်သာသနာဝင် ( မွတ်စ်လင်မ် )တွေရဲ့ နှစ်ပေါင်း တစ်ထောင့်လေးရာကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ – နှစ်စဉ်နှစ်တိုင်းလည်းပြုလုပ်ဆောင်ရွက်နေတဲ့ ဘာသာရေး ကျင့်ဝတ်ကြီးတစ်ရပ်ရယ်ပါ  ( ကြားဖြတ်စကားဆိုပါရစေဦး။ ကမ္ဘာပေါ်မှာ မွတ်စ်လင်မ်လူမျိုး ဆိုတာ ယခင်ကလည်း မရှိ၊ ယခုလည်း မရှိသလို နောင်အခါမှာလည်း ရှိလာမှာ မဟုတ်ပါဘူးဗျ။ မွတ်စ်လင်မ် ဆိုတာ အစ္စလာမ်သာသနာကို လက်ခံသက်ဝင်ကြတဲ့ ဘယ်လူမျိုးကိုမဆို ခြုံငုံခေါ်ဝေါ်တဲ့ အသုံးအနှုန်းလေး တစ်ခုရယ်ပါ။ ဒါကို အစွန်းရောက်ဝါဒီတွေ ၊ မြန်မာမီဒီယာတွေက မွတ်စ်လင်မ်လူမျိုးဆိုပြီး စာလုံးမည်းကြီးနဲ့ ဦးစားပေးထိပ်တန်းတင်ဖော်ပြနေတာကတော့ဖြင့် မိမိကိုယ်ကို ဗဟုသုတနည်းပါးလှလေခြင်းလို့ ကြေငြာရာ ရောက်နေပါတယ်ဗျ။ ဗုဒ္ဓဘာသာဝင်ဆိုတာနဲ့ ဗမာလူမျိုး ဖြစ်ရမယ် – အင်္ဂလိပ်လူမျိုးဆိုတာနဲ့ ခရစ်ယာန် ဘာသာဝင် ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး ဖြစ်နေတာလေ။  မြန်မာ့မီဒီယာလောကကြီးရဲ့ ဂုဏ်အရှိန်အ၀ါကို ပြန်လည်ဆယ်ယူရေးရည်ရွယ်ချက်နဲ့ –  စေတနာနဲ့ ကြားဖြတ်တင်ပြလိုက်ခြင်းပါခင်ဗျ။ ယုံချင်ယုံ မယုံချင်နေပါခင်ည )။ ပြီးတော့ ယဇ်ပူဇော်သူများလို့ ပညတ်လိုက်သေးရဲ့။ အဲ့ဒီလို စွပ်စွဲပြောဆို ရေးသားသူများကိုယ်တိုင်က ယဇ်ပူဇော်တယ်ဆိုတာ ဘယ်လိုဆိုတာမျိုးကို တကယ်မသိသေးတာ၊ အသိနုံချာ နေတာထင်မိပါတယ် – ဘာပဲပြောပြော ခွင့်လွှတ်လိုက်ပါတယ်။ ကျွတ် ကျွတ် ကျွတ်  – အသိမကြွယ်ရှာသေး ဘဲကိုး – ဆိုပြီးတော့ပေါ့။ တကယ် သနားမိတာပါနော် –
    မိမိကိုးကွယ်ယုံကြည်ထားတဲ့ ဘာသာတရားဆိုင်ရာ အဘိဓမ္မာတွေကိုတောင်မှ သေသေချာချာ သဘောမပေါက်သေးဘဲနဲ့ အခြားဘာသာတရားကိုဝေဖန်နေတာက – လွန်တာပေါ့  လွန်တာပေါ့ … နော့။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားက ဝေနေယျသတ္တ၀ါတိုင်းအပေါ် မေတ္တာထားဖို့၊တန်ဖိုးထားဖို့ အထင်ရှားဆုံး ဟောပြောသွန်သင်တော်မူခဲ့ပါတယ်။ တန်ဖိုးထားတတ်ခြင်းဟာ မေတ္တာထားခြင်းရဲ့ပြယုဂ်ပါဘဲ။ သတ္တ၀ါ အမျိုးအစားတွေအားလုံးအနက် လူသားဟာ အမြင့်မြတ်ဆုံး နဲ့ တန်ဖိုးအထားအပ်ဆုံး မဟုတ်ပေဘူးလား။ ပွင့်ပေါ်လာတဲ့ ဘုရားတွေ   ( အစ္စလာမ်၊ ခရစ်ယာန်၊ ဂျူး – ဘာသာတရားသုံးခုရဲ့ အခေါ်အဝေါ်အရ တမန်တော်/ပရောဖက် တွေ ) က မနုဿလူသားတွေရယ်ပါ။ တိရစ္ဆာန်ထဲက ဘုရား မပွင့်ပါဘူး။ ဒါကြောင့် လူနဲ့တိရစ္ဆာန် ယှဉ်လာယင် လူကို ပိုပြီး တန်ဖိုးထားရမှာလေ။ ခုတော့ ကျော်မကောင်း ကြားမကောင်း ဖြစ်အင်က တိုးလာပြန်ပြီ ခင်ည။ ဘာလဲဆိုလို့ရှိယင်    – – – –  အစ္စလာမ်သာသနာရဲ့သာသနာ့ကျင့်ဝတ်တစ်ခု ဖြစ်တဲ့ ကုရ်ဗာနီအပေါ် ” တိရစ္ဆာန်တွေရဲ့အသက်များကို ကယ်တင်ကြပါစို့ ” ဆိုပြီး ကြွက်ကြွက်ညံအောင် ဟစ်အော်လှုံ့ဆော်နှောက်ယှက်နေကြတယ်။ ဒီဟစ်ကြွေးမှုနဲ့ တစ်ပြိုင်နက်တည်း တစ်ချိန်တည်းမှာဘဲ ရခိုင်ဗုဒ္ဓ အစွန်းရောက်များက မွတ်စ်လင်မ်တွေကို လူမဆန်လှစွာ ရန်ရှာသတ်ဖြတ်ပစ္စည်းလုယက်နေတာ မမြင်ချင်မှ အဆုံး၊ မကြားချင်မှအဆုံးပါ။ သို့ကလို့မို့ကြောင့် မေးခွန်းသံက တညံညံ ပြန်ဖြစ်လာပါပြီ။ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေထဲ လူသားကိုရည်ညွှန်းတဲ့နေရာမှာ ဘယ်လူမျိုး ဘယ်ဘာသာဝင်ဆိုပြီး ကန့်သတ်ထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် မသိနားမလည်ကြတဲ့သူတွေအဖို့ ဗုဒ္ဓ၀ါဒမှာ လူသားထက် တိရစ္ဆာန်က ပိုမြတ်လို့ တိရစ္ဆာန်ကို ပိုပြီး တန်ဖိုးထားနေကြတာလားလို့ မေးချင်စရာ ဖြစ်လာယင် ပြဿနာနော့။ နော့ နော့ နော့။ တစ်ခါ လူ့အသက်၊လူ့ဘ၀ထက် တိရစ္ဆာန်ရဲ့အသက်၊ တိရစ္ဆာန်ရဲ့ဘ၀က ပိုအရေးကြီးနေတာလားလို့ မေးခွန်းတွေ မလွဲမသွေထွက်လာဦးမှာပါ။ ဒီ့အပြင် မိမိကိုယ်ကိုဗုဒ္ဓဘာသာဝင်လို့ ပြဲပြဲစင်ဟစ်အော်ပြီးသကာလ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမအသွန်အသင်တွေကို ပြောင်ပြောင်တင်းတင်း ပယ်လှန်ပြနေကြတာဟာ မိမိကိုယ်ကို ဗုဒ္ဓရှင်တော်မြတ်ထက် ပိုပြီးမြတ်ပါတယ်၊ အဆင့်မြင့်နေပါတယ်လို့ သရုပ်ဖော်ရာရောက်မသွားပေဘူးလား ?  မဟုတ်ရပါဘူးဆိုယင်တော့ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမဒေသနာတွေကို လက်တွေ့လိုက်နာကျင့်သုံးပြရပါလိမ့် မယ်။ ဒီလိုမှ မဟုတ်ယင်တော့ ဗုဒ္ဓဘာသာရဲ့အမည်နာမကို အရေခြုံအလွဲသုံးစားပြုနေတာပါဘဲ။ တစ်ကမ္ဘာလုံး မှာရှိနေတဲ့ အခြားဘာသာဝင်များအလယ် သိက္ခာကျအဖတ်ဆယ်မရတော့မှာ အသေအချာပါဘဲ။
    ကမ္ဘာတစ်လွှား ခြေဆန့်နေကြတဲ့ သာသနာပြုအရှင်သူမြတ်များအဖို့ ရောက်လေရာရာမှာလည်း ဒီအခြေအနေကို ရင်ဆိုင်ရဖို့ ကျိန်းသေပေါက်ဖြစ်နေပါပြီ။ ဒါကလည်း သဘာဝဘဲဗျ။ သက်ဆိုင်ရာ ဘာသာတရားရဲ့ သြဇာရှိခေါင်းဆောင်တွေက မိမိဘာသာဝင်တွေရဲ့ ပေါက်လွှတ်ပဲစားပြုမူနေပုံတွေကို လျစ်လျူရှုထားတဲ့အခါတိုင်း ထွက်လာတတ်တဲ့ ရလဒ်ဘဲဗျ။ ဘယ်သူမပြု မိမိမှု ဘဲဗျ။ အနော်တို့ အစ္စလာမ် လောကထဲမှာလည်း အယူသည်းအစွန်းရောက်သူတစ်ချို့ရဲ့လုပ်ရပ်တွေကြောင့် ဂလိုပြဿနာတွေ ရင်ဆိုင်နေ ရတာလေ။ အဲ့ – သိပ်မကြာခင် အလှည့်ကျလာတော့မယ့်အုပ်စုကတော့ မြင်သာထင်သာရှိနေပါပြီ။ စိတ်မကောင်းပါဘူး။ တကယ်ပြောတာ။  သဗ္ဗေသတ္တာ ကမ္မသကာ ပေါ့ဗျာ။
    ” ကျွန်တော်တို့ဖက်က ဒီလိုလက်တစ်ဆုပ်စာ ငါးခုံးမ တွေရဲ့မှိုင်းမိပြီးပြည်သူတွေ မျောလိုက်ကုန်ယင်တော့ ကျွန်တော်တို့ကြားက သန့်ရှင်းတဲ့ခင်မင်မှုတွေ ဆက်ဆံရေးတွေ အကုန်ထိခိုက်ကုန်တော့မှာဘဲဗျာ။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓတရားတော် အနှစ်သာရတွေလည်း အဲ့ဒီအစွန်းရောက်တွေကြောင့် အမည်းစက်စွန်းထင်းရတော့မယ်။ ကျွန်တော်တို့ မြန်မာတွေ နောက်ထပ်နာမည်ပျက်ရတော့မယ်ဗျာ။ ကျွန်တော် နိုင်ငံခြားမှာရှိစဉ်တစ်လျှောက်လုံး ဗမာဆိုယင် အပြောတစ်မျိုး အလုပ်တစ်မျိုး၊ လူလိမ်တွေ၊ သူခိုးတွေ၊ အမြင်ကျဉ်းမြောင်းသူတွေလို့ဆိုပြီး အထင်ခံခဲ့ မေးငေါ့ခံခဲ့ရတာ။ ခုအခြေအနေအတိုင်းသာဆိုယင် တိုင်းတစ်ပါးမှာရှိနေတဲ့ ကျွန်တော်တို့ ဗမာလူငယ် တွေအတွက် ရင်လေးပါတယ်ဗျာ ” ဆိုပြီး သူငယ်ချင်းတစ်ယောက်က တစ်နေ့ကတင် စိုးရိမ်တကြီး ညည်းတွားနေပါပြီ။  ” ဘာသာတိုင်း လူမျိုးတိုင်း နိုင်ငံတိုင်းမှာ မှန်ကန်ကောင်းမြတ်သူရှိနေကြသလို ဆိုးသွမ်းမိုက်ရိုင်းသူတွေလည်း ရှိနေစမြဲဘဲလေ။ သက်ဆိုင်ရာသာသနာ့အဆုံးအမကို မလိုက်နာ မလေးစားဘူး ဆိုယင် သူတို့ဘာလုပ်လုပ် ဘယ်လိုဘဲအော်အော် ဘာသာတရားကို ကိုယ်စားပြုသူ မဖြစ်ပါဘူး။ အပြန်အလှန်နားလည်မှု မရှိဘဲ ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှဖြစ်မလာပါဘူးဗျာ။ လူကောင်းက ကောင်းကျိုးကို စံစားရပါလိမ့်မယ်၊ လူယုတ်လူညံ့တွေကလည်း မကောင်းကျိုးကို မုချဧကန် ခံစားကြရမှာပါ ”  လို့တောင်မှ ကျွန်တော့်အနေနဲ့ ပြန်လည်ဖြောင်းဖျ နှစ်သိမ့်လိုက်ရသေးသဗျ။
    တစ်ဖက်ကပြန်စဉ်းစားကြည့်ယင် အသိတရား၊ နားလည်မှုတရား ပြည့်ဝကြတဲ့ ဗုဒ္ဓဘာသာဝင်တွေခမျာလည်း အချောင်သက်သက် သိက္ခာကျ အထင်အမြင်လွဲ ခံရမယ့်ကိန်းကို ဆိုက်နေပါပြီ။ ဒါကြောင့် ဒီလိုပြဿနာမျိုးကြုံရပြီဆိုယင် အနိုင်ကျင့်ခံ ရတဲ့တစ်ဖက်တည်းကဘဲ ထိခိုက်နစ်နာတယ် မထင်ပါနဲ့။ ရုပ်ပိုင်းဆိုင်ရာအရ လတ်တစ်လောမှာ အဖိနှိပ်ခံတွေဖက်က တစ်ဖက်စောင်းနင်း နင်းပြားဘ၀ရောက်နေတယ်လို့ မြင်နေရပေမယ့် နောင်တစ်ချိန်မှာတော့ ဖိနှိပ်ညှင်းပန်းသူတွေဖက်ကလည်း သံတူကြောင်းကွဲ အဖြစ်မျိုး ပြန်ကြုံရ တာချည်းဘဲလေ။ နှေးတာ နဲ့ မြန်တာ – ဒါဘဲ ကွာတတ်ပါတယ်။ ဒီအချက်ကို ကမ္ဘာ့သမိုင်းက ငြင်းမရအောင် သက်သေထူထားပြီးသားပါ။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာအရေး ညာအရေး ဗန်းပြပြီး ယုတ်မာသောင်းကျန်းသူမှန်သမျှ ယာယီအသာစီးရတတ်ပေမယ့် နောက်ဆုံးမှာ ကျွမ်းထိုး မှောက်ခုံကျကုန်တာချည်းပါဘဲ။ မြန်မာလိုနားလည်အောင်ပြောရယင် –  ၀ဋ်ဆိုတာ နောင်ဘ၀အထိ မကူးပါဘူး။ ဒီဘ၀မှာတင် လည်ရတယ် လို့ ပြောရမှာပေါ့နော်။ ငြိမ်းချမ်းရေးယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဖက်ဖြစ်ကြတဲ့ – မုသားယဉ်ကျေးမှု၊ ရွှေရောင်တင်ယဉ်ကျေးမှု နဲ့  သွေးချောင်းစီးယဉ်ကျေးမှု တွေရဲ့နိဂုံးဆိုတာ အကျည်းတန်လွန်းလှပါတယ်။ တစ်ဖက်သတ်အာဃာတသမား အဇာတသတ်လို သိသိကြီးနဲ့ မိုက်လုံးကြီးသူတွေကို တရားချဖို့ခက်ပါတယ်နော်။
    ၄။      နောက်ထပ်နည်းနည်းလောက် လျှာရှည်ပါရစေဦး။ လူတိုင်းသိပြီးသား မီဒီယာ လွတ်လပ်ခွင့်ကိစ္စပါ။ အနော့်အမြင်ကတော့ တစ်ဖက်သတ်လွတ်လပ်ခွင့်ကြီး ဖြစ်နေပါတယ်။ ကျင့်ဝတ်တွေ ဘာတွေနဲ့ အပ်ကြောင်းထပ်နေတာ မပြောလိုတော့ပါဘူး။ တစ်ခုလောက်ဘဲ ကြားညှပ်ပြောကြည့်ပါမယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်တွေထဲက ပြစ်မှုရေးရာသတင်းတွေဖော်ပြတဲ့နေရာမှာ မွတ်စ်လင်မ် ပြစ်မှုကျူးလွန်သူမှန်သမျှကို အစ္စလာမ်ဘာသာနဲ့၊ လူမျိုးနဲ့တွဲပြီး ဖော်ပြနေဆဲဖြစ်နေတာ ဒီကနေ့ထက်ထိ တွေ့ရတုန်းဘဲ။ အခြားသောပြစ်မှုကျူးလွန်သူမှန်သမျှကိုလည်း သူတို့ရဲ့သက်ဆိုင်ရာကိုးကွယ်တဲ့ဘာသာနဲ့ လူမျိုးနဲ့တစ်ကွ တွဲပြီးဖော်ပြပေးယင် အရမ်းကောင်းမှာဘဲနော်။ ဒါမှ တန်းတူညီမျှဖြစ်မှာလေ။ အဲ့ဂလိုသာ ဆိုယင် စာမျက်နှာအားလုံးရဲ့ထက်ဝက်ကျော်ကျော်မှာ  ” ဗုဒ္ဓ ဘာသာ၊ မြန်မာလူမျိုး  ”  ဆိုတဲ့စကားလုံး နဲ့ဘဲ ပြည့်နှက်သွားမလားလို့ ရှာရှာကြံကြံ တွေးမိပါရဲ့။ တရားဥပဒေရဲ့အောက်မှာ ကျောသားရင်သားတင်သား မခွဲခြားစတမ်းပေါ့နော်။ ပြုံးပြုံးလေးနဲ့စောင့်မျှော်နေမယ်နော် နော် နော်လို့ ……။ ( မစော်ကားပါဘူး၊ အမှန်တရားလေးတစ်ခုရှေ့မှာ မှန်ဘီလူး ပိစိကွေးလေး ထောင်ပြမိယုံလေးပါဗျ။ လွန်တာရှိ ကွာစိ ပါခင်ည )။
    ၅။      နိဂုံးချုပ်အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော် စပ်စုမိတဲ့ သတင်းအချက်အလက်လေးတစ်ခု ဝေမျှလိုက်ချင်ပါတယ်။  ရေနံနဲ့ပတ်သက်တဲ့ ကမ္ဘာသိ သုတေသနစာတမ်းတစ်ခုပါ။ အနော်တို့ မြန်မာနိုင်ငံရဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံးရဲ့အောက်မှာ ( အဲ့ဒီတုန်းက သတ်မှတ်ချက်အရ ) တတိယမြောက် ကမ္ဘာ့အကြီးဆုံး ရေနံကြောတစ်ခု ဧရာမမြစ်ကြီးသဖွယ် တည်ရှိကိန်းအောင်းနေပါသတဲ့။ အနော့်မှာဖြင့် ဂုဏ်ယူ လို့မဆုံးဖြစ်ခဲ့သလို တစ်ဆက်တည်းမှာဘဲ ရခိုင်ပြည်နယ်မှာ ပြဿနာကြီးကြီးမားမားတစ်စုံတစ်ရာ ဖြစ်လာနိုင် ချေရှိနေပြီလို့ ခန့်မှန်းမိခဲ့တယ်။ အဲ့ဒီရေနံသိုက်ကြီးက တရုတ်နဲ့အိန္ဒိယနယ်စပ်ကနေ အစပြုလာပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံရခိုင်ပြည်နယ်တို့ရဲ့ နယ်ခြားမျဉ်းတစ်ကြောလုံးမှာသွယ်တန်းနေတာကိုး။ ဧကန္တ ဒီပြဿနာရဲ့ရုပ်လုံးက အခုအချိန်ကျမှ လူမျိုးရေး၊ ဘာသာရေးဗန်းပြလို့ ပေါ်လွင်လာပုံရပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး အတွေးကွန့်မြူးမိပုံက ဂလိုပါဗျ။
    သမိုင်းကို ပြန်ကြည့်လိုက်တဲ့အခါ ရှေးယခင်ကတည်းက ဗမာနဲ့ကုလား ( မြန်မာနဲ့အိန္ဒိယ ) မတည့်ကြ ဘူး။ ဗမာဖက်က  ကုလားကိုမနိုင်တော့ ရခိုင်ကိုမဲပါလေရော။ စကားပုံတောင် ရှိနေသေး။ နောက်ပိုင်းမှာ ရခိုင်က ဗမာတွေရဲ့ လက်အောက်ရောက်သွားခဲ့တယ်။ မလွဲသာလို့ဆက်ဆံနေရပေမယ့် ဗမာပေါ်မှာရှိနေတဲ့ ရခိုင်လူမျိုးစုရဲ့အာဃာတတရား ပျက်ပြယ်မသွားခဲ့ပါဘူး။ တစ်ချိန်တုန်းကလည်း ရခိုင်ပြည်နယ်ကို ရခိုင်နိုင်ငံတော်အဖြစ် သီးခြားခွဲထွက်ဖို့ အပြင်းအထန်ကြိုးစားခဲ့တာကိုကြည့်ခြင်းအားဖြင့် သိသာနေပါတယ်။  ဒီလိုနဲ့ဘဲအောင့်အည်းလာခဲ့ရာကနေ သူတို့နယ်မြေအောက်မှာ ရေနံသိုက်ကြီးရှိနေကြောင်းသိလာတော့ မတရားလောဘတွေ ၀င်လာကြပုံရပါတယ်။ တူးဖော်လိုက်နိုင်မယ်ဆိုယင် ကုဋေကြွယ်သူဌေးတွေ တန်းစီပြီး ထွက်လာပြီပေါ့ဗျာ။ ဒါပေမယ့် တစ်ဖက်မှာ ဗမာကိုလည်း မလှန်နိုင်။ သီးခြားနိုင်ငံလည်း ထူထောင်ချင်။ ဒီတော့ ဘာလုပ်မလဲ။
    ဧရာမပြဿနာကြီးဖန်တီးနိုင်ယင် အခွင့်အရေးလမ်းစတွေ ပေါ်ပေါက်လာနိုင်ကောင်းတယ်လို့ တွေးမိကြမှာပေါ့။ ကုလားမနိုင် ရခိုင်မဲ ဆိုပြီး တစ်သက်လုံးတွင်လာတဲ့စကားပုံကို ဗမာမနိုင် ကုလားမဲ အဖြစ် essence ပြန်ပြောင်းလိုက်သလားတော့မသိဘူး။ လက်တွေ့မှာမြင်နေရတဲ့အတိုင်း ဘင်္ဂါလီတွေ၊ ရိုဟင်ဂျာတွေ၊ မွတ်စ်လင်မ်တွေဖက် စံနစ်တကျ အကွက်ဆင်မြှားဦးလှည့်နေကြရော။ သူတို့မုန်းနေတဲ့ ဗမာ (နိုင်ငံတော်အစိုးရ) နဲ့ မွတ်စ်လင်မ်တွေကို ရန်တိုက်ပေးလိုက်နိုင်ယင် ရည်မှန်းချက်ထက်ဝက်ကျော် ပေါက်မြောက်ပြီလို့ ဆိုရမှာပါ။ တကယ်လို့များ စစ်ပွဲတွေဖြစ်လာပြီဆိုပါစို့။ ဘယ်ဖက်ကသေသေ သူတို့အတွက် အမြတ်ဘဲလေ။ နောင်မှ သာရာဖက်ကူယင်း တစ်ဆင့်ပြီးတစ်ဆင့် လက်ဝင်လျှိုပြီး အပိုင်ကိုင်မယ့် စံနစ်မျိုး ဖြစ်ပုံရပါတယ်။ ဒါက အနော် စိတ်ကူးယဉ်ကြည့်တာပါ။ ဒီလိုသမိုင်းနောက်ခံနဲ့၊ အထောက်အထားတွေနဲ့ ဇာတ်အိမ်ခိုင်ခိုင်ဖွဲ့ပြီး ဖြစ်ရပ်မှန်ယောင်ယောင် ဂန္ထ၀င်ဝတ္ထုရှည်ကြီးတစ်ပုဒ်အဖြစ် ရေးလိုက်ရယင်တော့လား ……  ကမ္ဘာကျော် လေရူးသုန်သုန် ၀တ္ထုထက်တောင် ရောင်းအားကောင်းသွားမယ် ထင်တယ်နော်။ ရုပ်ရှင်ရိုက်နိုင်ယင်လည်း ရုံပြည့်ရုံလျှံ ၀က်ဝက်ကွဲနေမှာဘဲနော်။ နော် နော် နော်။  ဒါပေမယ့် ခက်နေတာက  အနော် ၀တ္ထုတွေ၊ ဇာတ်ညွှန်းတွေ မရေးတတ်ဘူးဗျ။ ဒါရိုက်တာလည်း မလုပ်တတ်၊ ငွေအရင်း အနှီးဆိုတာကလည်း ဝေလာဝေး။ ဒီဇာတ်လမ်းမှာ ဇာတ်လိုက်မင်းသားက မပါ။ ပါတဲ့ဇာတ်လိုက်မင်းသမီးက မုဒိန်းကျင့်ပြီးအသတ်ခံရတဲ့အခန်းကလေးတစ်ခန်းထဲဆိုတော့ အဆင်မပြေ။ ဇာတ်သိမ်းကိုလည်း ပုံဖော်မရ – ဆိုတော့ကာ  …..  ကိုင်း !  ဂလောက်နဲ့ဘဲ ရပ်ပြီဗျို့။  ဒုတိယပိုင်းကို မတောင်းဆိုကြပါနဲ့လို့ မေတ္တာရပ်ခံ လိုက်ပါတယ်နော်။
    ဒီနှစ် ကုရ်ဗာနီအီးဒ်ကို ကုရ်ဗာနီလုပ်လိုက်ရလို့ နှလုံးပန်းစိတ်နွမ်းနေကြတဲ့ အနော့် ညီအစ်ကို မောင်နှမအပေါင်း တစ်ချက်လေးလောက် ပြုံးမိကြယင်ဖြင့် အချိန်ကုန်ရ လက်ညောင်းရကျိုးနပ်သွားပါကြောင်းပါခင်ဗျား ။  ကျွန်တော်တို့အားလုံး ကြေကွဲစရာတွေကြားက ကြံ့ခိုင်မှုကိုလက်ကိုင်ပြုလို့  ပြုံးပြုံးလေးနဲ့နေပါ့မယ်ပေါ့နော်။
    အားလုံးအတွက်
    ဂျူလိုင်ရဲရင့်
    အထက်ပါ ဆောင်းပါးသည် စာရေးသူ ဆောင်းပါးရှင်ရဲ့ အာဘော်သာဖြစ်ပါသည်။
  • ရန်ကုန်ြမို့ ဆင်ခြေဖုံးတွင် အစ္စလာမ် ဆန့်ကျင်ရေးစာများ ဖြန့်ဝေလျက်ရှိ
    ရန်ကုန်ြမို့ ဆင်ခြေဖုံးတွင် အစ္စလာမ် ဆန့်ကျင်ရေးစာများ ဖြန့်ဝေလျက်ရှိ
    အောက်တိုဘာ၊ ၂၄ ၊ ၂၀၁၂
    M-Media
    သတင်း- နတ်တော်သူရိန်
    ရန်ကုန်ြမို့ ဆင်ခြေဖုံးနှင့် မြို့ပြင်ရပ်ကွက်များတွင်  “အနာဂါတ်မြန်မာပြည် နှင့် ဘင်္ဂါလီ ခေါင်းစဉ်ဖြင့်” ရေးသားထားသော အစ္စလာမ်ဆန်ကျင်ရေး၊ မုန်းတီးရေးစာရွက် မိတ္တူများ ဖြန့်ဝေလျက်ရှိကြောင်းသိရပါတယ်။
    အဆိုပါ အစ္စလာမ်ဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေရာ ရန်ကုန်မြို့ ဆင်ခြေဖုံး ဒလ၊လှိုင်သာယာ၊ကမာရွတ် မြို့နယ်များ၏ ရပ်ကွက်များတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရပါသည်။
    အဆိုပါစာကို “ မျိုးချစ်လူငယ်များ” အကျိုးဆောင်ကွန်ယက်မှ ဖြန့်ဝေနေကြောင်းသိရသည်။
    ဒါအပြင် Internet Blogs များWebsitesများ Facebook Social Network များတွင်ပါ အဆိုပါစာကိုဖြန့်ချီ နေကြောင်းသိရှိရသည်။
    ရခိုင်ပြည်နယ်ဖြစ်စဉ်များအပြီး အစ္စလာမ်ဘာသာအပေါ်စော်ကားသောစာများBlogs များကိုInternet websitesများ၊facebook Social Network များတွင် ပေါ်ပေါ်ထင်ထင်လုပ်ဆောင်လာတာကို တွေရပါတယ်။
    ယခုကဲ့သို့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်သည့် အစ္စလာမ်ဆန့်ကျင်ရေး၊ မုန်းတီးရေး လုပ်ဆောင်ချက်များကို အာဏာပိုင်အဖွဲ့စည်းများမှ မည့်သည့်အရေးယူ တားဆီးမှု့ ဆောင်ရွက်ချက်များကို သတင်းမရရှိပါ။
    ရခိုင်ပဋိပက္ခစတင်ဖြစ်ပွားချိန်မှ စပြီး အစ္စလာမ့်ဆန့်ကျင်ရေး လှုံ့ဆော်မှုများကို ယခင်က အွန်လိုင်းတွင် လုပ်ဆောင်လာရာမှ ယခု ပြင်ပတွင်ပါ ဗြောင်ကျကျ လုပ်ဆောင်မှုများကြောင့် ပြည်မတွင်ပါ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားလာမည်ကို  မြန်မာမွတ်စလင်မ် ပြည်သူများမှာ စိုးရိမ်ပူပန်နေရကြောင်း သိရှိရပါတယ်။
    အနာဂါတ်မြန်မာပြည် နှင့် ဘင်္ဂါလီ ခေါင်းစဉ်ဖြင့် အစ္စလာမ့်ဆန့်ကျင်ရေးလှုံ့ဆော်စာ
    အနာဂါတ်မြန်မာပြည် နှင့် ဘင်္ဂါလီ ခေါင်းစဉ်ဖြင့် အစ္စလာမ့်ဆန့်ကျင်ရေးလှုံ့ဆော်စာ
  • အမုန်းတရားများနှင့် တနေ့တာ ထိတွေ့ခြင်း
    အမုန်းတရားများနှင့် တနေ့တာ ထိတွေ့ခြင်း
    အောက်တိုဘာ၊ ၂၃၊ ၂၀၁၂
    M-Media
    ရေးသူ- မေကြည်
    ဒီနေ့ မြန်မာသံရုံးမှာ ပထမနှစ်ဝက်စာမေးပွဲ ကျင်းပပါတယ်။ သားလေးက ပထမတန်း၊ သမီးလေးက ဆဌမတန်း။ သားလေးက ဖြေပြီးသွားတော့ စာမေးပွဲအချိန်မှာ ဘေးမှာ အတူထိုင်ဖြေတဲ့ မိန်းကလေးလဲဖြစ်၊ မနှစ်ထဲကလည်း သိပြီးသားဖြစ်တဲ့ ကလေးမလေးအပါအ၀င် အခြားသူ့သူငယ်ချင်းတွေနဲ့ အတူတူ ကစားနေတာတွေ့ရပါတယ်။ ကျမကလည်း သမီးကြီးနား ကြည့်နေမိတာကော၊ မြန်မာကလေးတွေချည်းဘဲ ဖြစ်တာကောမို့ ဂရုမစိုက်ခဲ့မိပါဘူး။ (နိုင်ငံခြားကလေးတွေနဲ့ ဆိုရင်တော့ အနိုင်ကျင့်ခံရမှာဆိုးလို့ မျက်စေ့တောက် ထောက်ကြည့်တတ်ပါတယ်။) ခဏနေတော့ အဲဒီမိန်းကလေးက (သူအပါအ၀င် အခြား ၂ယောက်ပါ) ကျမကိုလာတိုင်ပါတယ်။
    မိန်းကလေး။    ။အန်တီ.. အန်တီသားက သမီးတို့ကစားနေတာကို နောက်ကတကောက်ကောက်လိုက် နေတယ်။
    ကျမ။              ။ သမီးတို့နဲ့ သူလဲကစားချင်လို့ပါသမီးရယ်။
    မိန်းကလေး။    ။ ဟင့်အင်း သမီးတို့သူနဲ့မကစားချင်ဘူး။ ပြောပေးပါ။သမီးတို့ဘယ်လောက်ပြောပြောလဲမရဘူး။
    ကျမလည်းချက်ချင်း သူတို့အုပ်စုထဲက ကျန်တဲ့ အခြားသူငယ်ချင်းယောကျာင်္းလေးတွေနဲ့ပါ ပျော်ရွှင်စွာ ကစားနေတဲ့ သားလေးကိုလှမ်းခေါ်လိုက်ပြီး သူတို့နဲ့မကစားဖို့ပြောလိုက်တယ်။ သားကဘာလို့လဲဆိုတဲ့ အမေးကို စိတ်မကောင်းစွာဘဲ သူတို့ကသားနဲအတူတူ မကစားချင်ဘူးတဲ့။ လာ နေ့လည်စာ စားလိုက်ဦး ဆိုပြီး ကျမပါလာတဲ့ သူ့အကြိုက်စားစရာများကို ကျွေးပါတယ်။
    ခနနေတော့ သားလဲသူ့ဘာသာသူ သူ့အိုင်ပက်ထုတ်ပေးပါဆိုပြီး အိုင်ပက်နဲ့ ဂိမ်းကစားလိုက် အစားစားလိုက် လုပ်နေပါတယ်။
    ကျမသမီးက ရေသောက်ချင်တယ်ဆိုလို့ ရေဘူးယူပေးဖို့ စားစရာတွေနားပြန်အသွား သားနားမှာ စောစောက ကလေးမလေးကလဲ ထမင်းလာ စားနေတာ တွေ့ပါတယ်။ သူက ကျမသားနားမှာ အနီးကပ်ထိုင်ပြီး သားကိုကြည့်ရင်းနဲ့ နောက်ကလေးမလေး တယောက်ကို “ဟဲ့ နင်ဝက်သားကြိုက်လား။ ငါကတော့ ၀က်သားဆိုကြိုက်မှကြိုက်” လို့ ပြောပါတယ်။ သူ့ရဲ့အကြည့် နဲ့အပြောကို ကျမခံစားလိုက်ရတယ်။ အကြည့်မပါရင်တော့ တမျိုးဖြစ်မှာပေါ့လေ။ သူ့အမေးခံရတဲ့ကလေးမလေးက “ငါကလုံးဝမကြိုက်ဘူ။ ကြက်သားဘဲ ကြိုက်တယ်” တဲ့။ သူက “၀က်သားစားမှအားရှိတာ..ဒါကြောင့် နင်ပိန်…” ဆိုပြီးပြောနေတုန်း ကျမအလာကိုမြင်ရင်းစကားရပ်သွားပါတယ်။ ဟိုမိန်းကလေးတယောက်ကတော့ ပုံမပျက်ပါဘဲ။
    သားကလဲ သူ့ဂိမ်းနဲ့သူမို့ကော ဘာမှ မသိတာကောနဲ့ သူတို့ပြောတဲ့ စကားကို သိပုံတောင်မရပါဘူး။ မြန်မာပြည်မှာ ကျောင်းနေဘူးရင်တော့ ကုလားကုလား ၀က်သားစားတို့ ဘာတို့တွေနဲ့ ဒါဟာ သူ့ကို ရန်စမှန်းသတိထားမိနေမှာပါ။
    ဒီမိန်းကလေးလဲသူငယ်တန်းထဲက သားနဲ့အတူ သံရုံးမှာ စာမေးပွဲဖြေတာပါ။ အဲလို ၆နှစ်အရွယ်လူမမယ်ကလေးတောင် ဒီလိုစိတ်ဓါတ်တွေရှိနေရင် သူ့ပတ်ဝန်းကျင်က လူတွေရဲ့စိတ်ဓါတ် ဘယ်လိုရှိမယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။
    ဒီလိုလူမျိုးတွေ ကျမတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်များနေပြီလဲ။ ဘာလို့ဒီလိုစိတ်ဓါတ်တွေ သင်ကြားမွေးမြူနေကြတာလဲ။ နားမလည်နိုင်တော့ပါဘူး။ ကလေးကို ကျမအပြစ်မမြင်ပါဘူး။ ကလေးဆိုတာ ရေလိုဘဲ ထည့်တဲ့အရောင်ပြောင်းတယ်တဲ့။ ဒီတော့ ဒီလိုကလေးတွေ အရွယ်ရောက်လာတဲ့အထိ နိုင်ငံခြားမှာ ကြီးပြင်းရရင်လဲ နိုင်ငံခြားသားများနဲ့ ကင်းရှင်းစွာ အမျိုးဂုဏ် စောင့်ထိန်းနိုင်အောင် သင်ယူနိုင်တဲ့ အုပ်ထိန်းသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုမိပါတော့တယ်။