News @ M-Media

Tag: Hijab

  • ဟိဂျဗ် ပုဝါဆောင်း မွတ်စလင်မ် အမျိုးသမီး  ပလေးဘွိုင်း မဂ္ဂဇင်းတွင် ပထမဆုံး အနေဖြင့် ဖော်ပြခံရ

    ဟိဂျဗ် ပုဝါဆောင်း မွတ်စလင်မ် အမျိုးသမီး ပလေးဘွိုင်း မဂ္ဂဇင်းတွင် ပထမဆုံး အနေဖြင့် ဖော်ပြခံရ

    စက်တင်ဘာ ၂၉ ၊ ၂၀၁၆
    M-Media
    3060_playboy
    ဟိဂျဗ် ပုဝါဆောင်းတဲ့ မွတ်စလင် အမျိုးသမီးတစ်ယောက်ဟာ ပလေးဘိုင်းမဂ္ဂဇင်းမှာ ပထမဆုံးအနေဖြင့် ဖေါ်ပြခံရပါတော့ မယ်။ အောက်တိုဘာလမှာ ထွက်ရှိမယ့် အဆိုပါမဂ္ဂဇင်းရဲ့ သင်းကွဲကဏ္ဍ (the magazine’s Renegades series) မှာ  – ဂျင်း အကျီ င်္ လက်ရှည်အ၀တ်စား-နဲ့ ဂျာနယ် လစ် နူးရ် တဂိုးရီရဲ့ပုံကို ပါလာပါလိမ့်မယ်။

    ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ အဖေါ်ချွတ်မပါတဲ့ ကြိုးပမ်းမှု့တစ်ရပ်အနေနဲ့ အဆိုပါ ကဏ္ဍဟာ ” သူတို့ ချစ်ခင်မြတ်နိုးရတဲ့ အရာတွေ အပေါ်မှာ အသက်ပါပေးဖို့ ၀န်မလေးပဲ- အရာအားလုံးကိုလုပ်ဖို့ စွန့်စားခြင်း ” ဆိုတဲ့ ခေါင်းစဉ်အောက်က ကွဲပြား ခြားနားတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတဲ့ သူတွေကို ဂုဏ်ပြု ဖေါ်ပြနေတာ ဖြစ်ပါတယ်။

    ဗီဒီယို သတင်း ကွန်ယက် နူစီ (video news network Newsy) အတွက် လေလှိုင်းပေါ်က အစီစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်လျှက်ရှိတဲ့ အသက် ၂၂ အရွယ် မိန်းကလေးဟာ သူမရဲ့ အလုပ်သက်တမ်းမှာ မွတ်စလင် ဆန့်ကျင်ရေးသမား တွေနဲ့ တွေ့ကြုံဆက်ဆံခဲ့ရတဲ့ စိန်ခေါ်မှု့တွေအကြောင်းကို ပလေးဘွိုင်း မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ပါတယ်။

    သူမရဲ့ အိမ်မက်တွေက အမေရိကန် စီးပွားရေးသတင်းဌာန (commercial US television) ဆီမှာ ဟိဂျဗ်ပုဝါဆောင်းပြီး ပထမဦးဆုံး အလုပ်လုပ်ရတဲ့သူ ဖြစ်လာဖို့ဆိုရင် အကြီးမားဆုံး စိန်ခေါ်မှု့ကတော့ သူမဆီက ရတဲ့သတင်းတွေကို ယုံ ကြည်မှု့ရှိဖို့ပဲ ဖြစ်ပါတယ်လို့ မစ္စတဂိုးရီ (Journalist Noor Tagouri ) က ရှင်းပြခဲ့ပါတယ်။

    ဒါပေမဲ့ ဟိဂျဗ်ခြုံထားတဲ့ မွတ်စလင် အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းက သူမကို မျက်နှာသာပေးခဲ့ပါတယ်လို့ သူမ ပြော ပြခဲ့ပါတယ်။

    ” ကျွန်မသိပါတယ်၊ ဒါဘာနဲ့တူသလဲဆိုတော့ မီဒီယာတွေမှာ ကျွန်မတို့ အသိုင်းဝိုင်းရဲ့ဇာတ်လမ်းဟာ ၀က်အူရစ်ကြပ်ထား သလိုမျိုး အကြပ်ခံနေရပြီးတော့ အမြတ်ထုတ်ခြင်းခံနေရပါတယ်” လို့ သူမက ပလေးဘွိုင်း မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

    ” ကျွန်မလည်း ဒီလိုပါပဲ၊ ဟေ့၊ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ မီဒီယာတွေမှာ လွဲမှားစွာဖေါ်ပြခံရတယ်ဆိုတာကို ကျွန်မ သိတယ်လေ။ ရှင့်ကို ကျွန်မ ဒါမျိုးမလုပ်ပါဘူး။ ကျွန်မက ရှင်ရဲ့ ဇာတ်လမ်းတွေကိုပဲ ပြောပြချင်တာပါ၊ ဘာလို့လဲဆိုတော့ ဒါဟာ အရေး ကြီးပြီး တရားမျှတမှု့နဲ့လည်း ထိုက်တန်တယ်လေ။”

    ဝေဖန်မှု့တွေကို သူမ ဂရုမစိုက်ပါဘူး၊ ပြီးတော့ နှလုံးသားမှာ သူမရဲ့အကောင်းဆုံး စိတ်ဝင်စားနေရတဲ့ လူတွေကလည်း သူမအနားမှာ ရှိနေပြီပဲလို့ သူမပြောခဲ့ပါတယ်။

    နူးစီမှာ ဖြစ်ခဲ့တဲ့ သူမရဲ့ ပထမဦးဆုံး ဇာတ်လမ်းက – အမေရိကန် သန်းခေါင်စာရင်းမှာပါတဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက် အာဖရိကဒေသက အမေရိကန်တွေကို ” လူဖြူတွေ ” အဖြစ် သတ်မှတ်ခဲ့တဲ့အကြောင်း ခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ဖေ့ဘုတ် စာမျက်နှာပေါ်မှာ ဆူညံသံတွေ ဝေစီခဲ့ပါတယ်လို့ သူမက ပြောပါတယ်။

    လူတွေကတော့ ကျွန်မကို “ကိုယ့်အိမ် ကိုယ်ပြန် ” လို့ လာပြောတာကို မြင်ရတာ တကယ့်ဟာသပါပဲ။ အမှန်တကယ် တော့ ကျွန်မက အနောက် ဗာဂျီးနီးယားပြည်နယ်မှာ မွေးခဲ့သူပါလို့ သူမ ပြန်ပြောပြခဲ့ပါတယ်။

    မဂ္ဂဇင်းမှာ ဖေါ်ပြခံရဖို့ သူမရဲ့ ဆုံးဖြတ်ချက်ကို လူအများပြားက ထောက်ခံအားပေးနေစဉ်မှာပဲ တစ်ခြားလူတွေကတော့ သူ့ပုံကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ “(သူမ)က သူ့ကိုယ်သူ ကျားမတန်းတူ အခွင့်ရေးဝါဒရဲ့ စံနမူနာပြဆိုပြီးတော့ ငါတို့ တွေက အဲဒါကို အသိမှတ်ပြု ပေးလိုက်ရမှာလား? အားနာသမှု့တောင် မရှိတဲ့မွတ်စလင်၊ အားမနာတတ်တဲ့ မိန်းမ” လို့ တိုဘာ ၀ါးရှခ်ျ (Tooba Warraich )က ပြောပါတယ်။

    “မိန်းမတွေကို ပြစားတဲ့ပုံစံနဲ့ လိင်ပိုင်းဆိုင်ရာ အသားပေးဖေါ်ပြတဲ့ ပုံစံတွေကနေ လုံးဝ အားမနာတမ်း အမြတ်ထုတ်တာ ကြောင့်မို့လို့ မဂ္ဂဇင်းမှာ သူမ ဖေါ်ပြခံရတာကို ကျွန်မ သဘောမတူပါဘူး”လို့ လီနာက သူမရဲ့တွီတာစာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ်။
    အဘ်ဒလ် ရာဟ်မာန် မာဖီကတော့ အခုလို တွီတာမှာ ရေးသားခဲ့ပါတယ်-” အင်တာဗျူးလုပ်ဖို့  ကျွန်ုပ်တို့ရဲ့ နှမတော်လေး (မစ္စ တဂိုးရီး) ဆုံးဖြတ်ချက်ကို သဘောမတူပေမယ့် သူမရဲ့ အကျင့်စာရိတ္တ နဲ့ ဘာသာစကား အသုံးပြုပုံနှင့်ပတ်သက်ပြီး တိုက်ခိုက်နေတာတွေကိုတော့ စိတ်ပျက်ဖွယ်လိလိပါပဲ။ ”

    ပလေးဘွိုင်း မဂ္ဂဇင်းက သင်းကွဲဏ္ဍ စာမျက်နှာတွေမှာ ဖေါ်ပြခံရတဲ့ အခြားသောအမျိုးသမီးတွေကတော့ မိခင်ဖြစ်သူနှင့် လူရွှင်တော်ဖြစ်သူ အလီ ဝေါင်း၊ လိင်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားသူ စတိုးယာ (Stoya) နဲ့ နိုဗလ်ငြိမ်းချမ်း ရေးဆုရှင် ပေါလ် ဘီ တီတို့ ပါဝင်ကြပါတယ်။

    ယခုနှစ် အစောပိုင်းမှာတော့ ပလေးဘွိုင်းမဂ္ဂဇင်းဟာ ပြောင်းလဲမှု့တော်တော်များများကို လုပ်ခဲ့ပြီး၊အကြီးမားဆုံး ပြောင်းလဲ မှု့ကတော့ ကိုယ်လုံးချွတ် ကိုယ်လုံးတီးပုံတွေကို မဖေါ်ပြတော့တာပဲ ဖြစ်ပါတယ်။

    **ABC သတင်းဌာနတွင် ပါရှိသော Journalist Noor Tagouri becomes first woman to wear hijab in Playboy ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

    ရဲဗလမင်းထင်

  • ဟိဂျဗ်ပ၀ါဆောင်းခွင့် တိုက်ပွဲ စပိန်တွင် အောင်ပွဲဆင်နိုင်ခဲ့

    ဟိဂျဗ်ပ၀ါဆောင်းခွင့် တိုက်ပွဲ စပိန်တွင် အောင်ပွဲဆင်နိုင်ခဲ့

    စက်တင်ဘာ ၂၄ ၊ ၂၀၁၆
    M-Media
    d72c6ef80a92fa90582878de9098b973
    ဒီသီတင်းပတ်အတွင်းမှာပဲ နယူးယောက် ဖက်ရှင်ရှိုးရက်သတ္တပတ်ရဲ့ ပထမဦးဆုံး အံ့အားသင့်စရာ ပွဲဦးထွက်အစီစဉ်မှာ ခေါင်းစည်းပုဝါနဲ့ အစ္စလာမ့်ဝတ်စားဆင်ယင်မှု့တွေကို ဖက်ရှင်လျှောက်ပြသနေစဉ်မှာ၊ ဟိဂျဗ်ပုဝါဆောင်းလိုက်ဖို့ ရွေးချယ် ခဲ့ကြတဲ့  စပိန်အမျိုးသမီးတွေကတော့ သူတို့ရဲ့ သိပ်မကြီးကျယ်လှတဲ့ အောင်ပွဲကို မြင်တွေ့ခဲ့ရပါတယ်။

    အသက်-၂၂ နှစ်အရွယ်၊ သက္က၀ါရီဂျဗ် (Takwa Rejeb )လို့ခေါ်တဲ့ ခရီးသွားလုပ်ငန်းဘာသာရပ်ကို သင်ကြားနေတဲ့ တက်ကြွတဲ့ ကျောင်းသူတစ်ဦးဟာ ပ၀ါဆောင်းမလာဖို့ တားမြစ်ခဲ့တဲ့ စပိန်အရှေ့ဖျားဒေသမှ ၊ ဗလင်စီယာမြို့က ကျောင်း တစ်ကျောင်းကို လူသိရှင်ကြား ရှုံ့ချပြီးတဲ့အခါမှာ နိုင်ငံတလွှားက သတင်းစာခေါင်းကြီးတိုင်းမှာ ဖေါ်ပြခြင်းကို ခံခဲ့ရပါတယ်။

    ” တက်ရမဲ့အတန်းကို ကျွန်မ ရှာမတွေ့ခဲ့ပါဘူး၊ ဒါကြောင့် ကျောင်းအုပ်ကြီး ရုံးခန်းကိုပဲ ကျွန်မ တိုက်ရိုက်သွားလိုက်ပါတယ်။ သူအဲဒီမှာ ရှိတယ်လေ။ သူပြောတာက ကျွန်မရဲ့ အတန်းတွေက နေ့လည်နေ့ခင်းဖက်မှာပါ။ ” ဒီနောက်တော့ သူက ခုလို ဆက်ပြောပါတယ်။” မင်းအခုသိတဲ့အတိုင်း၊ မင်းအဲဒါနဲ့ ကျောင်းလာတက်လို့မရပါဘူးတဲ့” “ဘာနဲ့လဲ?” လို့ ကျွန်မက ဆက် မေးတော့ သူက “မင်းဆောင်းထားတဲ့ ပုဝါနဲ့ပေါ့ ” လို့ လွန်ခဲ့တဲ့ သောကြာနေ့မှာ ရီဂျဗ်က သတင်းသမားတွေကို ပြန်ပြောပြ ခဲ့ပါတယ်။

    သူမ တက်နေတဲ့ ဘန်လီယာ အထက်တန်းကျောင်း (Benlliure High School)ကတော့ သူမအပြင် ဒါမျိုးဖြစ်နေတဲ့ ကျောင်းသူသုံးယောက်ကိုလည်း ဟိဂျဗ်ပုဝါဆောင်းပြီး ကျောင်းတက်ခွင့်မပေးပါဘူးလို့ ပြောခဲ့ပေမဲ့၊ သူမကတော့ ဒါဟာ သူမရဲ့ အခွင့်ရေးကို ချိုးဖေါက်ခံရတာပဲလို့ ခံစားလိုက်မိလို့၊ ကျောင်းထွက်ဖို့နဲ့၊ ကျောင်းပြောင်းဖို့အစား သူမ ဆက်လက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

    လူမျိုးရေး-ခွဲခြားမှု့ကို ဆန့်ကျင်တဲ့အုပ်စုတွေ စုပေါင်းပြီးဖွဲ့ထားတဲ့ အဖွဲ့စည်း တစ်ခုဖြစ်တဲ့ အက်စ်-အို-အက်စ် ရာစစ်မိုက ရှေ့နေတစ်ယောက်နဲ့အတူ သူမဟာ အဲဒီအမှု့ကို ဗလင်စီယာ ပညာရေးဌာနသို့ အတူတကွ ယူဆောင်သွားရောက်ခဲ့ ပါတယ်။ ဒီလို ၀တ်စားဆင်ယင်မှု့ ဆုံးဖြတ်ချက်တွေဟာ ကျောင်းနဲ့ပဲ သက်ဆိုင်တယ်လို့ ဗလင်စီယာ အုပ်ချုပ်ရေး အာဏာ ပိုင်တွေက EI Pais သတင်းဌာနကို အစောပိုင်းက ပြောခဲ့ပါသေးတယ်။

    EI Pais သတင်းဌာနရဲ့ အဆိုအရ ဘန်လီယာ ကျောင်းအုပ်ကြီး ပြောတာက အဲဒီအမိန့်ဟာ ကျောင်းသူကျောင်းသား တွေ အားလုံးကိုယ်တိုင်က အကျိုးကြောင်းဆီလျော်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားပြီးဖြစ်တယ်။ ဦးထုပ်/ခေါင်းဆောင်း ဆောင်းတာဟာ အားလုံးကို တားမြစ်ထားတာဖြစ်လို့ တရားမျှတမှု့ရှိကြောင်း ပြတဲ့အနေနဲ့လည်း ” တသားတည်းဖြစ်ရမည် နှင့် ကျန်းမာရေး ” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သူက ကိုးကားပြခဲ့ပါတယ်။

    ဒါပေမဲ့ ဗလင်စီယာ အာဏာပိုင်တွေဟာ ရုတ်ခြည်းဆိုသလို  သူတို့ပြောသမျှကို ကျောခိုင်းလိုက်ကြပြီး ” ကျောင်းသားတိုင်း ကျောင်းတက်ခွင့်ရှိပါတယ် “လို့ တနင်္လာနေ့မှာ ပြန်ကြေညာလိုက်ပါတယ်။ အင်္ဂါနေ့မှာတော့၊ ဗလင်စီယာ အုပ်ချုပ်ရေး အာ ဏာပိုင် တစ်ယောက်က ဗလင်စီယာ အစိုးရမှ ငွေကြေးထောက်ပံ့ထားတဲ့ ဘယ်ကျောင်းမျိုးကိုမဆို ဟေဂျဗ်-ပုဝါဆောင်း ပြီး ကျောင်းတက်ခွင့်ရှိကြောင်း အုပ်ချုပ်ရေးနယ်မြေတွေက အာမခံပေးရလိမ့်မယ်လို့ EI Pais သတင်းဌာနကို ဆိုပါတယ်။ ဒါဟာ အောင်ပွဲပါဘဲ။

    ‘သူမ အမိန့်၊အာဏာနဲ့ စည်းမျဉ်းတွေကို ပြောင်းလဲခဲ့ပါပြီ’

    “သူမ လုပ်ဆောင်ပြခဲ့တာတွေက တကယ့်ကို အမိုက်စားပါဘဲ။ သူမက အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ပြောင်း လဲနိုင်ခဲ့တယ်။ ဒီလိုကိစ္စမျိုး ဒါ နောက်ဆုံး တစ်ကြိမ်ဖြစ်ဖို့ ကျွန်မ အရမ်းပဲ မျှော်လင့်မိပါတယ်။ ” လို့ စပိန်နိုင်ငံရှိ ဆေးဝါး ရောင်း ပိုင်ရှင်နှင့် ခေါင်းမြီးခြုံ- ဖက်ရှင် ဘလော့ဂါတစ်ဦး ဖြစ်သူ ဖွသွေမာ အလ် အာရိုးဒီက ဆိုပါတယ်။

    သူမဟာ စပိန်မှာ ဘာသာရေးခွဲခြားမှု့တွေကို သူမကိုယ်တိုင်လိုက်ပြီး တိုက်ပွဲဝင်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

    သူမ ပြောတာက- သူမ ကျောင်းပြီးဖို့ လက်တွေ့ဆင်းရတဲ့အခါမှာ၊ နေရာတွေ တော်တော်များများမှာ သူမကို လက်တွေ့ သင်တန်းဆင်းဖို့ ငြင်းပယ်ခဲ့ကြတယ်။ သူမရဲ့ အုပ်ထိန်းသူ ဆရာကလည်း သူမခေါင်းမှာ ပုဝါခြုံနေသမျှကာလပတ်လုံး နေ ရာရှာ မပေးဖူးလို့ ပြောပါတယ်။

    ” ကျွန်မသူငယ်ချင်း တစ်ခြားကျောင်းသားတွေကတော့ သတင်းပတ်တွေအတွင်းမှာပဲ လက်တွေ့ သင်တန်းဆင်းဖို့ နေရာ ရှာ တွေ့ခဲ့ပေမယ့်၊ ကျွန်မကတော့ နောက်ထပ်တစ်နှစ်ထိအောင် လိုက်ရှာနေရပါသေးတယ် ” လို့ သူမ ပြောခဲ့ပါတယ်။

    ” ခေါင်းစည်း-ပုဝါဟာ နောက်ထပ် ကျက်သရေတစ်ခုဖြစ်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ တကယ်တော့တဲ့ မိန်းကလေးတွေဟာ ခွဲခြားဆက်ဆံခံနေရတာတွေကြောင့် အလုပ်မရပဲ ချောင်မှာသွားခွေနေရပါတယ်။ လူတွေ ထင်ကြတာကတော့ ခေါင်းစည်း ပုဝါခြုံတယ်ဆိုရင် ကျွန်မတို့ စိတ်ကိုခြုံလိုက်တယ်လို့ ထင်ကြပါတယ်၊ ဒါပေမဲ့-ကြည့်ပါ။ ကျွန်မတို့ ဆံနွယ်စလေးပဲ ဖုံးရုံလောက်ပါပဲ ” လို့ ဖွသွေမာ ကပြောခဲ့ပါတယ်။

    စပိန်မှာတော့ ခေါင်းစည်းပုဝါ မခြုံရလို့ ဥပဒေမရှိပါဘူး။ ဒါပေမဲ့၊ ဒီ အထူးဥပဒေက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရ အဖွဲ့စည်း ဆယ့်ခုနစ်ခုက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

    စပိန်နိုင်ငံရဲ့ နေရာဒေသ အသီးသီးက- ကျောင်းတွေမှာ၊ လူစည်ကားရာ နေရာတွေမှာ၊ အလုပ်ရုံတွေမှာတော့ သာမန် မွတ်စလင် အ၀တ်အစားတွေအပါအ၀င် ဘာသာရေးဆိုင်ရာ အထိန်းမှတ်လက္ခဏာတွေကို ဘယ်လိုတွေ လေးစားလိုက် နာရမယ် ဆိုတာကို လမ်းညွှန်စာအုပ်တွေ ပေးဝေခဲ့ပြီးဖြစ်ပါတယ်။ လူ့အသိုင်းဝိုင်းပေါ်မူတည်ပြီး၊ တစ်ချို့ အသင်းအဖွဲ့တွေ က ၀တ်ပုံစားပုံနဲ့ ပတ်သတ်လို့ သူတို့ရဲ့ ကိုယ်ပိုင် သီးခြားစံတွေကို သတ်မှတ်ပြဌာန်းထားပါတယ်။” ဥပဒေတွေ၊ စံတွေဟာ အဓိပ္ပါယ်နှစ်ခွ ဖြစ်နေပြီး၊ မွတ်စလင်တွေရဲ့ ခေါင်းစည်းပုဝါဆောင်းဖို့ အမိန့်နဲ့ပတ်သတ်လာရင် အသိုင်းဝိုင်းတစ်ခုလုံးမှာ လုံးဝကို အာဏာရှင်ဆန်ဆန်ပြုမူဖို့ ခွင့်ပြုထားပါတယ်” လို့ ဘာစီလိုနာမြို့က အော်တိုနိုမတ် ယူနီဗာစီတီက မနုဿဗေဒ ပါမောက္ခ၊ ဆီလ်ဗီးယား ကာရက်စ်ကို ပွန် က ပြောပါတယ်။
    မဒရစ်မြို့မှာတော့ အလားတူ ကိစ္စရပ်မျိုးဟာ ကွဲပြားတဲ့ရလာဒ်တစ်ခုနဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။ ၂၀၁၃-ခုနှစ်က မက်ဒ ရစ်မြို့ရဲ့ တရားရုံးချုပ်မှာ ခေါင်းစည်းပုဝါဆောင်းချင်တဲ့ ၁၆-နှစ်အရွယ် ကလေးမလေးကို သူမ ဆောင်းမဲ့ခေါင်းစည်း ပုဝါဟာ ဦးထုပ်ဆောင်းသလိုပဲ ကျောင်းရဲ့ ၀တ်စားဆင်ယင်မှု့ စည်းကမ်းနဲ့မကိုက်ညီလို့ ကျောင်းဘက်ကမှန်တယ်ဆိုပြီး အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

    အဲဒီ ကလေးမလေးကတော့ ခေါင်းစည်းပုဝါဆောင်းဖို့ ခွင့်ပြုထားတဲ့ ကျောင်းကို ပြောင်းသွားခဲ့ရပါတယ်။

    ဒီလိုမျိုးတွေဟာ စပိန်ရဲ့တစ်ခြားနေရာ တော်တော်များများမှာလည်း ဖြစ်ပျက်ခဲ့ပါတယ်။ ၂၀၀၉-ခုနှစ်မှာဆိုရင် ဇော်ဘေဒါ ဘာရခ် အဒ်ဒီက ဟေဂျဗ်ပုဝါဆောင်းထားတဲ့အတွက်ကြောင့်မို့ သူမကို တရားရုံးရဲ့ သက်သေထွက်ဆိုပေးရမဲ့ နေရာမှာ ၀င်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဒါမျိုးက သူမအတွက် တရားရုံးမှာ ဖြစ်ခဲ့တာ တစ်ကြိမ်လည်းမကတော့ဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ် မှာတော့ ဒီဆုံးဖြတ်ချက်ဟာ စံနှုန်းတွေနဲ့ ဆန့်ကျင်ခဲ့တယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။

    ” စပိန်မှာ ဥပဒေတွေက ရှင်းရှင်းလင်းလင်းရယ်လို့ မရှိပါဘူး။ ဒီလိုကိစ္စမျိုတွေက အမြဲတမ်းကို ပေါ်ပေါက်နေတာပါပဲ။ ကျနော်တို့က တိကျတဲ့ ဥပဒေတွေနဲ့ အာဏာရှင်ဆန်ဆန်အပြုမူတွေကို လျော့သွားအောင်လို့ တရားဝင် ဒီဘိတ်တွေ လုပ် သင့်တယ်ဗျ  .. မိန်းမတွေရဲ့ ကိုယ်ခန္ဓာဟာ အတွေးမြင်ပိုင်းဆိုင်ရာမှာ စစ်တလင်း မဖြစ်သင့်ပါဘူး” လို့ ကာရက်စကိုက ပြောကြားခဲ့ပါတယ်။

    ဥပဒေတွေ အမျိုးမျိုးရှိပေမဲ့လို့ စပိန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း-၁၄ မှာ ပြောထားတာက ” စပိန်ပြည်သူ/ပြည်သား တိုင်းဟာ ဥပဒေရဲ့ ရှေ့မှောက်မှာ မွေးရာဇာတိ၊လူမျိုး၊ လိင်၊ ဘာသာ၊ ယုံကြည်ချက်၊(သို့) တစ်ခြား မိမိ ကိုယ်ရေးကိုယ် တာ (သို့) လူမှု့ရေး အခြေအနေတွေ အပေါ်မူတည်ပြီး ခွဲခြားဆက်ဆံခံရခြင်း အလျဉ်းမရှိစေရ” လို့ ရေးသားထားပါတယ်။

    ” ကျွန်မအတွက်တော့၊ ခေါင်းစည်းပုဝါဆောင်းတာဟာ ဘာသာရေးပဲ။ ဒါဟာ ဖက်ရှင်လည်းဖြစ်မယ်၊ ယဉ်ကျေးမှု့လည်း ဖြစ်မယ်ဆိုခဲ့လို့ရှိရင် ကျွန်မကတော့ မတူကွဲပြားတဲ့အမြင်နဲ့ နားလည်ရပါလိမ့်မယ်။ ဒါပေမဲ့ ကုရ်အာန်မှာက ခေါင်းစည်း ပုဝါဆောင်းဖို့ အမိန့်တော်ပညတ်ထားတယ်လေ” လို့ စပိန် လူငယ်မွတ်စလင်များ၏ အထွေထွေအတွင်းရေးမှူး နှင့် သတင်းစာ ဆရာဖြစ်တဲ့ ရဖ်ကတ် အလ် ဟီခြူးက ပြောပါတယ်။

    ” ခေါင်းစည်းပုဝါဆောင်းတာနဲ့ ပတ်သတ်လို့ ဘယ်အချိန်မှာ မဆို ကျွန်မတို့ အသံအမျိုးမျိုးကို ကြားနေရပါတယ်။ ဒါဟာ မိန်းမတွေကို နိမ့်ချတာ၊ ဒါမျိုး ၀ိဝါဒကွဲစေတာလို့ အမြဲတမ်း စကားစပ်ပြောခြင်းကို ခံနေရတယ်။ ဒါပေမဲ့ လူတွေသိထားဖို့က ခေါင်းစည်းပုဝါဆောင်းတဲ့ သူတွေထဲမှာ နံမည်ကြီး သတင်းထောက်တွေ၊ ဗိသုကာ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ တောင် ပါလာကြသေးတာပဲ၊ ကွဲပြားစုံလင်မှု့ကတော့ ရှိရမယ်လေ၊ ဒါပေမဲ့ အားလုံး ဒီလို တိုးတက်မှု့ကိုတော့ သတင်း အနေနဲ့ ဖြစ်မလာခဲ့ပါဘူး။ ”

    Source : Anadolu
    Madrid: Muslim women gained their right to wear hijab ဆောင်းပါးကို ရဲသူရိန်  ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • ပုဝါဆောင်း မွတ်စလင်အမျိုးသမီး ဘော့စနီးယား လွှတ်တော်တွင် ပထမဆုံး အမတ်ဖြစ်လာ

    ပုဝါဆောင်း မွတ်စလင်အမျိုးသမီး ဘော့စနီးယား လွှတ်တော်တွင် ပထမဆုံး အမတ်ဖြစ်လာ

    နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    14-11-14_Kanela-Zuko-Bosnia-Elects-First-Veiled-MP
    – ဟိဂျဘ် ၀တ်ဆင်ထားသည့် ဘော့စနီးယားမှ မွတ်စလင် အမျိုးသမီးတစ်ဦးမှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဟိဂျဘ် ၀တ်ဆင်ထားသော ဘော့စနီးယား မွတ်စလင် အမျိုးသမီးများအတွက် မျှော်လင့်ချက် သတင်းစကား တစ်ခုကို ပို့ဆောင်နိုင်ခဲ့သည်။

    အသက် ၃၈ နှစ်အရွယ် မွတ်စလင်အမျိုးသမီး ကာနီလာ ဇူကိုဖြစ်ပြီး အောက်တိုဘာနှောင်းပိုင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုကဲ့သို့ ရွေးချယ်ခံရမှုကြောင့် ဘောလ်ကန် တိုင်းပြည်တစ်ခုဖြစ်သည့် ဘော့စနီးယား လွှတ်တော်ရှိ အမျိုးသမီးအမတ် ၂၂ ဦးတွင် ပထမဆုံး ဟိဂျဘ်ဝတ်ဆင်သည့် အမျိုးသမီး ဖြစ်လာမည်ဖြစ်သည်။

    “ကျွန်မ အခုလိုရွေးချယ်ခံရခြင်းဟာ အမျိုးသမီးအားလုံးအတွက် အထူးသဖြင့် ပုဝါဆောင်းထားတဲ့ အမျိုးသမီးတွေအတွက် သတင်းစကားကောင်းတစ်ခု ဖြစ်ပါတယ်” ဟု ဇူကိုက Anadolu သတင်းအေဂျင်စီသို့ နိုဝင်ဘာ ၁၃ ရက် ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

    ဇူကိုမှာ နိုင်ငံရေးလောကအတွင်းသို့ လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုကျော်က ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ဘော့စနစ်နှင့် ဆာလ်ဗစ်မွတ်စလင်များပါဝင်သည့် Democratic Action ပါတီဝင်တစ်ဦး ဖြစ်သည်။

    သူမမှာ အထူးအရည်အချင်းများ၊ ပါရမီများနှင့် ပရော်ဖက်ရှင်နယ် သင်ကြားမှုများအပေါ် မူတည်ပြီး လူ့အဖွဲ့အစည်းအား ဦးဆောင်နိုင်သည့် အမျိုးသမီးများ၏ အဓိကအခန်းကဏ္ဍအတွက် အလေးထား လုပ်ဆောင်နေသူလည်း ဖြစ်သည်။

    အမျိုးသမီးများ၏ အိမ်ထောင်ရှင်မနှင့် မိခင်ကဏ္ဍများနှင့် ပတ်သက်၍ သူမက

    “နိုင်ငံရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှစ်ဆ ခက်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာတောင်မှ အမျိုးသမီးတွေဟာ သူတို့ရဲ့ အခြားကဏ္ဍတွေဖြစ်တဲ့ အိမ်ရှင်မကဏ္ဍနဲ့ မိခင်ကဏ္ဍတွေကို ဘယ်တော့မှ မမေ့သင့်ပါဘူး” ဟု ဇူကိုက ဆိုသည်။

    ဇူကိုမှာ ကလေး ၃ ယောက်၏ မိခင်ဖြစ်ပြီး ကျဆုံးသွားသည့် စစ်သားများ၏ ကလေးများကို စောင့်ရှောက်ပေးနေသည့် Fatma Association အဖွဲ့၏ ဥက္ကဌလည်းဖြစ်သည်။

    “ဒီနေ့ခေတ်မှာ အမျိုးသမီးတွေဟာ မဲပေးခွင့်ရပြီး အရွေးခံခွင့်လည်း ရှိနေပါပြီ။ အမျိုးသမီးတွေဟာ ပုဝါဆောင်းထားထား မထားထား၊ လူမှုရေး ဖွံဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင် ပညာဆည်းပူးရပါမယ်” ဟု အမျိုးသမီးများ၏ အခွင့်အရေးနှင့် ပတ်သက်၍ သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ခရိုအက်၊ ဆာ့ဘ်နှင့် ဘော့စနီးယား လူမျိုးများနေထိုင်ကြသည့် ဘော့စနီးယားတွင် အောက်တိုဘာလက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲမှာ ၁၉၉၀ ပြည့်နှစ် စစ်ပွဲများပြီးနောက် ဘော့စနီးယားတွင် ၇ ကြိမ်မြောက်ပြုလုပ်သည့် ရွေးကောက်ပွဲလည်းဖြစ်သည်။

  • သြစတြေးလျတွင် မွတ်စလင် မဟုတ်သူများမှ ဟီဂျဘ် ပွဲတော်ပြုလုပ်ပြီး မွတ်စလင် များနှင့် တသားထဲ ရှိကြောင်းပြသ

    သြစတြေးလျတွင် မွတ်စလင် မဟုတ်သူများမှ ဟီဂျဘ် ပွဲတော်ပြုလုပ်ပြီး မွတ်စလင် များနှင့် တသားထဲ ရှိကြောင်းပြသ

    အောက်တိုဘာ ၁၂ ၊ ၂၀၁၄
    M-Media
    The-Canberra-Times-aussie
    – မီဒီယာများမှ မှားယွင်းစွာဖော်ပြမှုများနှင့် ပတ်သက်၍ မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် သြစတေးလျမှ မွတ်စလင် မဟုတ်သူများမှာ ဟီဂျဘ် ပွဲတော်တစ်ခုကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ ဟိဂျဘ်ပွဲတော်ကို မြို့တော် ကန်ဘာရာ၌ အောက်တိုဘာ ပထမသီတင်းပတ်အတွင်း ပြုလုပ်ခြင်းဖြစ်ပြီး မွတ်စလင်မဟုတ်သူ အမျိုးသမီးများက ဟီဂျဘ်ဝတ်ဆင်ခြင်း၊ အီဒွလ်အသွဟာ အထိမ်းအမှတ် မေတ္တာလက်ဆောင် ပန်းများပေးအပ်ခြင်း စသည့် လှုပ်ရှားမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။

    အဆိုပါ ပွဲတော်ကို စီစဉ် ကျင်းပသူများက ထိုပွဲတော်မှာ မွတ်စလင် အမျိုးသမီးများအား မေတ္တာ သတင်းစကားပေးရန်နှင့် တစ်သားတည်း ရှိကြောင်း ပြသသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “မီဒီယာတွေမှာ ဆိုးဝါးစွာဖော်ပြခံနေရတဲ့အတွက် တောင်းပန်ပါတယ်လို့ ကျွန်မတို့ ပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့တွေ မွတ်စလင်တွေနဲ့ တစ်သားတည်း ရပ်တည်နေတယ်လို့ ပြောချင်ပြီး အမုန်းတွေ အစား မေတ္တာတရားတွကို မျှဝေပေးချင်ပါတယ်လို့လည်း ပြောချင်ပါတယ်” ဟု ပွဲစီစဉ်သူများထဲမှ အန်နာဘီလီ လီက The Canberra Times သတင်းစာသို့ အောက်တိုဘာ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံတစ်ဝှမ်း မကြာမီ သီတင်းပတ်များအတွင်း အစ္စလာမ် ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများ ပြန့်နှံ့လာစဉ်တွင် မိမိတို့ မွတ်စလင် မိတ်ဆွေများအနေဖြင့် အထီးကျန်မှုကို မခံစားစေချင်ဟုလည်း အဆိုပါ ဟီဂျဘ်ပွဲတော်ကို ဦးဆောင်ပြုလုပ်ခဲ့သူများက ထည့်သွင်း ပြောကြားခဲ့သည်။

    ဘရုစ်မြို့ရှိ AIS အားကစားကွင်းတွင် ပြုလုပ်ခဲ့သည့် အီဒွလ်အသွဟာ ၀တ်ပြုမှုတွင် ပါဝင်ခဲ့သော မွတ်စလင်အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးများအားလုံး အတွက် ပြုလုပ်သော စားသောက်ပွဲတွင် ဟီဂျဘ်ပွဲတော်ကျင်းပသည့်အဖွဲ့မှ အမျိုသမီး ၁၀ ဦး တက်ရောက်ခဲ့ပြီး လမ်းတစ်လျှောက်တွင် ပန်းများ ကြဲခဲ့ကြသည်။

    “ဒါကိုသူတို့ကြားတဲ့အခါမှာ ပီတိဖြစ်ခဲ့ကြပြီး တစ်ချို့အမျိုးသမီးတွေဆိုရင် ပွေ့ဖက်တာမျိုးတွေ ပြုလုပ်ကြပါတယ်။ တစ်ချို့တွေဆိုရင် မျက်ရည်တောင် ကျခဲ့ကြပါတယ်” ဟု လီက ထပ်လောင်း ပြောကြားခဲ့သည်။

    မွတ်စလင်မဟုတ်သူများ၏ ထိုကဲ့သို့ ဆောင်ရွက်ချက်များကို မွတ်စလင်များကလည်း ကြိုဆိုခဲ့ကြသည်။

    “လူတွေက ကျွန်တော်တို့ဆီလာပြီး လက်တစ်ဖက်ကို ပုခုံးပေါ်မှာတင်ကာ “ကြည့်ပါဦး။ ကျွန်တော်တို့ ဒီမှာ ခင်ဗျားတို့နဲ့ အတူရှိနေပြီ။ ခင်ဗျားတို့ဟာလဲ ကျွန်တော်တို့လိုပဲ လူကောင်းတွေဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့အားလုံးဟာ လူ့အဖွဲ့အစည်း တစ်ခုထဲကပါ” လို့ ပြောကြပါတယ်။ သိပ်ကောင်းတဲ့ ခံစားမှုမျိုးပါပဲ။ ဒီလုပ်ရပ်ဟာ လူတွေရဲ့ နှလုံးသားကို ထိစေခဲ့ပါတယ်” ဟု Belconnen အစ္စလာမ့်လူ့အဖွဲ့အစည်းမှ ဒုတိယဥက္ကဌ ဟာဆန် ၀ါဆီက ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ သြစတေးလျသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိတွင် သြစတေးလျ လူဦးရေ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။

    ပြီးခဲ့သည့်လတွင် သြစတေးလျ သမိုင်း၌ အကြီးဆုံး အကြမ်းဖက်ဆန့်ကျင်ရေး စီးနင်းမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် သြစတေးလျ နိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ကြီးထွားလာခဲ့သည်။

    ref_ OnIslam & Newspapers

  • အထက်တန်းကျောင်းများတွင် ဟိဂျဘ် ၀တ်ဆင်ခွင့် ပိတ်ပင်ထားမှုအား တူရကီ ပယ်ဖျက်

    အထက်တန်းကျောင်းများတွင် ဟိဂျဘ် ၀တ်ဆင်ခွင့် ပိတ်ပင်ထားမှုအား တူရကီ ပယ်ဖျက်

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    23-09-14_Turkey-Allows-High-School-Hijab
    – ဆယ်စုနှစ် ၂ ခုအတွင်း သမိုင်းဝင်ဆောင်ရွက်မှုအဖြစ် အထက်တန်းကျောင်းများတွင် ဟိဂျဘ်ဝတ်ဆင်ခွင့် ပိတ်ပင်ထားမှုကို တူရကီအစိုးရက ပယ်ဖျက်ပေးလိုက်သည်ဟု သိရသည်။

    အားလပ်ရပ်ပြီးနောက် ကျောင်းပြန်ဖွင့်သည့် စက်တင်ဘာ ၂၃ ရက် တနင်္လာနေ့တွင် တူရကီ ဒုတိယ၀န်ကြီးချုပ် အာရင့်က ကြေညာခဲ့ခြင်းဖြစ်ပြီး ကျောင်းဝတ်စုံဥပဒေတွင် ယခင်က ဦးခေါင်းဗလာ ဖြစ်နေရမည်ဟူသည့် သတ်မှတ်ချက်အား ပယ်ဖျက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့ကြောင့် တူရကီ ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် စာသင်ကျောင်းများတွင် ကျောင်းသူများအနေဖြင့် ဟိဂျဘ်ဝတ်ဆင်ခွင့် ရရှိမည်ဖြစ်သည်။ အာရင့်ကမူ ဟိဂျဘ်ဝတ်ဆင်ခြင်းနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို လာမည့် နှစ်ရက်အတွင်း ထုတ်ပြန်ပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဟိဂျပ်ဝတ်ဆင်ခြင်း ပိတ်ပင်မှု ပယ်ဖျက်ခြင်းအား တူရကီရှိ လောကီသီးသန့်ဝါဒီ အချို့က ဆန့်ကျင်ခဲ့ကြသည်။

    ၂၀၀၈ခုနှစ်တွင် တူရကီဝန်ကြီးချုပ် အာဒိုဂန်၏ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ တက္ကသိုလ်များတွင် ဟီဂျဘ်ဝတ်ဆင်ခွင့် ပိတ်ပင်ထားသည့်  ပြဌာန်းချက်အား ပြင်ဆင်နိုင်ခဲ့သည်။

    ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင်လည်း အစ္စလာမ့်မစ်ကျောင်းများတွင် ဟိဂျဘ်ဝင်ဆင်ခွင့် ပိတ်ပင်ခြင်းအား တူရကီအစိုးရက ပယ်ဖျက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလကလည်း တရားသူကြီးများ၊ ရှေ့နေများ၊ ရဲအရာရှိများနှင့် စစ်သမီးများမှလွဲ၍ အစိုးရ ဌာနများတွင် ဟိဂျဘ်ဝတ်ဆင်ခွင့် ပိတ်ပင်ထားခြင်းအား ၀န်ကြီးချုပ် အာဒိုဂန်က ပယ်ဖျက်ပေးခဲ့သည်။

    ထို့နောက် အောက်တိုဘာလတွင် အမျိုးသမီးအမတ်တစ်ဦးက ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဟီဂျဘ်ဝတ်ကာ ပါလီမန်သို့ တက်ရောက်ခဲ့သည်။

    ref_OnIslam & News Agencies