News @ M-Media

Tag: Insulting Islam

  • ပြင်သစ်တွင် ဗလီဝတ်ကျောင်းတော်များ တိုက်ခိုက်ခံနေရ

    ပြင်သစ်တွင် ဗလီဝတ်ကျောင်းတော်များ တိုက်ခိုက်ခံနေရ

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    Explosion Hits Restaurant Near Mosque in East France
    တိုက်ခိုက်ခံရသော ပြင်သစ်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး

     

    – ပဲရစ်ရှိ မဂ္ဂဇင်းတိုက်အား သေနတ်သမားများက တိုက်ခိုက်မှုဖြစ်ပွားပြီး ၂၄ နာရီအကြာတွင်ပင် ပြင်သစ်ရှိ ဗလီဝတ်ကျောင်းတော်များမှာ တိုက်ခိုက်မှုများ ခံနေရသည်ဟု သိရသည်။

    လီမန့်စ်မြို့ ဗလီဝတ်ကျောင်းတော်အတွင်းသို့ လက်လုပ်ဗုံးများ ပစ်ထည့်ခြင်း ခံခဲ့ရပြီး တစ်လုံးမှာ ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရမှုများ မရှိချေ။ မပေါက်ကွဲသေးသော အခြား လက်လုပ်ဗုံး ၃ လုံးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းထားပြီး အဆိုပါ ဗလီဝတ်ကျောင်းတွင် အစောင့်များ ချထားသည်။ ၎င်းအပြင် သေနတ်သံတစ်ချက်ကိုလည်း ကြားခဲ့ရပြီး ထိုဗလီဝတ်ကျောင်းတော်သို့ ထိမှန်ခဲ့သည်။

    ယနေ့နံနက်ပိုင်းကလည်း ပြင်သစ်နိုင်ငံအရှေ့ပိုင်း Villefranche-sur-Saone ရှိဗလီဝတ်ကျောင်းတော်အနီး စားသောက်ဆိုင်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရသူများ ရှိ၊ မရှိနှင့် ပေါက်ကွဲရသည့် အကြောင်းအရင်းများကို သိရှိရခြင်း
    မရှိသေးပေ။

    ဗုဒ္ဓဟူးနေ့ညကလည်း ပြင်သစ်နိုင်ငံတောင်ပိုင်း Port-la-Nouvelle မြို့ရှိ မွတ်စလင် ၀တ်ပြုဆောင်တစ်ခုကို သေနတ်ဖြင့်ပစ်ခဲ့ပြီး ၀င်ပေါက်တံခါး ပျက်ဆီးခဲ့ကာ မှန်များလည်း ကွဲခဲ့သည်။ သို့သော်လည်း ထိခိုက် ဒဏ်ရာရမှုများ မရှိခဲ့ပေ။

    ယမန်နေ့မှစ၍ နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော်များ တိုက်ခိုက်ခံရမှု ရှိနေသည်ဟု သတင်းများရရှိထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

    Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုအတွင်း ရဲအရာရှိ ၂ ဦးနှင့် ကာတွန်းဆရာများ အပါအ၀င် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ပထမဆုံး ပစ်သတ်ခံရသူမှာ မွတ်စလင်ရဲအရာရှိ ဖြစ်သည်။

    ပြင်သစ်ရှိ မွတ်စလင်အဖွဲ့အစည်းများနှင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အဖွဲ့အစည်းများကလည်း ထိုလုပ်ရပ်ကို ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ထားသည်။

    Ref: RT

  • OIC ဆန္ဒပြပွဲတွင် အခြားဘာသာကို စော်ကားသော ပိုစတာ ပါဝင်ခဲ့၍ ဗဟန်းရဲစခန်း အမှုဖွင့်

    OIC ဆန္ဒပြပွဲတွင် အခြားဘာသာကို စော်ကားသော ပိုစတာ ပါဝင်ခဲ့၍ ဗဟန်းရဲစခန်း အမှုဖွင့်

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    ကမာရွတ်မီဒီယာ

    OIC ကန့်ကွက်ဆန္ဒပြပွဲမှာ အစ္စလာမ်ဘာသာကို တိုက်ရိုက်စော်ကားတဲ့ ကြွေးကြော်သံ ပိုစတာကို ကိုင်ဆောင်ခဲ့မှုနဲ့ ရန်ကုန်မြို့ ဗဟန်းရဲစခန်းက ပုဒ်မ ၂၉၅နဲ့ အမှုဖွင့်ပြီး အရေးယူစုံစမ်းမှုတွေ စတင်နေပြီလို့ ဒီဇင်ဘာ ၃ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။ ဆန္ဒပြဖို့ ခွင့်ပြုချက်တင်တဲ့အခါမှာ ပါဝင်မယ့် ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေကို ဖော်ပြရတာဖြစ်ပြီး ခွင့်ပြုချက်တင်တုန်းက မပါဝင်တဲ့ သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြဆိုတဲ့ ပိုစတာဟာ ယုံကြည်သက်ဝင်တဲ့ ဘာသာရေးကို စော်ကားတာဖြစ်တာမို့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ မကွေးကျောင်းတိုက်က ဆရာတော် ဦးပါမောက္ခက နစ်နာစေလိုတဲ့ဆန္ဒမရှိတာကြောင့် မီဒီယာတွေကနေ တောင်းပန်ခဲ့ပြီးပြီမို့ အစိုးရအနေနဲ့ တရားစွဲမယ်ဆိုရင် ပြဿနာတွေပိုပြီး ရှုပ်ထွေးလာနိုင်တယ်လို့ မိန့်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းမှာ ဆန္ဒပြခဲ့တဲ့အခါမှာ အစ္စလာမ်ဘာသာကို စော်ကားတဲ့ ပိုစတာ ၅ခုရှိခဲ့ပေမယ့် ၄ခုကို ဖျက်စီးနိုင်ခဲ့ပြီး ၁ခုကို မတွေ့ခဲ့တာကြောင့် ဒီလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ http://www.kamayutmedia.com/2013/12/03/activist-buddhist-monks/