News @ M-Media

Tag: Islam in Philippines

  • နှစ်ပေါင်း ၆၀၀ ကျော် တည်တံ့နေသည့် ဖိလစ်ပိုင်မှ သမိုင်း၀င် ဗလီ

    နှစ်ပေါင်း ၆၀၀ ကျော် တည်တံ့နေသည့် ဖိလစ်ပိုင်မှ သမိုင်း၀င် ဗလီ

    သြဂုတ် ၁၃၊ ၂၀၂၃

    M-Media 

    -ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက တာ၀ီ-တာ၀ီဆိုတဲ့ မြို့လေးမှာ ရှေးဟောင်း သမိုင်း၀င် အမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဗလီ၀တ်ကျောင်းတော်တစ်လုံး ရှိနေပါတယ်။ 

    ရှိခ် ကာရီမွလ် မက််ခ်ဒွမ် ဗလီလို့ အမည်ရပြီး ၁၃၈၀ ခုနှစ်က တည်ဆောက်ခဲ့တာလို့ ဒေသတွင်း မှတ်တမ်းတွေက ဆိုပါတယ်။ အာရပ်လူမျိုး ကုန်သည်နဲ့ သာသနာပြု မက်ခ်ဒွမ် ကရင်မ်က တည်ဆောက်ခဲ့တာဖြစ်ပြီး သူ့အမည်ကို အစွဲပြု မှည့်ခေါ်ထားတာပါ။ 

    အရှေ့တောင်အာရှဒေသအတွင်း ရှေးအကျဆုံး ဗလီ၀တ်ကျောင်းတော်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ 

    “၁၄ ရာစုမှာ တည်ဆောက်ခဲ့တဲ့ ရှိခ် မက်ခ်ဒွမ် ဗလီ၀တ်ကျောင်းတော်ဟာ ဖိလစ်ပိုင်မှာ အစ္စလာမ်သာသနာ စတင်ပြန့်ပွားမှုကို ဖော်ကျူးနေတာ ဖြစ်ပါတယ်” လို့ ဖိလစ်ပိုင်တက္ကသိုလ် အစ္စလာမ့်ရေးရာ လေ့လာမှုဌာနက ပရော်ဖက်ဆာ ဂျူကီပလီ ၀ါဒီက ပြောပါတယ်။ 

    အရှေ့တောင်အာရှ တစ်စိတ်တစ်ပိုင်းကို စပိန်တွေက ကျူးကျော်သိမ်းပိုက်ပြီး အနောက်တိုင်း ခရစ်ယာန်ပုံစံ မသွတ်သွင်းခင် နှစ် ၂၀၀ လောက်စောပြီး ဖိလစ်ပိုင်မှာ အစ္စလာမ်သာသနာ ပြန့်နှံ့ခဲ့တာ ဖြစ်ပါတယ် 

    မင်နာရာ၏ ထူးခြားမှု 

    —————

    ဗလီ၀တ်ကျောင်းတော်ရဲ့ နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းအတွင်း ဖျက်ဆီးခံရမှုနဲ့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။ 

    ဗလီ၀တ်ကျောင်းတော်ရဲ့ အဓိက အဆောက်အဦး ပြာပုံအတိ ဖြစ်ခဲ့ပေမယ့် မင်နာရာ မျှော်စင်ကတော့ မပျက်မဆီး အကောင်းအတိုင်း ကျန်ရစ်နေခဲ့ပါတယ်။ 

    ၁၉၄၁ ခုနှစ် ဂျပန်တွေ ကျူးကျော်သိမ်းပိုက်မှုမှာ ဒီဗလီ၀တ်ကျောင်းတော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေမှာ ဗလီကို ပြန်ဆောက်ခဲ့ပြီး သိပ်မကြာခင်ကပဲ မွမ်းမံပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

    ဗလီရဲ့မင်နာရာဟာ ကံကောင်းစေတယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ 

    “ဒီဗလီကို ဖျက်ဆီးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်လို့ သမိုင်းတွေမှာ ရေးပါတယ်။ မင်နာရာကိုတော့ ဖျက်ဆီးလို့ မရခဲ့ဘူး။ ဒါ့ကြောင့် ဒီမျှော်စင်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကောင်းချီးတွေရှိတယ်လို့ ဒေသခံတစ်ချို့က ယုံကြည်ကြပြီး မျှော်စင်အစိတ်အပိုင်းတွေကို ကံကောင်းစေမယ့် အဆောင်အဖြစ် ယူဆောင်ကြတာတွေ ရှိပါတယ်” လို့ ပရော်ဖက်ဆာ ၀ါဒီက ပြောပါတယ်။ 

    “ဒါ့ကြောင့် အစိုးရက မျှော်စင်ကို ပလက်စတစ်အကြည် သွန်းလောင်းခဲ့ပြီး လူတွေ ဖဲ့ယူလို့မရအောင် လုပ်ခဲ့ရပါတယ်”

    သမိုင်းအမွေအနှစ် 

    ——————

    ၂၀၁၃ ခုနှစ်မှာ ဖိလစ်ပိုင်သမ္မတ အကွီနိုက ရှိခ် ကာရီမွလ် မက််ခ်ဒွမ် ဗလီ၀တ်ကျောင်းတော်ကို အမျိုးသား သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြေငြာခဲ့ပါတယ်။ 

    မင်ဒါနာအိုနဲ့ ဆူးလူးကျွန်းတို့ကို ရေလမ်းကနေ ရောက်လာပြီး အစ္စလာမ်သာသနာ ပြုခဲ့တဲ့ ထင်ရှားတဲ့ သာသာနာပြု ၇ ဦးထဲမှာ ရှိခ် မက်ခ်ဒွမ်လည်း ပါ၀င်ပါတယ်။ 

    ဒီ ၇ ဦးစလုံးဟာ စွန်နီမွတ်စလင် ၀ိပဿနာဂိုဏ်းတစ်ခုဖြစ်တဲ့ နက်ရှ်ဘန်ဒီအဖွဲ့၀င်တွေ ဖြစ်ပါတယ်။ နက်ရှ်ဘန်ဒီ၀ါဒဟာ အလယ်အာရှမှာ ထွန်ကားခဲ့ပြီးနောက်ပိုင်းမှာ အိန္ဒိယတိုက်ငယ်အထိ ပြန့်နှံ့ခဲ့ပါတယ်။ 

    “ဒီဗလီဟာ ဖိလစ်ပိုင်မှာ အစ္စလာမ်သာသနာ ပြန့်နှံ့တည်တံ့မှု အထောက်အထား ဖြစ်ပြီး ဖိလစ်ပိုင်ကို အရှေ့တောင်အာရှ၊  အစ္စလာမ်ကမ္ဘာက မွတ်စလင်တွေနဲ့ ချိတ်ဆက်ပေးထားပါတယ်” လို့ ဖိလစ်ပိုင်တက္ကသိုလ် အစ္စလာမ့်ရေးရာ လေ့လာမှုဌာန ပရော်ဖက်ဆာ ဒါ၀င် အဘ်ဆာရီက ပြောပါတယ်

    ဗလီ၀တ်ကျောင်းတော် တည်ရှိရာ မင်ဒါနာအိုကျွန်း ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နို၀င်ဘာ ၇ ရက်နေ့ကို ရှိခ် ကာရီမွလ် မက်ခ်ဒွမ်နေ့အဖြစ် ရုံးပိတ်ရက် သတ်မှတ်ထားပါတယ်။ 

    Ref: Arab News 

  • နိုင်ငံတကာ မွတ်စလင်ခရီးသွားလုပ်ငန်းမှာ အသိအမှတ်ပြု ခံလာရတဲ့ ဖိလစ်ပိုင်

    နိုင်ငံတကာ မွတ်စလင်ခရီးသွားလုပ်ငန်းမှာ အသိအမှတ်ပြု ခံလာရတဲ့ ဖိလစ်ပိုင်

    ဇွန် ၆၊ ၂၀၂၃

    M-Media


    -ပြီးခဲ့တဲ့တစ်ပတ် စင်ကာပူနိုင်ငံမှာ ကျင်းပြုလုပ်ခဲ့တဲ့ ‘ဟာလာလ် ခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံ’ မှာ ‘မွတ်စလင်ခရီးသွားများအတွက် အဆင်ပြေဆုံး နိုင်ငံ’ ဆုကို ဖိလစ်ပိုင်က ရရှိသွားပါတယ်။

    မွတ်စလင်ခရီးသွားလုပ်ငန်းဟာ ကမ္ဘာတစ်၀ှမ်း အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၈ ခုနှစ်ရောက်ရင် ကန်ဒေါ်လာ ၂၂၅ ဘီလီယံအထိ တန်ဖိုးရှိလာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ 

    ဒီလုပ်ငန်းမှာ ၀င်ဆံ့နိုင်အောင် ကြိုးစားသွားမယ်လို့ ဖိလစ်ပိုင်အစိုးရက ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ မွတ်စလင်အများစုရှိရာ နိုင်ငံတွေက ခရီးသွားတွေကို ပိုမို လက်ခံနိုင်စေဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

    ဒီကြိုးပမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် မေလ ၃၀ ရက်နေ့က ဇွန် ၁ ရက်နေ့အထိ ကျင်းပတဲ့ ဟာလာခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံမှာ အသိအမှတ်ပြု ခံခဲ့ရတာပါ။ 

    “ဖိလစ်ပိုင်ကို မွတ်စလင်ခရီးသွားတွေ နှစ်သက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာရေး ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒီဆုက အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒေသတွင်း ဟာလာလ်ခရီးသွားကဏ္ဍမှာ ကျွန်တော်တို့ရဲ့ ပုံရိပ်ကို ဒီဆုက မြှင့်တင်ပေးလိုက်တာလည်း ဖြစ်ပါတယ်” လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီး ခရစ္စတီးနား ဖရက်စကိုက ပြောကြားခဲ့ပါတယ်။ 

    ဒီလိုအသိအမှတ်ပြုခံရတာကြောင့် ဖိလစ်ပိုင်ဟာ စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုရရှိလာမှာဖြစ်ပြီး၊ နိုင်ငံရဲ့ လူမျိုးစုံ၊ ဘာသာစုံ နေထိုင်ရှင်သန်မှု ဓလေ့ကို ချပြနိုင်မှာဖြစ်တယ်လို့လည်း ဖရက်စကိုက ပြောပါတယ်။ 

    လူဦးရေ သန်း ၁၁၀ ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ လူများစုက ခရစ်ယာကန်ကက်သလစ် ဘာသာ၀င်တွေ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာ၀င်က ၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံရဲ့ တောင်ပိုင်းဒေသမှာ အဓိက နေထိုင်ကြပါတယ်။ 

    Ref: Arab News 

  • IS အကြမ်းဖက်အဖွဲ့ကြောင့် ပျက်ဆီးသွားသည့် ဗလီများကို ဖိလစ်ပိုင်အစိုးရက စတင်ပြင်ဆင်

    IS အကြမ်းဖက်အဖွဲ့ကြောင့် ပျက်ဆီးသွားသည့် ဗလီများကို ဖိလစ်ပိုင်အစိုးရက စတင်ပြင်ဆင်

    စက်တင်ဘာ ၁၊ ၂၀၂၀
    M-Media

    -နိုင်ငံတောင်ပိုင်းက မာရာ၀ီမြို့ကို IS အကြမ်းဖက်အဖွဲ့က စီးနင်းသိမ်းပိုက်မှုအတွင်း ပျက်ဆီးသွားတဲ့ ဗလီတွေထဲက ဗလီကြီး ၃ လုံးကို ဖိလစ်ပိုင်အစိုးရက အခုလမှာ စတင် ပြင်ဆင်တော့မှာ ဖြစ်ပါတယ်။

    စတင်ပြင်ဆင်မယ့် ဗလီတွေဟာ IS အကြမ်းဖက်အဖွဲ့နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲ အဓိကဖြစ်ပွားတဲ့ နေရာက Darussalam ဗလီ၊ Disomangcop ဗလီနဲ့ White ဗလီတို့ ဖြစ်ပါတယ်။

    ဖိလစ်ပိုင် ပြန်လည်ထူထောင်ရေးနဲ့ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဌာန ၀န်ကြီး အက်ဒူရာဒို ဒဲလ် ရိုဆာရီယိုက ဒီဗလီတွေကို ပြုပြင်မှုဟာ ၄ ကနေ ၆ လအတွင်း ကြာမြင့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ရိုဆာရီယိုဟာ မာရာ၀ီမြို့ ပြန်လည်ထူထောင်ရေးကို တာ၀န်ယူကြီးကြပ်နေသူလည်း ဖြစ်ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံတဲ့ မောက်တေအဖွဲ့ဟာ ၂၀၁၇ ခုနှစ်က မာရာ၀ီမြို့ကို လနဲ့ချီ စီးနင်းသိမ်းပိုက်ခဲ့ပြီး ဖိလစ်ပိုင်အစိုးရတပ်နဲ့ ဒေသတွင်း မိုရိုလက်နက်ကိုင်တပ်တွေ ပူးပေါင်းကာ တိုက်ထုတ်ခဲ့ရပါတယ်။

    အခု ဗလီ ၃ လုံးကို ပြုပြင်ဖို့အတွက် ဖိလစ်ပိုင်ပီဆို သန်း ၃၀ ကျော် ကုန်ကျမှာပါ။

    ဖိလစ်ပိုင်အစိုးရဟာ မာရာ၀ီက သမိုင်း၀င်ဗလီတွေေဖြစ်တဲ့ Dansalan Bato Ali ဗလီ၊ Grand ဗလီတို့အပါအ၀င် IS အကြမ်းဖက်အဖွဲ့ကြောင့် ပျက်ဆီးသွားတဲ့ ဗလီ စုစုပေါင်း ၃၁ လုံးကို ပြုပြင်ဖို့ စီစဥ်ထားပါတယ်။

    ရိုဆာရီယိုက ဒီလို ဗလီတွေကို ပြုပြင်ပေးတာဟာ တိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရတဲ့ မာရာ၀ီပြည်သူတွေရဲ့ စိတ်ဒဏ်ရာကို ကုစားရေး တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒီဗလီတွေဟာ ဖိလစ်ပိုင်က အစ္စလာမ်ဘာသာ၊ အစ္စလာမ်ဘာသာ၀င်တွေရဲ့သမိုင်းအတွက် အရေးပါတဲ့ အဆောက်အဦးတွေပါ။ ကျွန်တော်တို့ရဲ့မိတ်ဖက် ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ ရက်ရောကူညီမှုတွေဟာ မာရာ၀ီပြည်သူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ရာမှာ၊ သူတို့အတွက် သာယာ၀ပြောရေးကို ဆောင်ကျဥ်းရာမှာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်”

    Grand ဗလီဟာ မာရာ၀ီနဲ့ မင်ဒါနာအိုဒေသ မြောက်ပိုင်းမှာ အကြီးဆုံး ဗလီဖြစ်ပြီး မာရာ၀ီက အစ္စလာမ်သာသနာရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။

    Bato ဗလီက မာရာ၀ီမြို့ရဲ့ သက်တမ်းအရင့်ဆုံး ဗလီ၀တ်ကျောင်းတော် ဖြစ်ပါတယ်။

    Ref :Arab News

    (Photo – မာရာဝီမြို့မြင်ကွင်း)

  • သမိုင်းနဲ့ချီသည့် မတရားမှုများကို ဖြေရှင်းပေးမည်ဟု ဖိလစ်ပိုင်မွတ်စလင်များကို ဒူတာတေး ကတိပေး

    သမိုင်းနဲ့ချီသည့် မတရားမှုများကို ဖြေရှင်းပေးမည်ဟု ဖိလစ်ပိုင်မွတ်စလင်များကို ဒူတာတေး ကတိပေး

    နိုဝင်ဘာ ၂၉၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်မွတ်စလင်တွေ သမိုင်းနဲ့ချီ ခံစားခဲ့ရတဲ့ တရားမမျှတမှုတွေကို ပြေလည်အောင် ဆောင်ရွက်ပေးမယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားလိုက်ပါတယ်။

    နိုင်ငံတောင်ပိုင်းမှာ အခြေစိုက်တဲ့ မွတ်စလင်လက်နက်ကိုင်အဖွဲ့ (MILF) က တနင်္လာနေ့မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ဒူတာတေးက ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ခရစ်ယာန်တွေ၊ အခြား မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေလည်း တက်ရောက်ခဲ့ပါတယ်။

    ၁၉၇၀ ပြည့်နှစ်တွေကတည်းက မွတ်စလင်လက်နက်ကိုင်တွေဟာ တန်းတူအခွင့်အရေးရရေး၊ သူတို့ရဲ့ ဒေသဖြစ်တဲ့ တောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် ခွဲထွက်ခွင့်ရရေး တိုက်ပွဲဝင်လာကြတာဖြစ်ပြီး အဲဒီပဋိပက္ခကြောင့် လူပေါင်း ၁ သိန်း ၂ သောင်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    သူ့ဘိုးဘေးတွေက မွတ်စလင်တွေဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့ ဒူတာတေးက ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် ပိုဆိုးလာမယ်လို့ ဆိုပါတယ်။

    “ဒီကနေ့ လုပ်ရမယ့်ကိစ္စက ဖိလစ်ပိုင်နိုင်ငံကို တည်တံ့စေဖို့နဲ့ သမိုင်းနဲ့ချီရှိခဲ့တဲ့ မတရားမှုတွေကို ဖြေရှင်းဖို့ပါ” လို့ ဒူတာတေးက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    စပိန်နဲ့ အမေရိကန် ကိုလိုနီတွေ အုပ်စိုးတဲ့အချိန်မှာ ခရစ်ယာန်တွေဟာ နိုင်ငံတောင်ပိုင်းက အစိတ်အပိုင်းတော်တော်များများကို ထိန်းချုပ်ကာ ဌာနေမွတ်စလင်တွေနဲ့ အခြားမျိုးနွယ်တွေကို ဖယ်ကျဉ်ခဲ့တယ်လို့ ဒူတာတေးက ဆိုပါတယ်။

    အရှေ့အလယ်ပိုင်းမှာ အခြေမလှတော့တဲ့ IS အကြမ်းဖက်သမားတွေ ဖိလစ်ပိုင်ကို ရောက်လာမယ်ဆိုရင် အခြေအနေက ပိုဆိုးသွားမယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

    အင်အား တစ်သောင်းလောက်ရှိတဲ့ မွတ်စလင်လက်နက်ကိုင်အဖွဲ့ MILF ဟာ ၂၀၁၄ ခုနှစ်က အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီသဘောတူညီချက်အရ တောင်ပိုင်း မင်ဒါနာအိုပြည်နယ်ရဲ့ တစ်ချို့အစိတ်အပိုင်းတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိမှာဖြစ်ပါတယ်။

    IS ထောက်ခံသူတွေနဲ့ ဒေသတွင်း လက်နက်အဖွဲ့အချို့ပေါင်းပြီး မေလအတွင်းက မာရာဝီမြို့ကို သိမ်းပိုက်မှုမှာလည် MILF ဟာ ဖိလစ်ပိုင်စစ်တပ်နဲ့အတူ လက်တွဲ တွန်းလှန်ခဲ့ကာ အောက်တိုဘာလမှာ မြို့ကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

    MILF ရဲ့ ဌာနချုပ်မှာ ကျင်းပတဲ့ အဲဒီအခမ်းအနာကို မင်ဒါနာအိုက ကက်သလစ်အသင်းတော်ဂိုဏ်းချုပ် ကာဒီနယ် အော်လန်ဒို ကီဗီဒို၊ MILF ရဲ့ အဓိကပြိုင်ဘက် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦးက ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံတစ်ဝှမ်း ဘာသာစုံ၊ လူမျိုးစုံက တက်ရောက်ခဲ့ပါတယ်။

    အခမ်းအနားအတွက် ဖိလစ်ပိုင်စစ်တပ်နဲ့ ရဲတို့က လုံခြုံရေးယူပေးခဲ့ကြပြီး MILF တပ်ဖွဲ့ဝင်တွေကတော့ ဒီပွဲမှာ လက်နက်ကိုင်ဆောင်ခြင်း မရှိပါဘူး။

    Ref: Free Malaysia Today

  • ဖိလစ်ပိုင်တောင်းပိုင်းရှိ IS လက်မှ ပြန်သိမ်းနိုင်သည့် ဗလီတွင် ရဲချုပ်ဦးဆောင်ကာ ၀တ်ပြုဆုတောင်း

    ဖိလစ်ပိုင်တောင်းပိုင်းရှိ IS လက်မှ ပြန်သိမ်းနိုင်သည့် ဗလီတွင် ရဲချုပ်ဦးဆောင်ကာ ၀တ်ပြုဆုတောင်း

    စက်တင်ဘာ ၉၊ ၂၀၁၇
    M-Media

    မာရာဝီရဲချုပ်ဦးဆောင်ကာ ဖိလစ်ပိုင် လုံခြုံရေးတပ်ဖွဲ့များ ၀တ်ပြုဆုတောင်းနေစဉ်

    – IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံသည့် မောက်တေ လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့မှ ဗလီဝတ်ကျောင်းတော်တစ်လုံးကိုး အစိုးရစစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    ပန်ဂါရွန်ဂန်ရွာမှ ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး မေလ ၂၃ ရက်နေ့ မောက်တေအုပ်စုမှ မြို့အား စီးနင်း သိမ်းပိုက်မှုအတွင်း ထိုဗလီမှာလည်း ၎င်းတို့လက်ထဲ ကျရောက်သွားခဲ့သည်။

    မင်ဒါနာအို စစ်ဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ကာလီတို ဂါလ်ဗက်ဇ်က အဆိုပါဗလီဝတ်ကျောင်းတော်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယမန်နေ့က ပထမဆုံးအဖြစ် သောကြာဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ကြောင်း၊ ဖိလစ်ပိုင်စစ်တပ်မှ စစ်သား ၄၂ ဦးမှာ အဆိုပါဝတ်ပြုဆုတောင်းမှုတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    သောကြာနေ့ ၀တ်ပြုဆုတောင်းမှုကို မာရာဝီရဲချုပ် အီဘရာ မို့ဇ်စီရ်က ဦးဆောင်ခဲ့သည်။ မို့ဇ်စီရ်မှာ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးဖြစ်ပြီး၊ မင်ဒါနာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့၏ ရှေ့ဆောင်အီမာမ်ဟောင်းလည်းဖြစ်ကာ အစွန်းရောက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သူဖြစ်သည်။

    ဖိလစ်ပိုင်စစ်တပ်မှာ ပြီးခဲ့သည့်လကလည်း မာရာဝီရှိ အဓိကဗလီဝတ်ကျောင်းတော် တစ်လုံးကို IS လက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ပထမဆုံးအဖြစ် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်သော ၀တ်ပြုဆုတောင်းမှုကို ပြုလုပ်ခဲ့သည်။

    အကြမ်းဖက်လက်အောက်သို့ ၃ လကျော်ကြာ ကျရောက်နေသည့် မာရာဝီမြို့အား ပြန်လည်သိမ်းပိုက်ရေးအတွက် ဖိလစ်ပိုင်စစ်တပ်မှာ ထိုးစစ်ဆင်မှုများကို တိုးမြှင့်ပြုလုပ်လာခဲ့ပြီး၊ မင်ဒါနာအိုအခြေစိုက် မွတ်စလင်လက်နက်ကိုင်အဖွဲ့ကလည်း စစ်တပ်ကို ကူညီပေးနေသည်။

    Ref: Philstar.com