News @ M-Media

Tag: Islamic Development Bank

  • အဖွဲ့ဝင်နိုင်ငံများ တိုးတက်ရေး အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်က သန်း ၈၀၀ နီးပါး ထောက်ပံ့မည်

    အဖွဲ့ဝင်နိုင်ငံများ တိုးတက်ရေး အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်က သန်း ၈၀၀ နီးပါး ထောက်ပံ့မည်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    ဂျစ်ဒါရှိ IDB ရုံးချုပ်

    – ဂျစ်ဒါအခြေစိုက် အစ္စလာမ့်ဖွံ့ဖြိုးရးဘဏ် IDB မှာ အဖွဲ့ဝင်နိုင်ငံများတွင် ဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အဦး စီမံကိန်းများ ဆောင်ရွက်ရန်နိုင်ရေး၊ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများတွင် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေးတို့အတွက် ကန်ဒေါ်လာ သန်း ၇၉၀ ထောက်ပံ့ပေးသွားရန် အတည်ပြုလိုက်သည်။

    တနင်္ဂနွေနေ့က ဂျစ်ဒါ၌ ပြုလုပ်ခဲ့သည့် အဖွဲ့၏ အမှုဆောင်ဘုတ်အဖွဲ့ ဒါရိုက်တာများ ၃၁၇ ကြိမ်မြောက် အစည်းအဝေးတွင် ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းဖြစ်သည်။

    ထို့ပြင် အင်ဒိုးနီးရှားနိုင်ငံရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ ၄၈၈ သန်း၊ Trans South-South Java အဝေးပြေးလမ်းအတွက် သန်း ၂၅၀၊ အင်ဒိုနီးရှားနိုင်ငံတွင် အစ္စလာမ့်အဆင့်မြင့်ပညာရေး အဖွဲ့အစည်း ၅ ခု ပေါ်ပေါက်လာရေး ၂၃၈ သန်း အသီးသီး ထောက်ပံ့ရန်လည်း အတည်ပြုခဲ့သည်။

    IDB မှာ ဘာကီနာဖာဆို၊ ဆီနီဂေါလ်နှင့် မာလီနိုင်ငံတို့၏ စားနိပ်ရိက္ခာ ဖူလှုံရေး စီမံကိန်းတစ်ခုဖြစ်သော Sahel Sustainable Pastoralism Development Program အတွက် ၉၆ သန်း၊ ဘင်္ဂလားဒေ့ရှ်မှ Prepayment Metering System Project စီမံကိန်းအတွက် ၁၅၅.၅ သန်း၊ ကင်မရွန်းမှ အေအိုင်ဒီအက်စ် ပပျောက်ရေး စီမံကိန်း Support of Elimination of Mother-to-Child Transmission (eMTCT) HIV/AIDS Project in Cameroon အတွက် သန်း ၄၀၊
    တိုဂိုမှ အဆင့်မြင့်ပညာရေး စီမံကိန်းအတွက် ၁၀ သန်း ထောက်ပံ့ပေးသွားရန် ရှိနေပြီး IDB ၏ Waqf Fund မှ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်နှင့် အမေရိကန်တို့တွင် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း စီမံကိန်းများအတွက် ဒေါ်လာ ၆ သိန်း ထောက်ပံ့မည်ဖြစ်သည်။

    Ref: IINA

  • IDB က ဘင်္ဂလားဒေ့ရှ်တွင် ရုံးခန်းတစ်ခု ဖွင့်လှစ်မည်

    IDB က ဘင်္ဂလားဒေ့ရှ်တွင် ရုံးခန်းတစ်ခု ဖွင့်လှစ်မည်

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    bang

    – အစ္စလာမ့်မစ်ဖွံ့ဖြိုးရေးဘဏ် (IDB) ၏ နိုင်ငံလုံးဆိုင်ရာ ရုံးခန်းကို မြို့တော်ဒါကာတွင် ဖွင့်လှစ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံနှင့် IDB တို့မှာ သဘောတူညီချက်တစ်ခုကို ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    စာချုပ်ကို ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အဗ္ဗဒူလ်မာ အေ-မူဟစ်နှင့် IDB အုပ်စု၏ ဥက္ကဌ အဟ်မဒ်မုဟမ္မဒ်အလီတို့နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

    ဂျစ်ဒါတွင်ကျင်းပသော လက်မှတ်ရေးထိုးပွဲတွင် ဒေါက်တာအလီက ဘင်္ဂလားဒေ့ရှ်နှင့် ၎င်းတို့ ဘဏ်အုပ်စုအကြား တည်ထောင်ရာတွင် ပါဝင်သူနှင့် အားကိုးရသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ခိုင်မာသည့် ဆက်ဆံရေးမှာ ၄၁ နှစ် ရှိပြီဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။

    “ယခုလက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ငွေကြေးပက်သက်မှုဟာ ဒေါ်လာ ၁၈.၆ ဘီလီယံ ပမာဏ ရှိပါတယ်။ဒီပမာဏဟာ IDB အဖွဲ့ဝင် ၅၆ နိုင်ငံထဲမှာ အများဆုံးပမာဏလည်း ဖြစ်ပါတယ်” ဟု ဒေါက်တာအလီက ပြောသည်။

    သဘောတူညီမှု ယူထားသော လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းဖောက်လုပ်ရေး၊ ရေပေးဝေရေး၊ တွင်းထွက်လုပ်ငန်း၊ လမ်းဖောက်လုပ်ရေး၊ ပညာရေး၊ ကျေးလက်ဒေသများဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ အပါအ၀င် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်မှုများပြုလုပ်နိုင်ရန်ရည်ရွယ်၍ ပြည်ပကုန်သွယ်ရေးလုပ်ငန်းများ ရာနှင့်ချီ၍ ပါဝင်သည်။

    IDB ဥက္ကဌက ဒါကာတွင် ရုံးခန်းဖွင့်လှစ်မှုမှာ ဘင်္ဂလားဒေ့ရှ်နှင့် IDB အုပ်စုကြား ပူးပေါင်းဆက်သွယ်ရေးကို မြှင့်တင်ရာတွင် ကောင်းမွန်သော အကျိုးသက်ရောက်များ ရှိမည်ဟု မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    တူရကီ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နိုက်ဂျီးရီးယား၊ အီဂျစ် စသော အဖွဲ့ဝင်ငါးနိုင်ငံတွင် ထိုကဲ့သို့ ရုံးခန်းများ ဖွင့်လှစ်ရန်လည်း IDB က စီစဉ်နေသည်။

    Ref: IINA News