News @ M-Media

Tag: Islamic_App

  • ပြည်တွင်းမှ မြို့ (၁၀၀) ကျော်အတွက် ရမဿွာန် ဝါချည်/ဝါဖြေ အချိန် စာရင်း Mobile Android App ထွက်ရှိ

    ပြည်တွင်းမှ မြို့ (၁၀၀) ကျော်အတွက် ရမဿွာန် ဝါချည်/ဝါဖြေ အချိန် စာရင်း Mobile Android App ထွက်ရှိ

    Cover
    ဇွန် ၆ ၊ ၂၀၁၆(M-Media)။    ။ ပြည်တွင်းက မြို့ပေါင်း (၁၀၀) ကျော်နဲ့ ပြည်ပက မြို့ (၁၀) မြို့ အတွက် ရမဿွာန် ဥပုသ်လ ဝါဝင်/ ဝါထွက် အချိန်တွေကို မိုဘိုင်းဖုန်းတွေက တဆင့် အလွယ်တကူ ကြည့်ရှုနိုင်မယ့် Android App (Ramadan Times For Myanmar) တခုကို MMSY အဖွဲ့က Play Store မှ တဆင့် အခမဲ့ ဖြန့်ချိလိုက်ပါတယ်။
    .
    Myanmar Muslim Student and Youth(MMSY) အဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်ပြီး အဆိုပါ Android App ရေးသားခဲ့သူ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ ယမန်နှစ်က ကွန်ပျူတာ သိပ္ပံ ဖြင့် ကျောင်းပြီးထားသူ ကိုလွင်မိုးသူ က ယခု App ဖြစ်ပေါ်လာပုံ အကျဉ်းချူပ်ကို M-Media ကို ယခုလို ပြောပြတယ်။
    .
    “အခု ဒီ App လေး ရေးဖြစ်တာက ရမသွာန် မရောက်ခင်တစ်လလောက် က စပြီး Idea ရတာပေါ့  ရမသွာန်မှာ ၀ါချည်ချိန် နဲ့ ၀ါဖြေချိန် တွေကို Android App နဲ့ ရေးဖို့၊ ဒါပေမယ့် data ကမရှိသေးတော့ ဒီတိုင်း အကြမ်း စဉ်းစားပြီးတော့ ဘာမှ မလုပ်ဖြစ်ဘူး၊ နောက် ရမသွာန် ရောက်ခါနီး နှစ်ပတ် အလိုလောက်မှာ online မှာ data တက်လာတယ်။ အဲ့ဒီနေ့မှာပဲ MMSY မှ အစ်ကိုတွေကလည်း ဒီ Data တွေနဲ့ Android App လေးတစ်ခုလောက် ရေးဖို့ Idea ပေးတော့ အဲ့ဒီက အစ်ကိုတွေနဲ့ပူးပေါင်းပြီး စရေးဖို့ဖြစ်သွားတာပေါ့။  Data Processing အပိုင်းကို အဲ့ဒီအစ်ကိုတွေက ကူညီပေးပြီး Android ဘက်ကနေ ကျွန်တော်က စရေးဖြစ်ပါတယ်။”
    .
    Ramadan Times For Myanmar App အသုံးပြုပုံနဲ့ ပါဝင်တဲ့ လုပ်ချက်တွေနဲ့ ပတ်သက်ပြီး ယခုလို ဆက်ပြီး ရှင်းပြပါတယ်။
    .
    ” အဓိက တော့ မြန်မာနိုင်ငံ အတွက်ပဲပေါ့ ၊ မြန်မာနိုင်ငံမှ  မြို့ပေါင်း(၁၀၅) နှင့် မြန်မာနိုင်ငံသား အများစု ရှိရာ နိုင်ငံ (၄) နိုင်ငံမှ မြို့(၁၀) မြို့ စုစုပေါင်း (၁၁၅)မြို့ကိုလည်းထည့်ဖြစ်သွားပါတယ်၊  ပထမဦးဆုံး အသုံးပြုသူတွေက ပထမဆုံး မိမိနေထိုင်တဲ့ Country, City, Division ကို ရွေးပေးရပါမယ် ၊ အဲ့လိုရွေးပေးတဲ့ အခါမှာတော့အင်တာနက်ဖွင့်ထားဖို့လိုပါတယ်၊ ရွေးပြီး နောက် သုံးတော့မယ်ဆိုရင် internet မလိုဘဲ offline သုံးလို့ရသွားပါပြီ။ နောက် Setting ကနေ နိုင်ငံတွေ၊ မြို့တွေ ပြန် ရွေးလို့ရအောင်ပြု ထားပါတယ်၊ အဓိက Up to Date Data တွေကို ရအောင် Dynamically ရေးထားတာပေါ့။ နောက်တစ်ခုက အချိန်တွေ အပြင် မနက် ဝါပိတ်ချိန်နှင့် ညနေ ဝါဖြေချိန်များအတွက် အလိုအလျောက် သတိပေးသော Alarm System ကိုလည်းထည့်သွင်းပေးထားပါတယ်။ ရမသွာန်အချိန် ကျဖို့နီးကပ်လာလို့ အမြန် ရေးရတာရှိလို့ အချို့ မသေမသပ်ဖြစ်နေတာတွေ လိုအပ်ချက်တွေ တော့ရှိပါတယ်။ လိုအပ်ချက်တွေကို Version 2 မှာ ထပ်မံပြီး ပြင်ဆင်သွားပါမယ်။”
    .
    ယခု App နှင့် ပတ်သက်ပြီး လိုအပ်ချက်တွေ အဆင်မပြောတာတွေ ရှိရင် [email protected]; [email protected]; သို့ အီးမေးလ်ပို့ ပြိး အကြောင်း ကြားနိုင်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
    .
    Ramadan Times For Myanmar ကို Google Play store မှ ရယူဖို့
    https://play.google.com/store/apps/details?id=com.lmt.sawn
    .
    Play Store အသုံးပြု၍ မရသူများ Apk Download လုပ်ဖို့ file size= 4.7 MB
    .
    Link 1 => https://goo.gl/vLuOCN
    .
    Link 2 =>https://goo.gl/PJw5wd

    ယခု App ဟာ MMSY Apps Developers များရဲ့ ၆ ခုမြောက် ဖြစ်ကြောင်းသိရပါတယ်။

    MMSY Apps Developers များပြုလုပ်ပြီးစီးသည့် အခြားသော App များကိုအောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါတယ်။
    http://apps.mmsy.info/

    apps

  • ရမသွာန် ဥပုသ်လအတွင်း ဆီးချို ရှိသူများ ဆောင်ရန်၊ ရှောင်ရန် မိုဘိုင်းဖုန်း ဆော့ဖ်ဝဲ ဆီနီဂေါတွင် ဖြန့်

    ဇူလိုင် ၄၊ ၂၀၁၄
    M-Media
    Diabetic-mobile-app
    – ဆီးချိုရောဂါသည်များ ရမသွာန် ဥပုသ်လအတွင်း မည်ကဲ့သို့ နေထိုင်စားသောက်ရမည်ကို အကြံပေးသည့် ဖုန်းဆော့ဖ်ဝဲတစ်ခုကို ဆီနီဂေါတွင် ဖြန့်ချီလိုက်သည်ဟု သိရသည်။

    mRamadan ဟု အမည်ရပြီး ရမသွာန် မတိုင်ခင်ကတည်းက ဖြန့်ချီခဲ့သည့် အဆိုပါ ဆော့ဖ်ဝဲမှာ ဆီးချိုရောဂါသည်များ ဥပုသ်သီလဆောက်တည်မှုအတွက် အကြံပြုချက်များကို ဖော်ပြသွားမည်ဖြစ်ပြီး ရမ်ဇာန်မတိုင်မီ၊ ရမ်ဇာန်အတွင်းနှင့် ရမသွာန် ပြီးနောက်ပိုင်းတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

    “အရင်ကဆို ရမသွာန် ဥပုသ်လမှာ ဘာလုပ်ရမယ်ဆိုတာကိုမသိတဲ့ ဆီးချိုသမားတွေ အများကြီးရှိပါတယ်။ ဥပုသ်စောင့်ရမလား၊ မစောင့်ရဘူးလားဆိုတာကို သူတို့မသိကြပါဘူး။ ဒါပေမယ့် ဒီဆော့ဖ်ဝဲကတော့ ဥပုသ်စောင့်နေစဉ်အတွင်းမှာ ဘာတွေလုပ်ရမလဲဆိုတာအတွက် ကူညီပေးပါတယ်” ဟု အသက် ရှစ်နှစ်အရွယ်မှာပင် ဆီးချိုရောဂါ အဆင့် ၁ ခံစားခဲ့ရသည့် အသက် ၂၆ နှစ်အရွယ်ရှိ နဒီယာဂါ ဒီအုပ်က VOA သတင်းဌာနသို့ ဇူလိုင်လ ၂ ရက်နေ့က ပြောကြားခဲ့သည်။

    အဆိုပါဆော့ဖ်ဝဲမှာ He@lthy Be မိုဘိုင်းဖုန်းဆော့ဖ်ဝဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရမ်ဇာန်ဥပုသ်လ၌ ဆီနီဂေါရှိ ဆေးရုံများအတွင်း အရေးပေါ်လူနားများ မြင့်မားမှုကို လျှော့ချရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

    “အချို့ဆီးချိုရောဂါသည်တွေဟာ ဘာမှမသိဘဲနဲ့ သူတို့သဘောနဲ့သူတို ဥပုသ်စောင့်ကြပါတယ်။ ဒါပေမယ့် ဒီနည်းပညာဖွံ့ဖြိုးလာပြီး ဒီဆော့ဖ်ဝဲကတစ်ဆင့် လူတွေဟာ အကြံဥာဏ်တွေ ရယူနိုင်ကြပါတယ်” ဟု အသက် ၂၆ နှစ်အရွယ် ဆီးချိုရောဂါရှင် မာရီ ဂါဒီယိုက ဆိုသည်။

    ဆီးချိုရောဂါသည် မွတ်စလင်များ အင်ဆူလင်ထိုးနေရပါက ဥပုသ်စောင့်ခြင်းမှ ကင်းလွတ်ခွင့်ရသည့်စာရင်းတွင် ပါဝင်သည်ဟု အစ္စလာမ်ဓမ္မပညာရှင်များက အတည်ပြုထားသည်။

    လူဦးရေ ၁၃ သန်းရှိသည့် ဆီနီဂေါနိုင်ငံတွင် ၉၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ကြသည်။

    Ref: OnIslam & News Agencies

  • MMSY၏ Android Project #5: ကုရ်အာန်ကျမ်းပါ တောင်းဆုတော် ၄၀ ကို အခမဲ့ ဖြန့်ချီ

    မေ-၂၀၊၂၀၁၃
    M-Media

    MMSY  မြန်မာမွတ်စလင် ကျောင်းသား လူငယ်များအဖွဲ့၏ Android Project #5: ကုရ်အာန်ကျမ်းတော်ပါ တောင်းဆုတော် ၄၀ (40 Rabbana Duas) ကို Google Play တွင် အခမဲ့ ဖြန့်ချီ

    40 Rabbana Duas

    96x96
    MMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ ပဉ္ဖမမြောက် ပရောဂျက်အဖြစ် 40 Rabbana Duas (ကျမ်းတော်မြတ်လာ ရဗ္ဗနာ လေးဆယ်) Android application ကို Google Play မှာ ဖြန့်ချီ ကြောင်း သိရှိရပါတယ်။  MMSYမှ ယခင်ဖြန့်ချီခဲ့ပြီးဖြစ်တဲ့ app များအတိုင်း app အတွင်း မြန်မာဖောင့်ကို ထည့်သွင်းထားပြီး၊ ads-free ဖြစ်ပြီးတော့ Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

    ကျမ်းမြတ်ကုရ်အာန်တွင်းမှ တောင်းဆုဒိုအာ အပုဒ်လေးဆယ်ကို မူရင်း အာရဗီစာသား၊ အနီးစပ်ဆုံး မြန်မာ အသံထွက်၊ အဓိပ္ပါယ်၊ ရှင်းလင်းချက်၊ ကျမ်းကိုး နှင့်တကွ စုစည်း တင်ပြထားပါသည်။ တောင်းဆုတော်(ဒိုအာ) တိုင်းရဲ့ အာရဗီ အသံဖိုင်ကိုလည်း ထည့်သွင်းထားတဲ့အတွက် တစ်ပုဒ်ချင်းစီ နားဆင်နိုင်ပါကို တွေ့ရပါတယ်။

    ယခုဖြန့်ဝေလိုက်တဲ့  ကုရ်အာန်ကျမ်းတော်ပါ တောင်းဆုတော် ၄၀ (40 Rabbana Duas) ပ ရော ဂျက်အတွက် အသံဖိုင် များကို http://www.digitaldua.com/index.php/40-rabbana မှ ရယူ၍ ရှင်းလင်းချက်များကို မော်လဝီ ဟဗီဗွလ္လာဟ်ပြုစုသော “ကုရ်အာန် ကျမ်းတော်မြတ်၏ တောင်းဆုတော် အပုဒ် ၅၀” စာအုပ်မှ မှီငြမ်း ကိုးကားကြောင်းကို အဆိုပါ ပရောဂျက်ဦးဆောင်သူများမှ M-Media ရှင်းပြပါတယ်။

    တိုးတက်လာသော နည်းပညာခေတ်နှင့် အညီ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များရဲ့ နေ့စဉ် လူမှုဘဝတွင် လိုက်နာဆောင်ရွက် ရသော ဘာသာရေးကျင့်စဉ်များ အတွက် အလွယ်တကူ လေ့လာသိရှိ ကျင့်သုံးနိုင်အောင် ယခုလို Android App များကို ကြိုးစားပြီး ပြုလုပ်ကြတာဖြစ်ကြောင်းကို ပရောဂျက် ဦးဆောင်သူက ပြောပါတယ်။

    တောင်းဆု (ဒိုအာ)  ကုရ်အာန်မှ မူရင်းအာရဗစ်၏ မြန်မာအသံထွက်ကို အနီးစပ်ဆုံး တူအောင် ကြိုးစား ရေးသားထားကြောင်းနှင့် Android ဗားရှင်း ၄.၂ မှစ၍ ယူနီကုဒ်ဖောင့် အင်ဂျင် အား ပြောင်းလိုက်သဖြင့် ဇော်ဂျီဖောင့်သုံးသော မြန်မာစာလုံး အချို့ အထားအသို မမှန် ဖြစ်ကြောင်း ၄င်းပြဿနာကို အလွယ်ကူဆုံး ဖြေရှင်းရန် အချို့ မြန်မာစာလုံးများ ကြားတွင် မလိုအပ်ဘဲ ခြားခြား၍ ရေးရသည်ကို အသုံးပြုသူများ နားလည်ပေးကြဖို့ M-Media မှ တဆင့်ပြောကြားပေးဖို့ ပရောဂျက်ကို ဦးဆောင်ပြုလုပ်ခဲ့သူ IT ပညာရှင်တစ်ဦးက M-Media ကို ပြောကြားခဲ့ပါတယ်။

    40 Rabbana Duas ကို ဒေါင်းလုတ်လုပ်ရန် [5.3MB]
    Google Play မှ ဒေါင်းလုတ်လုပ်ရန်
    Mediafire မှ ဒေါင်းလုတ်လုပ်ရန်

    MMSY မှ အခြား ဖြန့်ချီပြီး apps များ

    Project #1: Asma Ul Husna Burmese (အလ္လာ့ဟ် ဂုဏ်တော် ၉၉ပါးနှင့် ထွတ်မြတ်မှုများ)

    Project #2: Ramadhan Handbook (ရမဿွန် လက်စွဲ)

    Project #3: Holy Quran Burmese (ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်)

    Project #4: Daily Dua (နေ့စဉ် ဒိုအာများ)

  • MMSY လူငယ်များ၏ Android Project #4: Daily Dua [နေ့စဉ်ဒိုအာ] ကို အခမဲ့ ဖြန့်ချီ

    ဧပြီ ၂၂-၂၀၁၃

    M-Media

    MMSY  မြန်မာမွတ်စလင် ကျောင်းသား လူငယ်များအဖွဲ့၏ Android Project #4: Daily Dua [နေ့စဉ်ဒိုအာ] ကို Google Play တွင် အခမဲ့ ဖြန့်ချီ

    ic_launcherMMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ စတုတ္ထမြောက် ပရောဂျက် အဖြစ် “Daily Dua” Android application ကို Google Play Store မှာ အခမဲ့ ဖြန့်ချီလိုက်ကြောင်း သိရှိရပါသည်။  နေ့တဓူဝ လုပ်ငန်းဆောင်တာများအတွက် ဒိုအာအပုဒ် ၅၀ကို လက်လှမ်းမှီရာ ဟဒီးစ်နှင့် မြန်မာဘာသာပြန် ကျမ်းကိုးများမှ တဆင့် စုစည်း တင်ပြထားပါသည်။ ဖုန်းထဲတွင် မြန်မာစာ မသွင်းထားလျှင်လည်း အသုံးပြုလို့ရစေရန် app အတွင်း မြန်မာဖောင့်ကို ထည့်သွင်းထားကြောင်း တွေ့ရှိရသည်။

    ဤApplication အတွင်းတွင် ဒိုအာများကို
    ၁။ နေ့စဉ်လှုပ်ရှားမှုဆိုင်ရာ
    ၂။ စားသောက်ခြင်းဆိုင်ရာ
    ၃။ အဇာန်၊ ဝူဇူနှင့် ဗလီဝင်/ထွက်
    ၄။ စိတ်ခံစားချက် တစ်စုံတစ်ရာ
    ၅။ ဈေး၊ ခရီးသွား၊ ယာဉ်စီး
    ၆။ အထွေထွေ
    ဟူ၍ ကဏ္ဍခြောက်ခုခွဲ၍ ဖော်ပြထားပါသည်။ ဒိုအာများ၏ အာရဗီစာသား၊ အနီးစပ်ဆုံး မြန်မာအသံထွက်၊ မြန်မာဘာသာပြန် အဓိပ္ပါယ် နှင့် ရှင်းလင်းချက်များကို ကျမ်းကိုးများနှင့်တကွ ဖတ်ရှုနိုင်ပါသည်။ ၄င်းပြင် နှစ်သက်သော ဒိုအာများကိုလည်း “Favorites” အဖြစ် မှတ်ထားနိုင်သည့် လုပ်ဆောင်ချက်လည်း ပါဝင်ပါသည်။

    dailyDuaScreensho

    နေ့စဉ်ဒိုအာ app ကို ဒေါင်းလုတ်လုပ်ရန်
    .မြန်မာနိုင်ငံမှာ Google Play Store ဖွင့်ပေးလိုက်ပြီဆိုပေမယ့် ဝင်ရတာ နှေးတယ်လို့ ပြောကြတဲ့အတွက် mediafire နဲ့ dropbox များမှာပါ တင်ပေးလိုက်ပါသည်။

    **************
    MMSY မှ အခြား ဖြန့်ချီပြီး apps များ
    Project #1: Asma Ul Husna Burmese (အလ္လာ့ဟ် ဂုဏ်တော် ၉၉ပါးနှင့် ထွတ်မြတ်မှုများ)

    Project #2: Ramadhan Handbook (ရမဿွန် လက်စွဲ)

    Project #3: Holy Quran Burmese (ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်)