ဂျူး အခြေချနေထိုင်သူများက အနောက်ဘက်ကမ်းရှိ ဗလီ တစ်လုံး ကိုမီးဝင်ရှိုခဲ့ရာ ကုရ်အာန် ကျမ်းစာများ ၊ကော် ဇော များ မီးလောင်ခဲ့ရပါသည် ။ ဗလီနံရံများတွင်လည်း ဟီဘရုး ဘာ သာဖြင့် ဂလဲ့စားဟု ရေးထိုးခဲ့ကြ ကြောင်း ဘယ်သလီဟမ်ရှိ Beit Fajjar ရွာ အကြီးအကဲက ပြောပါသည်။ ၄င်းက ကုရ်အာန် ကျမ်းစာ ၁၅ အုပ်မီးလောင်သွားရကြောင်း၊ ဂျုး အခြေချများ၏ တိုက်ခိုက်မှုသည် ၄ကြိမ်ရှိနေပြီဖြစ်ကြောင်း ပြောပါသည်။ ယင်းတိုက်ခိုက် မှုကြောင့် တစ် နှစ် အတွင်း ပါလက်စတိုင်း အစ္စရေး ပြဿနာကို ဖြေရှင်း ပေးရန် မျှော်လင်ထားသော အမေရိကန်ကို အကျပ် တွေ့စေ ခဲ့သည်။ အစ္စရေးတို့သည် အနောက်ဘက်ကမ်းဒေသနှင့် အ ရှေ့ ဂျေရုစလင် ကို ၁၉၆၇တွင် သိမ်းပိုက်ခဲ့ပြီး သန်း တစ်ဝက် ခန့်ရှိသော ဂျုးလူမျိုးများကို တရားမ၀င် အိမ်ယာ များကို ဆောက် လုပ် နေထိုင်ခွင့်ပေးခဲ့သည်။ လူအခွင့်အရေး လေ့လာ သူ များက အနာက်ဘက်ကမ်းဒေသတွင် အခြေချနေထိုင်သူ ဂျူး များသည် ပါလက်စတိုင်းတို့၏ လူမှုဘ၀ကို တနေ့တခြား ခြိမ်းခြောက်လျက်ရှိကြောင်း ပြောဆိုကြသည်။ al jazeerah
Tag: Israel
-
ပါလက်စတိုင်းနယ်မြေ အနောက်ဘက်ကမ်း ရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရ
-
အစ္စရေး နျူးကလီယား လက်နက်များ စစ်ဆေးနိုင် ရေး ဥပဒေ မူကြမ်း ပယ်ချခံရ
အာရဘ်နိုင်ငံများတင်သွင်းသော ဥပဒေမူကြမ်း ဖြစ်သည့် အစ္စရေးနိုင်ငံအား နိုင်ငံတကာ နျူကလီးယားလက်နက်မပြန်ပွားရေးစာချုပ် (NPT) တွင် ပါဝင် လက်မှတ်ထိုးရန်တောင်ဆိုချက်ကို နိုင်ငံတကာ အနူမြူ စွမ်းအင် အေဂျင် စီ ညီလာခံတွင် ထောက်ခံမဲ ၄၆မဲ၊ကန့်ကွက်မဲ ၅၁မဲ၊ကြားနေမဲ ၂၃မဲဖြင့် ပယ်ချလိုက်ပါသည်။ အာရဘ်နိုင်ငံများဦးဆောင်တင်သွင်းသော အဆိုပါ ဥပဒေကြမ်းက အနာဂတ် အရှေ့အလယ်ပိုင်း လုံခြုံရေး ဆိုင်ရာတွင်အစ္စရေးနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုကို အခက်တွေ့ စေနိုင်ကြောင်း ညီလာခံတွင်ခြိမ်းခြောက် ခဲ့သည်။ ဒါကို အတည်ပြုမယ်ဆိုရင် အရှေ့ အလယ်ပိုင်း တည်ငြိမ်ရေးကို ပြန်သုံးသပ် ရပါမယ် ” ဟု အစ္စရေး ကိုယ်စားလှယ် က မဲမခွဲခင် သတိပေးပြော ဆိုခဲ့ပါသည်။
-
ဂါဇာသို့ဝင်ရောက်ခဲ့သည် တူရကီ ထောက်ပံရေးသင်္ဘော အုပ်စု ၏ နောက်ဆက်တွဲ ဖြစ်ရပ်
လူသားချင်းစာနာထောက်ထားမှုအစီအစဉ်ဖြင့် ၃နှစ်ကြာ ပိတ်ဆို့ ခံ ဂါဇာဒေသသို့ ၀င်ရောက်ခဲ့သည့် တူရကီ ထောက်ပံရေးသင်္ဘော အုပ်စု ကို လွန်ခဲ့သောမေလ ၃၁ ရက်နေ့တွင် အစ္စရေးရေတပ်မှ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသည်။၎င်း သဘောင်္အုပ်စုတွင်လိုက်ပါလာသည့် ဂါဇာလိုလားသူ တူရကီလူမျိုး ၈ဦးနှင့် အမေရိကန် တစ်ဦး အစ္စရေးတို့၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည်။
ဂါဇာပြည်သူများအပေါ် စာနဂရုဏာထားရှိသူများ၏ ဤသို့ အသက်စွန့်လွတ်အနစ်နာခံကြိုးပမ်းမှုများ ကြောင့် လုံးဝပိတ်ဆို့ခံထားရသော ဂါဇာဒေသအား အစ္စရေးတို့မှ အတိုင်းအတာ တစ်ခု ထိပြန် လည်ဖွင့်လှစ်ပေးခဲ့ရသည်။ ထို့ပြင် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ဖိအားပေးမှုများကြောင့် ရုပ်ဆိုးအကျည်းတန်လှသော ယင်းဖြစ်ရပ်ကို ကုလသမဂ က တူရကီနှင့် အစ္စရေး နှစ်နိုင်ငံမှ ကျွမ်းကျင်သူများပါဝင်သော စုံစမ်းကော်မရှင်ဖွဲ့တ ရပ်ဖွဲ့စည်းပြီးအစ္စရေး ရေတပ်၏ စီးနင်တိုက်ခိုက်ကို စတင် စုံစမ်းနေပါသည်။
လူသားချင်စာနာမှုတရားဖြင့် အကူအညီမဲ့ပြည်သူ များဆီ ထောက်ပံ့ ရန်လာသောသင်္ဘောများကို စီးနင်း တိုက်ခိုက်မှုကြောင့် အစ္စရေးတို့ အမဲစက်ထင် ကျန်ခဲ့ရသည်။ တဖန် အစ္စရေးတို့အတွက် ထပ်မံ အရှက်ရ စေမည့် သတင်းတစ်ပုဒ်ထွက် ထပ်မံပေါ်ထွက်လာ သည်။ယင်းကတော့ အစ္စရေးစစ်သားများ တူရကီ သင်္ဘောများပေါ် ခိုးမှုကျူးလွန်ခဲ့ကြောင်း အစ္စရေးစစ်ဘက်မှ စုံစမ်းဖေါ်ထုတ်နိုင်ခြင်း ပါ။
တူရကီသင်္ဘောများ အစ္စရေး ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားစဉ် သင်္ဘောပေါ်ရှိ လက်တော့များ၊ ဟန်းဆက်များကို ခိုးယူထားသူများကို ဖမ်းဆီရမိခဲ့ သည်။ အဆိုပါ ဖမ်းဆီရမှုတွင် အစ္စရေး စစ်အရာရှိတစ်ဦး ပါ ၀င်ခဲ့ပြီး ၄င်းသည် ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားကြသော တူရကီသင်္ဘောများပေါ် သို့ တက်ရောက်ခွင့်ရသည့် တပ်စုခေါင်းဆောင်ဖြစ်သည်။ အဖမ်းဆီးခံ အစ္စရေးစစ်အရာရှိနှင့် စစ်သာများက ခိုးမှုတွင် ပါဝင် ကျုးလွန်ကြောင်းဝန်ခံခဲ့ကြသည်။
အစ္စရေးစစ်ဘက်မှ ပြောခွင်ရသူက ယင်းဖြစ်စဉ်ကိုအတည်ပြု သော်လည်း သူတို့၏ ခိုးရာပါပစ္စည်းများ အားလုံးသည် ထောက်ပံ့ရေးသင်္ဘောပေါ်မှ မဟုတ်ကြောင်း ၊စစ်သားများ သိမ်းယူထားသည့် ပစ္စည်များ သည် လည်း လုံခြုံရေးအရ သိမ်းယူခဲ့ရ ကြောင်း သိက္ခာဆည် ပြောဆိုသည်။ သို့သော် ၄င်းသဘောင်္များပေါ်တွင် လိုက်ပါခဲ့သူများက တော့ သူတို့၏ လက်တော့များ။ဟန်းဆက်များ၊ အစ္စရေးစစ်သားများ ခိုးယူခဲ့သည့်အပြင် အကြွေးဝယ်ကဒ်များကို လည်း သုံးစွဲပစ်လိုက်ကြောင်း စွပ်စွဲထားသည်။အစ္စရေးဆိုင်ရာကျွမ်းကျင်သူများကတော့ ထောက်ပံ့ရေး သင်္ဘောအုပ်စု နောက်ဆက်တွဲ ပြဿနာ ဖြေရှင်းရန်ကြိုးစား နေချိန်တွင် ယင်းသတင်း ထွက်ပေါ် လာခဲ့ခြင်းကြောင့် နိုင်ငံတကာမိသားစု အလယ်တွင်အစ္စရေးတို့ ထပ်မံ သိက္ခာကျခဲ့ရသည်ဟု သုံးသပ်နေ ကြသည်။