News @ M-Media

Tag: IWHN

  • လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အစ္စလာမ် အမျိုးသမီးများ ကွန်ရက် (မြန်မာ) IWHN ညှိနှိုင်းဆွေးပွဲ ပြုလုပ်

    လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အစ္စလာမ် အမျိုးသမီးများ ကွန်ရက် (မြန်မာ) IWHN ညှိနှိုင်းဆွေးပွဲ ပြုလုပ်

    ဇွန်လ ၂၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အစ္စလာမ် အမျိုးသမီးများ ကွန်ရက် (မြန်မာ) Islamic Women Humanitarian Network (Myanmar) IWHN ကို မှတ်ပုံတင်ရန် အတည်ပြု ဆွေးနွေးပွဲ တစ်ရပ်ကို ဇွန်လ ၂၀ရက်နေ့က အမှတ် (၁၁၀)၊ ၅၁လမ်း၊ (၁) ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၌ နေ့လည် ၂-နာရီမှာ စတင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ အဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ –
    (က )  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အစဉ်အမြဲ လိုက်နာဆောင်ရွက်ရန်၊
    ( ခ )  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အခွင့်အရေးများအား အပြည့်အ၀ ဖော်ဆောင်နိုင်ရန်၊
    ( ဂ )  လူမျိုးဘာသာ မခွဲခြားပဲ အချင်းချင်း အပြန်အလှန် ချစ်ခင်ရင်းနှီး နွေးထွေးမှု ရှိစေရန်၊
    (ဃ)  အမျိုးသမီးများနှင့် ကလေးသူငယ်များအား အကြမ်းဖက် ခံရခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် အသိပညာများ ဖြန့်ဝေပေးရန်၊
    ( င )  အမျိုးသမီးများအား လူမှုဆက်ဆံရေးနှင့် ပတ်သက်သော အသိပညာများပေးရန်၊ ဘ၀ ဖွံ့ဖြိုး တိုးတက် မြင့်မား စေရန်နှင့် စိတ်ဓါတ်မြှင့်တင်ပေးရန်၊
    ( စ ) အကြမ်းဖက်ခံခဲ့ရသော အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘ၀အား ပြန်လည်ထူထောင်ပေးရန် ဖြစ်ကြောင်း သိရသည်။

    “ကျွန်မတို့ ကွန်ရက်က အမျိုးသမီးလေးတွေ အတွက် အဓိက ရည်ရွယ်တာပါ။ လူသားချင်း စာနာ ထောက်ထားခြင်းနှင့် လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊  ဘာသာပေါင်းစုံ အပြန်အလှန် ရင်းနှီး ချစ်ခင် လေးစားစွာ အတူယှဉ်တွဲ နေထိုင် သွားနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အစ္စလာမ် အမျိုးသမီးများ ကွန်ရက် (မြန်မာ)မှ ဥက္ကဌ ဒေါ်စိုးစိုးအေးက M-Media သို့ပြောသည်။

    “IWHN ကွန်ရက်က မြန်မာနိုင်ငံ တ၀ှမ်းမှာ ရှိတဲ့ လူမျိုး၊ ဘာသာမရွေး အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခက်အခဲများကို အတတ်နိုင်ဆုံး ၀ိုင်းဝန်း ကူညီ ဖြေရှင်း ပေးဖို့ အတွက် အဓိက ရည်ရွယ်ဖွဲ့စည်းထားတာပါ” ဟု ဒုဥက္ကဌ ဒေါ်နီလာ ကကွန်ရက် အဖွဲ့ကိုယ်စား M-Media သို့ပြောသည်။

    ယင်းနောက် အဆိုပါ ဆွေးနွေးပွဲတွင် ရှေ့ဆက်လက် လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အဖွဲ့ဝင်များမှ ဆွေးနွေး ညှိနှိုင်း ခဲ့ကြပြီးနောက် ညနေ (၅)နာရီတွင်  ဒုအာ(ဆုတောင်း)ဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။