News @ M-Media

Tag: J-Me

  • J-Me ပြောတဲ့ ဟာလာလ်ဆိုတာ

    မတ် ၆၊ ၂၀၁၄
    M-Media

    J Me copy
    ဟာလာလ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို သိကြပါသလား၊ ကြားတော့ ကြားဖူးကြမှာပါ။ ဟာလာလ် “Halal” ကို ကျိန်းသေတယ်။ Ignorant ဖြစ်တဲ့လူတွေက အဓိပ္ပါယ် သေချာမသိဘူး၊ ဟုတ်တယ် ဟုတ်၊ သိရင်လည်း လည်လှီးတယ်ဆိုတာပဲ သိမှာ၊ ဘာကြောင့် လည်လှီးလဲ ဆိုတာရော သိကြပါသလား၊  ကိုယ်စားမယ့်  အသားရဲ့ လည်မျိုမှာ သွေးကြောအစုံရှိတယ်။ သွေးထဲမှာ ရောဂါပိုး မြောက်မြားစွာ ကိန်းအောင်းတယ်။ သွေးဟာ မစားထိုက် မစားအံ့သော အရာဖြစ်ကြောင်း ကမ္ဘာဦးနဲ့ သမိုင်းကာလထဲ ဆေးကျမ်း၊ ဘာသာရေးကျမ်း၊ ပြုစုသူ တွေ ဖော်ပြမှတ်သားခဲ့ကြောင်း တွေ့ရှိတယ်။

    အမှန်တော့ ဟာလာလ်ဆိုတာ သန့်ရှင်းသော (ညစ်ညမ်းမှု ကင်းရှင်းသော ) အစားအသောက် ကို Arabic စကားနဲ့ ခေါ်ဝေါ်သမုတ်ချင်းပင်၊ ဒီတော့ Food Products တွေနဲ့ စားသောက်ဆိုင်တွေမှာ Halal( ဟာလာလ်) ဟူသော အင်္ဂလိပ် Arabic စကားလုံးနဲ့  ရေးသားဖော်ပြထားပါရင် အစ္စလာမ်ဘာသာဝင်တွေအပြင် ကျန်ရှိတဲ့ ဘာသာခြား ညီအစ်ကိုမောင်နှမတွေ အတွက်  စိတ်ချ လက်ချ စားသုံးနိုင်တဲ့ “သန့်ရှင်းသော အစားအစာ” ဟူသော အဓိပ္ပါယ်ရတယ်။

    မြန်မာတိုင်း(မ်) ဂျာနယ် မှ ကောက်နှုတ်ဖော်ပြပါသည်။