News @ M-Media

Tag: KFC

  • မြန်မာပြည်ရဲ့ ပထမဆုံး KFC ကြက်ကြော် ဘာသာမရွေး စားသုံးလို့ မရနိုင်သေး

    မြန်မာပြည်ရဲ့ ပထမဆုံး KFC ကြက်ကြော် ဘာသာမရွေး စားသုံးလို့ မရနိုင်သေး

    ဇွန် ၃၀ ၊ ၂၀၁၅
    M-Media
    သတင်း – သီဟ
    .KFC
    မြန်မာပြည်ရဲ့ ပထမဆုံး KFC စားသောက်ဆိုင်ကို ဒီနေ့ ဇွန်လ ၃၀ ရက်နေ့ နေ့လည် (၁၂)မှာ ဖွင့်လှစ်ခဲ့ပါတယ်။
    .
    ဆိုင်မဖွင့်ခင် လအနည်းငယ် အလိုကတည်းက KFC Myanmar ရဲ့ တရားဝင် FB စာမျက်နှာမှာ အစ္စလာမ် ဘာသာဝင်များ စားသုံးနိုင်ရန် သတ်မှတ်ချက် တခုဖြစ်တဲ့ “Halal” ဖြစ်သလားဆိုတဲ့ မေးခွန်းတွေက အများဆုံး ဖြစ်ခဲ့တာကို တွေ့ရှိရပါတယ်။
    .
    KFC Myanmar အနေဖြင့် ဆိုင်မဖွင့်ခင်နောက်ဆုံး ရက်အထိ လူမျိုး ဘာသာမရွေး စားသောက်နိုင်ကြောင်း တရားဝင်ဖြေကြားခြင်း မရှိခဲ့ပေမယ့် ယနေ့ မှာတော့ ဟလာလ် သတ်မှတ်ချက် စည်းကမ်းနှင့် အညီ ရောင်းချနိုင်ခြင်း မရှိသေးကြောင်း အောက်ပါအတိုင်း တရားဝင်ဖြေကြားထားတာကို တွေ့ရပါတယ်။

    ” အခုချိန်မှာတော့ Halal မရပါဘူး။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး KFC ဆိုင်ခွဲ ကို အခုမှ ဖွင့်တာဖြစ် တဲ့အတွက် အဓိက မီနူးအစားအစာတွေကို အဓိက ဦးစားပေးရောင်းချပေးသွားမှာပါ။ စားသုံးသူများရဲ့ တုံ့ပြန်မှုနဲ့ အသံများကို အမြဲနားထောင်နေပြီး  မီနူးအစားအစာတွေကို ထပ်မံပြီး အဆင်မြှင့်တင်သွားဖို့ရှိပါတယ်။”

    .
    လူမျိုးစုံ ဘာသာစုံ နေထိုင်တဲ့ ရန်ကုန်မြို့မှ KFC စားသောက်ဆိုင် အနေဖြင့် လက်တလော “Halal” သတ်မှတ်ချက်နဲ့ အညီ မရောင်းချနိုင်သေးတဲ့ အတွက် အစ္စလာမ်ဘာသာဝင် စားသုံးသူတွေရဲ့ ဈေးကွက်ဝေစု ရရှိနိုင်သေးမှာ မဟုတ်ပါဘူး။
    .
    ဒါနဲ့ ပတ်သက်ပြီး  ဟလလ် အသိအမှတ်ပြုလွှာ ထုတ်ပေးတဲ့ ပြည်တွင်း အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများထဲမှ တခု ဖြစ်တဲ့ အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချူပ်မှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာ ဟလာလ် ကိစ္စ နှင့် ပတ်သက်ပြီး KFC မှ ဆက်သွယ်မေးမြန်းတာမျိုး မရှိသေးကြောင်းဖြေကြားခဲ့ပါတယ်။
    .
    ဟလာလ် ဟူသည်မှာ အာရဗ်ဘာသာ စကားအရ ခွင့်ပြုချက်ရှိ/ပြုလုပ်ပိုင်သော ဟု အဓိပ္ပာယ်ရပြီး၊ အစားအသောက် အတွက် အသုံးများပါတယ်။
    .
    မွတ်စလင်တွေအတွက် အစ္စလာမ် တရားတော်က စားသုံးရန် ခွင့်ပြုထားတဲ့  သတ္တဝါများကို သတ်မှတ်ချက် စည်းကမ်းများ အတိုင်း လိုက်နာပြီး ထုတ်လုပ်ထားသည်ကိုသာ စားသုံး ပိုင်ခွင့်ရှိတာဖြစ်ပါတယ်။
    .
    ကမ္ဘာ့ဟလာလ် ဈေးကွက်ကြီးထွားလာမှုကြောင့် ဟလာလ်စားသောက် ကုန်ထုတ်လုပ်မှုဟာ ဒေါ်လာ တစ် ထရီလီယံ တန်ဖိုးကျော်လွန်နေတဲ့ အထိ တိုးတက်မြင့်မားလာပြီး ၂၀၃၀ ခုနှစ်မှာ ဒေါ်လာ ၂ ထရီလီယံ တန်ဖိုးအထိ မြင်တက်သွားနိုင်ကြောင်း
    Chulalongkorn တက္ကသိုလ်က ဟလာလ်သိပ္ပံဌာန Halal Science Center (HSC) ရဲ့တည်ထောင် ညွှန်ကြားသူ တွဲဖက်ပါမောက္ခ Winai Dahlan အင်တာဗျူး တစ်ခုမှာ Sunday’s Zaman သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဓါတ်ပုံ-KFC Myanmar FB

  • ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင် ၂၀၁၅ ခုနှစ်တွင် မြန်မာ၌ ဖွင့်မည်

    ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင် ၂၀၁၅ ခုနှစ်တွင် မြန်မာ၌ ဖွင့်မည်

    အောက်တိုဘာ ၁၃ ၊ ၂၀၁၄
    M-Media
    _68911962_kfcchinagrandopeningexterior-april302011
    – ၂၀၁၅ ခုနှစ်၌ KFC ကြက်ကြော်ဆိုင်ခွဲများ စတင်ဖွင့်လှစ်ရန်အတွက် ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင်၏ မိခင် ကုမ္ပဏီဖြစ်သော Yum! Brands မှာ စင်ကာပူတွင် အခြေစိုက် ရိုးမ မဟာဗျူဟာ ဟိုလ်းဒင်း ကုမ္ပဏီနှင့် ဆက်သွယ်ကာ သဘောတူညီချက် ရခဲ့သည်ဟု သိရသည်။

    Yum! ကုမ္ပဏီမှာ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းက ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်ရေး မဟာဗျူဟာအား အကောင်အထည်ဖော်ခြင်းဖြစ်ကာ၊ KFC မှာ မြန်မာနိုင်ငံအား အာရှစီးပွားရေးတွင် အရေးပါသည့် နိုင်ငံအဖြစ် ရှုမြင်သည်ဟု KFC အမှုဆောင် အကြီးအကဲ မစ်ကီပန်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ရိုးမမဟာဗျူဟာ ဟိုလ်းဒင်းမှာ စင်ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာရေး ကဏ္ဍများအပါအ၀င် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။

    အဆိုပါ ရိုးမကုပ္ပဏီ၏ အမှုဆောင်ဥက္ကဌဖြစ်သူ ဆာဂျီပွန်ကမူ ကြက်သားမှာ မြန်မာနိုင်ငံတွင် ပရိုတိန်းရရှိသော အဓိကအစားသောက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “KFC မြန်မာနိုင်ငံမှာ ဖွင့်ခြင်းဟာ မြန်မာ့ အစားသောက်လုပ်ငန်းမှာ အဓိကကုမ္ပဏီတစ်ခုဖြစ်လာရေး  ရိုးမကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို အောင်မြင်ဖို့ အရေးပါတဲ့ ခြေလှမ်းဖြစ်ပါတယ်” ဟု မစ္စတာ ပွန်ကဆိုပြီး စားသုံးသူ ၂.၅ သန်းမှ ၂၀၃၀ ခုနှစ်တွင် စားသုံးသူ ၁၉ သန်းအထိတိုးတက်လာရေး မျှော်မှန်းထားသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Yum! Brands ကုမ္ပဏီမှာ Pizza Hut နှင့် Taco Bell စသည့် အသင့်စား အစားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်ထားပြီး ထိုကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် KFC ၏ ကြက်သားအခြေပြု အစားသောက်များမှာ အလျင်အမြန် တိုးတက်နေသော တံဆိပ်များမှ တစ်ခုလည်းဖြစ်သည်။

    KFC မှာ ယခုလက်ရှိတွင် ကမ္ဘာတစ်ဝှမ်း ဆိုင်ပေါင်း ၁၄၀၀၀ ခန့်ကို ဖွင့်လှစ်ထားပြီး ၂၀၂၀ ခုနှစ်တွင် ၂၀၀၀၀ အထိဖွင့်လှစ်ရန် စီစဉ်ထားသည်။

    ref_ BBC