News @ M-Media

Tag: kyout Phyu

  • ကျောက်ဖြူ  မူဆလင် ကယ်ဆယ်ရေးစခန်း တပ်မတော် လုံခြုံရေး ရုပ်သိမ်း

    ကျောက်ဖြူ မူဆလင် ကယ်ဆယ်ရေးစခန်း တပ်မတော် လုံခြုံရေး ရုပ်သိမ်း

    ကျောက်ဖြူ/RiA ၊ ဖေဖေါ်ဝါရီ ၂၅ ရက်

    003-1024x768

    ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ကယ်ဆယ်ရေး စခန်းရဲ့ လုံခြုံရေးကို ယခင်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က အသီးသီး တာဝန်ခွဲယူခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ ရဲတပ်ဖွဲ့တစ်ခုတည်းသာ ထားရှိခဲ့ပြီး တပ်မတော်ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးမောင်လှက RiA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    “အစတုန်းကတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ နှစ်ခု လုံခြုံရေးချထားတာပေါ့။ ခုတော့ ရဲတပ်ဖွဲ့တစ်ခုပဲ ရှိပါတော့တယ်။ ရဲတပ်ဖွဲ့ကိုတော့ ပိုပြီး အင်အားတိုး ချထားလိုက်တာပေါ့”

    ကမ့်လုံခြုံရေးအတွက် တာဝန်ယူထားတဲ့ သံတွဲအခြေစိုက် တပ်ရင်း ခလရ ၅၅ ကို ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် အရေးပေါ်ညွှန်ကြားချက်တစ်ခုကြောင့် ချက်ချင်းဆိုသလို တပ်ရုပ်သိမ်းခဲ့တာ ဖြစ်ပြီး ယခင် ရဲအဖွဲ့ဝင် ၂၀ ခန့်သာ ရှိခဲ့ရာမှ ယခု ၄၈ ဦးထိ တိုးမြင့်ပေးခဲ့တာဖြစ်ပါတယ်။

    ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၄၂၇ စု၊ စုစုပေါင်း လူဦးရေ ၁၂၆၇ ဦး ရှိပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တိမ်းရှောင်ဒုက္ခသည်တွေ ဖြစ်ပါတယ်။

    ဓါတ်ပုံအညွှန်း-၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ ကျောက်ဖြုမြို့ အကြမ်းဖက်မီးရှို့မှုအား လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ၊ Human rights watch(HRW) က ဂြိုလ်တုမှတဆင့် မှတ်တမ်းတင်ထားခဲ့သည့် ပုံဖြစ်ပါတယ်။

    RIA မှ ကူးယူဖော်ပြပါသည်။

    မူရင်းလင်ခ် => http://www.rootagency.info/2016/02/blog-post_25.html

  • ကျောက်ဖြူ ဗလီ အကြမ်းဖက် ဖျက်ဆီးမှု ရခိုင်လူမျိုး(၃) ဦးဖမ်းဆီးထား

    နိုဝင်ဘာ- ၂၅ ၂၀၁၃
    M-Media

    960205_1395199184055232_1071786621_n

    ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ ညက ကျောက်ဖြူမြို့နယ် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်မှာရှိတဲ့ ဂျာမေဗလီနှင့် စာသင်ကျောင်း ဖျက်ဆီးမှုနှင့်ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ ရခိုင်လူမျိုး (၃) ဦးကို ရဲက ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေရှ် အခြေစိုက် ရခိုင် သတင်းဌာန တခုဖြစ်သော နိရဉ္စရာ မှာ ဖော်ပြချက်အရ သိရှိရပါသည်။

    ၂၀၁၂ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကျောက်ဖြူမြို့နေထိုင်သူ မွတ်စလင်မ်အားလုံး ဒုက္ခသည် စခန်းတွင် နေထိုင်နေရသည်မှာ ၁ နှစ်ကျော်ရှိပြီဖြစ်ပြီး ယခုတိုက်ခိုက်ခံရသော ဂျာမေဗလီမှာ ကျောက်ဖြူမြို့ပေါ်မှ ဗလီ(၇) လုံးတွင် အဖျက်အဆီးမခံရဘဲ နောက်ဆုံးလက်ကျန်ဗလီဖြစ်သည်။

    မွတ်စလင်မ် ဒုက္ခသည် စခန်းများအား ခြိမ်းခြောက်မှုနှင့် အဆိုပါ ဗလီကို တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုံချကြောင်း ကြေညာချက်တစောင်ကို နိုဝင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

    ဓါတ်ပုံအညွှန်း- ကျောက်ဖြူမြို့ပေါ်မှ နောက်ဆုံးလက်ကျန် ဂျာမေဗလီအတွင်းပိုင်းကို အကြမ်းဖက်သမားများ ဖျက်ဆီးထားပုံ

  • ကျောက်ဖြူမြို့တွင် ဗလီဝတ်ကျောင်းအား အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့

    ကျောက်ဖြူမှာ ဖျက်ဆီးမှုဖြစ်ပြန်
    ================
    နိုဝင်ဘာ ၁၉ ၂၀၁၃
    RFA Burmese

    537040_737498562946183_2014362288_n

    နိုဝင်ဘာ ၁၈ ရက်နေ့ညက ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်မှာ အစ္စလာမ်ဘာသာရေး အဆောက်အဦးတစ်ခု ဖျက်ဆီးခံခဲ့ရပါတယ်။

    ကျောက်ဖြူမြို့နယ် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်မှာရှိတဲ့ ဂျာမေဗလီဝင်းအတွင်းက ဘာသာရေးဝတ်ပြုကျောင်း ဖျက်ဆီးခံရတာလို့ ကျောက်ဖြုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ မနေ့ည ၁ဝ နာရီဝန်းကျင်မှာ လူအုပ်တစ်အုပ်ရောက်ရှိလာပြီး ဗလီထဲကို ဝင်ရောက်ဖျက်ဆီးခဲ့ကြတာလို့ သိရပါတယ်။ ဖျက်ဆီးခဲ့သူတွေနဲ့ ပတ်သက်ပြီး မည်သူမည်ဝါတွေမှန်း မသိရသေးကြောင်း၊ ပါဝင်ခဲ့သူတွေကို စုံစမ်းရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

    ပြီးခဲ့တဲ့လကလည်း သံတွဲမြို့နဲ့ အနီးတဝိုက်မှာ လူမျိုးရေး၊ ဘာသာရေးကိုအခြေခံတဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး၊ အကြမ်းဖက်မူတွေမှာ ပါဝင်ခဲ့သူ ၈ဝ ဝန်းကျင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    http://www.rfa.org/burmese/news/destroy-kyaukphyu-pali-11182013235625.html

  • မွတ်စလင် ဒုက္ခသည်များအတွက် တပ်ရင်းမှူးအမိန့်ဖြင့် ရိက္ခာဝယ်သည်ကို ရခိုင်အစွန်းရောက်များ တားဆီး

    ဒီဇင်ဘာ ၂၇ ၊ ၂၀၁၂
    M-Media

    ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင် အစွန်းရောက်သမားများ၏  အကြမ်းဖက်မှု့လုပ်ရပ်များ ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့ပေါ်တွင် နေထိုင်သော ကမန်လူမျိုး အများစုဖြစ်သော မွတ်စလင်မ်များအား ကျောက်ဖြူမြို့ ဆားကွင်းများသို့ ခြိမ်းခြောက်ကာ အတင်း အဓမ္မရွှေ့ပြောင်းစေခဲ့ပါသည်။ ကျောက်ဖြူမြို့မှ မွတ်စလင်မ်အများစု နေထိုင်သော ပိုက်စိတ်ရွာနှင့် အခြားရွာများမှာ ရွာလုံးကျွတ် မီးရှို့ခံရပြီး အဆိုပါရွာများမှ အသက်မသေဘဲ ကျန်ရစ်တဲ့ မွတ်စလင်မ်များမှာ ရေလမ်းခရီးဖြင့် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများကို လူဦးရေသောင်းနှင့်ချီပြီး ထွက်ပြေးခဲ့ရပါသည်။

    ဆားကွင်းသို့ ရွှေ့ပြောင်းခံရသူအများစုမှာ ကျောက်ဖြူမြို့ပေါ်တွင် ရခိုင်အိမ်များနှင့် ရောနှောနေသည့် အတွက် ရခိုင်အကြမ်းဖက်များမှာ ၄င်းတို့ ရခိုင်အိမ်များပါ မီးလောင်မည် ဆိုးသောကြောင့် မွတ်စလင်မ်များအား အကြမ်းဖက်ပြီး အတင်းအဓမ္မ နေအိမ်များမှ ဆားကွင်းသို့  ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်သည်။ အဆိုပါရွှေ့ပြောင်းစဉ်အတွင်း လုံထိန်းနှင့် သက်ဆိုင်ရာ လုံခြုံရေးများမှာ လုံလောက်စွာ ကာကွယ်မပေးသည့် အတွက် မွတ်စလင်မ်များ သေဆုံး ဒဏ်ရာရမှု့များဖြစ်ပေါ်ခဲ့သည်။

    ဆားကွင်းများသို့ အကြမ်းဖက်ပြီးရွှေပြောင်းစေခဲ့သော မွတ်စလင်မ်များအား စားရေ ရိက္ခာဖြတ်တောက်ထားပြီး ကုလသမဂနှင့် ကမ္ဘာစားနပ်ရိက္ခာအဖွဲ့များ စစ်တပ်မှ တဆင့် ပေးပို့သည့် များကို  မှီခိုပြီး အသက်ဆက်နေခဲ့ရကြောင်းသိရသည်။

     

    Kyout Phyu
    ဓါတ်ပုံ Kyaukphyu Social network group

    ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လည်ပိုင်းတွင် ဆားကွင်းဒုက္ခသည် စခန်းကို လုံခြုံရေးပေးနေသည့် စစ်တပ်မှ ရဲဘော်တချို့လိုက်ပါပြိး ဒုက္ခသည် မွတ်စလင်မ်များမှာ ကျောက်ဖြူစည်ပင်သာယာဈေးသို့ ရိက္ခာဝယ်ယူရန်သွားခဲ့သည်။ ဈေးသို့ရောက်သည်နှင့် ရခိုင်လူမျိုးအများစုပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင် အစွန်းရောက်များရောက်လာပြီး ဈေးအတွင်းသို့ ပေးမဝင်ကြောင်း၊ မွတ်စလင်မ်များကို ရိက္ခာ မရောင်းပေးနိုင်ကြောင်း ပြောပါတယ်။

    ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့မှ မွတ်စလင်ဒုက္ခသည်တစ်ဦး မှ ဖုန်းဆက်ပြီး အကြောင်းစုံကိုပြောပြရာတွင် ကျောက်ဖြူမြို့နယ် ဒုက္ခသည်စခန်တွင် လုံခြုံရေး ယူပေးထားသော စစ်တပ်မှ ရဲဘော်အချို့လိုက်ပါလျှက်.ကျောက်ဖြူဈေးသို့ ရိက္ခာပြတ်နေ၍ ဈေးဝယ်ထွက်ရာ ဈေးသို့ရောက်သော် ရခိုင်ရဲများဝိုင်းလာပြီး.. “ဘာကြောင့် ဒီကုလားတွေကိုခေါ်လာတာလဲ.. ဒီကောင်တွေပြဿနာရှာမယ့် ကောင်တွေ ဒီကောင်တွေကို ငါတို့ဘယ်သူမှဈေးမရောင်းဘူး” ဟုဆိုရာ စစ်တပ်ကရဲဘော်က “ကျုပ်တို့ကို တပ်ရင်းမှူးခိုင်းလို့ လာတာဖြစ်ကြောင်း” ပြောနေချိန် ရခိုင် လူအုပ်စုကြီးက ၀ိုင်းရိုက်ရန် ၀ိုင်းရံလာသဖြင့် စစ်တပ်လုံခြုံရေးဖြင့်  ဒုက္ခသည်စခန်းကိုပြန်လာခဲ့ရကြောင်း။ ဒုက္ခသည်စခန်းတွင် ပိုက်ဆိပ်ရွာမှ ဒုက္ခသည် ၂၀ကျော်လည်းရောက်နေကြောင်း၊ အများစုကလူငယ်များဖြစ်ကြောင်း၊ တချို့ပိုက်ဆိပ်ရွာသားများက မိဘနှင့်အဆက်သွယ်ရှိသလို၊ တချို့က မိဘများနှင့်အဆက်သွယ်ပြတ်နေကြောင်း။ ခယကဥက္ကဌ ကိုယ်တိုင် ကြိုးကိုင်ပြီး မတရားညှဉ်းပန်းနေကြောင်း၊ ယခင်က ဗိုလ်မှူးကျော်မင်းလတ် ကကူညီကြောင်း၊ ဗိုလ်မှူးကျော်မင်းလတ်ဆိုသူ ထွက်သွားသည့်နေ့ကစပြီးဒုက္ခမျိုးစုံပေးကြောင်း၊ ဗိုလ်မှူးကျော်မင်းလတ် ပြောင်းရွှေ့သွားပြီးနောက်နေ့တွင် ပိုက်ဆိပ်ရွာမှ  ၁၆ နှစ်အရွယ် အမျိုးသား လူငယ်တစ်ဦးနှင့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးသွားရာ ယနေ့ထိ ဒုက္ခသည်စခန်းသို့ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း၊ ၎င်းတို့ကို တရားရုံးတင်ကာ မီးရှို့သူ၊ လူသတ်သူဟု မတရားစွပ်စွဲပြီး ရုံးတင်စစ်ဆေးကြောင်း သက်သေအဖြစ် ရခိုင် လူ(၄၀)လောက်က လာရောက် အစစ်ခံကြောင်း၊ အမှန်တကယ်အပြစ်ရှိသည့် ရခိုင်များကိုမဖမ်းဆီးကြောင်း၊ တပ်မမှူး (မည်သည့်တပ်ဆိုတာ သူတို့မသိကြောင်း) ခ.ယ.က ဥက္ကဌနှင့် ရဲမင်းကြီးကိုခေါ်လာပြီး လိုအပ်တာတင်ပြခိုင်းကြောင်း ထိုအခါ ကင်ဆာဝေဒနာရှင် မစုမြတ်စံ(၄၄) နှစ်က ရင်သားကင်ဆာ ကုသရန် ဆေးရုံတက်လိုကြောင်း၊ ခ.ယ.က က အထက်ကိုတင်ပြပေးမယ်လို့ တပ်မမှူးရှေ့တွင်ပြောကြောင်း ကျွန်မတို့သေသွားရင်တောင် အထက်က အမိန့်ကကျမှာမို့လို့လားဟုဆိုရာ ခ.ယ.က ဥက္ကဌက ကြိမ်းမောင်းပြစ်တင်ကြောင်း မကျေနပ်ရင် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရကို စာတင်လိုက် ကျုပ်က ဂရုမစိုက်ကြောင်း၊ ရခိုင်အစွန်းရောက်များမှ မွတ်စလင်မ်များ အိုးအိမ်ကို ဖျက်ဆီးရာတွင်လည်း ခ.ယ.က ဥက္ကဌ ကိုယ်တိုင်က ကုလားတွေဟာ ကြိုက်တာလုပ်ဟု ဆိုကြောင်း ဒုက္ခသည်စခန်းတွင် တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာ တစ်ပတ်သုံးရက် ဆေးခန်း လာဖွင့်ကြောင်း၊ ဆေးမှူးများအနက် ကလေးအထူးကု ဆရာဝန် ဒေါ်လှမူ က ကျွန်မတို့ကိုဆေးခန်းသာလာ ဖွင့်ခိုင်းထားတာ ဆေးကျတော့ တစ်လုံးမှမပေးဘူးဟု ဆိုကြောင်း မွတ်စလင်မ်ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ထွက်ပြေးလာရင်း ယူဆောင်လာသည့် ဆေးဝါးများဖြင့်သာ ကလေးလူကြီးအားလုံး ကုသမှုပြုလုပ်နေရကြောင်း လောလောဆယ် အလွန်ကို ဒုက္ခရောက်နေကြသဖြင့် ဒုက္ခသည်စခန်းရှိ လူပေါင်း (၁၅၆၀ ) ခန့်မှာ အနေဆင်းရဲ အစားဆင်းရဲဖြင့် အမျိုးစုံ ရင်ဆိုင်နေရပါသဖြင့် သက်ဆိုင်ရာသို့ အသိပေးကြပါရန် တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီပေးကြပါရန် ပြောကြားသွားခဲ့ပါသည်။

    ရခိုင်ပြည်နယ်ရှိ ရခိုင်အကြမ်းဖက်သမားများမှာ ဒုက္ခသည်မွတ်စလင်များအား လူသားခြင်းစာနာမှု့ဖြင့် ကူညီသူ မည်သူမဆို ရခိုင်လူမျိုးပင်ဖြစ်လင့်ကစား နည်းမျိုစုံဖြင့် ဒုက္ခပေးလျှက်ရှိကြောင်းသိရှိရပါသည်။ မွတ်စလင်များကို စားရေရိက္ခာေ၇ာင်းချသဖြင့် လည်ပင်းတွင် “ကုလားကျွန်ပါ “ဟူသော စာတမ်းချိတ်ပြီး လူဘုံလည်မှာ လှည်ပတ်ပြီး အရှက်သိက္ခာချခြင်း။ သက်ကြီး ရွယ်အိုတယောက်အားလည်း ခေါင်းတွင် မိန်းမ ထဘီ ဝတ်ဆင်ပြီး လူသိက္ခာကျစေသည် နည်းလမ်းပေါင်းစုံဖြင့် ပြုကျင့်မှုများ ရှိကြောင်း သတင်းများ ဓါတ်ပုံများ ထွက်ရှိလာခဲ့ပြီးဖြစ်ပေသည်။

  • ဆင်တပ်မှော်ရောက်  ကျောက်ဖြူမှ မွတ်စလင် ဒုက္ခသည် ၆-ယောက် ဖမ်းဆီးခံရ

    ဆင်တပ်မှော်ရောက် ကျောက်ဖြူမှ မွတ်စလင် ဒုက္ခသည် ၆-ယောက် ဖမ်းဆီးခံရ

    နိုဝင်ဘာ ၁၂၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    အောက်တိုဘာလက တစ်ကျော့ပြန်ဖြစ်ပွားခဲ့သော ရခိုင်အရေးကိစ္စကြောင့် ကျောက်ဖြူမှ ထွက်ပြေးလာရပြီး ဆင်တပ်မှော်တွင် ဒုက္ခသည်များအဖြစ် ရောက်ရှိနေကြ သူများထဲမှ မွတ်စလင်မ် ဒုက္ခသည် ၆-ယောက်ကို ရဲနှင့် စစ်တပ်မှ မနေ့က မနက်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။

    People displaced by recent violence in Kyukphyu township sit together after arriving to Thaechaung refugee camp – ဓါတ်ပုံ- ရိုက်တာ

    ကျောက်ဖြူမှထွက်ပြေးလာရပြီး ဆင်တပ်မှော်တွင် ဒုက္ခသည်အဖြစ် ရောက်ရှိနေသူများထဲမှ ခင်မောင်စိုး၊ ကျော်ကျော်ဦးနှင့် အခြားမွတ်စလင်မ် ဒုက္ခသည် (၄)ယောက်ကို ဗိုလ်ကြီးမင်းခန့်ဦးဆောင်ပြီး ရဲနှင့် စစ်တပ် ၁၀-ယောက်မှ လာရောက်ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီး သွားသူများအား စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း၊ ယင်းတို့အား မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးသည်ကို အတိအကျမပြောသော်လည်း ရခိုင်တွေအိမ်နဲ့ ကိုယ့်အိမ်ကိုယ် မီးရှို့သည့်အတွက် ဖမ်းသည်ဟု ပြောကြောင်း၊ ယင်း ၆-ယောက်အပြင် နောက်ထပ် ၃-ယောက်ကိုလည်းဖမ်းဆီးရန် ရှာဖွေနေကြောင်း သိရပါသည်။

    ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆင်တပ်မှော်ရောက် ကျောက်ဖြူမှဒုက္ခသည်တစ်ဦးက “အခု ဖမ်းသွားတဲ့ ၆-ယောက်က မီးရှိုတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ သူတို့က ကျောက်ဖြူ၊ ပိုက်သေ ဥက္ကဌအိမ်ကို ဖျက်ဆီးတယ်ဆိုပြီး ဖမ်းတာ။ အဲဒီ ဥက္ကဌရခိုင်အိမ်ကို ဘယ်သူဖျက်လို့ ဖျက်မှန်းလဲမသိပါဘူး။ ဒီ ၆-ယောက်က ဖျက်ဖို့နေနေ သူတို့ဘာသာတောင် မနည်းထွက်ပြေးနေရတာ။ ကျွန်တော်တို့ထင်တာတော့ ကျောက်ဖြူ ပိုက်သေဥက္ကဌက အငြိုးထားပြီး လုပ်ဆောင်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျောက်ဖြူ ပိုက်သေ ဥက္ကဌနဲ့ သူ့မိန်းမက လောင်းကစား အကုန်လုံးဒိုင်လုပ်တယ်။ ချဲ၊ ဘောလုံးပွဲပြတာ၊ လောင်းတာတွေ လုပ်တယ်။ ခုနက ဖမ်းခံရတဲ့ ၆-ယောက်က မွတ်စလင်မ်တွေကိုပြောတယ် အရင်ကပါ။ အဲလို လောင်းကစားတွေ မလုပ်ဖို့တားတယ်။ ဒီတော့ ဒီဥက္ကဌနဲ့ သူ့မိန်းမက အဲဒီ ၆-ယောက်ကို မကျေနပ်ဘူး။ သူတို့စီးပွားရေး ထိခိုက်အောင်လုပ်တယ်ဆိုပြီး။ အဲဒီ ရန်ငြိုးနဲ့ အခု ၆-ယောက်ကို သက်သက်မဲ့ ဖမ်းတာ။”လို့ ပြောပြလာပါတယ်။