News @ M-Media

Tag: Madinah

  • မဒီနာက သမိုင်း၀င် ဘနူအာနစ်ဖ်ဗလီ

    မဒီနာက သမိုင်း၀င် ဘနူအာနစ်ဖ်ဗလီ

    ဧပြီ ၂၅၊ ၂၀၂၂

    M-Media


    -အစ္စလာမ်သာသနာ စတင်ထွန်းကားတဲ့ အစောပိုင်း ကာလတွေမှာ တည်ဆောက်ထားတဲ့ မဒီနာက သမိုင်း၀င် ဘနူအာနစ်ဖ်ဗလီကို ပြန်လည် ပြုပြင်မွမ်းမံထားတာ ဖြစ်ပါတယ်။ 

    ဘနူအာနစ်ဖ်မျိုးနွယ်တွေ တည်ဆောက်ခဲ့တဲ့ အဲဒီဗလီဟာ အစ္စလာမ်သာသနာရဲ့ ပထမဆုံးဗလီဖြစ်တဲ့ ကူဘာဗလီရဲ့ အနောက်တောင်ဖက်မှာ တည်ရှိပါတယ်။ မိုစဘာဗလီလို့လည်း ခေါ်တွင်ပါတယ်။ 

    တမန်တော်မိုဟာမက်ဟာ သာ၀ကကြီး သာလ်ဟာ အလ်-ဘာရာရဲ့ စျာပနကို လာရောက်တဲ့အချိန် ဒီဗလီ၀တ်ကျောင်းတော်မှာ ၀တ်ပြုဆုတောင်းဖူးတယ်လို့ အဆိုရှိပါတယ်။ 

    ဆော်ဒီဘုရင် ဆလ်မန်ဟာ နိုင်ငံအတွင်းက သမိုင်း၀င်ဗလီတွေ ပြန်လည်မွမ်းမံရေးစီမံကိန်းကို ပြီးခဲ့တဲ့နှစ်က စတင်ခဲ့ပြီး အဲဒီအစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဘနူအာနစ်ဖ်ဗလီကို မွမ်းမံခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Arab News

  • မဒီနာမှ တမန်တော်မြတ်ဗလီတိုးချဲ့မှု သမိုင်းဝင် မှတ်တမ်းများကို ဆော်ဒီရရှိ

    မဒီနာမှ တမန်တော်မြတ်ဗလီတိုးချဲ့မှု သမိုင်းဝင် မှတ်တမ်းများကို ဆော်ဒီရရှိ

    စက်တငဘာ ၇၊ ၂၀၁၉
    M-Media

    ဗလီတိုးချဲ့မှု မှတ်တမ်းများ

    -မဒီနာက “တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်” (မတ်စ်ဂျစ်ဒ် နဗဝီ) တိုးချဲ့မှုနဲ့ သက်ဆိုင်တဲ့ သမိုင်းဝင် မှတ်တမ်းတွေကို ဆော်ဒီ ယဉ်ကျေးမှုဝန်ကြီးဌာနက ရရှိခဲ့ပါတယ်။

    ဆော်ဒီအာရေဗျကို တည်ထောင်သူ ဘုရင် အဘ်ဒူလ် အဇစ်လက်ထက် ၁၉၅၀ ပြည့်နှစ်တွေက တမန်တော်မြတ်ဗလီဝတ်ကျောင်းတော် ပရဝုဏ်ကို တိုးချဲ့ခဲ့ပြီး ဒါဟာ ဆော်ဒီအာရေဗျနိုင်ငံ ပေါ်ပေါက်လာပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ တိုးချဲ့မှုဖြစ်ပါတယ်။

    ဗိသုကာဆိုင်ရာ ပုံကြမ်းတွေ၊ ဒီဇိုင်းတွေနဲ့ ဓာတ်ပုံတွေအပါအ၀င် ၀တ်ကျောင်းတော်တိုးချဲ့မှုနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းပေါင်း ၂၇၁ ခုကို ဆော်ဒီ ယဉ်ကျေးမှု ၀န်ကြီးဌာနက ရရှိခဲ့ပြီး King Fahd အမျိုးသား စာကြည့်တိုက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒီအထောက်အထားတွေဟာ တမန်တော်မြတ်ဗလီရဲ့ သမိုင်းဝင်မှတ်တမ်းလည်း ဖြစ်ပါတယ်။

    တမန်တော်မြတ်ဗလီဝတ်ကျောင်းတော်ကို အေဒီ ၆၂၂ ခုနှစ် တမန်တော် မုဟမ္မဒ်သခင် မက္ကာကနေ မဒီနာကို ရွှေ့ပြောင်းတဲ့အချိန်မှာ တည်ဆောက်ခဲ့တာပါ။ တမန်တော်နဲ့ သူ့ရဲ့ သာဝကကြီးတွေရဲ့ လုပ်အား ပါဝင်ခဲ့တဲ့ အဲဒီဗလီဟာ မူလက စွန်ပလွံပင်၊ စွန်ပလွံခက်နဲ့ ရွံ့စေးတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

    သက္ကရာဇ် ၇၀၇ ခုနှစ်မှာ ဗလီဝတ်ကျောင်းတော်ကို ပထမဆုံး ပြုပြင်မွမ်းမံခဲ့ပါတယ်။

    ကမ္ဘ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေကတော့ “မတ်စ်ဂျစ်ဒ် နဗဝီ” ဗလီကို မက္ကာက “မတ်စ်ဂျစ်ဒ် ဟရမ်” ဗလီ ပြီးရင်း ဒုတိယမြောက် အမြင့်မြတ်ဆုံးလို့ မှတ်ယူထားပါတယ်။

    Ref: Arab News

  • မဒီနဟ် မှ “၀တ်ကျောင်းအကျိုးဆောင်များ” သမိုင်း

    မေ ၁၇ ၊ ၂၀၁၄
    M-Media
    ki02_big
    မက္ကဟ် နဲ့ မဒီနဟ် ၀တ်ကျောင်းတော်နှစ်ခုအတွက် နစ်မြုပ်အကျိုးဆောင်သူများရဲ့ သမိုင်းကို ပြောမယ်ဆိုရင် ရာစုနှစ်များစွာဆီ ပြန်မျှော်ကြည့်ရပါလိမ့်မယ်။ မဒီနဟ်မြို့က တမန်တော့်ဝတ်ကျောင်းတော်မှာ ဆယ်ဦးမျှသာ ကျန်ရစ်နေသော်လည်း သူတို့အကြောင်းလေ့လာကြည့်တော့ ရာစုနှစ်များစွာကတည်းက မက္ကဟ်ဝတ်ကျောင်းတော်မှာရော မဒီနဟ်ဝတ်ကျောင်းတော်မှာပါ သူတို့တစ်တွေ ရှိနေခဲ့ကြတယ်လို့ တွေ့ရပါတယ်။

    သူတို့တစ်တွေရဲ့ အသွင်အပြင်၊ ၀တ်စားဆင်ယင်မှု၊ အိမ်ထောင်ရေး၊ လစာ၊ တာဝန်၊ လူမှုအဆင့်အတန်း စသဖြင့် လေ့လာမှုများစွာနဲ့ဆွေးနွေးတင်ပြကြသော်လည်း အသေးစိပ်တင်ပြထားတဲ့ သမိုင်းဝင်အထောက်အထားတွေကို ဘာသာပြန်တင်ပြမှု မရှိသေးဘူးလို့ မက္ကဟ်နေ့စဉ်သတင်းစာက ဖော်ပြခဲ့တယ်။

    လေ့လာမှုတစ်ရပ်မှာ အဲ့ဒီ ၀န်တော်ဆောင်တွေကို စုလ်သွာန် နူရွတ်ဒီးန် အလ်ရှဟီးဒ်က ဟိဂျာ့ဇ်နယ်ဆီ ၁၁၆၁ ခုနှစ်မှ စေလွှတ်ပို့ဆောင်ခဲ့တယ်လို့ ဆိုတယ်။ အခြားလေ့လာမှုများမှာတော့ အုမိုင်ယဒ်မင်းဆက်ကိုထူထောင်သူ မုအာဝီယဟ် ဘင်န် အဗူစုဖ်ယာန် က မြင့်မြတ်ကျောင်းတော်နှစ်ခုမှာ ၀န်တော်ဆောင်များကို ပထမဆုံး ခန့်အပ်တဲ့ ဘုရင်ဖြစ်တယ်လို့ ဖော်ပြထားတယ်။

    အဲ့ဒီ ၀န်တော်ဆောင်များရဲ့ ၀တ္တရားကတော့ မြင့်မြတ်ကျောင်းတော်နှစ်ခုကို မျက်ခြေမပြတ် ထိန်းသိမ်းစောင့်ရှောက်ရခြင်းဖြစ်တယ်။ တမန်တော်ရဲ့ ဂူဗိမာန်ကို စောင့်ကြပ်ခြင်းလည်း ပါဝင်ပါတယ်။ သူတို့တစ်တွေကို တမန်တော့်ဝတ်ကျောင်းမှာ စတင်ထားရှိတယ်လို့ လေ့လာ သုံးသပ်ချက်များက တင်ပြကြတယ်။ ဒီကောက်ချက်ကို အကြောင်းသုံးရပ်ပေါ်အခြေခံတင်ပြခြင်းဖြစ်ပါတယ်။

    ပထမအကြောင်းကတော့ ပထ၀ီဗေဒပညာရှင်နဲ့ခရီးသည်ဖြစ်သူ အိဗ်နု ဂျုဗိုင်းရ် မက္ကဟ်ကို ၁၁၈၃ ခုနှစ်မှာ ရောက်ရှိတုန်းက သူ့ခရီးသွားမှတ်တမ်းမှာ ၀န်တော်ဆောင်များအကြောင်း မဖော်ပြခဲ့ဘူး။ ဒါပေမယ့် မဒီနဟ်က တမန်တော့်ဝတ်ကျောင်းတော်သွားရောက်ချိန်မှာတော့ သူတို့အကြောင်းကို
    ရေးသားခဲ့တယ်။

    ဒုတိယအကြောင်းကတော့ ၁၃၂၄ ခုနှစ်မှာ မက္ကဟ်ကို ရောက်ရှိခဲ့တဲ့ အိဗ်နု ဘတူတာ ကလည်း ရေးသားဖော်ပြခြင်း မရှိခဲ့ဘူး။ သို့သော် မဒီနဟ်ရောက်တဲ့အခါမှာ သူတို့အကြောင်း ပါဝင်လာတာတွေ့ရတယ်။

    တတိယကတော့ အီဂျစ်လူမျိုး သင်္ချာပညာရှင် Ahmad Al-Qalqashandi (၁၃၅၅ ခုနှစ်မွေးဖွား) က မဒီနဟ်က ၀တ်ကျောင်း ၀န်တော်ဆောင်များရဲ့အကြီးအမှူး တစ်ဦးကို ခန့်အပ်တဲ့ ထုတ်ပြန်လွှာတစ်စောင်အကြောင်း ရေးသားခဲ့တယ်။ မက္ကဟ်မှာ အလားတူ ခန့်အပ်လွှာထုတ်ပြန်ချက်အကြောင်း ဆိုထားတာ မတွေ့ရပါဘူး။

    မဒီနဟ်က သွိုင်ဗဟ်တက္ကသိုလ် ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဒေါက်တာ အဟ်မဒ် အလ်ရှာဘီက “လက်ရှိဝန်တော်ဆောင် အများစုက နာမကျန်းဖြစ်နေကြတယ်။ တမန်တော့်ဝတ်ကျောင်းလာရောက်ကြတဲ့ ဧည့်သည်တွေနဲ့ ကိုယ်စားလှယ်ခေါင်းဆောင်တွေကို ကြိုဆိုဖို့လောက်သာ တာဝန်ပေးထား ပါတယ်။ တမန်တော့်ဗလီဝတ်ကျောင်း အရှေ့ဖက်မှာ တည်ရှိခဲ့တဲ့ ဒေသခံကို အစွဲပြုလို့ သူတို့ကို Aghas လို့ ခေါ်ဆိုခဲ့တာဖြစ်တယ်။ အဲ့ဒီနေရာကတော့ ဗလီတိုးချဲ့စဉ်မှာ ပါဝင်သွားခဲ့တယ်။ သူတို့ဟာ မတူကွဲပြားတဲ့ အ၀တ်အစားတွေကို ဆင်ယင်လေ့ရှိတယ်။ (၀တ်ပြုရာမှာ) အမြဲတစေ လိုင်းတန်းတစ်ခုတည်းမှာ အလွန်ရိုကျိုးစွာ ရပ်လေ့ရှိကြတယ်။

    သူတို့တာဝန်ထဲမှာ သောကြာနေ့ဓမ္မသဘင်အတွက် အိမာမ်လျှောက်လမ်းရဲ့သော့ သယ်ဆောင်တာ၊ တမန်တော့် ဓမ္မပလ္လင်ကို သောကြာညဥ့် (ကြာသပတေးရဲ့ညဥ့်) မှာ သန့်ရှင်းရေးလုပ်တာ တို့ အပါအ၀င်ဖြစ်တယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ အဲ့ဒီတာဝန်မျိုးတွေကို စိတ်ချယုံကြည်ရတဲ့ သန့်ရှင်းရေး ၀န်ဆောင်မှု ကုမ္ပဏီတစ်ခုကို လွှဲပေးထားပါတယ်။ Aghas အများစုဟာ အီသီယိုးပီးယား နဲ့ ဆူဒန်နိုင်ငံက လာရောက်ခဲ့ကြတာဖြစ်ပါတယ်” လို့ ပြောပြတယ်။

    သူက ဒီလို ထပ်လောင်းပြောပြပါတယ်။ “ ၀န်တော်ဆောင် Aghas များဟာ ဗလီဝတ်ကျောင်းတော်ထဲက မီးလုံး/မီးချောင်းနဲ့ ဖယောင်းတိုင်တွေကို အစဉ်တစိုက် လဲလှယ်ပေးတတ်တယ်။ အိရှာဟ် ညဥ့်ဝတ်ပြုမှုပြီးတဲ့နောက် ဗလီအနှံ့သွားပြီး ၀တ်ပြုသူတွေကို အိမ်ပြန်ကြဖို့ ချိုသာယဉ်ကျေးစွာနဲ့
    တိုက်တွန်းပြောကြားလေ့ ရှိပါတယ်။ သူတို့ထဲက တစ်ဦးကတော့ ၀တ်ကျောင်းအတွင်းထဲမှာ အိပ်လေ့ရှိတယ်။ ချဉ်းနင်းကျူးကျော်သူမှန်သမျှကို ကာကွယ်ဖို့ပါ။ ဖဂျရ် အရုဏ်ဦးဝတ်ပြုချိန်မတိုင်မှီ မုအပ်ဇင်န် – ၀တ်ပြုရေးသံတော်ဆင့် လာနိုင်ဖို့ ဗလီကို ဖွင့်ပေးတယ်။ သံတော်ဆင့်က ၀တ်ပြုမှုအတွက် ဖိတ်ခေါ်ဟစ်ကြွေးတာနဲ့ တပြိုင်နက် သူက ဗလီတစ်ခွင့်လှည့်ပြီး တံခါးအားလုံးကို ဖွင့်ပေးပါတယ် ”။

    Ref: Saudi Gazette

  • မက္ကဟ်နှင့် မဒီနာ ရှိ မြင့်မြတ်သော ဗလီဝတ် ကျောင်းတော် ၂ ခုတွင် တရားဟော အစီအစဉ်များ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးမည်။

    မေ-၁၇ ၊၂၀၁၃
    M-Media

    holy_mosque

    မက္ကာ နှင့် မဒီနာ တွင်ရှိသော မြင့်မြတ်သည့် ဗလီဝတ်ကျောင်းတော် နှစ်ခု၌ ဘာသာရေး ဟောကြားချက်များအား ကမ္ဘာတဝှမ်းတွင်ရှိသော အာရပ်ဘာသာစကား မပြောတတ်သူများ အတွက် အင်္ဂလိပ်ဘာသာရပ် တစ်ဘာသာတိုး၍ ဟောကြားပေးမည်ဖြစ်ကြောင်း။ ဗလီဝတ် ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး နှင့် Imam Muhammad bin Saud Islamic University (IMIU) တို့ ဘာသာရေး ဟောကြားချက်အား အင်္ဂလိပ်လို ဘာသာပြန်ဆိုပေးရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

    တက္ကသိုလ်မှ တရားဓမ္မ ဘာသာပြန်ဆိုချက်များအား ကြပ်မတ်မည်ဖြစ်ကြောင်းနှင့် ဗလီဝတ်ကျောင်းတော် နှစ်ခုတွင်ပြောကြားသော အင်္ဂလိပ်ဘာသာဖြင့် ဟောကြားချက်များအားလည်း ကြီးကြပ်မည် ဖြစ်ကြောင်း သိရသည်။

    မြင့်မြတ်သော ဗလီဝတ်ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး Sheikh Abdul Rahman Al-Sudais နှင့် IMIU ၏ ပါမောက္ခချုပ် Suleiman bin Abdullah Aba Al-Khail တို့ စာချုပ်အား သဘောတူချုပ်ဆိုခဲ့ကြပြီး၊ IMIU ရှိ ဘာသာရပ် နှင့် ဘာသာပြန်ဆိုမှု ဌာန (Dean of Languages and Translation) မှ ယခုလက်ရှိအချိန်အထိ ဘာသာရေးဟောကြားချက် ၇၆ ခု၊ စုစုပေါင်း စာမျက်နှာ ၁,၀၂၇ ရွက်အား ဘာသာပြန်ပြီးကြောင်းသိရသည်။

    အလ်ဆောလ်ဒ်စ် (Al-Sudais) မှ ဆော်ဒီနိုင်ငံခေါင်းဆောင်များနှင့် တက္ကသိုလ်အား အစ္စလာမ် သာသနာ့ အဆုံးအမများအား ကမ္ဘာတဝှမ်း ပြန့်ပွားစေမည့် စီမံချက်အား အထောက်ကူပေးခဲ့သဖြင့် အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကဟ်မြို့ရှိ ဗလီဝတ်ကျောင်းတော်နှင့် မဒီနာမြို့ရှိ တမန်တော် မုဟမ္မဒ် ဗလီဝတ်ကျောင်းတော်တို့ကို ကမ္ဘာ့အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်များအဖြစ် အစ္စလာမ်ဘာသာဝင်တို့က သတ်မှတ်ယုံကြည်ထားကြသည်။

  • အနုပညာလက်ရာ တစ်ထောင်၂၀၁၃ မဒီနဟ် အစ္စလာမ့် ယဉ်ကျေးမှု မြို့တော်ပြပွဲမှာ ပါဝင်ပြသ

    မေ-၁၆၊၂၀၁၃
    M-Media

    ကျောင်းသားများရဲ့အနုပညာလက်ရာတစ်ထောင်ပါ ပြကွက်စင်၂၀၁၃ မဒီနဟ် အစ္စလာမ့်ယဉ်ကျေးမှု မြို့တော်ပြပွဲမှာ ပါဝင်

    1368611812960020500

    Taibah University ရဲ့ အနုပညာဘာသာရပ် ကျောင်းသားများက မိမိတို့လုပ်ဆောင်ထားတဲ့လက်ရာများကို အနုပညာပြပွဲတစ်ခုမှာ ခင်းကျင်းပြသခဲ့ပါတယ်။ မဒီနဟ်မြို့ကို “ ၂၀၁၃ အစ္စလာမ့်ယဉ်ကျေးမှုမြို့တော် ”အဖြစ် ဖွင့်လှစ်ထားတဲ့ နှစ်လုံးပေါက်အခမ်းအနားအတွက် တက္ကသိုလ်ရဲ့ပါဝင်ဆောင်ရွက်ချက် တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်ဒါရိုက်တာ  Adnan bin Abdullah Al-Mazroua က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြပွဲအတွင်း ခင်းကျင်းပြသဖို့ ပါဝင်စေခဲ့ပါတယ်။

    အဲ့ဒီမှာ ကျောင်းသားတွေရဲ့ အနုပညာလက်ရာ တစ်ထောင်တိတိ ပါဝင်ပြီး မဒီနဟ်မြို့ရဲ့ထူးခြားထင်ရှားမှုကို ဇောင်းပေးဖော်ကျူးထားချက်တွေဖြစ်ပါတယ်။

    ကျောင်းသူကျောင်းသားတွေရဲ့ အနုပညာဖန်တီးချက်များဟာ မဒီနဟ်ကိုဂုဏ်တက်စေရေးအတွက် ရည်ရွယ်တာလို့ သွိုင်ဗာဟ်တက္ကသိုလ် အနုပညာဌာနမှူး Waleed Al-Qeen က ဆော်ဒီသတင်းဌာနကို ပြောကြားပါတယ်။ ကုဗာဟ်ဗလီအနီး ယဉ်ကျေးမှုပြခန်းထဲမှာ ဒီလက်ရာတွေအားလုံးကို ထည့်သွင်းပြသထားမှာဖြစ်ပြီး၊ ဒီပစ္စည်းတွေကို ခင်းကျင်းပြသတဲ့ ရှိုးကေ့စ် ပြကွက်စင် ဟာ မီတာ ၁၅၀၀ ခန့်အထိ နေရာယူရမှာဖြစ်တယ်။ အဲ့ဒီပြသမှုကို လာမယ့်တနင်္လာနေ့အထိ ခင်းကျင်းသွားမှာဖြစ်ပြီး ယနေ့မှာ အမျိုးသမီးတွေအတွက် ဖွင့်လှစ်ပေးထားမယ်လို့ သူက ဆိုပါတယ်။