News @ M-Media

Tag: MaeLaCamp

  • ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည်စခန်း အတွင်း မီးလောင်မှုဖြစ်ပွား

    မတ် ၂၄၊ ၂၀၁၄
    M-Media
    10152045_261192067395401_1113744754_n
    မြန်မာနိုင်ငံနယ်ခြား ထိုင်းနိုင်ငံရှိ မယ်လ ဒုက္ခသည်စခန်း၊ Zone B, B4 အတွင်း ဂိုဒေါင်အနီး၌ ယနေ့ည မြန်မာစံတော်ချိန် ၉း၂၀ နာရီတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

    အဆိုပါမီးလောင်မှုတွင် ကရင်လူမျိုးအများစုရှိနေသည့် အိမ်ခြေ ၄၀ နီးပါး ပါဝင်သွားကြောင်း၊ ညဥ့် ၁၀ နာရီခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ၎င်းမှာ မတော်တဆလောင်ကျွမ်းခြင်းလော ရှို့မီးလောဟူသည်ကို မသိရသေးကြောင်း သိရှိရသည်။

    ယင်းဒုက္ခသည်စခန်း၌ မြန်မာဒုက္ခသည်လူမျိုးစုံ ထောင်ပေါင်းများစွာ ရှိနေကြပါသည်။