News @ M-Media

Tag: MaMaLa

  • မ.မ.လ အဖွဲ့ချူပ်တွင် ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲ ပြုလုပ်မည်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media
    အမ်တူးအေ
    Ma Ma La
    ရန်ကုန် ။ ။ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲအခမ်းအနားတစ်ရပ်ကို မ.မ.လ (မြန်မာ မွတ်စလင်မ် လူငယ်များ – ဘာသာရေး)အဖွဲ့မှ ကျင်းပပြုလုပ်မည်ဟု သိရသည်။

    ယင်း စာပေဟောပြောပွဲအား ဖေဖော်ဝါရီလ ၁၂-ရက် (ပြည်ထောင်စုနေ့)နေ့လည် ၂း၀၀-နာရီမှ ညနေ ၅း၀၀-နာရီအထိ ဟာဂျီမဒေါ်ချိုခန်းမ၊ မ.မ.လ ဌာနချုပ်၊ အမှတ်(၁၉၄/၁၉၆)၊ ဗိုလ်ဆွန်ပက်လမ်း၊ ရန်ကုန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

    စာပေဟောပြောပွဲတွင် ပါမောက္ခဒေါက်တာစိုးနိုင် (မြန်မာစာဌာန၊ အနောက်ပိုင်းတက္ကသိုလ်) နှင့် ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း၊ ရန်ကုန်တက္ကသိုလ်)တို့က ဟောပြောမည်ဖြစ်သည်။

  • မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့မှ အိမ်မဲမြို့ ဘုန်းတော်ကြီးကျောင်းများသို့ ကုရ်အာန်ကျမ်းလှူဒါန်းခဲ့

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    ma ma la

    အိမ်မဲ ။ ။ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၈-ကျောင်းသို့ အိမ်မဲမြို့နယ် မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့မှ ကုရ်အာန်ကျမ်းမြတ်များကို မနေ့က စက်တင်ဘာ ၂၇-ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်းသိရသည်။

    အဆိုပါ လှူဒါန်းမှုမှာ မကြာသေးမီက ပြုလုပ်ခဲ့သော ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးစီးသည့် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခမ်းအနားမှ တောင်းဆိုချက်အရ အိမ်မဲမြို့နယ် မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းထက်မှ ကျမ်းမြတ်ကုရ်အာန် (မြန်မာဘာသာပြန်) ၈-စုံကို ဘုန်းတော်ကြီးကျောင်း ၈-ကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

    ၎င်းပြင် ကုရ်အာန်ကျမ်းမြတ် မြန်မာဘာသာပြန် အပြည့်အစုံကို လေ့လာလိုသူများ၏ တောင်းဆိုမှုကြောင့် ကျမ်းတော်မြတ်ကုရ်အာန် ဘာသာပြန် အစောင်-၁ မှ ၃၀ အထိ ၈-စုံကိုလည်း ထပ်မံ လှူဒါန်းခဲ့ကြောင်း သိရပါသည်။

    ဓါတ်ပုံအညွှန်း > သြဂုတ်လ ၅-ရက်နေ့က အိမ်မဲမြို့တွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မှ

  • ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ ပြုလုပ်

    ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ ပြုလုပ်

    ဇွန် ၃၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    ရန်ကုန် ။ ။ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ တစ်ရပ်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့မှ ယနေ့ နေ့လည် (၁း၃၀)တွင် ၎င်းတို့  ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲအား ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)မှ ဦးဆောင်ဟောပြောတင်ပြခဲ့ပြီး ၁၉၈၂-ခုနှစ် ဥပဒေနှင့်ပတ်သက်၍ သိသင့်သည်များကို အဓိက ဆွေးနွေးခဲ့ပြီး။ ၁၉၆၇-ခုနှစ်ဥပဒေ၊ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ ဥပဒေတို့ကိုလည်း ထည့်သွင်း ဟောပြောခဲ့ပါသည်။ ဦးခင်မောင်ချို၏ ဟောပြောမှုအပြီးတွင် တက်ရောက်လာသူများမှ မရှင်းလင်းသည်များ၊ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ဟောပြောသူမှ ပြန်လည် ဆွေးနွေးပေးခဲ့ပါသည်။

    ယခုကဲ့သို့ ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး “ယခုလို ၈၂-ခုနှစ် ဥပဒေဆိုင်ရာ ဟောပြောပွဲမှာ အဓိကတင်ပြသွားတာတွေက ဥပဒေတစ်ခုရဲ့ အားနည်းချက် အားသာချက်တွေ၊ ဥပဒေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့ အကြောင်းအရာတွေကို လေးလေးနက်နက် တင်ပြသွားတာ တွေ့ရကြောင်း၊ ဥပဒေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုတွေကို အဓိကထားရမှာဖြစ်ကြောင်း၊ ဥပဒေကို အခြေပြုပြီးဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ များစွာရှိကြောင်း၊ ဥပဒေကို အသုံးမပြုပဲဖြစ်နေတဲ့ကိစ္စရပ်များစွား ရှိခဲ့ကြောင်း၊ ရှိပြီးသားဥပဒေကို ဟန့်တားခွင့်များ ဆုတ်ယုတ်နေသည်များလည်းရှိကြောင်း၊ ယခု ဟောပြောပွဲသည် ဥပဒေ၏ ရေသောက်မြစ်ကို အဓိက ရှာဖွေခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်အခါသည် ဘာသာကိုအကြောင်းပြုပြီး လူမျိုးသတ်မှတ်လေ့ရှိပြီး ကိုးကွယ်သည့် ဘာသာကိုကြည့်၍ ဥပဒေကို သတ်မှတ်သည့် အခြေအနေများ ရှိနေသည့် အတွက် ယခုလို ဟောပြောပွဲပြုလုပ်ရသည်ကို နားလည်စေလိုကြောင်း၊ ယခုလို ဟောပြောဆွေးနွေးပွဲများတွင် လိုအပ်၍ ဆွေးနွေးပါက ခိုင်ခိုင်လုံလုံဆွေးနွေးတတ်ရန် လိုအပ်ကြောင်း၊ အင်တာနက်နှင့် ဖေ့ဘွတ် စာမျက်နှာများတွင် ပြောကြားနေကြသလို မပြောမိကြစေရန် အထူးမေတ္တာရပ်ခံကြောင်း”ကို မ.မ.လ ဌာနချုပ် ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ ဟောပြောပွဲနိဂုံးချုပ်စကားတွင် ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

  • မ.မ.လ ဋ္ဌာနချုပ်၏ (၁၂)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကြီး ကျင်းပမည်

    မေလ ၁၈၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    blood donation
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ  ဋ္ဌာနချုပ်မှ ကြီးမှူးကျင်းပမြဲ ဖြစ်သော အစဉ်အလာမပျက် (၄)လတစ်ကြိမ် စုပေါင်းသွေးလှူဒါန်း ပွဲကြီးကို မေလ ၂၆ရက်နေ့တွင် နံနက် (၈း၀၀)နာရီမှ စတင်၍ ရန်ကုန်မြို့ အမျိုးသားသွေးလှူဌါနတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါ သွေးလှူဒါန်းပွဲ အတွက် မ.မ.လ ဋ္ဌာနချုပ်၏ ဆောင်ပုဒ်ဖြစ်သော “ကိုယ်ချင်းစာနာတတ်ခြင်းသည်ပင်လျှင် တရားစစ် တရားမှန် ဖြစ်သည်” ကို အကောင်အထည်ဖော်၍ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ရှေးရှုလျက် လူမျိုး ဘာသာ မရွေးပါဝင်လှူဒါန်းကြပါရန် တိုက်တွန်း နှိုးဆော် ထားကြောင်း သိရသည်။

    “မ.မ.လ ဋ္ဌာနချုပ်မှ လှူဒါန်းခဲ့သော သွေးစာရင်းများ”

    ၁။ ပထမအကြိမ်        ၈.၃.၂၀၀၉              ၁၁၆  ဦး
    ၂။ ဒုတိယအကြိမ်     ၂၆.၇.၂၀၀၉        ၁၄၂   ဦး
    ၃။ တတိယအကြိမ်     ၁၇.၁.၂၀၁၀       ၁၉၃   ဦး
    ၄။ စတုတ္ထအကြိမ်      ၁၈.၇.၂၀၁၀       ၂၄၀   ဦး
    ၅။ ပဉ္စမအကြိမ်        ၂၈.၁၁.၂၀၁၀      ၂၈၀  ဦး
    ၆။ ဆဋ္ဌမအကြိမ်      ၂၇.၃.၂၀၁၁         ၂၅၇  ဦး
    ၇။ သတ္တမအကြိမ်     ၂၄.၇.၂၀၁၁        ၂၃၂   ဦး
    ၈။ အဋ္ဌမအကြိမ်       ၈.၁.၂၀၁၂          ၁၈၅  ဦး
    ၉။ နဝမအကြိမ်       ၁၃.၅.၂၀၁၂           ၂၅၁  ဦး
    ၁၀။ ဒဿမအကြိမ်      ၂၃.၉.၂၀၁၂       ၃၂၁   ဦး
    ၁၁။ (၁၁)ကြိမ်မြောက်  ၂၇.၁.၂၀၁၃           ၃၁၈   ဦး
    စုစုပေါင်း  = (၂၅၃၅)ဦး ရှိပြီ ဖြစ်ကြောင်း မ.မ.လ  ဋ္ဌာနချုပ်၏ သတင်းထုတ်ပြန် ကြေညာချက် စရင်းအရ သိရှိရသည်။

        “သွေး”
    ဘာသာ၊ သာသနာ
    အယူဝါဒ မတူကြလည်း
    အာဒမ်နွယ်ဖွား ကမ္ဘာလူသားတို့
    ကိုယ်ချင်းစာနာ၊ ဒို့သွေးရင်းခြာတို့
    ကြည်ဖြူပေးလှူ၊ “သွေး”အလှူ
    သွေးလှူဒါန်းလိုသူ သွေးအလှူရှင်များ အနေဖြင့် အမှတ် ၁၉၄၊ ၁၉၆၊ ဗိုလ်ဆွန်ပက်လမ်း (အလယ်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း၊ ၀၁ ၂၄၁၂၁၂၊ ၀၁ ၂၅၂၇၉၉ သို့ ဆက်သွယ် စရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။