News @ M-Media

Tag: mandalay_muslim

  • မန္တလေးခရိုင်မှ တက္ကသိုလ်ဝင်တန်းအောင် မွတ်စလင်မ် ကျောင်းသား/သူများကို ဂုဏ်ပြုမည်။

    မန္တလေးခရိုင်မှ တက္ကသိုလ်ဝင်တန်းအောင် မွတ်စလင်မ် ကျောင်းသား/သူများကို ဂုဏ်ပြုမည်။

    ဇွန်လ ၂၂ ၊ ၂၀၁၇
    M-Media
    သတင်း- သီဟ

    ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်စာမွေးပွဲ အောင်မြင်ခဲ့ကြသော မန္တလေးခရိုင်မှ အစ္စလာမ်ဘာသာဝင် ကျောင်းသား/သူများ အား ဂုဏ်ပြုပွဲ အခမ်းအနားတရပ်ကို မွတ်စလင်မ် ပညာရေးအဖွဲ့ (မန္တလေး) ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

    အဆိုပါဂုဏ်ပြုပွဲသို တက်ရောက်စာရင်းပေးသွင်းလိုသည့် မန္တလေးခရိုင်အတွင်းမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်သား/ကျောင်းသူများအနေဖြင့် ပူးတွဲဖော်ပြပါ လိပ်စာများသို့ (၆-၇-၂၀၁၇) ရက်နေ့ နေ့လည် ၁၂း၀၀ နာရီ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်းသိရပါသည်။

    Image -Sein Linn FB
  • Muslim Medical Family (မန္တလေး) ၂၀၁၅ ခုနှစ် မိတ်ဆုံစားပွဲ ပြုလုပ်

    Muslim Medical Family (မန္တလေး) ၂၀၁၅ ခုနှစ် မိတ်ဆုံစားပွဲ ပြုလုပ်

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၅
    M-Media

    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲ ပြုလုပ်

    3

    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲကို ဖေဖော်ဝါရီလ ၈  ရက်နေ့ မနက် ၉ နာရီခွဲမှာ မန္တလေးမြို့ ပန်းသေးဗလီဝင်းများ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ရှေးဦးစွာ  ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ပြီး တက်ရောက်လာသူ တဦးချင်းမှ မိတ်ဆက်စကားပြောကြားခြင်း၊ အသင်းဦးဆောင် လူငယ်တယောက်မှ အသင်းရေးရာများ ရှင်းလင်းတင်ပြခြင်း၊ ပထမနှစ် လူငယ်များမှ တဦးချင်း မိတ်ဆက်ခြင်း၊ သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း၊ ဦးဆောင် ဆရာဝန်ကြီးများမှ သြဝါဒ စကားပြောကြားခြင်း အလှူငွေထောက်ပံ့ ကူညီသော လုပ်ငန်းရှင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း ထူးချွန်သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းတို့ ပြုလုပ်ကာ နေ့လည် ၁၂ နာရီတွင် ဆုမွန်ဒိုအာဖတ်ရွတ်ကာ အခမ်းအနားကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး ပြီးဆုံးခဲ့ကြောင်း သတင်းရရှိရပါတယ်။

    5
    အခမ်းအနားတွင် နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ထွေးမှ အမှာစကားပြောကြားရာ အနာဂတ်မှာ Muslim Medical Family အဖွဲ့အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနတွင် ခွင့်ပြုမိန့်တင်ပြီး ဖွဲ့စည်းကာ  ပညာရေး၊ ကျန်မာရေး၊ လူမှုရေး ဖွံ့ဖြိုးရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေးတို့ကို  ကို ဦးတည်လုပ်ဆောင်ရန် ပြောကြားဆွေးနွေးခဲ့ပါတယ်။

    အခြားသော ဦးဆောင်ဆရာဝန်ကြီးများမှ အမှာစကားပြောကြားရာတွင် အသင်းမှ ဆရာဝန်များ စုစည်းပြီး အခမဲ့ ဆေး ကုသခြင်းပြုလုပ်ရန်၊ သစ်လွင်ဆေးကျောင်းသားများ အနေဖြင့် ဆေးကျောင်းတက်ပြီး စိတ်မပါတာမျိုး မဖြစ်စေရန်၊ မိမိရောက်ရှိနေသည့် နယ်ပယ်တွင် အကောင်းဆုံးထူးချွန်အောင် ကြိုးစားကြရန်၊ ပထမနှစ်ဆေးကျောင်းသားများ စာမေးပွဲ အကျများသဖြင့် ဂရုစိုက်ပြီး စာကြိုးစားကြရန် အသီးသီး ပြောကြားသွားခဲ့ ပါတယ်။

    ယနေ့ မိတ်ဆုံ စားပွဲသို့ မွတ်စလင် သက်ကြီးဆရာဝန် (၈) ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အသက်ကြီးဆုံးမှာ (၈၅) နှစ်ဖြစ်ကြောင်းသိရှိရပါတယ်။

    6

    အဆိုပါအခမ်းအနားမှာ ၂၀၁၄ ခုနှစ်အတွက် မန္တလေး ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် နှင် တိုင်းရင်းဆေးတက္ကသိုလ်များမှာ ပထမနှစ်တက်ရောက် ခွင့်ရရှိတဲ့ ပထမနှစ် မွတ်စလင် ကျောင်းသား/သူများကို မောင်မယ် သစ်လွင် များနှင့် ဆရာဝန်ကြီးများ၊ ကျန်းမာရေးနှင့် ဆက်စပ်သည့် လုပ်ငန်းရှင်များ အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်များ လည်းပါဝင်တက်ရောက်ကာ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ခန့်ရှိကြောင်း သတင်းရရှိပါတယ်။

    10951453_900965116601698_613889481_n

    10961686_900965486601661_569492400_n

  • “ကျောက်စာဆိုတာ လက်ညိုးကို တံတွေးဆွတ်ပြီး ဖျက်ပြစ်လို့ ရတဲ့အရာ မဟုတ်ဘူး”

    သြဂုတ်-၂၊ ၂၀၁၃
    M-Media
    ရေးသူ- ဗေဒါလမ်း
    8888 collages
    တပါတီ စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ. မ-ဆ-လ ပါတီကို နိဂုံးချုပ်စေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်း ခေတ်အဆက်ဆက် သမိုင်းပေး တာဝန်ကို တာဝန်ယူ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သော မန္တလေးမြို.က အစ္စလာမ် ဘာသာဝင်တွေရဲ. သမိုင်းဝင် တိုက်ပွဲပုံများပါ။ မြန်မာနိုင်ငံမှာ မြန်မာမွတ်စလင်တွေဟာ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ အဆက်ဆက်တွင် သာမက ၊ တပါတီ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တိုက်ပွဲများ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှာပါ ရှေ.တန်းမှ ပါဝင်ခဲ့ကြတာဟာဖြင့် သမိုင်းမှာ မော်ကွန်းထိုးလောက်တဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်များဖြစ်ခဲ့ပါတယ်။

    ဒါပေမဲ့အခုအချိန်မှာ ပုဂ္ဂိုလ် အချို.ဟာ ရှစ်လေးလုံး ဒီမိုကရေစီတိုက်ပွဲ အတွင်းတွင်လည်း ဘယ်အခန်းကဏ္ဍမှ မပါ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်စေခဲ့သော ပခုက္ကူတွင် သံဃာတော်များအား ဓါတ်တိုင်တွင် ကြိုးတုတ်ရိုက်သော ကိစ္စနှင့် လက်ပန်းတောင်းတောင် သပိတ် အတွင်း သံဃာတော်များအား မီးလောင်ဗုံးများ သုံးကာ ဖြိုခွဲခဲ့သော ကိစ္စများတွင် ဘယ်သွား အိပ်ပျော်နေမှန်း မသိဘဲ ရေငုံနှုတ်ပိတ်နေခဲ့သော သူများက ယခုအချိန်ကျမှ အိပ်ယာမှ နိုးလာကာ ကယောင်ကတန်းဖြင့် ဘာအရေး.. ညာအရေးဆိုပြီး .. ညာသံပေးနေကြသည်များကို ကြားရမြင်ရသည်မှာ မသတီစရာပင် ကောင်းတော့သည်…….

    ဓါတ်ပုံများ ကြည့်လိုလျှင်=> Click Here