ဇန်နဝါရီ ၂၄၊ ၂၀၁၄
M-Media
– ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွာတစ်ရွာတွင် ပြီးခဲ့သည့် သီတင်းပါတ်က ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများအား အစုလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရ
ထိုကြေညာချက်တွင် ဒူချီရာတန်း (အလယ်တန်းရွာ) ရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရဲတပ်သားတစ်ဦးသေဆုံးမှု၊ အရပ်သား အများအပြား သေဆုံးမှုတို့အား မိမိတို့ဘက်မှ အလွန်အမင်းစိုးရိမ် ပူပန်မိကြောင်းဖော်ပြခဲ့ပြီး၊ အရပ်သားများကို ကာကွယ်မှု အပြည့်အ၀ပေးရေးနှင့် ထိုဒေသများတွင် ရှိနေသည့် အကြမ်းဖက်ခံပြည်သူများကို လူသားချင်းစာနာသည့် အကူအညီများပေးနေသော နိုင်ငံတကာမှ ၀န်ထမ်းများအား ၀င်ရောက်ခွင့်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းခဲ့သည်။
ထို့ပြင် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ သမာသမတ်ကျသော စုံစမ်း စစ်ဆေးမှုများပြုလုပ်ရန်၊ ထိုကိစ္စနှင့် ဆက်စပ်၍ ဖမ်းဆီး ထားသူများ၏ လူ့အခွင့်အရေးများကို လေးစားရန် စသည်တို့ကိုလည်း Valerie Amos က တောင်းဆိုခဲ့သည်။
မြန်မာအစိုးရကမူ ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး တစ်ဦး ပျောက်ဆုံးမှုတွင် လူ ၁၉ဦးပါဝင်ပြီး ခေါင်းဆောင်ဖြစ်သူမှာ ဘင်္ဂလားဒေ့ရှ်တွင် သင်တန်းတက်ခဲ့သူဖြစ်သည်ဟု အစိုးရသတင်းစာများတွင်ဖော်ပြခဲ့ပြီး အရပ်သားများ အများအပြား သတ်ခံရမှုသတင်းများကို လုံးဝငြင်းဆိုထားဆဲဖြစ်သည်။