News @ M-Media

Tag: mcity

  • နာဆရီ (မန်စီးတီး/ပြင်သစ်) [ကမ္ဘာကျော် မွတ်စလင် အားကစားသမားများ ကဏ္ဍ]

    မတ်လ ၅ ၊ ၂၀၁၃
    M-Media
    ရှာဖွေတင်ပြသူ- ဝေဇင်

    ကမ္ဘာကျော် မွတ်စလင် အားကစားသမားများ ကဏ္ဍ
    Samir-Nasri_Yaya-Toure

     

    အမည်အပြည့်အစုံ        ဆာမီရ် နာဆရီ (Samir Nasri)

    မွေးသက္ကရာဇ်             ၂၆. ၆. ၁၉၈၇

    အဖအမည်                အဘ်ဒလ်ဟဖိဒ် နာဆရီ (Abdelhafid Nasri)

    အမိအမည်                အူဝါစီလာ ဘင် စအစ် (Ouassila Ben Saïd)

     

    ငယ်ဘဝ

    Samir Nasri–       ပြစ်သစ်နိုင်ငံ မာဆေလ်းမြို့မြောက်ဘက် ဆင်ခြေဖုံးဒေသတွင်မွေးဖွား

    –       ငယ်စဉ်ကတည်းက ဘောလုံးကစားခြင်းကို စိတ်ဝင်စားခဲ့

    –       အသက်ခြောက်နှစ်အရွယ်တွင် La Gavotte Peyret ကလပ်တွင် စတင် ကစားခဲ့

    –       အသက် ၇ နှစ်အရွယ်တွင် Pennes Mirabeau ကလပ်သို့ ပြောင်းရွှေ့ခဲ့

    –       အဆိုပါကလပ်တွင် ကစားနေစဉ် မာဆေလ်း ဘောလုံးအသင်း၏ ကင်းထောက်မှ တွေ့ရှိခဲ့

    –       အသက် ၉ နှစ်အရွယ်တွင် ပြင်သစ်ကလပ် မာဆေလ်း အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး မာဆေလ်း ဘောလုံးအကယ်ဒမီသို့ တက်ရောက်ခဲ့

    –       ဘောလုံးစွမ်းရည်များ တိုးတက်လာခဲ့ပြီး မာဆေးလ် လူငယ်အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ကာ အသင်းနှင့်အတူ ဆုဖားများစွာ ဆွတ်ခူးရရှိခဲ့

    –       ၂၀၀၃-၂၀၀၄ ဘောလုံးရာသီတွင် ၁၈ နှစ်အောက် လူငယ်အသင်းတွင် ပါဝင်ကစားခဲ့

    –       အသက် ၁၆ နှစ်အရွယ်တွင် မာဆေးလ် အရန်အသင်းနှင့်အတူ စတုတ္ထတန်းတွင်ကစားခဲ့

     

    ပရော်ဖက်ရှင်နယ်ဘဝ

    မာဆေလ်း

    200px-Samir_Nasri_in_Moscow

    –       ၂၀၀၄-၂၀၀၅ ဘောလုံးရာသီတွင် အာဆင်နယ်၊ ချယ်ဆီး၊ လီဗာပူး၊ နယူးကာဆယ် စသည့် အသင်းကြီများက ခေါ်ယူရန် စိတ်ဝင်စားလာ

    –       သို့သော် ၂၀၀၄၊ သြဂုတ်လတွင် မာဆေးလ်အသင်းနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့

    –       စက်တင်ဘာ၊ ၁၂ ရက် ဆိုးချော့ အသင်းနှင့် ကစားသည့်ပွဲတွင် လူစားဝင်ကစားခဲ့ကာ ပထမဦးပွဲထွက်ခွင့်ရရှိခဲ့

    –       အောက်တိုဘာ၊ ၁၇ ရက် စိန့် အက်တီယန် အသင်းနှင့် ကစားသည့်ပွဲတွင် ပထမဦးဆုံးအကြိမ် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့

    –       ထိုနှစ်ဆောင်းရာသီနားချိန်အပြီး ပထမဦးဆုံး ပြန်လည်ကစားခဲ့သော လိုင်လီ အသင်းနှင့် ပွဲတွင် မာဆေလ်းအသင်းအတွက် သူ၏ ပထမဦးဆုံးဂိုး သွင်းယူခဲ့

    –       ၂၀၀၅ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ ဆွစ်ဇလန်ကလပ် BSC Young Boys နှင့်ကစားခဲ့သော ယူအီးအက်ဖ်အေ အင်တာတိုတို ဖလား ပထမအကျော့ယှဉ်ပြိုင်ရာတွင် ပါဝင်ကစားခဲ့ပြီး ဥရောပပြိုင်ပွဲ ပထမဆုံးပွဲထွက်ခွင့် ရရှိခဲ့

    –       ဒုတိယအကျော့ ယှဉ်ပြိုင်ရာတွင် ဥရောပပြိုင်ပွဲ ပထမဆုံး ဂိုး သွင်းယူခဲ့

    –       ယူအီးအက်ဖ်အေ အင်တာတိုတိုဖလားကို မာဆေးအသင်းနှင့်အတူ ဆွတ်ခူးရရှိခဲ့

    –       မာဆေးအသင်းနှင့် ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့

    –       ၂၀၀၆-၂၀၀၇ ဘောလုံးရာသီအပြီးတွင် မာဆေးလ်အသင်းမှာ အမှတ်ပေးပြိုင်ပွဲ ဒုတိယနေရာ ရရှိခဲ့ပြီး နာဆရီမှာလည်း ပြင်သစ်လိဂ်၏ အကောင်းဆုံးလူငယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရ

    –       မာဆေလ်းအသင်းပရိတ်သတ်များ မဲပေးရွေးချယ်သည့် အသင်း၏ အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရ

    –       မာဆေလ်းအသင်းတွင် ဘောလုံးရာသီ လေးရာသီကစားပြီးနောက် ၂၀၀၈ ခုနှစ်တွင် အာဆင်နယ်အသင်းသို့ပြောင်းရွှေ့ခဲ့

     

    အာဆင်နယ်

    Samir Nasri 2

    –       ၂၀၀၈ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် အာဆင်နယ်အသင်းနှင့် လေးနှစ်စာချုပ် ချုပ်ဆိုခဲ့

    –       ဇူလိုင် ၃၀ ဂျာမန်ကလပ် စတုဂတ်အသင်းနှင့် ခြေစမ်းပွဲတွင် အာဆင်နယ်အသင်းအတွက် ပထမဆုံး ပါဝင်ကစားခဲ့

    –       သြဂုတ်လ ၁၆ ရက် ၀စ်ဘရွန်းအသင်းနှင့် ကစားသည့် ပရိမီးယားလိဂ်၏ အဖွင့် ပွဲစဉ်တွင် ပွဲထွက်ခဲ့ပြီး ပွဲအစ ၄ မိနစ်အကြာတွင် အာဆင်နယ်အသင်းအတွက် ပထမဆုံး ဂိုး သွင်းယူပေးခဲ့

    –       သြဂုတ်လ ၂၇ ရက်တွင် ဟော်လန်ကလပ် တွမ်တီး အသင်းနှင့်ကစားသည့် ချန်ပီယံလိဂ် တတိယအဆင့်၊ ဒုတိယအကျော့ပွဲစဉ်တွင် ဂိုးသွင်းယူခဲ့ပြီး ထိုဂိုးမှာ ဥရောပြိုင်ပွဲတွင် အာဆင်နယ်အသင်းအတွက် သူ၏ ပထမဆုံးဂိုးဖြစ်ခဲ့

    –       ၂၀၀၈-၂၀၀၉ ဘောလုံးရာသီတွင် ပွဲထွက်ကစားသမားအဖြစ် ၄၄ ပွဲကစားခဲ့ပြီး၊ ၇ ဂိုးသွင်းယူပေးခဲ့ကာ၊ ၅ ဂိုး ဖန်တီးပေးနိုင်ခဲ့

    –       ၂၀၀၉ ဇူလိုင်လ အာဆင်နယ်အသင်း၏ ရာသီအကြို ခြေစမ်းပွဲတစ်ခုတွင် ခြေထောက်ကျိုးခဲ့ပြီး ၃ လနီးပါးခန့် အနားယူခဲ့ရ

    –       ၂၀၁၀ မတ်လ ၉ရက်နေ့တွင် ပေါ်တိုအား ၅ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရသော ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွင် တတိယမြောက်ဂိုးကို လှပစွာ သွင်းယူခဲ့

    –       ၂၀၀၉-၂၀၁၀ ဘောလုံးရာသီတွင် နာဆရီသည် ၃၄ ပွဲ ပွဲထွက်ကစားခဲ့ပြီး ၅ ဂိုးသွင်းယူခဲ့ကာ ၅ ဂိုး ဖန်တီးပေးခဲ့

    –       ၂၀၁၀-၂၀၁၁ ဘောလုံးရာသီတွင် အထူးခြေစွမ်းပြခဲ့ပြီး PFA ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုနှင့် အကောင်းဆုံး လူငယ်ဘောလုံးသမားဆု ဆန်ကာတင် စာရင်းတွင်ပါဝင်ခဲ့

    –       ၂၀၁၀ ခုနှစ် ပြင်သစ်နိုင်ငံ၏ အကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရ

    –       အာဆင်နယ်အသင်းတွင်း ၃ ရာသီ ဖြတ်သန်းပြီးနောက် ၂၀၁၁ သြဂုတ်လတွင် မန်ချက်စတာ စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့

    မန်ချက်စတာစီးတီး

    Samir-Nasri

    –       ၂၀၁၁၊ သြဂုတ်လ ၂၄ ရက်နေ့တွင် မန်ချက်စတာစီးတီးအသင်းနှင့် လေးနှစ်စာချုပ် ချုပ်ဆိုခဲ့

    –       သြဂုတ် ၂၈ ရက် တော့တင်ဟမ် ဟော့စပါးနှင့် ဝေးကွင်းတွင် ကစားရသော ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအတွက် ပထမဆုံးပါဝင်ကစားခဲ့

    –       အောက်တိုဘာ ၁ ရက်နေ့ ဘလန်ဘန်းအသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရသော ပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် သူ၏ ပထမဆုံး ဂိုး သွင်းယူပေးခဲ့

    –       ၂၀၁၂ မေလ ၁၃ ရက်နေ့တွင် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးရရှိခဲ့

    နိုင်ငံ့လက်ရွေးစင် ကစားသမား ဘဝ

    လူငယ်

    Samir Nasri youth–       ဟာတင် ဘင် အာဖာ၊ ကာရင် ဘန်ဇီမာ၊ ဂျယ်ရမီ မန့်ဇ် တို့ပါဝင်သည့် ၁၉၈၇ ဘောလုံးမျိုးဆက် အုပ်စုတွင်ပါဝင်သူဖြစ်ခဲ့

    –       ပြင်သစ် လူငယ်အသင်းတိုင်းတွင် ပါဝင်ကစားခွင့်ရရှိခဲ့

    –       ၁၆ နှစ်အောက် ပြင်သစ်လူငယ် အသင်းတွင် နာဆရီ သည် ၁၆ ပွဲ ပွဲထွက်ကစားခဲ့ပြီး ၈ ဂိုး သွင်းယူပေးခဲ့

    –       ၂၀၀၄ ဥရောပချန်ပီယံရှစ် ၁၇ နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲတွင် ပြင်သစ် လူငယ်အသင်းနှင့် အတူ ပါဝင်ကစားခဲ့

    –       စပိန်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရသည့် ဗိုလ်လုပွဲတွင် အသင်းအတွက် ဒုတိယ ဂိုးကို သွင်းယူပေးခဲ့ပြီး ပြင်သစ်လူငယ် အသင်းနှင့်အတူ ချန်ပီယံ ဖြစ်ခဲ့

    –       ၁၇ နှစ်အောက်အဆင့်တွင် ပြင်သစ်အသင်း ပထမဆုံး ချန်ပီယံဖြစ်ခဲ့ခြင်းလည်းဖြစ်

    –       ၁၇ နှစ်အောက် ပြစ်သစ်လူငယ်အသင်းတွင် နာဆရီသည် ၁၆ ပွဲ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ၆ ဂိုး သွင်းယူပေးခဲ့

    –       ၁၉ နှစ်အောက်နှင့် ၂၁ နှစ်အောက် ပြင်သစ်လူငယ်အသင်းများတွင်လည်း ပါဝင်ကစားခဲ့

    လက်ရွေးစင် အသင်းကြီးသို့

    Samir Nasri Doa

    –       ၂၀၀၇ မတ်လ ၁၅ ရက်နေ့တွင် ပြင်သစ်လက်ရွေးစင်အသင်းကြီးမှ ခေါ်ယူခဲ့

    –       လက်ရွေးစင် အသင်းတွင် ပါဝင်ခွင့်ရခြင်းကြောင့် နာဆရီက အလွန်ပင်ပျော်ရွှင်မိကြောင်း၊ အလွန်ဂုဏ်ယူမိကြောင်း ဖွင့်ဟခဲ့

    –       မတ်လ ၁၅ ရက်နေ့ သြစတီးယားနှင့် ကစားသည့် ခြေစမ်းပွဲတွင် လက်ရွေးစင်အသင်းအတွက် ပထမဦးဆုံး ပွဲထွက်ခွင့်ရ

    –       ထိုအချိန်တွင် နာဆရီမှာ အသက် ၁၉ နှစ်ရှိပြီဖြစ်

    –       ဇွန်လ ၆ ရက်နေ့ ဂျောဂျီယာအသင်းအား ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသော ယူရို ၂၀၀၈ ခြေစစ်ပွဲတွင် လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူပေးခဲ့

    –       သူ၏ ထူးချွန်မှုကြောင့် ယူရို ၂၀၀၈ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်ရန် ရွေးချယ်သည့် ပြင်သစ်အသင်း လူစာရင်းတွင်ပါဝင်ခဲ့

    –       ၂၀၁၀ ကမ္ဘာဖလားပြိုင်ပွဲတွင်မူ ရွေးချယ်ခံရခြင်းမရှိခဲ့

    –       ၂၀၁၁ မတ်လ ၂၅ ရက် လူဇင်ဘတ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ယူရို ၂၀၁၂ ခြေစစ်ပွဲစဉ်တွင် လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ပထမဆုံး တာဝန်ယူခဲ့

    samir-nasri3

    အောင်မြင်မှုများ

    ကလပ်

    မာဆေးလ်

    –       ယူအီးအက်ဖ်အေ အင်တာတိုတိုဖလား (၂၀၀၅)

    မန်ချက်စတာစီးတီး

    –       ပရီးမီးယားလိဂ်ဖလား (၂၀၁၁-၂၀၁၂)

    –       ကွန်မြူနတီဒိုင်း (၂၀၁၂)

    တစ်ဦးချင်း

    –       ၂၀၀၆-၂၀၀၇ ပြစ်သစ်လိဂ် တနှစ်တာ လူငယ်ကစားသမားဆု

    –       ၂၀၁၀ ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု

    –       ၂၀၁၀ခုနှစ် ပြစ်သစ်နိုင်ငံ၏ အကောင်းဆုံး ဘောလုံးသမားဆု

    –       ၂၀၁၀ ဒီဇင်ဘာလအတွက် အာဆင်နယ်အသင်း၏ အကောင်းဆုံး ကစားသမားဆု