News @ M-Media

Tag: MissGrandInternational

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
    M-Media

    – အမေရိကန်အထက်လွှတ်တော်ရှိ နိုင်ငံခြားရေးရာ ကော်မတီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်ကို ယမန်နေ့တွင်
    ချမှတ်လိုက်ပြီး အဆိုပါ ပိတ်ဆို့မှုအသစ်မှာ မြောက်ကိုရီးယားအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်နေသည့်
    နိုင်ငံရပ်ခြားကုမ္ပဏီများနှင့် ပတ်သက်၍ ဖြစ်သည်။

    – အစ္စလာမ်ဘာသာတရားနှင့်ပတ်သက်၍ ဝေဖန်ရေးသားလေ့ရှိသော ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန်နိုင်ငံသား အဗီဂျစ်
    ရွိုင်မှာ ကြာသာပတေးနေ့က ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။ ၎င်းမှာ ဇနီးဖြစ်သူနှင့်
    စာအုပ်ပွဲတော်တစ်ခုမှ ပြန်လာစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဇနီးမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။

    – နှစ်နိုင်ငံ သံတမန်ပြန်လည်ဆက်သွယ်ရေးအတွက် ယမန်နေ့ကပြုလုပ်ခဲ့သော အမေရိကန်နှင့် ဆွေးနွေးမှုများမှာ
    တိုးတက်မှုများရှိခဲ့ပြီး၊ တရားဝင် သံအဆက်အသွယ်လုပ်မည့်ရက်ကို မသတ်မှတ်ရသေးဟု ကျူးဘားနိုင်ငံက
    ပြောကြားလိုက်သည်။

    – အီဂျစ်တော်လှန်ရေးပြီးနောက် နိုင်ငံ၏သမိုင်းတစ်လျှောက် ဒီမိုကရေစီနည်းကျ ပထမဆုံး အနိုင်ရရှိခဲ့သော
    မွတ်စလင်ညီအစ်ကိုများအဖွဲ့မှ အဓိကခေါင်းဆောင် မိုဟာမက် ဘဒိုင်းကို အီဂျစ်တရားရုံးက ယနေ့တွင် ထောင်ဒဏ်
    တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

    – ပြီးခဲ့သည့်နှစ်က လက်ကောက်ဝတ်ဒဏ်ရာကြောင့် အနားယူနေရာမှ ပြန်လာသည့် စပိန်တင်းနစ်အကျော်အမော်
    ရာဖေးလ်းနာဒယ်မှာ ဗျူနိုအေရီးစ်တွင် ကျင်းပပြုလုပ်နေသည့် အာဂျင်တိုင်းအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ယမန်နေ့က
    ဖက်ဒရီကို ဒလ်ဘိုနစ်အား အနိုင်ရရှိပြီးနောက် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဟု သိရသည်။

    – ကြာသာပတေးနေ့က လန်ဒန်တွင် ကျင်းပခဲ့သော ဂီတထူးချွန်ဆုပေးပွဲတွင် ပရိတ်သတ်များအား ဖျော်ဖြေစဉ်
    ပြုတ်ကျခဲ့သည့် ပေါ့ပ်အဆိုကျော် မက်ဒေါနားက ၎င်းအနေဖြင့် လည်ပင်းကို ထိသွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: news agencies

  • Miss Supranational 2013 နှင့် Miss Grand International 2013 မြန်မာအလှမယ်များ ဝင်ပြိုင်မည်။

    သြဂုတ် ၁၅၊ ၂၀၁၃
    M-Medi
    ဆူးထက်

    P8140260

    ရန်ကုန်။        ။ ကမ္ဘာအဆင့် အလှမယ် ပြိုင်ပွဲများဖြစ်သော Miss Supranational 2013 နှင့် Miss Grand International 2013 ပြိုင်ပွဲကြီးများသို့ သွားရောက် ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်လေးများကို သရဖူ ပေးအပ်ချီးမြှင့်ခြင်းနှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ Traders Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အခမ်းအနားတွင်  Miss Supranational Myanmar Organization မှ ဒါရိုက်တာများဖြစ်သော ကိုဝေယံအောင်နှင့် ကိုဟန်ဇော်လတ်တို့က ပြိုင်ပွဲကြီးများအတွက်ံမြန်မာနိုင်ငံမှ တရားဝင် နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရအောင် ကြိုးပမ်းခဲ့ရကြောင်း၊ နိုင်ငံကိုယ်စားပြု အလှမယ် နှစ်ဦးအား နိုင်ငံတကာ ပြိုင်ပွဲကြီးများအတွက် စနစ်တကျ လေ့ကျင့်သင်ကြား ပေးခဲ့ရကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

    မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ်  Miss Supranational ပြိုင်ပွဲအတွက် မခင်ဝင့်ဝါနှင့်  Miss Grand International ပြိုင်ပွဲ အတွက် မထားထက်ထက်တို့အား မနန်းခင်ဇေယျာမှ သရဖူ ဆောင်းပေးခဲ့ပြီး ကိုဝေယံအောင်နှင့် ကိုဟန်ဇော်လတ်တို့က ဂုဏ်ပြုစလွယ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

    P8140262

    Miss Grand International ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသော  မထားထက်ထက် က” မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံရတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲများမှာ ကျွန်မအနေနဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်ကိုဆောင်နိုင်အောင် အကောင်းဆုံး ကြိုးစားသွား ပါ့မယ်။ မြန်မာ ပြည်သူတွေအနေနဲ့ ကျွန်မကို အားပေးပါ။ ပြည်သူတွေရဲ့ အချစ်က ကျွန်မအတွက် အားဆေးပါ။ ” ဟု M-Media သို့ပြောသည်။

    Miss Supranational 2013 ပြိုင်ပွဲတွင် မခင့်ဝင့်ဝါမှ ”  ကျွန်မက ရိုးရာ ၀တ်စုံအနေနဲ့ ပျူဝတ်စုံကို ၀တ်ပြီး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လေ့လာသွားရပါတယ် ” ဟု M-Media သို့ပြောသည်။

    ဆက်လက်ပြီး မနန်းခင်ဇေယျာမှလည်း အလှမယ်လေးများဟာ ဂုဏ်ပြုအားပေး စကားနှင့် အကြံပြုစကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။