News @ M-Media

Tag: MMSY

  • MMSY လူငယ်များ၏ ပထမဆုံး ပရောဂျက် “အလ္လာ့ဟ်ဂုဏ်တော် ၉၉ပါး” Android application အခမဲ့ဖြန့်ချီ

    MMSY လူငယ်များ၏ ပထမဆုံး ပရောဂျက် “အလ္လာ့ဟ်ဂုဏ်တော် ၉၉ပါး” Android application အခမဲ့ဖြန့်ချီ

    MMSY မိသားစုဝင်များ၏ ပထမဆုံး ပရောဂျက် “အလ္လာ့ဟ်ဂုဏ်တော် ၉၉ပါး” Asma ul Husna Application(Android) ကို Google Play တွင် အခမဲ့ဖြန့်ချီ

    ဇူလိုင် ၁၃ရက်၊ ၂၀၁၂၊

    MMSY News

    ရန်ကုန်။

    MMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ ပထမဆုံး ပရောဂျက်အဖြစ် “Asma Ul Husna” application ကို Google Play Store တွင် ၂၀၁၂ခုနှစ် ဇွန်လက အခမဲ့ ထုတ်ဝေလိုက်ပါသည်။ ၄င်း application သည် Android ဖုန်းအသုံးပြုသောမြန်မာမွတ်စလင်မ်များ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊မြန်မာဖောင့် ကို app အတွင်း ထည့်သွင်း (embed) လုပ်ထားသည့်အတွက် ဖုန်းထဲတွင်မြန်မာစာမသွင်းထားလျှင်လည်း application တွင်မြန်မာစာဖြင့် ဖတ်၍ရမည်ဖြစ်ကြောင်း သိရှိရသည်။

     

    App Screenshots

    မုဖ်သီမုဟမ္မဒ် ဂျလာလုဒ္ဒိန်း(မော်လမြိုင် ) ရေးသားသည့် တောင်းဆုဒုအာ အဖြာဖြာစာအုပ်ကို မှီငြမ်းထားခြင်းဖြစ်ပြီး အလ္လာအရှင်မြတ်၏ ဂုဏ်တော် ကိုးဆယ့်ကိုးပါး၊ အဓိပ္ပါယ်နှင့်တကွ ထွတ်မြတ်မှုများကို အလွယ်တကူလေ့လာနိုင်သည်။မြန်မာမွတ်စလင်များ အစ္စလာမ့်ဗဟုသုတနှင့် စာပေများ အလွယ်တကူ လေ့လာနိုင်ရန်ရည်ရွယ်ပြီး MMSY မှ ဝါသနာရှင် လူငယ်များ ပူးပေါင်း၍ အခြား Android application များကို ဆက်လက်ထုတ်ဝေနိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ ယခုလက်ရှိတွင် တောင်းဆုဒိုအာများ (အာရဗီ+မြန်မာ နှစ်ဘာသာ)၊ ရမသွာန် (အစ္စလာမ် ဥပုတ်လ) လက်စွဲ စသည့် app များကို မကြာမှီအချိန်အတွင်း ဖြန့်ချီသွားမည်ကြောင်း သိရသည်။

    Asma ul Husna Burmese application ကို Google Play Store မှ တိုက်ရိုက် ဒေါင်းလုတ်လုပ်နိုင်ပြီး Play Store အသုံးပြု၍မရပါက ဤနေရာမှ ဒေါင်းလုတ်လုပ်၍ သွင်းနိုင်ပါသည်။ အမှားအယွင်း တစ်စုံတစ်ရာတွေ့ရှိပါက (သို့မဟုတ်) အကြံပြုလိုပါက [email protected] သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်ပါသည်။
  • ချိုးငှက်များသို့ တမ်းချင်း

    ဟိုး…….
    လှောင်ချိုင့်ကြားက
    အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့
    ချိုှးငှက်တွေ
    လေဟုန်မှာအတောင်ပံဖြန့်လို့
    အားနဲ့မာန်နဲ့ သူတို့လဲ ပျံချင်ရှာနေမပေါ့ မေမေ ….

    ရင်နှစ်သည်းချာတွေနဲ့
    သံတစ်တိုင်စာ ကွာဝေးရတဲ့ ဘ၀မှာ
    ဟိုး ဝေးဝေးက တောင်ပံ ခတ်သံတွေနဲ့
    မပီဝိုးဝါးအိပ်မက်တွေက လေဆန်အရပ်က
    ပျံတက်မလာကြတော့ဘူးတဲ့မေမေ…..

    သွေးလဲတိတ်စေလို့
    ချွေးလဲ သိပ်စေမဲ့ ရင်ခွင်ကို
    သူတို့တမ်းတ …..
    ငါ စွဲ မရှိတဲ့ သူတို့ဘ၀တွေ
    သံတိုင်ကြားမှာ ကြွေပြရတာ
    မနစ်နာ လွန်းဘူးလား မေမေ ….

    လွတ်ပြီး လပ်နေတဲ့ အရပ်မှာ
    မကြာခဏပြောပြောနေကြတဲ့
    ပုံစံခွက်ထဲက Freedom တွေကြောင့်
    ခြေရာလည်းပျောက် ရေကြည်လဲ နောက်ရပြန်ပြီ မေမေ ….

    နင်းပြားဘ၀ကနေတောင်
    မရမကခေါင်းထောင်ထ နေတဲ့
    လေးစားလောက်တဲ့ ..
    သူတို့စိတ်ဓာတ်တွေ အတွက်
    ပေးတဲ့ဒဏ်ချက်က သွေးပျက်လောက်အောင်
    ကြီးမားလွန်းနေတယ် မေမေ..

    လွတ် လပ် ရေးဆိုတာ ဘာလဲ မေမေ
    သတ်သတ်မှတ်မှတ် မရှိတဲ့
    နွားခြေရာခွက်ထဲက အော်ရတဲ့
    ဖားသူငယ်ဘ၀နဲ့ပဲ…
    ကျွန်တော်တို့ ခောတ်က ဟောင်းရတော့မှာလား ..
    ကျွန်တော်တို့ စနစ်က ပြောင်းရတော့မှာလား ……

    ကျွန်တော် အားကိုးတကြီးမျှော်လင့်မိပါတယ် မေမေ …
    ဒီ ၆၄ ကြိမ်မြောက် လွှင့်ထူခြင်းဟာ …
    ကျွန်တော်တို့ဖခင် လှူခဲ့တဲ့အသွေးအသားကို
    ပြန်လည်နိုးထစေခြင်းဖြစ်ပါစေလို့…

    စူးရှအိမ်  ၄၊၁။၂၀၁၂ ( 12:34 Pm)