News @ M-Media

Tag: Mohammad

  • “ မုဟမ္မဒ် ” ဟု အမည်ထားသူများ ကမ္ဘာတစ်ဝှန်း အများဆုံးဖြစ်ဟု စပိန် ABC သတင်းစာမှဖော်ပြ

    နိုဝင်ဘာ-၁ ၊ ၂၀၁၃
    M-Media

    Mohammad

    အစ္စလာမ့် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်စေသား)၏ အမည်သည် ကမ္ဘာ့ရေပန်းအစားဆုံး အမည်နာမ တစ်ခုဖြစ်နေကြောင်း သတင်းသစ်တစ်ရပ်က ဆိုသည်။

    စပိန်နိုင်ငံနေ့စဉ်ထုတ်သတင်းစာ ABC မှ “ မုဟမ္မဒ် ” ဟု အမည်ထားသူများ ကမ္ဘာတစ်ဝှန်းတွင် သန်း ၁၅၀ ရှိကြောင်း လတ်တစ်လော ဖော်ပြခဲ့သည်။

    မွတ်စ်လင်မ်အများစုရှိသည့် အစ္စလာမ်နိုင်ငံများအပါအ၀င် အစ္စလာမ်မဟုတ်သော နိုင်ငံများတွင်လည်း မုဟမ္မဒ် ဟူသော အမည်မှာ တရှိန်ထိုးများပြားလာပြီး ပြင်သစ်ပြည်အချို့ဒေသများ၌ပင် မွေးကင်းစ ကလေးငယ်များအတွက် ရေပန်းအစားဆုံး အမည်နာမ ဖြစ်နေကြောင်း၊ ထို့အပြင် စပိန်နှင့်ဗြိတိန်၌လည်း ရေပန်းအစားဆုံး အမည်စာရင်းတွင် ဆဌမမြောက်ဖြစ်နေကြောင်း သတင်းစာက ဆိုသည်။

    Milan’s Chamber of Commerce မှ ပြုလုပ်သော လေ့လာမှုအရ မုဟမ္မဒ် ဟူသည့်အမည်နာမသည် အီတလီနိုင်ငံ၊ မီလန်မြို့ရှိ အငယ်စားလုပ်ငန်းရှင်များအကြား လူကြိုက်အများဆုံးဖြစ်နေကြောင်း စက်တင်ဘာ ၄ ရက်က ထုတ်ဝေဖော်ပြခဲ့သည်။

    Source : Presstv

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • လန်ဒန်၌ ၂၀၁၂ ခုနှစ်အတွင်း “မုဟမ္မဒ်” ဟူသော အမည်နာမသည် ရေပန်းအစားဆုံးဖြစ်ခဲ့

    သြဂုတ်- ၁၃ ရက်၊ ၂၀၁၃

    M-Media

    rasouli_amir20130813070906087

    ယခုအခါ မွေးကင်းစယောက်ျားလေးများအား “မုဟမ္မဒ်” ဟု ကင်ပွန်းတပ်မှုသည် လန်ဒန်၌ ရေပန်းအစားဆုံးနှင့် ဗြိတိန်နိုင်ငံတစ်ဝှန်း၌ ဒုတိယမြောက်ရေပန်းအစားဆုံးဖြစ်နေကြောင်း  Britain’s Office for National Statistics (ONS) ၏ စာရင်းစစ်တမ်းမှ ဖော်ပြလိုက်သည်။

    ၂၀၁၂ ခုနှစ်အတွင်း မွေးကင်းစကလေးငယ်စုစုပေါင်း ၁၂၉၂ ဦးကို စာလုံးပေါင်းအမျိုးမျိုးဖြင့် မုဟမ္မဒ် ဟု အမည်ပေးခဲ့ကြသလို ယောက်ျားလေး ၇၁၃၉ ဦး၏ ကိုယ်ပိုင် အမည်ရှေ့တွင် လည်းကောင်း၊ ၂၉ ဦး၏ ကိုယ်ပိုင်အမည်နောက်တွင်လည်းကောင်း မုဟမ္မဒ် ဟူသော စကားလုံးကို ထည့်သွင်းမှည့်ခေါ်ခဲ့ကြသည်။

    ၂၀၁၂ ခုနှစ်အတွင်းမွေးဖွားခဲ့သည့် ကလေးငယ်ပေါင်း ၇၂၉,၆၇၄ ဦးအနက် ၆၄,၀၀၀ ဦးအား ယင်းသို့ပုံဟန်မူကွဲများဖြင့် အမည်တပ်ခဲ့ခြင်းဖြစ်သည်။

    တမန်တော်မုဟမ္မဒ်(PBUH)၏အမည်ကို ရှေ့ထားလျက် မွတ်စ်လင်မ်အမည်နာမများ တိုးပွားလာခြင်းမှာ ဗြိတိန် နှင့် လန်ဒန်၌ အာရှအနွယ် အခြေချသူဦးရေ မြင့်မားတိုးပွားလာခြင်းနှင့် ဆက်နွှယ်နေကြောင်း ဆိုကြသည်။

    တရားဝင်စာရင်းဇယားများအရ ယခုအခါ လန်ဒန်ရှိ နိုင်ငံခြားသားအုပ်စုတွင် အိန္ဒိယလူမျိုးမှာ အများဆုံးဖြစ်၍ အခြေချနေထိုင်သောနိုင်ငံခြားသားအားလုံး၏ ၉ % ရှိကြောင်း၊ လန်ဒန်၏လူဦးရေ သုံးသန်းအနက် ပြောင်းရွှေ့အခြေချနေထိုင်သူနိုင်ငံခြားသားများမှာ ၃၇ % အထိ ရှိလာကြောင်း ဖော်ပြနေသည်။

    ၂၀၁၁ လူဦးရေစစ်တမ်းတွင် ဗြိတိန်လူဦးရေပမာဏစုစုပေါင်း၏ ၅ % မှာ မွတ်စ်လင်မ်များ ဖြစ်ကြပြီး၊ ဤနှစ်မေလ မတိုင်မီအထိ ဗြိတိန်ရှိ အသက် ၂၅ နှစ်အောက် လူဆယ်ဦးတွင် တစ်ဦးမှာ မွတ်စ်လင်မ်များ ဖြစ်နေသည်ဟု ONS မှ ထုတ်ပြခဲ့သည်။

    AMR/HE