ဇူလိုင် ၆၊ ၂၀၁၅
M-Media
မိုးစက်
ဘီးလင်း။ ။ မွန်ပြည်နယ် ဘီးလင်းမြို့ တောင်စွန်းကျေးရွာရှိ တောင်စွန်းဂျာမေဗလီတွင် မိုးရာသီကာလ ဗလီဝတ်ပြုသည့်နေရာ မိုးမလုံ၍ အမိုးကာသည်ကို မ.ဘ.သ အဖွဲ့မှ ဖိအားပေး တားဆီးခဲ့သောကြောင့် ပြုပြင်ခဲ့သည့် အမိုးအား ပြန်လည် ဖျက်သိမ်းပေးရန် သဘောတူညီခဲ့ရကြောင်း သိရသည်။
.
တောင်စွန်းဂျာမေဗလီမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ဗလီဝတ်ကျောင်းတော် ဝတ်ပြုသည့်နေရာ ၃၅× ၄၀ ပေ အကျယ်အဝန်း ရှိသည့် နေရာအား အမိုးပြန်လည်ပြုပြင်ရန် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အား တင်ပြခဲ့ပြီး အုပ်ချုပ်ရေး အဖွဲ့မှ နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သောကြောင့် အမိုးပြုပြင် မွမ်းမံမှုများကို ပြုလုပ်ခဲ့သည်။
.
“ကျွန်တော်တို့ ဗလီသက်တမ်းက နှစ် (၁၀၀) လောက်ရှိပါပြီ။ ဗလီကို ဘာမှ မပြုပြင်ဘဲ ထားတာ တော်တော်ကြာခဲ့ပါပြီ။ ဗလီက အုပ်ခံသွပ်မိုးဗလီပါ။ သွပ်တွေကပေါက်ပြဲပြီး ခုလည်း ဝတ်ပြုဖို့က မိုးမလုံတာကြောင့် ပြန်လည်ပြုပြင်ဖို့ တင်ပြပြီး ဆောင်ရွက်ခဲ့တာပါ” ဟု တောင်စွန်းဂျာမေဗလီမှ တာဝန်ရှိသူတစ်ဦးက M-Media ကိုပြောခဲ့ပါသည်။
.
အမိုးပြင်ပြီးတဲ့ အချိန်မှ မ.ဘ.သ က ကန့်ကွက်တယ်ဆိုပြီး မြို့နယ် သာသနာရေးရုံး နဲ့ စည်ပင်မှ ဗလီသက်ဆိုင်ရာ တာဝန်ရှိသူများကို အစည်းအဝေး တစ်ရပ်ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုအစည်းအဝေးတွင် မြို့နယ် သာသနာရေး ဒု-ဦးစီးမှူး က ယခု ဆက်မလုပ်ဘဲနဲ့ ရပ်တန့်ထားပြီး ခွင့်ပြု မိန့်တင်ပြီး ခွင့်ပြုမိန့်ကျလာမှ ဆက်လုပ်ရန်ပြောဆိုခဲ့သော်လည်း ဘီလင်း မ.ဘ.သ အဖွဲ့မှ အတွင်းရေးမှူးဆိုသူက ဆရာတော်များက ဒီအတိုင်း မထားခိုင်းဘူး ဖျက်ပေးရမယ်ဆိုပြီး ပြောဆိုခဲ့ကြောင်း သိရသည်။ ဖိအားပေးမှုများကြောင့် ဆွေးနွေးပြီးနောက်ပိုင်း မြို့နယ်သာသနာရေးနှင့် စည်ပင်တို့မှ ပြုပြင်ထားသည့် အမိုးအား ပြန်လည်ဖျက်သိမ်းပေးရန် ပြောဆိုခဲ့သည်။
.
ကျွန်တော်တို့ကို ဖျက်ခိုင်းတော့လည်း ဖျက်ပေးရမှာပေါ့။ ဒါပေမယ့် အခုက ဥပုသ်ကလည်း ဖြစ်နေတော့ ဝတ်ပြုဖို့က အရမ်း အခက်အခဲဖြစ်နေတော့ မေတ္တာရပ်ခံထားပြီး ဥပုသ်ပြီးတာနဲ့ ပြန်ဖျက်ပေးမယ်ဆိုပြီး သဘောတူညီမှုရယူထားပါတယ်။ အုပ်ချုပ်ရေးမှူးတွေဘက်ကလည်း အမိုးကိုပြန်ဖျက်ပြီး တစ်ဖန်ပြန်လုပ်ဖို့ ခွင့်ပြုမိန့်ပြန်တင်ရန် ပြောဆိုထားကြောင်းကိုလည်း ယင်းဒေသမှမြို့ခံတစ်ဦးက M-Media ကိုပြောဆိုခဲ့ပါသည်။
.
အထက်ပါ အဖြစ်ပျက်အား တောင်စွန်းဂျာမေဗလီအား ၉၆၉ အဖွဲ့မှာ ဖျက်ပေးရန် အကြပ်ကိုင်တောင်းဆို ဆိုသည့် သတင်းများ ဆိုရှယ်မီဒီယာတွေ ပြန့်နှံလျက်ရှိရာ အဆိုပါ သတင်းမှားယွင်းကြောင်း ဗလီကို ဖျက်ခိုင်းခြင်းမရှိဘဲ မိုးယို၍ ပြင်ဆင်ခဲ့သည့် အမိုးကိုသာ ပြန်ဖျက်ခိုင်းတာ ဖြစ်ကြောင်း သိရှိရပါသည်။
.
မွန်ပြည်နယ် ဘီးလင်းမြို့ တောင်စွန်းကျေးရွာရှိ တောင်စွန်းဂျာမေဗလီသည် တောင်စွန်းမြို့ကျောက်မိုင်းကို စတင်လေ့လာ လုပ်ကိုင်ကြသည့် အစ္စမာန်ဝတီခန် ကုမ္ပဏီပိုင်ရှင်များသည် ၁၉၁၆ ခုနှစ်တွင် တောင်စွန်းကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရန်အတွက် လှူဒါန်းခဲ့သည့် ဗလီဝတ်ကျောင်းဖြစ်ကြောင်း သိရှိရပါသည်။
Tag: Mon State
-
ဘီလင်းမြို့ တောင်စွန်းဗလီ မိုးမလုံ၍ ခွင့်ပြုမိန့်ဖြင့် အမိုးပြုပြင်ခြင်း မ.ဘ.သ အဖွဲ့ တားဆီး၍ ပြန်ဖျက်ရ
-
ရာဇာမင်း အထူးကား ဓါးမြ တိုက်ခံရသည့် အမှုမှ ဓါးမြ(၃)ဦးအား ဖမ်းဆီးရမိ
ဇွန် ၁၄၊ ၂၀၁၃
M-Media
ဇာဏီမွန်ပြည်နယ် ။ ။ မွန်ပြည်နယ်၊ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူးယာဉ်အား ဓါးမြတိုက်မှုမှ ဓါးမြ(၅)ဦးအနက် (၃)ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဓါးမြ (၅)ယောက်အနက် တစ်ယောက်မှာ မော်လမြိုင်မှထွက်ပြေးပြီး၊ အခြားတစ်ယောက်မှာ ရေးမှဖြစ်ပြီး သူလည်း ထွက်ပြေးနေသည်ဟု သိရသည်။ ယခုအခါ ဖမ်းဆီးရမိသော တရားခံ(၃)ယောက်အား သထုံမှ ပြည်နယ် မော်လမြိုင်သို့ ခေါ်ဆောင်လာပြီဖြစ်သည်ဟု သိရသည်။ အဆိုပါ (၃)ယောက်တွင် သေနတ်(၂)လက်နှင့် ဗုံး(၁)လုံးလက်ရဖမ်းဆီးရမိသည်ဟုလည်း သိရသည်။
အဆိုပါ ဓါးမြမှုမှာ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူးယာဉ်အား ဇွန်လ ၉ ရက်နေ့ ည ၉-နာရီခန့်က သရက်တောအနီးတွင် ဓါးမြတိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက် ဒဏ်ရာရကာ ခရီးသွားပြည်သူများ ထံမှာ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများကို လုယက်ဓါးမြ တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
-
ကျိုက်ထိုနှင့် ဘီးလင်းတွင် ၉၆၉ တရားပွဲအပြီး မွတ်စလင်မ်ဆိုင်များ ဖျက်ဆီးခံရ
မတ် ၉၊ ၂၀၁၃
M-Media
အေးမောင်ကျိုက်ထို ။ ။ ကျိုက်ထိုမြို့၌ မနေ့ည (၈-၃-၂၀၁၃)နေ့ညက ပြုလုပ်သော ဘုန်းကြီးတရားပွဲအပြီးတွင် မွတ်စလင်မ်ဆိုင်တချို့မှ ခုံများ ရိုက်နှက်ဖျက်ဆီးခံရကြောင်းသတင်းရရှိသည်။
ယမန်နေ့ညပိုင်း ဘုန်းကြီးတရားပွဲအပြီးတွင် မွတ်စလင်မ်ပိုင် ဆိုင်တချို့မှခုံများအား ၉၆၉ အဖွဲ့ဝင်များမှ မင်းမဲ့စရိုက်ဖြင့် ၀ိုင်းဝန်းရိုက်ချိုးခဲ့ကြကြောင်း၊ ယင်းကဲ့သို့ ဖျက်ဆီးမှုများမှာ ကျိုက်ထို တစ်မြို့တည်းတွင် မဟုတ်ဘဲ မွန်ပြည်နယ်ရှိ မြို့ကြီးတချို့တွင် ပြုလုပ်နေကြောင်း၊ လွန်ခဲ့သော ၃-ရက်ခန့်ကလည်း မွန်ပြည်နယ် ဘီလင်းမြို့တွင် အလားတူ ဖျက်ဆီးမှုမျိုးရှိခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့ရှိ ၉၆၉ အဖွဲ့သည် ဘုန်းကြီးက ဦးဆောင်ဖွဲ့စည်းထားပြီး အရပ်သားများပါဝင်ကြောင်း၊ တရားပွဲများ ပြုလုပ်ရာတွင်လည်း တရားပွဲတွင် မွတ်စလင်မ် မုန်းတီးရေးကိုသာ ဟောပြောလေ့ရှိပြီး တရားပွဲပြီးသည်နှင့် မွတ်စလင်မ်ပိုင်များကို ဖျက်ဆီးလေ့ရှိလာကြောင်း၊ ၉၆၉-အဖွဲ့သည် ရှပ်အင်္ကျီအဖြူရောင်ပေါ်တွင် ၉၆၉ တံဆိပ်ရိုက် ၀တ်စုံဆင်တူ ၀တ်ဆင်၍ ဥပဒေမဲ့ မင်းမဲ့စရိုက်များ ပြုလုပ်နေကြောင်းသိရသည်။
ဘီးလင်းမြို့တွင် မွတ်စလင်မ်မုန်းတီးရေး လှုံ့ဆော်စာများ၊ မုန်းတီးရေး တရားပွဲများကို ပြုလုပ်ပြီး မုန်းတီးရေးတရားခွေများကို ဖြန့်ဝေနေကြသည်မှာ လအတန်ကြာပြီဖြစ်ကြောင်း၊ မွတ်စလင်မ် မုန်းတီးရေး လှုံ့ဆော်မှုများအတွက် ဘီးလင်းမြို့ရှိ မွတ်စလင်မ်လူကြီးများမှ နိုင်ငံတော်အထိ တင်ပြအစီရင်ခံထားကြောင်း၊ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့၊ ပြည်နယ် သာသနာရေးရာ ၀န်ကြီးဌာန၊ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်(၂)ဦး၊ အစ္စလာမ်သာသနာရေးရာကောင်စီ၊ မအဖအဖွဲ့နှင့် ဌာနဆိုင်ရာအဆင့်ဆင့် တို့သို့ တင်ပြအကြောင်းကြား ထားသော်လည်း ယင်း မုန်းတီးရေးလှုံ့ဆော်မှုများအား မည်သူမှ ဟန့်တားနိုင်ခြင်းမရှိကြောင်း၊ မည်သည့်အတွက်ကြောင့် တရားဥပဒေစိုးမိုးရေးကို မပြုလုပ်သည်ကို စဉ်းစား၍မရကြောင်း ကျိုက်ထိုနှင့် ဘီးလင်းမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။
-
ဘီးလင်းမြို့မှ အစ္စလာမ်ဘာသာကို ပုတ်ခတ်သည့် တရားပွဲများ တားမြစ်ပေးရန် အုပ်ချူပ်ရေးမှုးသို့ တိုင်ကြားထား
ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၃
M-Mediaမွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ကျေးရွာအချို့ တရားပွဲများတွင် သံဃာတော်အချို့ အစ္စလာမ်ဘာသာကို ပုတ်ခတ်ထိခိုက်သည့် ထည့်သွင်းဟောပြောနေသည့် တရားပွဲများနှင့် လှုံဆော်မှုများကို တားမြစ်ပိတ်ပင်ပေးရန် ဘီးလင်းမြို့နယ် အုပ်ချူပ်ရေးမှုးသို့ သတင်းထောက်နှင်းမောင် (တပ်ကြပ်ကြီး-ငြိမ်း) မှာ တိုင်ကြားထားကြောင်း သိရပါသည်။ အုပ်ချူပ်ရေးမှူးသို့ ပေးပို့ထားသော စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-
တောင်စွန်း တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်စေရန် လုပ်ကြံဖန်တီး လှုံ့ဆော်မှုများ ဖြစ်ပေါ်နေ
M-Media
နေသစ်ထွန်းဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာတွင် တရားပွဲအမည်ခံ အဓိကရုဏ်းလှုံဆော်ရေးဟောကြားမှုများ ၁၃ရက် ဆက် တိုက်ကျင်းပခဲ့ပြီးနောက် အစ္စလာမ် ဘာသာဝင်များအပေါ်ရန်လိုမှု ၊ ပဋိပက္ခဖြစ်ပေါ်စေရန် အကွက်ချ ဖန်တီးမှု တစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ “ ဇန်န၀ါရီလ မှာ ၉၆၉ မိတ်ဆက်ပွဲကို ဘုန်းကြီးငါးပါး နဲ့ ကျင်းပတယ်။ အဲဒါပြီးနောက် တောင် စွန်းက လူငယ်တွေ အဖွဲ့ဖွဲ့ပြီး မွတ်စလင် ဆိုင်တွေမှာ ဈေးမ၀ယ်ရေး ၊ ဆက်ဆံရေး မလုပ်ရေး စတာတွေ ကို လိုက်လံ လှုံ့ဆော် ပါတယ်။ ဇန်န၀ါရီ ၂၄ရက်နေ့ကစတင်ပြီး ၁၃ရက်ဆက်တိုက် တရားပွဲလုပ်တယ်။ အဲဒီတရားပွဲမှာ သိမ်ဇရပ်က ဆရာ တော် ဦးပညာဝရ က ရခိုင်ကိစ္စတွေ ၊ အစ္စလာမ် ဘာသာ နဲ့ ပတ်သက်လို့ ဆိုးဆိုးဝါးဝါး တိုက်ခိုက် ဟောပြော ခဲ့တယ်။ ” ဟု တောင်စွန်းမြို့ခံ တစ်ဦးက ပြောပါသည်။
ယင်းတရားပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးနောက် အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင်များအကြား အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လုပ်ကြံဖန်တီးမှု တစ်ရပ်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။
“ကုလားဗလီကျောင်း အိမ်သာမှာ ဗုဒ္ဓဘာသာ သင်္ကေတ ၉၆၉ ကို ကုလားဗလီ ကျောင်းအိမ်သာ မှာ ရိုင်းရိုင်းစိုင်းစိုင်း ရေးထားတယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့မနက်မှာ မမှန် သတင်းလွင့်တယ်။ ဒီတော့ မြို့ခံတွေလည်း စုရုံး ၊စုရုံးဖြစ်ကုန်ကြ တယ်။ တကယ် တော့ အဲဒီစာကို ဗလီ မဒ်ရဆာ ကျောင်းအိမ်သာမှာ ရေးထား တာမဟုတ်ပဲ ဗလီနားက မွတ်စလင် အိမ် တစ်အိမ်ရဲ့ အိမ်သာမှာ ရေးထားတာကို တွေ့ တယ်။ ဒါနဲ့ ရဲတွေက အဲဒါကို ဓါတ်ပုံရိုက် ၊ မှတ်တမ်း တင်ပြီး အိမ်ပိုင်ရှင် မွတ်စလင်ကောင်လေး ကိုခေါ်စစ်တယ်။ နောက် တော့ ပြန်လွတ်ပေးလိုက်တယ်။ မွတ်စလင် ကောင်လေးက အဲဒါကို သူလုပ်တာမဟုတ် ဘူး။ အဲဒီစာကို တွေ့ တာက လည်း မနက် အစောကြီး ဗုဒ္ဓ ဘာသာကောင်လေး တစ်ယောက် တွေ့ တာပါ။ မြို့ခံ တွေကတော့ မွတ်စလင် နဲ့ ဗုဒ္ဓ ဘာသာအကြား ပဋိပက္ခဖြစ်အောင် ဒီလိုမျိုး အကွက်ချစီစဉ်တာဆိုတာ သိ နေကြတယ်။ ”ဟု ၄င်းမြို့ခံ ကပြောပါသည်။
ပြီးခဲ့သည့် ၂၀၁၂ နှစ် တန်ဆောင်တိုင်လပြည့်နေတွင်လည်း ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာတွင် အလားတူ မမှန် သတင်း ထုတ်လွင့်မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းဘုန်းရန် စီစဉ်ထားသော အိုးခွက်ပန်းကန် များကို မွတ်စလင်တစ်ဦးမှ ပစ်ခွဲသွားသည်ဟု လုပ်ကြံသတင်းလွင့်ခဲ့သည်။ ယင်းကိစ္စအား နှင်းပုလဲ နှင့် ဘီးလင်း အခြေစိုက် နယ်မြေခံ ရဲတပ်ဖွဲ့မှ အချိန်မှီဖြေရှင်းပေးခဲ့ရကြောင်းသိရသည်။