News @ M-Media

Tag: Monaco

  • ပရီးမီးယားလိဂ်တွင် ကျရှုံးသော်လည်း မိုနာကိုတွင် ခြေစွမ်းပြန်ပြရန် ဖယ်ကာအို မျှော်လင့်

    ပရီးမီးယားလိဂ်တွင် ကျရှုံးသော်လည်း မိုနာကိုတွင် ခြေစွမ်းပြန်ပြရန် ဖယ်ကာအို မျှော်လင့်

    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media

    falcao

    – အင်္ဂလန်တွင် ရုန်းကန်ခဲ့ရသည့် အတွေ့အကြံများက မိုနာကိုတွင် ခြေစွမ်းပြနိုင်ရေး အထောက်အကူဖြစ်လိမ့်မည်ဟု မန်ယူတိုက်စစ်မှူးဟောင်း ရာဒါမဲလ် ဖယ်ကာအိုက ပြောကြားလိုက်သည်။

    ကမ္ဘာပေါ်တွင် ဂိုးလာဘ်အရှိဆုံးနှင့် ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးများထဲမှ တစ်ဦးဟု သတ်မှတ်ခံထားရသည့် ဖယ်ကာအိုမှာ ၂၀၁၃-၁၄ ဘောလုံးရာသီအစက မိုနာကိုသို့ ရောက်လာခဲ့သော်လည်း ဒူးခေါင်းအရွတ်ဒဏ်ရာ ခံစားခဲ့ရကာ ၂၀၁၄ ခုနှစ် ဘရာဇီးလ်ကမ္ဘာ့ဖလားပွဲတွင် ကိုလံဘီယာအသင်းနှင့်အတူ ခြေစွမ်းပြခွင့် ဆုံးရှုံးခဲ့ရသည်။

    ထို့နောက် မန်ယူသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း ၂၀၁၄-၁၅ ပရီးမီးယားလိဂ် ၂၆ ပွဲတွင် ၄ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ထို့နောက် ချယ်ဆီးအသင်းက အငှားဖြင့် ထပ်မံခေါ်ယူခဲ့သည်။ သို့သော်လည်း ဖယ်ကာအိုမှာ ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရကာ ပရီးမီးယားလိဂ်တွင် ၁၀ ပွဲ ပါဝင်ခွင့်ရခဲ့ပြီး ၁ ဂိုးသာ သွင်းနိုင်ခဲ့သည်။

    မိုနာကိုသို့ ပြန်ရောက်သွားခဲ့သည့် အသက် ၃၀ အရွယ် ဖယ်ကာအိုမှာ ယမန်နေ့က ကစားခဲ့သည့် ဇင်းနစ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် ၁ ဂိုးသွင်းယူနိုင်ခဲ့သည်။

    “အင်္ဂလန်မှာ ကျွန်တော်ဟာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအတွေ့အကြုံတွေက ဘောလုံးသမားတစ်ယောက် အဖြစ်နဲ့ရော၊ လူတစ်ယောက်အဖြစ်နဲ့ပါ ကျွန်တော့်ကို ရင့်ကျက်စေခဲ့ပါတယ်။ အဲဒီမှာ သင်ယူလေ့လာခဲ့ရတာတွေက အခုအချိန်မှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မိုနာကိုမှာ ပြန်ကစားရတဲ့အတွက်လည်း အရမ်းပျော်ရွှင်မိပါတယ်” ဟု ဖယ်ကာအိုက ပြောကြားခဲ့သည်။

    Ref: Goal