News @ M-Media

Tag: MoroIslamic

  • ဖိလစ်ပိုင် အစိုးရနှင့် သူပုန်အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် နောက်ဆုံး သဘောတူညီချက်ရရှိ၊ လက်မှတ်ထိုးရန်သာ ကျန်

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media

    201210761016322734_20

    – မိမိတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ကာလကြာရှည် တွေ့ကြုံနေရသည့် နောက်ဆုံး အခက်အခဲတစ်ခုအား ကျော်ဖြတ်နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရရှိခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရနှင့် သူပုန်များက ပြောကြားခဲ့သည်။

    နှစ်ဘက်စလုံးမှ စေ့စပ်ဆွေးနွေးသူများက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကြန့်ကြာနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား အဆုံးသတ်နိုင်ခဲ့ကာ လက်မှတ်ထိုးခြင်းကို မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    မလေးရှားနိုင်ငံက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး ကွာလာလမ်ပူမြို့တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် နောက်အဆုံးအဆင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲတွင် လက်နက်များအပ်နှံရေး၊ နိုင်ငံတောင်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းရေးနှင့် အာဏာခွဲဝေရေးကိစ္စရပ်များအား သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

    “အစကနေအဆုံးအထိ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါပေမယ့် အဖွဲ့အားလုံးရဲ့ စိတ်ပိုင်းဖြတ်ထားမှု၊ ပူပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ဘုရားသခင်ရဲ့အလိုတော်ကြောင့် အခက်အခဲ အကြပ်အတည်းတွေ ရှိတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု မိုရိုအစ္စလာမ့်မစ်လွတ်မြောက်ရေးတပ်ဦးမှ ညှိနှိုင်းရေးမှူး မိုဟာဂါ အစ်က္ကဘားက ပြောကြားခဲ့သည်။

    အစိုးရဘက်ကလည်း နှစ်ပေါင်း ၄၀ နီးပါးကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခအားအဆုံးသတ်ရန် သဘောတူညီမှုရရှိခဲ့ပြီး၊ လာမည့် သီတင်းပတ်အတွင်း လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု သမ္မတ အကွီနို၏ ပြောရေးဆိုခွင့်ရှိသူ အဒ်ဝင် လာစီယာဒါက ပြောကြားခဲ့သည်။

    Ref: .aljazeera