News @ M-Media

Tag: Muslim cemetery

  • ပဲခူးမှ နှစ် ၁၄၀ ကျော် သက်တမ်းရှိ ရှေးဟောင်း မွတ်စလင် သုဿန် အား ဖျက်သိမ်းမှု အပေါ် ဆက်သွယ်မေးမြန်းချက်

    ပဲခူးမှ နှစ် ၁၄၀ ကျော် သက်တမ်းရှိ ရှေးဟောင်း မွတ်စလင် သုဿန် အား ဖျက်သိမ်းမှု အပေါ် ဆက်သွယ်မေးမြန်းချက်

    ဇူလိုင် ၂၀၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    10417599_1603230123236794_7023159240178110003_n
    ပဲခူးမြို့ရှိ ပသီကဘာရ်စတာန်ဟု အမည်ရသည့် မွတ်စလင်သုဿာန်(ကဘာရ်စတာန်)အား အာဏာပိုင်များက မနေ့က မနက် ၈-နာရီခန့်က စတင်ကာ ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့သည်ဟု သိရှိရသောကြောင့် ပဲခူးမြို့ခံများအား ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ကိုဂျမားက ဖြေကြားပေးထားတာ ဖြစ်ပါတယ်။

    M-Media – ပဲခူးမြို့ ကဘာရ်စတာန်ကိစ္စ အခြေအနေကို ပြောပြပေးပါလား။

    ဖြေ – ပဲခူး ကဘာရ်စတာန် အခုလောလောဆယ်အခြေအနေက တိုင်းဒေသကြီးအစိုးရက ဥပဒေမဲ့ အတင်းအဓမ္မ ကဘာရ်စတာန်ထဲကို ဘူဒိုဇာနဲ့ ၀င်ထိုးနေတာပေါ့ဗျာ။

    M-Media – ဘယ်အချိန်က စပြီး အဲ့လို လုပ်တာပါလဲ။

    ဖြေ – ဇူလိုင် ၁၈-ရက် မနက် ၈-နာရီခွဲ ၀န်းကျင်က စလုပ်တာပါ။

    10463059_1603230306570109_916755551023795334_n

    M-Media – ကဘာရ်စတာန်အကြောင်း ပြောပြပေးလို့ ရမလား။

    ဖြေ – ဟုတ်ကဲ့ ဒီကဘာရ်စတာန်က ၁၉၈၇-ခုနှစ်တုန်းက သိမ်းတယ်ဆိုတဲ့စကားလုံးကြောင့် စည်ပင်နဲ့ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် မွတ်စလင်လူကြီးတွေ အမှုဖြစ်ခဲ့တယ်။ အစ္စလာမ်ဘာသာဝင် လူကြီးတွေက အနိုင်ရရှိခဲ့တယ်။ အစ္စလာမ်ဘာသာဝင်တွေထဲက အမှုဆောင်အရာရှိ ဦးဘထူးကိုယ်တိုင်က ဒီသုဿာန်မြေသည် အစ္စလာမ်ဘာသာဝင် သုဿာန်မြေဖြစ်ကြောင်း တရားရုံးမှာ တရားဝင် ထွက်ဆိုခဲ့တယ်။ အဲ့ဒါက တစ်ချက်။ နောက်တစ်ချက်က ဒီသုဿာန်ဝင်းထဲမှာ တခြား အဆောက်အဦးတွေ ဗလီ၊ ဇရပ်၊ ရှေးဟောင်းရေတွင်းတွေ ရှိတယ်ဆိုတာလည်း ထည့်သွင်းထားတယ်။ ဒီလို တရားရုံးမှာ တရားဝင် ထွက်ဆိုထားတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေ ပိုင်တယ်ဆိုတာကို ဖော်ညွှန်းနေတယ်။ ဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီလိုလုပ်တာဟာ မတရားသဖြင့် လုပ်တယ်လို့ မြင်တယ်။ အဲ့ဒါက တစ်ချက်ပါ။ နောက်တစ်ချက်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဥပဒေမှာ ၁၉၉၈-ခုနှစ် စက်တင်ဘာလ ၁၀-ရက်နေ့ မြန်မာ့အလင်း သတင်းစာမှာ ဥပဒေအမှတ် ၉/၉၈ မှာ တရားဝင် ဖော်ပြထားတယ်။ ၁၈၈၆-ခုနှစ် မတိုင်မီက တည်ရှိသော မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းသုဿာန် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားတယ်။ အခု လက်ရှိဖျက်နေတဲ့ ပသီသုဿာန်ဟာ ၁၈၈၆-ခုနှစ် မတိုင်မီကတည်းက သုဿာန်ဖြစ်တဲ့အတွက် ဒါဟာ ရှေးဟောင်း ယဉ်ကျေးမှု သုဿာန်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးအဖွဲ့ကြီးက အခုလို မတရားသဖြင့် ဘူဒိုဇာဖြင့် ၀င်ရောက်ထိုး ဖျက်ဆီးခြင်းဟာ ရှေးဟောင်း ဥပဒေ ၉/၉၈ ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခြင်းသာဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါဟာ ဒုတိယအချက်ပါ။

    M-Media – ဟုတ်ကဲ့ အခု ပသီသုဿာန်က မွတ်စလင်တွေရဲ့ ပိုင်ဆိုင်ခွင့် အထောက်အထား ဘယ်လိုရှိပါသလဲ။

    ဖြေ – ဒီသုဿာန်က မွတ်စလင်တွေကို ချပေးထားတဲ့ သုဿာန်မဟုတ်ပါဘူးခင်ဗျ။ ၁၉၈၇-ခုနှစ် ဦးဘထူးရဲ့ ထွက်ဆိုချက်မှာ ဒီသုဿာန်သည် ဦးအဘူဟတ်ဆိုတဲ့ ပုဂ္ဂိုလ်က ၀ယ်ယူလှူဒါန်းထားတဲ့ သုဿာန်ဖြစ်တယ်။ ဒီအတွက်ကြောင့် နှစ်နဲ့ပြောရင် နှစ်ပေါင်း ၁၅၀ ၀န်းကျင်ရှိပါပြီ။

    10527878_1603230383236768_5719318116912249235_n

    M-Media – သူဝယ်ယူထားတဲ့ ပိုင်ဆိုင်မှု အထောက်အထားရှိပါသလား။

    ဖြေ – ပိုင်ဆိုင်မှုက မြေပုံရှိပါတယ်။ မြေပုံမှာ ၀ယ်ယူတဲ့အချိန်က ဘိုးဘွားပိုင်မြေအဖြစ်နဲ့ ၀ယ်ယူထားတယ်။ မြှုပ်နှံတဲ့အချိန်မှာ စည်ပင်သာယာက သုဿာန်ဥပဒေ အစိမ်းပေါက်အနေနဲ့ အခွန်ကင်းလွတ်ခွင့်ရရှိထားတဲ့ မြေဖြစ်တယ်။ မြေအမျိုးအစား ၃-မျိုး ရှိတယ်ခင်ဗျ။ တစ်မျိုးက သာသနာ့မြေ၊ သာသနာ့မြေ အစိမ်းပေါက် အခွန်ကင်းလွတ်ခွင့်၊ နောက်တစ်မျိုးက သုဿာန်မြေ အခွန်ကင်းလွတ်ခွင့်၊ နောက်ဆုံးတစ်မျိုးက ဆောက်လုပ်ရေး လုပ်ပိုင်ခွင့် အဲ့ဒါက တစ်မျိုးပေါ့။ ကျွန်တော်တို့ ရရှိထားတဲ့မြေက အစိုးရအာဏာပိုင်အဖွဲ့အစည်းက ၀င်ရောက် ဖျက်ဆီးခွင့်မရှိတဲ့ သာသနာ့မြေ အမျိုးအစားဖြစ်တယ်။ ဒီထဲမှာ ဗလီတွေရှိတဲ့အတွက် ၀င်ရောက်ဖျက်ဆီးခွင့် မရှိဘူး။

    M-Media – ဟုတ်ကဲ့ အခုလို ဖျက်ဆီးနေတာကို ပဲခူးမြို့က တာဝန်ရှိသူ မွတ်စလင်တွေဘက်ကရော တိုင်းဒေသကြီးအစိုးရ ဘယ်လိုဆက်သွယ်ပြီး ဆောင်ရွက်နေပါသလဲ။

    ဖြေ – ကျွန်တော်တို့ ဒီသုဿာန်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅-ဖွဲ့ရှိတယ်။ သုဿာန်သော့ကိုလည်း ကျွန်တော်တို့လက်ဝယ်မှာ မထားပဲ အဲ့ဒီအဖွဲ့ကြီး ၅-ဖွဲ့ကို ၂၀၁၀-ခုနှစ်ကတည်းက ကျွန်တော်တို့ အပ်နှံထားတာဖြစ်တယ်။ ဒီအဖွဲ့ကြီးကလည်း ၂၀၁၀-ခုနှစ် ဇူလိုင်လ ၂၀-ရက်နေ့က စာအမှတ်နဲ့ ကျွန်တော်တို့ကို ညွှန်ကြားထားတယ်။ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမသိပဲ အဖွဲ့ကြီးရဲ့သဘောတူညီမှု မရပဲ မည်သည့်တစ်စုံတစ်ရာမှ မပြုလုပ်ရလို့ ညွှန်ကြားထားတာ ရှိပါတယ်။

    M-Media – ဟုတ်ကဲ့ ဒီလိုဆိုရင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့က အခုကိစ္စအတွက် ဘယ်လို လုပ်ဆောင်ပေးနေပါသလဲ။

    ဖြေ – အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ ဇူလိုင် ၁၈-ရက်နေ့မှာ အစည်းအဝေးထိုင်ပါတယ်။ ပထမရက်တွေတုန်းကလည်း တိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတကို ကန့်ကွက်စာပို့တယ်။ ဇူလိုင် ၁၈-ရက်နေ့မှာလည်း ကန့်ကွက်စာတွေ ပို့ပါတယ်။ အခု ဖျက်နေတဲ့နေ့မှာလည်း တိုင်းဒေသကြီးအဖွဲ့ကို အမျိုးမျိုး အကြောင်းကြားပြီး သူတို့အနေနဲ့ အတတ်နိုင်ဆုံး ကူညီလုပ်ဆောင်ပေးနေပါတယ်။

    နောက်ပြီးတော့ ကျွန်တော်တို့ ပဲခူးမြို့ အစ္စလာမ်ဘာသာဝင်တွေကလည်း လက်မှတ်တွေထိုးပြီးတော့ ဇူလိုင်လ ၁၈-ရက် မနက်မှာပဲ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းကို လိပ်မူပြီးတော့ စာတင်ထားပါတယ်။ သုဿာန်မြေကို တိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်မည့်ကိစ္စကို ကန့်ကွက်စာတင်ထားပါတယ်။ စာတင်ထားတဲ့ကြားထဲက အခုလို အတင်းအဓမ္မ၀င်ရောက် ဖျက်ဆီးတာဟာ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘာသာရေးဆိုင်ရာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တယ်လို့ ကျွန်တော့်အနေနဲ့ ခံစားမိပါတယ်။

  • သမိုင်းဖျောက်သူတွေရဲ့ သမိုင်းသာပျောက်သွားပြီး သမိုင်းကပဲ ဒဏ်ခတ်သွားမှာလို့ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်ပြော

    သမိုင်းဖျောက်သူတွေရဲ့ သမိုင်းသာပျောက်သွားပြီး သမိုင်းကပဲ ဒဏ်ခတ်သွားမှာလို့ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်ပြော

    မတ် ၂၅၊ ၂၀၁၄
    M-Media
    လင်းလင်း

    1920264_678450715530735_1299930048_n

    ရန်ကုန်  ။          ။     မတ်လ ၂၃ ရက်နေ့က မန္တလေးတိုင်းအမရပူရမြို့နယ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ကျော်ကတည်ရှိခဲ့သော အစ္စလာမ်ဘာသာဝင် များ၏ သမိုင်းဝင် သင်္ချိုင်းအတွင်းရှိ အုတ်ဂူများနှင့် ဗလီတစ်လုံးအား ဖျက်သိမ်းခဲ့မှုအပေါ် K.A.F.T.G (ဃရာနာ)မှ ဆရာတော် ခလီဖွှာဟ် ဦးသိန်းဝင်းအောင်က သမိုင်းဆိုတာဖျောက်ဖျက်လို့ မကောင်းပါဘူး သမိုင်းကိုဖျောက်နေတဲ့ လူတွေဟာ သူတို့ရဲ့ သမိုင်းတွေသာပျောက်သွားပြီး သမိုင်းကပဲ ဒဏ်ခတ်သွားမှာပါလို့ ပြောကြားခဲ့ပါသည်။

    မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်ပြီး မတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်မှ စတင်ကာ ညနေ ၅ နာရီထိ လင်းဇင်းကုန်း သုသာန်မြမှ အုတ်ဂူများအား ဖျက်ဆီးခဲ့ပြီး ၀တ်ပြုရာနေရာဖြစ်သည့် ဗလီတစ်လုံးကိုပါ ဘူဒိုဇာဖြင့်ထိုး၍ ဖျက်သိမ်းခဲ့ကြောင်းသိရသည်။ ဘိုးတော်မင်းတရား လက်ထက်တွင် အစ္စလာမ်ဘာသာဝင်တို့ အတွက် သာသနာပိုင်အဖြစ် ခန့်အပ်ခြင်းခံထားရသော အာဗစ်ရှားဟိုစိုင်နီသခင် ဒါရ်ဂါတော်၊ ဆရာကြီးဦးနု၊ ဦးပိန်တံတား တည်ဆောက်ခဲ့တဲ့ ဦးပိန် ၊ဆရာကြီးဦးနု နှင့် မြို့တော်ဝန်ဘိုင်ဆပ်တို့ရဲ့ဂူတွေကိုတော့ ဖျက်ဆီးခဲ့ခြင်း မပြုခဲ့ဟု သိရသည်။

    “ဘာသာပေါင်းစုံက ဆရာတော်တွေနဲ့ ကျွန်တော်တို့တွေပေါင်းပြီး သမိုင်း အထောက်အထားတွေကြောင့် ဗလီနဲ့ဇရပ်တွေကို မဖျက်ပစ်ဖို့ မေတ္တာရပ်ခံ ထားသော်လည်း မရခဲ့ပါဘူး၊ ဗလီတွေကို ဖျက်လိုက်တာဟာလူတွေရဲ့ နှလုံးသားကိုဖြတ်လိုက်သလိုပါပဲ၊ သမိုင်းတွေကိုဖျောက်ပစ်တော့ နောင်လာ နောင်သားတွေ အတွက် မကောင်းပါဘူး ကျွန်တော်တို့ကလည်း နောင်လာနောင်သားတွေ သိအောင်လို့ ဒီသင်္ချိုင်းဟာ သမိုင်းဝင်ဆိုတာ သိအောင်လို့ တစ်ခုခု လုပ်ရပါ့မယ်” ဟု ခလီဖွှာဟ်ဦးသိန်းဝင်းအောင်ကပြောကြားခဲ့သည်။

    သင်္ချိုင်းမြေ မဖျက်ရရေးအတွက် ဘာသာပေါင်းစုံမှ ဆရာတော်များက သမ္မတထံမေတ္တာရပ်ခံ စာတင်ထားသော်လည်း ယဉ်ကျေးမှုဌာနနှင့် ဆိုင်သည်ဟူ၍ ပြောခဲ့ရာ ယဉ်ကျေးမှုဌာနမှ မန္တလေးတိုင်း သာသနာရေးဝန်ကြီးထံသို့ လွဲပြောင်းခဲ့သည်ဖြစ်ကြောင်း သိရသည်။

    ၎င်းဖျက်သိမ်းခံရသော မြေနေရာကိုပြန်လည်ရရှိရေး အတွက် ခလီဖွာဦးသိန်းဝင်းအောင်နှင့် အတူ မန္တလေးတိုင်းမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆရာတော်များမှ ၀ိုင်းဝန်း ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

  • သမိုင်းဝင် လင်းဇင်းကုန်း မွတ်စလင်သုဿာန်နှင့် ဗလီအား ဘူဒိုဇာထိုးဖျက်ဆီး

    မတ် ၂၃၊ ၂၀၁၄
    M-Media
    သုတမောင်

    ယနေ့မနက်ပိုင်းက ဘူဒိုဇာဖြင့်ထိုး၍  စတင်ဖျက်ဆီးနေပုံ (ဓါတ်ပုံ - ဒိုင်းခင်ခင် ဖေ့ဘွတ်မှ ရယူသည်)
    ယနေ့မနက်ပိုင်းက ဘူဒိုဇာဖြင့်ထိုး၍ စတင်ဖျက်ဆီးနေပုံ (ဓါတ်ပုံ – ဒိုင်းခင်ခင် ဖေ့ဘွတ်မှ ရယူသည်)

    မန္တလေး ။          ။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ လင်းဇင်းကုန်း သမိုင်းဝင် မွတ်စလင်သုဿာန်အတွင်းရှိ သင်္ချိုင်းဂူများနှင့် ဗလီတစ်လုံးအား မန္တလေးမြို့ စည်ပင်သာယာရေးအဖွဲ့က ယနေ့ မနက် ၆-နာရီမှ စတင်ကာ ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    ၎င်းအကြောင်းအရာနှင့် စပ်လျဉ်း၍ ခလီဖွှာဟ်ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းရာ “ဒီနေ့ မနက် ၆-နာရီက စပြီး ဘူဒိုဇာနဲ့ ထိုးဖျက်ပါတယ်။ ဟုတ်ပါတယ် ဒီသုဿာန်က သမိုင်းဝင်နေရာဖြစ်လို့ မဖျက်ရအောင် ဘုန်းတော်ကြီးတွေလည်း ၀ိုင်းဝန်းကန့်ကွက်ကြပါတယ်။ ကျွန်တော်တို့လည်း အစီအစဉ်အတိုင်း လုပ်နေကြပါတယ်။ ဒီမနက်တော့ ဖျက်လိုက်ပါတယ်။ အာဗစ်ရှားဟိုစိုင်နီသခင် ဒါရ်ဂါတော်၊ ဆရာကြီးဦးနု၊ ဦးပိန်တံတား တည်ဆောက်ခဲ့တဲ့ ဦးနု၊ မြို့ဝန်ဘိုင်ဆပ်တို့ရဲ့ဂူတွေကိုတော့ မဖျက်ပါဘူး။ ချန်ထားပါတယ်။ အခုဖျက်တဲ့နေရာတွေကို ပန်းခြံဆောက်မယ်လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ သင်္ချိုင်းမြေနေရာ ပြန်ရရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    သမိုင်းဝင်သုဿာန်ကို ဖျက်သိမ်းမည်ဟု ၂၀၁၂-ခု ဇူလိုင်လက စတင်၍ ကြေညာခဲ့သော်လည်း သမိုင်းဝင်နေရာဖြစ်သည့်အတွက် မဖျက်သိမ်းရန် အဆင့်ဆင့် ဆွေးနွေးခဲ့ကြကြောင်း၊ မန္တလေးမြို့ရှိ အစ္စလာမ်သာသနာပရမတ္တအဖွဲ့ (KAFTG)မှ ခလီဖွှဟ် ဦးသိန်းဝင်းအောင်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့နှင့် ရန်ကုန်မြို့တွင် မတူကွဲပြားသော ဘာသာဝင်တစ်ခုနှင့် တစ်ခုအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေးပွဲတွင် ရှေးဟောင်း သမိုင်းဝင်သုဿာန်နှင့်ပတ်သက်၍ ၂၀၁၃-ခု အောက်တိုဘာလအတွင်းက ရှင်းလင်းပြောပြခဲ့ပြီး၊ သမိုင်းဝင်နေရာအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက် ခွင့်ပြုရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံပေးစာ တစ်စောင်ပေးပို့ခဲ့ပြီး ၎င်းသမိုင်းဝင် ရှေးဟောင်းသုဿာန်နှင့် သာသနိက အဆောက်အအုံများ၊ ဂူဗိမ္မာန်များအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြုကြောင်း တရားဝင် အကြောင်း ပြန်ကြားစာ ရရှိခဲ့ပြီဟု သိရပါတယ်။ အဆိုပါဆွေးနွေးပြီးနောက် မန္တလေးမြို့မှ ရှေးဟောင်းသမိုင်းဝင် လင်းဇင်းကုန်း(မွတ်စလင်မ်) သုဿာန်အား ဖျက်သိမ်းမိန့် ရပ်ဆိုင်းပြီး ဆက်လက် ထိန်းသိမ်းခွင့်ပြုလိုက်သည်ဟု သိရှိရပြီး ယနေ့ မတ်လ ၂၃-ရက် မနက်ပိုင်းတွင် သုဿာန်များနှင့် ဗလီအား ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

    နိုင်ငံ့အခြေအနေရှုပ်ထွေးပြီး အစ္စလာမ်ဘာသာဝင်များအပေါ် ဘာသာရေးအကြမ်းဖက်မှုများ ပြုလုပ်နေသော အချိန်အခါနှင့်တိုက်ဆိုင်စွာ ယခုကဲ့သို့ ၀င်ရောက်ဖျက်ဆီးမှု ပြုခြင်းသည် ဘာသာရေးဖိနှိပ်ခွဲခြားအကြမ်းဖက်မှုများကို နိုင်ငံတော်အစိုးရမှ အားပေးအားမြှောက်ပြုထားခြင်းဖြစ်သည်မှာ ပေါ်လွင်နေသည်ဟု လူထုမှ သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

    လင်းဇင်းကုန်းသုဿာန်နှင့်ပတ်သက်သည့် ပို့စ်များဖတ်ရန် >> http://www.m-mediagroup.com/?s=%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%87%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%B8

  • Muslim Cemetery in Bokalay forcibly occupied and an industrial construction project illegally going on

    Muslim Cemetery in Bokalay forcibly occupied and an industrial construction project illegally going on

    October 9, 2012
    M-Media
    Reporter-Thun Tauk

    It has been reported that a Muslim cemetery in Bokalay town, Ayarwaddy Division has been forcibly occupied and a building for an industry is being illegally constructed on the land.
    Regarding that report, an investigation was made, and it was found that about half of the Muslim Cemetery’s land from Bokalay has been
    forcibly occupied by a crony businessman, the tombs in the cemetery have been removed to other places without following a proper procedure and consent, and a construction for an industrial project has been carried out within a short time.

    A petition to the President against the abovementioned case has been signed by more than 800 people, including the committee members for the cemetery and the local Muslims, and sent on October 4, 2012.

    The detailed information about the news will be updated.