News @ M-Media
Tag: Myanmar Border
  • မြန်မာတပ်ရင်း ၃ ခု ကို နယ်စပ်သို့ပို့ဆောင်စေလွှတ် ထားသော်လည်း စိုးရိမ်စရာမရှိဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များပြော
    စက်တင်ဘာ၊ ၂၃
    M-Media
    border-300
    ဘင်္ဂလားဒေ့ရှ်နှင့်ငါးမိုင်ဝန်းကျင်အကွာရှိ နယ်စပ်ဒေသသို့ မြန်မာနိုင်ငံစစ်တပ်မှ တပ်ရင်း ၃ စုကို ပို့ဆောင်စေလွှတ်ခဲ့သည်။ နိုင်ငံရေးအနေအထား တည်ငြိမ်စေရန် ဟူသော အကြောင်းပြချက်ဖြင့် စေလွှတ်ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှပြောကြားကြောင်း Eleven Myanmar သတင်းစာမှ ဖော်ပြထား၏။
    နယ်စပ်လုံခြုံရေးအတွက် ရဲတပ်ရင်း ၂ ခုကိုလည်း ထပ်မံပို့ဆောင်သွားဦးမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ကလည်း ပြောကြားသည်။
    သို့သော် မြန်မာ၏ ဆောင်ရွက်ချက်နှင့် စပ်လျဉ်းပြီး စိုးရိမ်စရာမရှိဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဆိုသည်။
    ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ Bangladesh Border Guard (BGB) ၏ ဦးစီးဒါရိုက်တာ ဗိုလ်ချုပ်ကြီး အဇီးဇ် အဟ်မဒ်က မြန်မာနိုင်ငံမှ ယင်းသို့ဆောင်ရွက်ခြင်းမှာ မလိုလားမှု ရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ ၄င်းတို့၏ ပြည်တွင်းလုံခြုံရေး အနေအထားကြောင့်ဖြစ်ကြောင်း bdnews24.com ၌ ပြောပြခဲ့သည်။
    “ ကျွန်တော်တို့အဖို့ ဘာမှစိုးရိမ်စရာမရှိပါဘူး ” ဟုပြောဆိုကာ မြန်မာနိုင်ငံသည် အလားတူ စေလွှတ်မှုမျိုးကို ယခင်ကလည်း ဆောင်ရွက်မှုများရှိနေခဲ့ကြောင်း ထည့်သွင်းထောက်ပြခဲ့သည်။
    ရခိုင်ဒေသတွင်းပြဿနာများကြောင့် မြန်မာအာဏာပိုင်များက နစကတပ်ဖွဲ့အားဖျက်သိမ်းလိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် ရဲများက စောင့်ကြပ်လျက်ရှိကြသည်။ ထိုဒေသ၌ လူမျိုးရေးဆိုင်ရာအကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေ၏။
    ကိုးကား- bdnews24.com