News @ M-Media

Tag: myanmar vice president

  • ရခိုင်ပြဿနာ တစ်နိုင်ငံလုံးသို့ အကျိုး သက်ရောက်ကြောင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထိခိုက်ကြောင်း ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပြော

    အောက်တိုဘာ၊ ၈
    M-Media

    20131007-4jpg
    ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းဖော်ဆောင် တိုးတက်မှု ဆုတ်ယုတ်မှုသည် သာမန်အားဖြင့် ရခိုင်ပြည်နယ် ကွက်ကွက်လေးကို အကျိုးသက်ရောက် မည်ဟု ထင်ရသော်လည်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအပေါ် သက်ရောက်သော ကိစ္စ ဖြစ်ကြောင်း၊ မိတ္ထီလာ၊ ပြည်၊ လားရှိုး၊ ကန့်ဘလူတို့တွင် ဆူပူ ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်နှင့် အာဆီယံ နိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ OIC နှင့် ဆက်ဆံရေး တုံ့နှေးစေခဲ့ရပါကြောင်း၊
    တစ်နှစ်ကျော်ကြာလာပြီဖြစ်သည့် ရခိုင်ပြည်နယ် ပဋိပက္ခ၊ ရခိုင်ပြည်နယ် မတည်မငြိမ် ဖြစ်မှုဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်ပါက စီးပွားရေးအနေဖြင့် မိမိတို့နိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံကြမည့်သူများကို အထူးသဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ဝင်ရောက် စေမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေပါကြောင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မှ  အောက်တိုဘာ ၇ မှာ ပြုလုပ်တဲ့ နေပြည်တော်မှာ ပြုလုပ်တဲ့ အဆိုပါ ဗဟိုကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေး မှာ ပြောကြားတာဖြစ်ပါတယ်။

    ကိုးကား၊ နိုင်ငံတော်သမ္မတရုံး ဝဘ်ဆိုဒ်
    http://goo.gl/x8mFPM