News @ M-Media

Tag: Myanmar Youth

  • Genius Olympiad ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား/သူများ ရွှေအပါအဝင် ဆုတံဆိပ် ၉ ခု ဆွတ်ခူး

    Genius Olympiad ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား/သူများ ရွှေအပါအဝင် ဆုတံဆိပ် ၉ ခု ဆွတ်ခူး


    အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ဆန်နီ အော့စ၀ီဂို စတိတ် တက္ကသိုလ် Suny Oswego State University of New York မှာ ကျင်းပခဲ့တဲ့ ဥာဏ်ကြီးရှင် ကလေးများသာ ၀င်ပြိုင်လို့ရတဲ့ Genius Olympiad ပြိုင်ပွဲမှာ မြန်မာနိုင်ငံ က ဥာဏ်ကြီးရှင်ကလေးများက ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် သုံးခု နဲ့ ဂုဏ်ထူးဆောင် အထူးဆု ငါးဆု တို့ ဆွတ်ခူးရရှိ ခဲ့ပါတယ်။

    နိုင်ငံပေါင်း ၇၃ နိုင်ငံကို ကိုယ်စားပြုပြီး ကျောင်းသား/ကျောင်းသူပေါင်း ၁၂၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ ကမ္ဘာ ပေါ်မှာ ဂုဏ်ယူစရာ အကောင်းဆုံး ဆုတံဆိပ်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ Genius Olympiad ဥာဏ်ကြီးရှင်များ အိုလံပစ် ပြိုင်ပွဲမှာ ယခင် Horizon Int’l School ယခုအခါ BISA (Bahan Int’l Science Academy), MISA (Mandalay Int’l Science Academy) and SKT Shu Khinn Thar Int’l College, လို့ အမည်ပြောင်းထားတဲ့ ကျောင်းတို့မှ ပူးပေါင်းကာ ဆရာမ ဒေါ်သွဲ့သွဲ့ရင်စုနဲ့ အခြား ဆရာမတစ်ဦးတို့ ဦး ဆောင်ပြီး ကျောင်းသား/ကျောင်းသူပေါင်း (၁၀)ယောက်က အမေရိကန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

    Genius Olympiad ဥာဏ်ကြီးရှင်များ အိုလံပစ်ပြိုင်ပွဲမှာ-

    #Shu Khinn Thar Int’l College မှ ဝေတိုင်လီ နဲ့ အနီရူဒါ မစ်စရာ က ရိုဘော့စက်ရုပ် ဥာဏ်ကြီးရှင်ပြိုင်ပွဲ (ရွှေတံဆိပ်ဆု)

    #MISA (Mandalay Int’l Science Academy) မှ ကလျာ @ မြတ်မွန်ကျော်က ဥာဏ်ကြီးရှင် တီထွင်ဖန်တီး အရေးပြိုင်ပွဲ (ငွေတံဆိပ်ဆု)

    #SKT Int’l College မှ ၀ီလီယံတိုးက ရိုဘော့စက်ရုပ် ဥာဏ်ကြီးရှင်ပြိုင်ပွဲ (ငွေတံဆိပ်ဆု)

    #MISA (Mandalay Int’l Science Academy) မှ မယွန်းဝေေ၀ဦး @ မယ်လိုဒီ က အနုပညာ ဥာဏ်ကြီးရှင်ပြိုင်ပွဲ (ငွေတံဆိပ်ဆု) နှင့်

    သိပံ္ပပရောဂျက် ဥာဏ်ကြီးရှင်ပြိုင်ပွဲမှာတော့ ဂုဏ်ထူးဆောင်ဆု ငါးဆုကို ဆွတ်ခူးရရှိခဲ့ကြပါတယ်။

    ယင်းပြိုင်ပွဲကို ဇွန်လ ၁၃ ရက်၊ ၁၄ ရက်နေ့များမှာ နှစ်ရက်တာတိုင်တိုင် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အောင်ပွဲရ ထူးချွန် ကျောင်းသာ/ကျောင်းသူများဟာ ဇွန်လ ၂၄ ရက်နေ့မှာ လေကြောင်းခရီးနဲ့ အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာကြ မှာ ဖြစ်ပါတယ်။

    ဓါတ်ပုံများကို ဒေါ်သွဲ့သွဲ့ရင်စု FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • ၃ရက်တာ ဆွေးနွေးမှုများဖြင့် နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးစီး

    ၃ရက်တာ ဆွေးနွေးမှုများဖြင့် နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးစီး

    ဇွန် ၁၃ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    .13406723_1208288872537862_8151112934338256389_n
    လူငယ်များ အနေဖြင့် မိမိတို့ ဒေသများရှိ လူငယ်များ၏ ပြဿနာများ စိန်ခေါ်မှုများနှင့် စိုးရိမ်မှုများကို ဖော်ထုတ် ဆွေးနွေးရန် ရည်ရွယ် ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ် တွေ့ဆုံပွဲ တစ်ရပ်ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ကျင်းပခဲ့ပါတယ်။
    .
    နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ အစီအစဉ်ရေးဆွဲရေး ကော်မတီမှ တာဝန်ခံ က ” အခုလက်ရှိ မြန်မာနိုင်ငံမှာ လူငယ်တွေ ပတ်သက်ပြီး ကြုံတွေ့နေရတာတွေရှိတယ်။ ရင်ဆိုင်နေရတဲ့ အခြေနေတွေရှိတယ်။ ဒါတွေကို လူငယ်တွေအားလုံး စုစည်းပြီးမှ ဖော်ထုတ်မယ်။ အဲ့ဒါတွေ ပြန်လည် ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာကြမယ်” ဟု ပြောပါတယ်။
    .
    ဇွန်လ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ ၃ရက်တာ အတွင်း မုံရွာမြို့ အားကစားသိပ္ပံ ဖူဆယ်ခန်းမမှာ ကျင်းပတဲ့ အဆိုပါ လူငယ်တွေ့ဆုံပွဲမှာ လူငယ်များနှင့် သက်ဆိုင်သော ကဏ္ဍခေါင်းစဉ် ၄ရပ်ကို ဆွေးနွေး ခဲ့ကြပါတယ်။
    .
    ခေါင်းစဉ် ၄ရပ်အဖြစ် ငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ လူအခွင့်အရေးနှင့် ဒီမိုကရေစီ စသည့် ကဏ္ဍများ ပါဝင်ပါသည်။

    13442139_1014292452019766_8500222624847637465_n
    .
    မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှ တက်ရောက်လာသော ကိုရဲထက်အောင် ကတော့ ၎င်းတို့ ဒေသမှာ ကြုံတွေ့ရသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို အဓိက ထားဆွေးနွေးခဲ့ကြောင်း ယခုလို ပြောပါတယ်။
    .
    ” ကျွန်တော်တို့ ဒေသမှာ မူးယစ်ဆေးဝါး ပြဿနာတွေ အများကြီး ဖြစ်နေတဲ့အပေါ်မှာ ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ နည်းလမ်း တွေရယ် ကျွန်တော်တို့ဒေသရဲ့ အသံတွေကို လူငယ်ဖိုရမ်မှာ ပါသွားချင်လို့ ရွေးချယ်လိုက်တာပါ။ အဲ့နောက်ပိုင်းမှာ ဆိုးကျိုးတွေ ထိန်းချုပ်ဖို့အတွက် ဘာတွေ ဆက်လုပ်ကြမလဲဆိုတဲ့ Action Plan လေးကိုလည်း ဆွေးနွေးကြပါတယ်” ဟု ၎င်း ၏ အမြင်ကို မျှဝေပါတယ်။
    .
    အလားတူ ပဲခူးမြို့ Interfaith Youth Network မှ တက်ရောက်လာသော ကိုဆန်းညီညီဦးကလည်း ၎င်း ပါဝင် ဆွေးနွေးသည့် ငြိမ်းချမ်းရေး ကဏ္ဍနှင့် စပ်လျဉ်း၍ ” ငြိမ်းချမ်းရေးလို့ပြောရင် စစ်ကို အရင်ပြောတယ်။ စစ်ပွဲတွေ အမြန်ဆုံးရပ်ဖို့နဲ့ ၂၁ရာစုပင်လုံ စာချုပ်မှာ NCA လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်တွေ အများဆုံး ပါဝင်ဖို့ပေါ့နော်။ ၂၁ရာစု ပင်လုံမချုပ်ခင်နဲ့ လက်ရှိကြားမှာ လူငယ်တွေ အတွက် အခန်းကဏ္ဍတွေပေးဖို့ အတွက်ကို ကျွန်တော်တို့ တိုင်ပင်နေကြတယ်” ဟု ပြောပြပါတယ်။
    .
    တတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကြီးသို့ ဒေသအသီးသီးမှ လူငယ်ကိုယ်စားလှယ် ၄၅၀ကျော် ပါဝင်တက်ရောက်ဆွေးနွေးပြီး အဆိုပါ နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကို နှစ်နှစ် လျှင်တစ်ကြိမ် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ နောက်တစ်ကြိမ် တွေ့ဆုံပွဲကို ရှမ်းပြည်နယ်မှာ ကျင်းပရန် လျာထားကြောင်း သတင်းရရှိသည်။

    13442348_1013110435471301_6519823065113982149_n
    .
    ဓါတ်ပုံ- Myanmar Youth Forum FB Page #MYF2016

  • မြန်မာ့လူငယ် အားလုံးကို လွှမ်းခြုံနိုင်သော လူငယ်ရေးရာ မူဝါဒရေးဆွဲတော့မည်

    မြန်မာ့လူငယ် အားလုံးကို လွှမ်းခြုံနိုင်သော လူငယ်ရေးရာ မူဝါဒရေးဆွဲတော့မည်

    ဇွန် ၁၃ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    13442348_1013110435471301_6519823065113982149_n
    မြန်မာတစ်နိုင်ငံလုံးမှ အလွှာစုံမှ လူငယ်များ စုပေါင်းကာ လူငယ်ရေးရာ မူဝါဒ တစ်ရပ်ကို ရေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာလူငယ် ဖိုရမ် ၂၀၁၆ မှ သိရပါတယ်။

    ဇွန်လ ၁၁ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ရက်တာ ကာလအတွင်း ကျင်းပသည့် အဆိုပါ နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကြီးဖွင့်ပွဲ အခမ်းအနားတွင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူငယ်ရေးရာ မူဝါဒကို ရေးဆွဲချမှတ်ရန် လျာထားကြောင်း ပြောကြားခဲ့ပါတယ်။

    လူငယ်ရေးရာမူဝါဒ ရေးဆွဲရေး နှင့်ပတ်သက်ပြီး ၂၀၁၆ လူငယ်ဖိုရမ် မှ အစီအစဉ် ရေးဆွဲရေး ကော်မတီ တာဝန်ခံ ကိုရှိုင်း က ” အစိုးရကို လူငယ်မူဝါဒ ရေးဆွဲရေး အတွက်ကို အယောက် ၃၀ ထုတ်ပေးဖို့ လျာထားတယ်။ လက်ရှိ အချိန်ထိကတော့ လူငယ်ရေးရာမူဝါဒနဲ့ ပတ်သက်ပြီးတော့ အဖြေမထွက် လာသေးဘူး။ ရှေ့ဆက်ပြီးတော့ ဘယ်လို သွားမလဲဆိုတာကို နောက်ဆုံး Final Decision ချဖြစ်မယ်” ဟု M-Media ကိုပြောပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ ၂၀၁၆ သို့ တက်ရောက်လာသော တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ လူငယ် ကိုယ်စားလှယ်များနှင့် နိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အယောက်၈၀ က ဖိုရမ်မှာ လူငယ်ရေးရာ မူဝါဒရေးဆွဲရေးနှင့် ပတ်သက်ပြီး ပဏာမ ဆွေးနွေးခဲ့ကြပါတယ်။

    ရှေ့ဆက်၍ လည်း ဒေသတစ်ခုလျှင် ၂ဦးဖြင့် ၂၈ဦး နေပြည်တော် ကောင်စီနယ်မြေမှ ၂ဦး စုစုပေါင်း ၃၀ဦးတို့က လူငယ်မူဝါဒမူကြမ်း ထွက်လာတဲ့ အထိ အားသွန်ခွန်စိုက် အချိန်ကာလတစ်ခုအတွင်း အားသွန်ခွန်စိုက်ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

    ပြည်ထောင်စု အစိုးရသစ်ရဲ့ ရက်၁၀၀ စီမံချက်အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ လူငယ်မူဝါဒ တစ်ရပ်ပေါ်ပေါက်လာရေးကို အကောင်အထည်ဖော်ရန် စီမံချက်လည်း ပါရှိပါတယ်။

    လက်ရှိ ကမ္ဘာပေါ်တွင် လူငယ် မူဝါဒ မရှိသည့် နိုင်ငံ ၃၀ရှိသည့်အနက် မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါသည်။

    ဓါတ်ပုံ- Myanmar Youth Forum FB Page #MYF2016