News @ M-Media

Tag: myanmar_constitutional_tribunal

  • အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင်  (၉) ဦးက ဘယ်သူတွေလဲ ?

    အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင် (၉) ဦးက ဘယ်သူတွေလဲ ?

    မတ် ၂၄ ၊ ၂၀၁၆
    M-Media
    သီဟ
    .Office
    သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော် ဒီကနေ့ တင်သွင်းသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်(၈)ဦးအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။
    .
    အဆိုပါ အဖွဲ့ဝင်(၉) ဦးပါ အဖွဲ့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ
    .
    သမ္မတ က ရွေးချယ်တဲ့ (၃)ဦး
    .
    ၁။ ဦးညီညီ
    ၂။ ဦးမြင့်ဝင်း
    ၃။ ဦးမျိုးမြင့်
    .
    ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက  ရွေးချယ်တဲ့ (၃)ဦး
    .
    ၄။ ဦးမျိုးညွှန့်
    ၅။ ဦးခင်မောင်ချို
    ၆။ ဒေါ်ခင်ဌေးကြွယ်
    .
    အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ က  ရွေးချယ်တဲ့ (၃) ဦး
    .
    ၇။ ဦးတွာလ်ကျင်ပေါင်
    ၈။ ဒေါ်လှမျိုးနွယ်
    ၉။ ဦးကျော်ဆန်း တို့ ကို
    ရွေးချယ်ပြီး  သမ္မတက အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာပါ။
    .
    အဆိုပါ(၉) ဦးအနက် ပြည်သူလွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ပေးတဲ့ (၃) ဦးအနက်မှ  ဦးမျိုးညွန့် ကို ခုံရုံးအဖွဲ့ဥက္ကဋ္ဌအဖြစ် အမည်စာရင်းမှာ ဖော်ပြထားပါတယ်။
    .
    အဖွဲ့ဝင် (၉) ဦးမှာ အာဏာရ NLD ပါတီ မှ ၂ ဦးသာပါဝင်ပြီး ကျန် (၇) ဦးအနက် ဦးမြင့်ဝင်းနဲ့ ဒေါ်လှမျိုးနွယ်မှာ ယခင် ခုံရုံးအဖွဲ့ဝင်များ ဖြစ်ပြီး ပြန်လည်ရွေးချယ်ခံရကြောင်း သိရပါတယ်။
    .
    ဒီကနေ့ တင်သွင်းလိုက်တဲ့ ခုံရုံးအဖွဲ့ဝင် (၉) ဦးကို အတည်ပြုဖို့  ၂၈.၃.၂၀၁၆ နေ့မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အဆုံးအဖြတ်ခံယူမှာဖြစ်ပါတယ်။
    .
    ဖွဲ့စည်းပုံ ခုံရုံးဟာ  ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို အနက်ဖွင့်ဆိုခြင်း၊ လွှတ်တော်အသီးသီးက ပြဋ္ဌာန်းတဲ့ ဥပဒေများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်း စတဲ့ တာဝန်များကို လုပ်ဆောင်ဖို့  အဓိကတာဝန်ဖြစ်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးသား ထားပါတယ်။

    U Myo Nyunt U Nyi Nyi U Myint Win U Myo Myint U Khin Maung Cho Daw Khin Htay Kwel U Twal Kyint Paung Daw Hla Myo Nwe U Kyaw San