News @ M-Media

Tag: Myanmar_flooding

  • ဆည် ၃၀ ကျော် ရေလျှံနေသော်လည်း စိုးရိမ်စရာမရှိဟု ဆည်မြောင်းတာဝန်ရှိသူ ပြော

    ဆည် ၃၀ ကျော် ရေလျှံနေသော်လည်း စိုးရိမ်စရာမရှိဟု ဆည်မြောင်းတာဝန်ရှိသူ ပြော

    သြဂုတ် ၄၊ ၂၀၁၈
    M-Media

    ရဲရွာ ရေအားလျှပ်စစ် ရေလှောင်တမံ

    – သီတင်းပတ်နဲ့ချီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ပေါင်း ၃၆ ခုလောက် ရေလျှံနေပေမယ့် ကျိုးပေါက်မယ့်အန္တရာယ်တော့ မရှိဘူးလို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝေက ပြောကြားလိုက်ပါတယ်။

    “ဆည်တွေကို ရေရှည်ခံမယ့် စံချိန်စံညွှန်းတွေ၊ သတ်မှတ်ချက်တွေနဲ့အညီ အသေအချာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ စနစ်တကျ စစ်ဆေးတာတွေကိုလည်း ပုံမှန် လုပ်ဆောင်ပါတယ်။ ဒါ့ကြောင့် ဘာမှ စိုးရိမ်စရာမလိုဘူးလို့ ပြောချင်ပါတယ်”

    မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဘဖန်းဆိတ်၊ ရေစကြို၊ မိုးနည်းချောင်းနဲ့ ကြည်အုံးကြည်ဝတို့လို ဘက်စုံသုံးဆည်တွေ အပါဝအင် ရေလှောင်တမံပေါင်း ၂၃၅ ခုလောက် ရှိနေတယ်လို့ ညွှန်ကြားရေးမှူးက ပြောပါတယ်။

    ၂၀၁၅ ခုနှစ်အတွင်း သဖန်းဆိပ် ရေလှောင်တမံမှာ ရေဟာ ၃.၂ ပေလောက် ရေကျော်ခဲ့ပြီး၊ ရေစကြိုရေလှောင်တမံမှာတော့ ၁၃ ပေခွဲလောက် ရေကျော်ခဲ့ပါတယ်။ မိုးနည်းချောင်းနဲ့ ကြည်အုံးကြည်ဝတို့မှာ ၃၅.၈ ပေ၊ ၃၃.၃ ပေ အသီးသီး ရေကျော်ခဲ့ပါတယ်။

    ဦးကြည်ဝေကတော့ ပေ ၃၀ ဆိုတာ အမြင့်ဆုံးပမာဏဖြစ်ပြီး အဲဒီလို အမြင့်ဆုံးကို ကျော်သွားတာတောင် ဘာမှမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

    ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် ဦးခင်ချိုက အခုနှစ် ရေကြီးရေလျှံမှုကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့က ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပြီး လူတွေက စိုးရိမ်ထိတ်လန့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဆည်တွေကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ တကယ်လို့ ပြည်သူတွေ တစ်ခုခုဖြစ်ပြီဆိုရင် လုပ်ဖို့ကိုင်ဖို့က တော်တော်မလွယ်ပါဘူး”

    ဦးကြည်ဝေက တာဝန်ရှိသူတွေနဲ့ အင်ဂျင်နီယာတွေဟာ ဆည်တွေကို အနီးကပ် စောင့်ကြည့်နေကြပြီး၊ ကြံခိုင်မှုရှိဖို့အတွက် အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေ မိုးသည်းထန်စွာ ရွာသွန်းပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးကာ လူပေါင်း တစ်သိန်းနီးပါးလောက် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။

    Ref: mmtimes

  • နိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိလာ

    နိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိလာ

    သြဂုတ် ၁၊ ၂၀၁၈
    M-Media

    photo credit – mmtimes

    – မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလောရေကြီးမှုအတွင်း သေဆုံးသူဟာ ၁၂ ဦးအထိ ရှိလာပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    တနင်္လာနေ့က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်မှာ မြေပြိုမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ပြန်ကြားရေးက မနေ့မှာ ထုတ်ပြန်ခဲ့ပြီး တပ်မတော်တာဝန်ရှိသူတစ်ဦးကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ကယ်ဆယ်ရေးလုပ်ငန်းအတွင်း ရေစီးနဲ့အတူ မြောပါသွားတဲ့ တပ်မတော်သားတွေထဲက ၂ ဦးရဲ့အလောင်း ပြန်တွေ့ခဲ့တယ်လို့ မြန်မာတိုင်းမ်စ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    နောက်ထပ် တပ်မတော်သားတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

    သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနက မကွေးမြို့မှာ ၂ ဦးသေဆုံးကာ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးနဲ့ နေပြည်တော်တို့မှာ တစ်ဦးစီ သေဆုံးခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ပြည်နယ်နဲ့ တိုင်းဒေသကြီး အနည်းဆုံး ၇ ခုမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူ တစ်သိန်းနီးပါးလောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုအချိန်မှာတော့ ရွှေ့ပြောင်းခဲ့ရသူ တော်တော်များများဟာ သူတို့ရဲ့အိမ်တွေကို ပြန်လည် လာရောက်နေထိုင်နေပြီလို့ ဆိုပါတယ်။

    Ref: mmtimes

  • ကျောင်းကုန်းက ရေဘေးသင့်သူတွေကို (၅၇) သိန်းကျော်ဖိုးလှူဒါန်း

    ကျောင်းကုန်းက ရေဘေးသင့်သူတွေကို (၅၇) သိန်းကျော်ဖိုးလှူဒါန်း

    သြဂုတ် ၂၂ ၊ ၂၀၁၆
    M-Media
    . 14045716_1767193753548433_7025187236425180190_n
    ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ရေဘေး ဒုက္ခကြုံတွေ့နေရသူများသို့ ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင်များ နှင့် ပုဇွန်တောင်မြို့နယ် မွတ်စလင်မ် လူငယ်များ သာရေးနာရေးအဖွဲ့တို့
    ပူးပေါင်းပြီး သြဂုတ်လ ၂၁ ရက်နေ့က  (ဆန်”ဆီ”ဆား”ဆေး) များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
    .
    ‎အမှတ်‬(၂)ကျောင်းကုန်း၊ အမှတ်(၃)ကျောင်းကုန်း၊‎ဥယျာဉ်ကြီးဘုန်းကြီးကျောင်း‬၊ ‎အညှာတန်းကျေးရွာ‬၊ ‎ဒေါ့င်ကြီးရွာ‬၊ ‎ဒေါင့်ကြီးရွာဘုန်းကြီးကျောင်း‬ မှ ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်း ငွေကျပ် (၅၇) သိန်း ကျော်ဖို့ လှူဒါန်းခဲ့တာ ဖြစ်ကြောင်း သိရှိရသည်။

    အလှူခရီးစဉ်တွင် ကျောင်းကုန်းဥယျာဉ်ကြီး ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား အလှူပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
    .
    **သတင်း နှင့် ဓါတ်ပုံ  CJ တစ်ဦးမှ ပေးပို့ပါသည်။

    14064283_1767192690215206_2894535180824543480_n

    14055168_1767192590215216_6555139990271231704_n

    14100338_1767192620215213_841184987336164978_n

    13934772_1767193640215111_6049274288591848012_n

  • ဧရာဝတီတိုင်း အတွင်း ရေဘေးသင့် မြို့နယ် ၇ ခုသို့ အစ္စလာမ်ဘာသာရေး အဖွဲ့မှ သိန်း(၅၀၀) လှူဒါန်း

    ဧရာဝတီတိုင်း အတွင်း ရေဘေးသင့် မြို့နယ် ၇ ခုသို့ အစ္စလာမ်ဘာသာရေး အဖွဲ့မှ သိန်း(၅၀၀) လှူဒါန်း

    သြဂုတ် ၂၂ ၊ ၂၀၁၆
    M-Media
    . 13912645_1738741033031057_4847724356149838692_n
    ဧရာဝတီတိုင်း ဒေသကြီး အတွင်း ဖြစ်ပွားနေသည့် ရေဘေး ဒုက္ခကြုံတွေ့နေရသည့် ပြည်သူများ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ စုစုပေါင်း ကျပ်သိန်း (၅၀၀) ဖိုး ကယ်ဆယ်ေ၇း ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
    .
    သြဂုတ်လ ၁၈  နေ့က ဧရာဝတီတိုင်း ဝန်ကြိးချူပ်အား အဆိုပါ အလှူ သိန်း(၅၀၀) လှူဒါန်း အခမ်းအနားဖြင့် ပေးအပ်လှူ ဒါန်း ခဲ့ပြီး အဆိုပါသိန်း(၅၀၀) ဖိုး အလှူပစ္စည်းများကို ရေဘေး သင့်ပြည်သူများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ ဝန်ကြီးချူပ် မန်းဂျော်နီထံ ညှိနှိုင်းခွင့်တောင်းခဲ့ရာ ခွင့်ပြုခဲ့သဖြင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ခံအလှူ အဖွဲ့များက အောက်ခြေထိ သွားရောက်လှူဒါန်းလျက် ရှိကြောင်းသိရသည်။
    .
    ထိုသို့ သွားရောက် လှူဒါန်းသည့် အဖွဲ့မှ တာဝန်ရှိသူတဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ
    ” သာပေါင်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ညောင်တုံး၊ ကျောင်းကုန်း၊ ကျုံပျော် တမြို့နယ်ကို အကြမ်းဖျဉ်း သိန်း (၅၀) စီ ပုသိမ်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ရွာတွေအတွက် သိန်း (၂၀၀) လှူဖို့ ရာထားကြောင်း၊ လှူတာအားလုံးကိုတော့ တာဝန်ရှိသူ အုပ်ချူပ်ရေး အာဏာပိုင်တွေရဲ့ ပေးတဲ့ သတင်းအချက်အလက်များဖြင့်သာ သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရေကြီးမှု အဆိုးရွားဆုံးဖြစ်နေသည့် နေရာများ နှင့် ကယ်ဆယ်ေ၇းပစ္စည်း အရေးပေါ်လိုအပ်သည့် ရွာများကို ဦးစားပေးပြီးလှူဒါန်းခဲ့ကြောင်း၊  လူမျိုးမရွေးဘာသာမရွေး ဒုက္ခရောက်သူ အားလုံးကို လှုဒါန်းခဲ့တာဖြစ်ကြောင်း ” ရှင်းပြခဲ့ပါသည်။

    14095865_1477082892308582_4217725371839600194_n

    14079642_1477086268974911_7168275872971367819_n

    14068312_1474673869216151_6516755875620318511_n

     

  • သီတဂူဆရာတော် ရခိုင်ပြည်နယ်အတွက် ကျပ်ငွေသိန်း ငါးထောင်ကျော်လှူဒါန်း

    သီတဂူဆရာတော် ရခိုင်ပြည်နယ်အတွက် ကျပ်ငွေသိန်း ငါးထောင်ကျော်လှူဒါန်း

    သြဂုတ်လ ၂၅ ၊ ၂၀၁၅
    11949351_866877840064556_1296842342790065361_n
    (၂၃-၈-၂၀၁၅)နေ့မှာ ရခိုင်ပြည်နယ်ရောက်ရှိနေသော သီတဂူဆရာတော်ကြီးနှင့်အဖွဲ့သည် ရေဘေးသင့်နေရာများသို့ ကိုယ်တိုင်ကြွရောက်၊ ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သည်။

    ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ငါးထောင် (၅၀၀၀)ကျော်လှူဒါန်းမည်။

    (က) ရခိုင်ပြည်နယ် မောင်တောရေဘေးသင့်အတွက် ကျပ်သိန်း(၃၀၀)သုံးရာ
    (ခ) မောင်တောပြည်သူ့ဆေးရုံအတွက် – ကျပ်ငွေသိန်း (၁၀၀၀) တစ်ထောင်
    (ဂ) ဘူးသီးတောင် – ကျပ်၂၅၀သိန်း
    (ဃ) ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး (ကျန်းမာရေး-ပညာရေး) အတွက် ကျပ်ငွေသိန်း-၃၀၀၀ ကျော်လှူဒါန်းသွားမည်ဖြစ်ပါသည်။

    ရသေ့တောင်၊ မင်းပြား၊ ပုဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ဘူးသီးတောင်မြို့များရှိ ဘုန်းတော်ကြီးကျောင်း ၈၆ကျောင်းအတွက် တစ်ကျောင်းလျှင် အလှူတော်ငွေကျပ် – ၁၀သိန်းနှင့် ဆန်တစ်အိတ်စီ လှူဒါန်းသွားမည်ဖြစ်ပါသည်။

    ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း ကျပ်ငွေစုစုပေါင်း – သိန်း(၅၄၁၀) သုံးစွဲလှူဒါန်းမည်ဖြစ်ပါသည်။
    11885129_866877876731219_483074291412494134_n 11895986_866877756731231_6981015702287124320_n 11902327_866877693397904_5499207786868852145_n 11960068_866877786731228_8343697067079987814_n
    သီတဂူစတား FB စာမျက်နှာမှ ကူးယူဖော်ပြသည်။
    https://www.facebook.com/thitagustar/posts/866877943397879