News @ M-Media

Tag: myanmar_muslim_sport_player

  • ရွှေတံဆိပ်(၅)ဆုရှင် တချိန်က မြန်မာ့လက်ရွေးစင်

    ရွှေတံဆိပ်(၅)ဆုရှင် တချိန်က မြန်မာ့လက်ရွေးစင်

    နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့(Boxing) အားကစားနည်းဖြင့် တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု ရယူပေးခဲ့သော (ဦး)ဝင်းမောင် (ဘောက်ဆာ) ရဲ့ ဘဝ ကောက်ကြောင်း ဖော်ပြလိုက်ရပါတယ်။

  • ရိုးရာ လက်ဝှေ့ အဖွဲ့ချူပ် ပြက္ခဒိန်တွင် ထွန်းထွန်းမင်း ဓါတ်ပုံ ချန်ထားခံရ

    ရိုးရာ လက်ဝှေ့ အဖွဲ့ချူပ် ပြက္ခဒိန်တွင် ထွန်းထွန်းမင်း ဓါတ်ပုံ ချန်ထားခံရ

    စက်တင်ဘာ ၁၀ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချူပ်က ထုတ်ဝေတဲ့ ၂၀၁၈ ခုနှစ် ပြက္ခဒိန်တွင် နာမည်ကျော် ရိုးရာလက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်း(မုဒုံသား) ရဲ့ အမည် နှင့် ဓါတ်ပုံ ပါဝင်မလာတာကို တွေ့ရပါတယ်။

    ဒါနဲ့ ပတ်သက်ပြိး ထွန်းထွန်းမင်းက သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အောက်ပါအတိုင်းမေးခွန်းထုတ်ရေးသားထားတာကို တွေ့ရပါတယ်။

    ” ကျွန်တော်ငယ်ငယ်လေးထဲက လက်ဝှေ့ကိုဝါသနာပါပြီး စိတ်ဝင်စားခဲ့တာ
    တနေ့ကျရင် ချန်ပီယံဖြစ်ရမယ်လို့ ကျွန်တော် အိမ်မက်မက်ခဲ့တယ်
    ကျွန်တော်အိမ်မက်အတိုင်း ကျွန်တော်ချန်ပီယံဖြစ်ခဲ့တယ်
    နိုင်ငံတော်အတွက်လည်း ဆုတံဆိပ်တွေအမျာကြီး ယူပေးနိုင်ခဲ့တယ်။
    ခေတ်အဆက်ဆက်ချန်ပီယံ ပုံထဲမှာ ကျွန်တော် ဘာလို့မပါတာလဲ။
    လက်ဝှေ့လောက ကလူကြီးတွေက ကျွန်တော်ကို ချန်ပီယံအဖြစ် အသိအမှတ်မပြုတာလား ၊ ပုံတွေကရောဘယ်သူထည့်တာလဲ မပါအောင်။”

    အဆိုပါပြက္ခဒိန်တွင် အတန်းလိုက် လက်ဝှေ့ချန်ပီယံများ၊ ခေတ်အဆက်အဆက် မြန်မာရိုးရာလက်ဝှေ့ ချန်ပီယံများ၊ အခြားနာမည်ကျော် ရိုးရာလက်ဝှေ့ သမားများ အပြင် နိုင်ငံခြားသား လက်ဝှေ့ကျော်များကို ပါ ထည့်သွင်းဖော်ပြထားပြိး လက်ရှိ မြန်မာပြည် ရိုးရာလက်ဝှေ့ ချန်ပီယံနှင့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ရွှေတံဆိပ် ဆုရှင် ထွန်းထွန်းမင်း ရဲ့ အမည်နှင့် ပုံ ကိုဖော်ပြထားခြင်းမရှိပါဘူး။

    ထွန်းထွန်းမင်းဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၁ တွင် မြန်မာပြည် လက်ဝှေ့ချန်ပီယံ  စောငမန်းအား အနိုင်ရရှိပြီး မြန်မာပြည်လက်ဝှေ့ ချန်ပီယံဘွဲ့ ကို ရရှိခဲ့တာဖြစ်ပါတယ်။

    (ဓါတ်ပုံ-ထွန်းထွန်းမင်း FB)

  • ကျွန်းဆွယ် လက်ဝှေ့ချန်ပီယံ လှရွှေ(ခ) အင်နာမွလ္လာခန်း (ဒုအရာခံဗိုလ် တပ်မတော်ရေ)

    ကျွန်းဆွယ် လက်ဝှေ့ချန်ပီယံ လှရွှေ(ခ) အင်နာမွလ္လာခန်း (ဒုအရာခံဗိုလ် တပ်မတော်ရေ)

    လက်ဝှေ့ပွဲပေါင်း ၂၂၇ ပွဲ ယှဉ်ပြိုင်ခဲ့ရာ အနိုင်ပွဲ ၂၀၄ ပွဲ နှင့် ရှုံးပွဲ ၂၃ ပွဲရှိသည်။

    တပ်မတော် လက်ဝှေ့ကော်မတီ၏ လက်ဝှေ့ နည်းပြနှင့် မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချူပ်၏ ဒိုင်လူကြီး တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၆၀ ပြည့်နှစ်က မြန်မာပြည်ချန်ပီယံ နှင့် ကြည်း၊ရေ၊ လေ ချန်ပီယံဆုရခဲ့သည်။

    ၁၉၆၂ ခုနှစ်က ဒုတိယ ကျွန်းဆွယ်အားကစားပြိုင်ပွဲ လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။

    ၁၉၆၉ ငါးကြိမ်မြောက် ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ရရှိခဲ့သည်။

    အိန္ဒိယ-မြန်မာ၊ ပါကစ္စတန်-မြန်မာ ပြိုင်ပွဲများတွင်လည်း ပထမရခဲ့သည်။

    ကြည်း၊ ရေ၊ လေ အကောင်းဆုံးဆုများ ဆွတ်ခူးရရှိခဲ့သည်။

    ကိုးကား-၂၀၀၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော အစ္စလာမ်ဓမ္မဗိမာန် (၇၅) နှစ်မြောက် စာစောင်

  • ဦးစိန်ထွန်း (ဘတ်စကက်ဘော-လက်ရွေးစင်) လူမှုထူးချွန် ( ပထမဆင့် )

    ဦးစိန်ထွန်း (ဘတ်စကက်ဘော-လက်ရွေးစင်) လူမှုထူးချွန် ( ပထမဆင့် )

    ၁၉၄၄ ခုနှစ်တွင် မန္တလေးမြို့၊ ပြည်ကြီး ကျက်သရေ အရှေ့ရပ်တွင် မွေးဖွားသည်။ မွေးချင်း ခြောက်ယောက်ရှိသည့် အနက် တတိယ သားဖြစ်သည်။

    မန္တလေးမြို့ ၊ အထက (၁) တွင် ၁၀ တန်း အထိ သင်ကြားခဲ့သည်။

    ကျောင်း ၏ ဘတ် စ ကက် ဘော လက် ရွေး စင် ဘ ဝ က တည်း က မ န္တ လေး – အ နောက် တောင် ကျုံး ထောင့် တွင် လူ ငယ် များ ကို ဘတ် စ ကက် ဘော ပ ညာ မျိုး စေ့ ချ ပေး ခဲ့ သည်။

    ဘတ်စကတ်ဘော အားကစားတွင် ထူးချွန်၍ ၁၉၆၄ ခုတွင် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် လေးကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၊ ၁၉၆၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဘတ်စကက်ဘောနည်းပြသင်တန်းသို့ တက်ရောက်ခဲ့သည်။

    ၁၉၆၆ ခုတွင် တရုတ်ပြည်သို့ ချစ်ကြည်ရေး ပွဲ သွားရောက်ကစားရာ အကောင်းဆုံးအားကစားသမားဆုရရှိခဲသည်။ ၁၉၆၆ ခု တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ကျင်းပသော ငါးကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုနှင့် တတိယဆု ရရှိခဲ့သည်။

    ၁၉၆၇ ခုတွင် လေးကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လည်းကောင်း၊ ၁၉၆၇ ခု တွင် စင်ကာပူ နိုင်ငံသို့ ချစ်ကြည်ရေးပွဲကိုလည်းကောင်း သွားရောက်ကစားခဲ့သည်။

    ၁၉၆၉ ခု တွင် ရန်ကုန်မြို့တွင်ကျင်းပသည့် ငါးကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် တတိယ ဆုရရှိခဲ့သည်။ ၁၉၇၁ တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး အားကစားပွဲ သွားရောက်ခဲ့သည်။

    ၁၉၇၂ ခုတွင် မန္တလေး အရှေ့တောင်မြို့နယ် အားကစားမှူးအဖြစ် ထမ်းဆောင်ခဲသည်။ ၁၉၇၅ တွင် အရှေ့ဂျာမဏီ (G.D.R) သို့ အားကစားနည်း ၂၄ မျိုးနှင့် အားကစားဆိုင်ရာ ကျန်းမာရေးသင်တန်း တက်ရောက်ခဲ့ရာ Grade I နှင့် အောင်မြင်ခဲ့သည်။

    ” မိုး ကြိုး ” ဘက် စ ကက် ဘော အ သင်း ကို ထူ ထောင် လေ့ ကျင့် မှု များ ပေး ခဲ့ သည်။ ဆရာ ကိုစိန် ထွန်း ၊ ဆ ရာ ကို မ ဂျစ် ( ခ ) ကို ခင်မောင် ၊ ဆရာကို ခင် မောင် ညွန့် တို့ ခေါင်း ဆောင် သော ” မိုး ကြိုး( က ) ” အ သင်း နှင့် တ ပည့် လူ ငယ် များ ( စာ ရေး

    သူ အ ပါ အ ဝင် ) ” မိုး ကြိုး ( ခ ) ” အ သင်း တို့ သည် အ ထက် ပါ ကျုံး ထောင့် ၌ ကျင်း ပ သော ” လွတ် လပ် ရေး အောင် ပွဲ ” များ တွင် နှစ် စဉ် ပါ ဝင် ယှဉ် ပြိုင် ခဲ့ကြ ပါ သည်။

    ၁၉၈၄ ခု တွင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများသို့ နည်းပြဆိုင်ရာ ကွန်ဖရင့် နှင့် Olympic Solidarity Course အား တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ အစိုးရမှ ချီးမြှင့်သော လူမှုထူးချွန် ပထမ အဆင့် ရရှိခဲ့သည်။ လက်ထောက် ညွှန်ကြားရေးမှူး

    အားကစားအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ရင်း ၁၄- ၈ – ၁၉၉၂ ရက် တွင် အ ရှင် မြတ်အ မိန့် တော် ခံ ယူ ခဲ့ ရာ ယ ခု ကွယ် လွန် ခြင်း ( ၂၅ ) နှစ် ပြည့် ငွေ ရ တု အ ဖြစ် ဂုဏ် ပြု ဖော် ပြ အပ် ပါ သည် ။

    ဦးခင်မောင်ဝင်း(ဓူဝံ) တင်ပြသည်။
    ဓါတ်ပုံ-Lin Latt May

  • ပြေးခုန်ပစ်- နိုင်ငံဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် မွတ်စလင်မ် အားကစားသမားများ (၂)

    ပြေးခုန်ပစ်- နိုင်ငံဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် မွတ်စလင်မ် အားကစားသမားများ (၂)

    ဒီဇင်ဘာ ၁၀၊ ၂၀၁၆
    M-Media
    ကြည်သာမောင် ရှာဖွေတင်ဆက်သည်။

    myanmar-muslim-sport-player

    တချိန်တခါက မြန်မာလက်ရွေးစင် အားကစားသမားများဟာ ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ အလေးမ စတဲ့ အားကစားနည်များမှာ  အရှေ့တောင်အာရှတွင်သာမက အာရှအဆင့် ၌ပင် အောင်ပွဲအလီလီ ဆွတ်ခူးကာ နိုင်ငံဂုဏ်ဆောင်နိုင် ခဲ့ကြပါတယ်။ အဆိုပါ တိုင်းပြည်ဂုဏ်ဆောင် အားကစားသမားများထဲမှာ အစ္စလာမ်ဘာသာဝင် အားကစားသမားအကျော်အမော်တွေ အများအပြားပါဝင်ခဲ့ပါတယ်။

    အမ်မီဒီယာ အနေဖြင့် အဆိုပါ အားကစားသမား အကျော်အမော်တို့ အကြောင်း လက်လှမ်းမှီသလောက် ရှာဖွေ တင်ဆက်သွားပါမယ်။ စာဖတ်ပရိတ်သတ်  များအနေဖြင့်လည်း မိမိတို့မှာ ရှိတဲ့ တိုင်းပြည်ဂုဏ်ဆောင် မြန်မာမွတ်စလင်မ် အားကစားသမားများ အကြောင်း သတင်းအချက်အလက်များကို [email protected] သို့ဖြစ်စေ၊ M-Media Facebook Page မှ Message ပို့၍ ဖြစ်စေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

    ၁။ မောင်လှ (တပ်မတော်)  အရာခံဗိုလ်
    နိုင်ငံတကာ ဆုတံဆိပ်
    ရွှေ-၅
    ငွေ-၂
    ကြေး-၁

    ၂။ အောင်စိုးခိုင် (တပ်မတော်)
    မွေးရပ်- မြစ်ကြီးနား
    နိုင်ငံတကာ ဆုတံဆိပ်
    ရွှေ- ၂
    ငွေ-၎
    .
    ၃။ အောင်သူရ (မြို့တော်စည်ပင်)
    မွေးရပ်- ရန်ကုန်
    နိုင်ငံတကာ ဆုတံဆိပ်
    ရွှေ-၁
    ငွေ-၁
    ကြေး-၎
    .
    ၄။ မာမာဦး (ဆောက်လုပ်ရေး)
    မွေးရပ်- စဥ့်ကိုင် (မန္တလေး)
    နိုင်ငံတကာ ဆုတံဆိပ်
    ငွေ- ၃
    ကြေး-၎
    .
    ၅။ ခင်မောင်တင့် (ဆောက်လုပ်ရေး)
    မွေးရပ်- မန္တလေး
    နိုင်ငံတကာ ဆုတံဆိပ်
    ငွေ-၁
    .
    ၆။ ဦးကျော်ခင် (ပြေးခုန်ပစ်အဖွဲ့ချူပ်- နည်းပြချူပ်)

    1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-018 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-019 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-020

    မှတ်ချက် –
    အောက်ဖော်ပြပါ အချက်အလက်များဟာ ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော အစ္စလာမ်ဓမ္မဗိမာန် (၇၅) နှစ်မြောက် စာစောင်တွင်  ဟာဂျီဦးအုန်းမြင့် (ဘတ်စကက်ဘော မြန်မာလက်ရွေးစင်ဟောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးဟောင်း)၏  စုစည်းတင်ပြချက်များဖြစ်ပါတယ်။
    အမ်မီဒီယာ အနေဖြင့် နောက်ထပ် အချက်အလက်များ ရရှိပါက ထပ်မံ၍ ဖော်ပြသွားပါမယ်။

    ဆက်စပ် သတင်းနှင့် ဆောင်းပါးများ
    ——————————

    • ဘောလုံး- နိုင်ငံဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် မွတ်စလင်မ် အားကစားသမားများ (၁) Link
    • SEA GAME မှာ မီးရူးတိုင် ကိုင်ဆောင်ခွင့်နဲ့ ဒိုင်လုပ်ရတာကို ပီတိဖြစ်တယ်ဆိုတဲ့ ကျွန်းဆွယ် ပြေးခုန်ပစ် ချန်ပီယံ ဦးမောင်လှ Link
    • နိုင်ငံဂုဏ်ဆောင် မြန်မာလက်ရွေးစင် မွတ်စလင်မ် အားကစားသမားများ အကြောင်းဖတ်ရန် Link