M-Media
ရှာဖွေတင်ပြသူ- Maung Khin
အာဇာနည်များထားရာ ဂျုဗလီဟောသို့ မြန်မာ မွတ်စလင်မ်များ ချီတက် အလေးပြုခဲ့ကြစဉ်။ (၉-၈-၁၉၄၇ ဖဆပလသတင်းစဉ်)
M-Media
ရှာဖွေတင်ပြသူ- Maung Khin
အာဇာနည်များထားရာ ဂျုဗလီဟောသို့ မြန်မာ မွတ်စလင်မ်များ ချီတက် အလေးပြုခဲ့ကြစဉ်။ (၉-၈-၁၉၄၇ ဖဆပလသတင်းစဉ်)
ဇူလိုင်-၁၆၊၂၀၁၃
M-Media
(ရန်ကုန်တရုတ်ကပြားနဲ့ ဟင်္သာတ မူဆလင်များအာဇာနည်နေ့ အခမ်းအနားကိုပါဝင်ချီတက်အလေးပြုပုံ)
၁၆-၈-၁၉၄၇ ထုတ် ဖဆပလ သတင်းစဉ်မှ အမြို့မြို့ အနယ်နယ်မှ မြန်မာနိုင်ငံသားများ အာဇာနည်နေ့ အခမ်းအနားကို ပါဝင်ချီတက် အလေးပြုကြပုံ။
via Maung Khin
နိုဝင်ဘာ ၂၇ ၊၂၀၁၂
M-Media
ယနေ့ထုတ်သတင်းစာများတွင် Crisis Group မှပေးအပ်မည့် In Pursuit of Peace ဆုကို သမ္မတဦးသိန်းစိန် လက်ခံရရှိကြောင်း International Crisis Group ၏ In Pursuit of Peace award dinner-Peace, prosperity and the presidency ကို ဘာသာပြန်ဆို ဖော်ပြသည့် သတင်းတွင် ထူးထူးခြားခြား ရိုဟင်ဂျာလူမျိုး နာမည် ဖေါ်ပြထားတာ တွေ့ရပါတယ်။
အမေရိကန်သမ္မတ ဘာရက် အိုဘားမား မိန့်ခွန်းပြောရာတွင် ရိုဟင်ဂျာလူမျိုးနာမည် သုံး၍ပြောဆိုသွားခြင်းအား အမေရိကန် သံရုံးသို့ စာပို့ ပြီး အိုဘားမားအား ကန့်ကွက်သွားမည်ဟု ရခိုင်ကွန်ယက်အဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ထားသည်မှာ တစ်ရက်သာရှိသေးသည်။
သတင်းတစ်ခုလုံးကို ဖတ်ကြည့်ရင်လည်း နောက်ထပ်ထူးခြားမှု တစ်ခုကတော့ – “အဆိုပါဖြစ်ရပ်များကြောင့် ပြည်သူများ၏ ဘ၀များပျက်ဆီးခြင်းများ ဖြစ်နေဆဲဖြစ်ရာ တိတိပပဆိုရလျှင် မွတ်ဆလင် ရိုဟင်ဂျာလူနည်းစုများတွင် ပိုမိုပျက်ဆီးနေရသည်။” လို့ မကွယ်မ၀ှက်ဘဲ (ထုံးစံအတိုင်းအတိုင်း မဟုတ်ဘဲ) ရေးသားဖေါ်ပြထားတာ တွေ့ရပါတယ် ။
from ဦးဦးမှော်ဆရာ
(၁၄၈၆) ကြိမ်မြောက် တမန်တော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်၌် ကျင်းပရာ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးမြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ သာသနာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တမန်တော်နေ့ ကျင်းပရေး ဗဟိုကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး (၁၄၈၆) ကြိမ်မြောက် တမန်တော်နေ့ အခမ်အနားကျင်းပရေး ဗဟိုကော်မတီဥက္ကဌ ဟာဂျီ ဗိုလ်မှူးတင်မောင် (ငြိမ်း) က အဖွင့်အမှာစကားပြောကြားသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်က အမှာစကားပြောကြားပြီး တမန်တော်နေ့ ကျင်းပရေး ဗဟိုကော်မတီ ဦးစီးနာယကနှင့် တာဝန်ရှိသူများက ဂုဏ်ပြုစကားပြောကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်ဆွေက ဧပြီ ၁၀ ရက်တွင် ရထားတိုက်မည့် အန္တရာယ်မှ မြေးအဘွား နှစ်ဦးအား အသက်စွန့်ကယ်တင်ခဲ့သည် မြန်မာ့ မီးရထားမှ လက်ထောက် စက်ခေါင်းမှူး-၁ ဦးဌေးနိုင်အား ဂုဏ်ပြု လက်ဆောင်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
၂၂-၅-၂၀၁၂ ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၃ မှ ကူးယူဖော်ပြသည်။