News @ M-Media

Tag: MyanmarLiteratureTalk

  • “ကမ္ဘာ့စာအုပ်များနေ့” အထိမ်းအမှတ် ဆရာအတ္တကျော်မှ “သတင်းကို ချင့်ချိန်ပိုင်းခြား လက်ခံနိုင်စွမ်း” ခေါင်းစဉ်ဖြင့် BC တွင် ဟောပြောမည်။

    ဧပြီ ၂၅၊ ၂၀၁၄
    M-Media
    .ဝေယံ

    Media Literacy and News Literacy

    ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် “ကမ္ဘာ့စာအုပ်များနေ့” အထိမ်းအမှတ် အဖြစ် ဧပြီလ (၃၀) ရက် ဗုဒ္ဓဟူးနေ့ညနေ (၅) နာရီတွင် အသင်းဝင်များနှင့် စာပေကို ချစ်မြတ်နိုးသူများ အားလုံးအတွက် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်း British Council မှ သတင်းထုတ်ပြန်ထားပါသည်။

    ဆရာအောင်သိန်းကျော် (အေတီကေ (ခ) ဆူဒိုနင် (ခ) အတ္တကျော်) မှ “သတင်းကို ချင့်ချိန်ပိုင်းခြား လက်ခံနိုင်စွမ်း (Media Literacy and News Literacy)” ဆိုသောခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသွားပါမည်ဖြစ်ကြောင်းသိရသည်။

    ၂၁ရာစုတွင် လူရည်လည်သော သတင်းစားသုံးသူတွေ ဖြစ်လာနိုင်ရန် သတင်းတစ်ပုဒ်အား ချင့်ချိန်ယုံကြည်နိုင်သော အစွမ်းအစကို မလွဲမသွေ လိုအပ်လာပါသည်။ ယခုစာပေဟောပြောပွဲတွင် ဆရာမှ သတင်းများကို မည်သူက လွှင့်သည်၊ မည်သည့်ရည်ရွယ်ချက်ဖြင့် လွှင့်သည်၊ သတင်းများကို ဆက်စပ်စဉ်းစားရန် အခြေအနေ၊ သတင်းရင်းမြစ် အရည်အသွေး၊ ခိုင်မာမှု၊ မှန်ကန်ကြောင်း အတည်ပြု စစ်ဆေးမှု၊ ရွေးချယ်သုံးစွဲထားသော စကားလုံးများ နှင့် မျှတမှု စသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးသွားပါမည်ဟုဖော်ပြထားသည်။

    ဟောပြောပွဲအပြီးတွင် ဆရာနှင့်သိလိုသည်များကို ဆွေးနွေးနိုင်မည်ဖြစ်ပြီး တက်ရောက်လိုသူများ http://tinyurl.com/bclib2014 တွင်ဝင်ရောက်စာရင်းပေးနိုင်ကြောင်းသိရသည်။ အသင်းဝင်မဟုတ်သူများလည်း ပါဝင်နိုင်ပြီး စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင် (သို့) ကျောင်းသားကဒ် တစ်ခုယူဆောင်လာရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

    အသင်းဝင်မဟုတ်သူများလည်း လာရောက်နားဆင်နိုင်ကြောင်းသိရသည်။

    ကိုးကား-British Council Myanmar

  • ကိုမြအေးနှင့် ကိုမိုးသီးဇွန် ပါဝင်မည့် စာပေဟောပြောပွဲတွင် အနှောက်အယှက်များ ရင်ဆိုင်ဖို့ အသင့်ရှိကြောင်း စီစဉ်သူ ကိုဝေမှူးသွင်ပြော

    မတ် ၂၇၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ- လင်းခန့်ဇော်(CJ)
    10155082_10152150732973612_1249749218_n
    မတ်လ(၂၇)ရက် မှာ စာပေဟောပြောပွဲတရပ် မန္တလေးလမ်း၊ ကန်တော်လေး တွင်ကျင်းပပြုလုပ်ပါလို့ သိရပါတယ်။။ ဟောပြောမည့်သူများမှာ ဆရာဖေမြင့်၊ ဆရာဟိန်းလတ် ၊ကိုမိုးသီးဇွန် ၊ကိုမြအေး ဖြစ်ပါတယ်။

    ယခုပွဲကို စီစဉ်သူ ကိုဝေမှူးသွင်ကတော့ ဘယ်လိုအနှောက်အယှက်မျိုးကိုမဆို ရင်ဆိုင်ဖြတ်သန်းဖို့ အဆင်သင့်ရှိပါတယ့်ဆိုပြီး သူရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။

    လွန်ခဲ့သည့် လက မြောက်ဥက္ကလာပ နှင့် မန္တလေးတွင် ပြုခဲ့သည့် စာပေဟောပြောပွဲတွင် ပါဝင် ဟောပြောရန် စီစဉ်ထားသည့် ကိုမြအေးနှင့် ဦးကိုနီတို့အား လူမျိုး၊ဘာသာ အကြောင်းပြပြီး အင်အားသုံး ဖိအားပေးပြီး ဟန့်တားမှုများဖြစ်ခဲ့ပါတယ်။

    ဟောပြောမည့်ပုဂ္ဂိုလ်များ
    ဆရာဖေမြင့်၊ဆရာဟိန်းလတ် ၊ကိုမိုးသီးဇွန် ၊ကိုမြအေး

    နေ့ရက်
    ၂၇၊၀၃၊၂၀၁၄ ကြာသပတေးနေ့

    အချိန်
    ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ

    နေရာ
    မန္တလေးလမ်း(အလယ်)၊ ကန်တော်ကလေး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ရန်ကုန်မြို့

  • Mizzima: ဦးကိုနီနှင့် ဦးမြအေး ပါဝင်ဟောပြောမည့် စာပေဟောပြောပွဲ ကန့်ကွက်ခံရ၍ ဖျက်သိမ်း

    ဖေဖော်ဝါရီ ၁၃ ရက်၊၂၀၁၄
    မဇ္ဈိမ
    ဟိန်းကိုစိုး၊ ရွှေရည်ဝင်းထက်

    1009979_528113847286844_804525407_n

    ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် ၌ပြုလုပ်မည့် စာပေဟောပြောပွဲတွင် ဦးကိုနီနှင့် ဦးမြအေးတို့ ဟောပြောမည့်အစီအစဉ်ကို မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂက ကန့်ကွက် ခဲ့သောကြောင့် ဟောပြောပွဲ ဖျက်သိမ်းခဲ့သည်ဟု ပွဲစီစဉ်သူ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးမျိုးထွဋ်က ပြောသည်။

    ဦးကိုနီနှင့် ဦးမြအေးတို့ကို ပြည်ထောင်စုနေ့ကဲ့သို့သော အခမ်းအနားမျိုးတွင် လက်မခံနိုင်ဟူသော အကြောင်းပြချက်ဖြင့် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သူလည်းဖြစ်သည့် ဦမျိုးထွဋ်က ဆိုသည်။

    ဟောပြောမည့်သူနှစ်ဦးကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ အရှင်သုစိတ္တက ကန့်ကွက်သည့်စာကို မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖေဖော်ဝါရီ ၁၀ ရက်တွင်ပေးပို့ခဲ့ပြီး ပွဲဖြစ်မြောက်ရေးစီစဉ် သည့် မြောက်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၁၁ ရက်တွင် ကန့်ကွက် စာရောက်ရှိသည်ကို သိရှိသည်ဟု ဆိုသည်။

    အဆိုပါကန့်ကွက်စာနှင့်ပတ်သက်ပြီး မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင်များမှ ရဟန်းအဖွဲ့ကို သွားရောက် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့ပေ။

    မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ အရှင်သုစိတ္တ၏ ကန့်ကွက်စာတွင် “မဖြစ်သင့်တာတွေ ဖြစ်လာနိုင် ပါတယ်ဆိုတဲ့ အကြောင်းသက်ဆိုင်ရာမှ အချိန်မီတားဆီးပေးနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်”ဟု ပါ ရှိပြီး အဆိုပါရဟန်းအဖွဲ့ကိုမူ မီဒီယာများမှ သီးသန့်မေးမြန်းခွင့်မရခဲ့ပါ။

    ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဦးထွန်းမြတ်က “ကျွန်တော်တို့က အရှင်ဘုရားတို့ကိုလည်း မေတ္တာရပ်ခံပြီးပြီ။ အရှင်ဘုရားက ဦးမြအေးနဲ့ ဦးကိုနီ နှစ်ဦးကို ဖြုတ်ပေးပါဆိုပြီး ပြော တယ်။ တစ်ဖက်ကလည်း စာရေးဆရာလေးဦးရဲ့ဆန္ဒကို မေးတယ်။ စာရေးဆရာ လေးဦး ကလည်း နှစ်ဦး ကိုဖြုတ်ပြီးတော့ ကျန်တဲ့ နှစ်ဦးတည်းနဲ့တော့ မဟောနိုင်ဘူးဆိုပြီး အပြတ်ပဲ။ တစ်ဖက်နဲ့တစ်ဖက်လည်း ပြဿနာ မဖြစ်ရအောင် ဦးမြအေးတို့ ဘက်ကလည်း နောက်ဆုတ်ပေး သွားတယ်”ဟု ပြောသည်။

    စာပေဟောပြောပွဲ တက်ရောက်ဟောပြောရန် တရား လွှတ်တော်ရှေ့နေ ဦးကိုနီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး၊ ဆင်ဖြူကျွန်း အောင်သိန်းနှင့် ဆရာသန်းစိုးနိုင်တို့ကို ဖိတ် ကြားထားခြင်းဖြစ်သည်။ အဆိုပါ ဟောပြောပွဲပြုလုပ်ရန် အန်အယ်လ်ဒီ ဘက်မှ ဇန်န၀ါရီ ၄ ရက်ကတည်း က စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကလည်း ပွဲကျင်းပရန် တရားဝင်ခွင့်ပြုထားပြီးဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။

    ဟောပြောရန်ကန့်ကွက်ခံရသူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက “တိုင်းပြည်က နှစ်ပေါင်း ၅၀ လောက် အာဏာရှင်စနစ်အောက်မှာနေခဲ့ရပြီး အခု ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ အခြေအနေမှ ဘာသာခြားဖြစ်လို့ ဖျက်ဖို့ တောင်းဆိုတာ ဒီမိုကရေစီကို အနှောင့်အယှက်ပေးသလို ဖြစ် နေတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ခက်ခဲနေဦးမယ်”ဟု သုံးသပ် ပြောဆိုသည်။

    ဦးကိုနီသည်“ပဉ္စမပြည်ထောင်စု မြန်မာနိုင်ငံ”ဟူသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ရှေ့ဆက်မည့် ဒီမိုက ရေစီလမ်းကြောင်း အခြေအနေများကို ဟောပြောရန် စီစဉ်ထား သည်ဟု သိရသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ဦးမြအေးကို ဆက်သွယ်မေးမြန်းရာ ပွဲစီစဉ်သူကို သာ တိုက်ရိုက် မေးမြန်းရန် ပြောကြားခဲ့သည်။

    Link =>https://www.facebook.com/permalink.php?story_fbid=718504198184488&id=216265185075061&stream_ref=10

    Photo Credit=> DrTin Win Aung FB

  • မ.မ.လ အဖွဲ့ချူပ်တွင် ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲ ပြုလုပ်မည်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media
    အမ်တူးအေ
    Ma Ma La
    ရန်ကုန် ။ ။ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲအခမ်းအနားတစ်ရပ်ကို မ.မ.လ (မြန်မာ မွတ်စလင်မ် လူငယ်များ – ဘာသာရေး)အဖွဲ့မှ ကျင်းပပြုလုပ်မည်ဟု သိရသည်။

    ယင်း စာပေဟောပြောပွဲအား ဖေဖော်ဝါရီလ ၁၂-ရက် (ပြည်ထောင်စုနေ့)နေ့လည် ၂း၀၀-နာရီမှ ညနေ ၅း၀၀-နာရီအထိ ဟာဂျီမဒေါ်ချိုခန်းမ၊ မ.မ.လ ဌာနချုပ်၊ အမှတ်(၁၉၄/၁၉၆)၊ ဗိုလ်ဆွန်ပက်လမ်း၊ ရန်ကုန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

    စာပေဟောပြောပွဲတွင် ပါမောက္ခဒေါက်တာစိုးနိုင် (မြန်မာစာဌာန၊ အနောက်ပိုင်းတက္ကသိုလ်) နှင့် ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း၊ ရန်ကုန်တက္ကသိုလ်)တို့က ဟောပြောမည်ဖြစ်သည်။

  • သံလွင်အိပ်မက် ၁၀နှစ်ပြည့် စာပေဟောပြောပွဲကို စင်္ကာပူတွင်ပြုလုပ်မည်။

    ဇန်နဝါရီ ၁၁၊ ၂၀၁၄
    M-Media
    sg
    ဇန်န၀ါရီ ၂၆ရက်နေ့တွင် သံလွင်အိပ်မက် ၁၀နှစ်ပြည့် စာပေဟောပြောပွဲကို စင်္ကာပူနိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်းသိရှိရသည်။

    ဟောပြောမည့် ဆရာများမှာ –
    (၁) ဆရာ ဦးဖေမြင့် မှ မြန်မာ့ ဒီမိုကရေစီ နှစ်တစ်ရာခရီး ခေါင်းစဉ်၊
    (၂) ဆရာဦးကိုနီ မှ အနာဂတ် ပဉ္စမ မြန်မာနိုင်ငံတော် ခေါင်းစဉ်
    (၃) ဆရာနေဘုန်းလတ် မှ နှစ်သစ် ကွင်းသစ် စိန်ခေါ်မှု အသစ် ခေါင်းစဉ် များဖြင့် ဟောပြောကြမည်ဟု သိရှိရပါသည်။

    နေရာ ။ ။ NTUC Auditorium, Level 7, One Marina Boulevard, Marina Bay, Singapore 018989
    နေ့ရက်။ ။26 January 2014 Sunday
    အချိန် ။ ။13:00 to 18:00

    အဆိုပါ စာပေဟောပြောပွဲမှာ ဝင်ကြေးအခမဲ့ဖြစ်ပြီး ထိုင်ခုံနေရာ အကန့်အသတ်ရှိပါဖြင့်  [email protected] သို့ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် တို့ဖြင့် အမြန်ဆုံး Email ပို့ပြီး Register လုပ်နိုင်ကြောင်းသိရှိရပါသည်။

    Ref: Modelling your future FB စာမျက်နှာ