ဇူလိုင် ၆ ၊ ၂၀၁၆
M-Media
သတင်း-မျိုးကျော်စိုး
.
People And Police Media Group ဖြင့် ပြုလုပ်ထားသော Facebook Page တခုတွင် ပြစ်မှုသတင်း တခုကို ဖော်ပြရာ၌ ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ၏ ကိုးကွယ်ရာ ဘာသာတရားများကို ထည့်သွင်းရေး ဖော်ပြခဲ့သည့်ကို တွေ့ရှိရပါတယ်။
.
အဆိုပါစာမျက်နှာမှာ ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်သည့် ပြစ်မှုရေးရာ သတင်းများကို အများဆုံးဖော်ပြလေ့ရှိပြီး ရဲဇာနည် ကဲ့သို့ တရားဝင် FB စာမျက်နှာများ၌ မထုတ်ပြန်သည့် ပြစ်မှု ဆိုင်ရာ သတင်းများကိုပါ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
.
ယခင် အစိုးရ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ပြစ်မှုဆိုင်ရာ သတင်း ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး အမှုနဲ့ သက်ဆိုင်မှု မရှိရင် ကျူးလွန်သူရဲ့ လူမျိုး၊ ဘာသာ အလုပ်အကိုင်တွေကို ဖော်ပြဖို့ မလိုဘူးလို့ သူကိုယ်ပိုင် ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ဘူးပါတယ်။
.
ရဲတပ်ဖွဲ့ ၊ အစိုးရပြန်ကြားရေး နှင့် နာမည်ကြီးပုဂ္ဂလိက သတင်းစာများ၌ ပြစ်မှုဆိုင်ရာ သတင်းများထုတ်ပြန်ရာတွင် ပြစ်မှုကျူးလွန်သူမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ပါက သိသာ ထင်ရှားအောင် မှတ်ပုံတင်၌ မပါရှိသည့် ဘာသာရေး ဆိုင်ရာ အမည်များကိုပါ ထည့်သွင်းပြီး သတင်းထုတ်ပြန်လေ့ရှိတာကို မကြာခဏ တွေ့ရှိရပါတယ်။
.
၂၀၁၂ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံအတွင်း လူမျိုးရေး/ဘာသာရေး အခြေခံသည့် မုန်းတီးရေး ပြောဆိုမှုများ၊ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရသစ် တက်လာပြီးသည့် တိုင်အောင် ဖြစ်ပွားနေစဲဖြစ်ပါတယ်။
Tag: MyanmarPolice
-
ရဲတပ်ဖွဲ့အမည် အသုံးပြုထားသည့် ဆိုရှယ်မီဒီယာစာမျက်နှာမှ ပြစ်မှုသတင်း၌ ကိုးကွယ်ရာဘာသာ ထည့်သွင်းရေးသား
-
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် စာနယ်ဇင်း ကျင့်ဝတ်နှင့် ဆန်ကျင်နေ
မေ-၃၀၊၂၀၁၃
M-Media
မောင်ပုည
ပြည်ထဲရေးဝန်ကြိးဌာ လက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ၏ တရားဝင် သတင်းထုတ်ပြန်ရေး Facebook စာမျက်နှာ တခုဖြစ်သော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့FB စာမျက်နှာတွင် ဖော်ပြသော မူခင်းဆိုင်ရာ သတင်းများမှာ လူမျိုး၊ဘာသာခွဲခြားပြီးဖော်ပြထားတာကို တွေ့ရှိပါသည်။မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့၌ ကျင်းပခဲ့ သည့် သတင်းစာဆရာများအသင်းညီလာခံတွင် စာနယ်ဇင်း ကျင့်ဝတ် ၁၁ ချက်ကို ချမှတ်ခဲ့ပါသည်။ ထိုကျင့်ဝတ်များမှ အမှတ်စဉ် ၈ တွင်
စာနယ်ဇင်းများသည် တမင်ကြံရွယ် တွက်ဆလျက် ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုများကို လှုံ့ဆော်ခြင်းမပြုရ။ ဇာတိကို သော်၎င်း၊ ကိုးကွယ်ရာဘာသာကို၎င်း အကြောင်းပြု၍ မတရား ဝေဖန်ရေးသားခြင်းမပြုရ ဆိုပြီး ပါရှိပါသည်။
ယခု အချိန်အခါတွင် လူမျိုးရေး၊ ဘာသာရေးကိုအကြောင်းပြုပြီး အဓိကရုဏ်း အကြမ်းဖက်မှုများ နိုင်ငံအနှံဖြစ်ပေါ်နေချိန်တွင် တရားဥပဒေစိုးမိုးရေး အတွက်ဆောင်ရွက်ရမည့် အုပ်ချူပ်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲရဲ့ သတင်းထုတ်ပြန်ချက်မှာ ငြိမ်းချမ်းစွာနေထိုင်လိုသော ပြည်သူများအကြားတွင် မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။