News @ M-Media
Tag: Nazi
  • အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ နာဇီ အကျဉ်းစခန်းသို့ သွားရောက်လေ့လာမည်
    မေ-၂၀၊၂၀၁၃
    M-Media
    auschwitz
    ပိုလန်နိုင်ငံ တောင်ပိုင်းတွင်ရှိသော နာဇီ အကျဉ်းစခန်း(Nazi Auschwitz) သို့ ဆော်ဒီမှ ဘာသာရေးဆရာ အပါအ၀င် အစ္စလာမ်ဘာသာရေး ဦးဆောင်သူ ၁၄ ယောက်သည် လာမည့်အပတ်တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း၊ ထိုဒေသတွင် ဖြစ်ပျက်ခဲ့သော ဂျူးများအား အစုလိုက်အပြုံလိုက် သုတ်သင်ခံခဲ့ရခြင်းကို အသိတရားရရန် နှင့် လူမျိုးတုံးစစ်ဆင်ရေးမှဆန့်ကျင်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ခရီးစီစဉ်သူများမှ မနေ့က ပြောကြားခဲ့ကြောင်း သိရသည်။
    “ သက်ဆိုင်ရာဒေသတွင်းမှ သြဇာရှိ ဘာသာရေးခေါင်းဆောင်များအတွက် ဤအခွင့်အရေးသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အသိတရားရရန် ၊   မည်သည့် အမုန်းတရားမျိုးက ဤကဲ့သို့ရက်စက်မှုမျိုးကို ဖြစ်ပေါ်လာစေကြောင်း သိမြင်ရန် ( နှင့် ) လူမှုအဖွဲ့အစည်းအတွင်း ထိုကဲ့သို့ ဖြစ်ရပ်ကို တားဆီးရန် နာဇီအကျဉ်းထောင်သို့သွားရောက်လေ့လာခြင်း ဖြစ်သည်” AFP သတင်းဌာနသို့ ပိုလန်နိုင်ငံ၏ ယဟူဒီတရားဟောဆရာ ခေါင်းဆောင် ဖြစ်သူ မိုက်ကယ် ရှောဒရိရှ်( Michael Schudrich) မှဟု ပြောကြားခဲ့သည်။
    နိုင်ငံတကာ ဘာသာရေး လွတ်လပ်စွာကိုးကွယ်မှု (International Religious Freedom) အမေရိကန် နိုင်ငံဌာနခွဲမှ ဂျွန် ဆီ တေလာ (John C.Taylor) မှ AFP သို့ပြောကြားခဲ့သည်မှာ အဖွဲ့စည်းတွင် ပါဝင်သော အခြား ဘာသာရေး ခေါင်းဆောင်များသည် ဘော့စနီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ပါလက်စ္စတိုင်း၊ တူရကီ နှင့် အမေရိကန် နိုင်ငံများမှဖြစ်ပြီး၊ အကျဉ်းထောင်အား မလေ့လာမှီတွင် ပိုလန်နိုင်ငံ၏ မြို့တော်၊ ၀ါဆောမြို့ရှိ အသစ်ဖွင့်လှစ်ထားသော ဂျူးများ၏ တစ်ချိန်ကဘ၀အားပြသထားသည့် ပြတိုက်သို့ အရင်ဆုံးသွားရောက်မည် ဖြစ်ကြောင်းသိရသည်။
    ခရစ်ယာန် ကက်သလစ်ဘာသာရေးခေါင်းဆောင်၊ အစ္စလာမ် ဘာသာရေးခေါင်းဆောင် နှင့် ဂျူးဘာသာရေးခေါင်းဆောင် များအားတွေ့ရန်လည်း စီစဉ်ထားကြောင်း၊ ရှော်ဒရိရှ် မှပြောကြားသည်မှာ “ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကမ္ဘာကသိရင်  ဂျူးတွေအပေါ် လူမျိုးတုံးစစ်ဆင်ရေး လိုမျိုး တခြားလူမျိုးတွေအပေါ်မှာလည်း ဖြစ်ပေါ်ဖို့ မရှိနိုင်တော့ပါဘူး။ ဒီအကြောင်းအရာကို လူမှုအဖွဲ့အစည်းခေါင်းဆောင်များ သိအောင်လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့တာဝန်ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
    မူစလင်ခေါင်းဆောင်များသည် ၂၀၁၁ ခုနှစ်က နာဇီအကျဉ်းထောင်သို့ နောက်ဆုံးရောက်ရှိခဲ့ပြီး၊ ၄င်း ဘာသာရေးညီညွတ်မှုအဖွဲ့အစည်းတွင် အရှေ့အလယ်ပိုင်း၊ အာဖရိက နှင့် ဥရောပမှ ဂျူးနှင့် ခရစ်ယာန် ခေါင်းဆောင်များလည်းပါဝင်ကြောင်း သိရသည်။
    Ref:Arab News
  • Auschwitz နာဇီ စခန်းမှူးဟောင်း Hans Lipschis အား ဂျာမဏီတောင်ပိုင်းတွင် ဖမ်းဆီးရမိ
    မေ-၆၊၂၀၁၃
    M-Media
    _67209394_008442524-1
    အသက် ၉၃ နှစ်အသက်ရွယ် Hans Lipschis အား ဂျာမဏီတောင်ပိုင်း မျိုးဖြုတ်သုတ်သင်ရေးစခန်းမှူးဟောင်းအဖြစ် စွဲချက်တင်၍ ဖမ်းဆီးလိုက်ပြီဖြစ်သည်။
    “ ဒါဟာ သေမင်းစခန်းတာဝန်ခံတွေထဲက ပထမဆုံးဖမ်းဆီးအရေးယူမှုဖြစ်တယ်။ ဒီလိုထိန်းသိမ်းမှုက သိပ်အရေးပါတဲ့ ခြေလှမ်းဖြစ်လို့ ကျွန်တော်တို့ကြိုဆိုပါတယ် ” ဟု ယင်းအဖွဲ့အစည်းမှ AFP သတင်းဌာနသို့ ပြောကြားသည်။
    ယင်းမျိုးဖြုတ်သုတ်သင်ရေးစခန်းတာဝန်ခံ အယောက် ၅၀ ခန့်မှာ  သက်ရှိထင်ရှားရှိနေဆဲဖြစ်ပြီး၊  ဂျာမန်အာဏာပိုင်များမှ စုံစမ်းစစ်ဆေးမှုအစီအစဉ်သစ်ကြီးကို တသီတတန်းဆောင်ရွက်ကာ Mr Lipschis အား ပထမဆုံး ဖမ်းဆီးနိုင်ခဲ့သည်။ Auschwitz သည် နာဇီတို့၏ အကြီးမားဆုံးမျိုးဖြုတ်သုတ်သင်ရေးစခန်းဖြစ်သည်။ ထိုနေရာ၌ လူပေါင်း ၁.၁ သန်းကျော်ကို သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်ခံရသူတို့အနက် အများစုမှာ ဂျူးလူမျိုးများ ဖြစ်ကြသည်။
    Mr Lipschis သည် SS တပ်ဖွဲ့ဝင်ဖြစ်ပြီး Auschwitz အကျဉ်းစခန်း၏တာဝန်ခံအဖြစ် ခန့်အပ်ခံရသည့်အပြင်၊ ဂျာမန်အမျိုးသားရေးဝါဒီ ဟု နာဇီတို့မှ အတည်ပြုထောက်ခံခဲ့ကြောင်း ၄င်း၏ စစ်အတွင်းကိုယ်ရေးအချက်အလက်များက ပြဆိုနေသည်။
    Ref:BBC
  • မြန်မာပြည်မှ နာဇီပေါက်စလေးများ
    မြန်မာပြည်မှ နာဇီပေါက်စလေးများ
    ဇန်နဝါရီ ၁၀ ၊ ၂၀၁၃
    ဒီနေ့မြန်မာနိုင်ငံကို ခရီးသွားကြတဲ့ ဧည့်သည်များဟာ လမ်းတွေပေါ်မှာ တီရှပ်ဝတ်လူငယ် အတော်များများကို တွေ့ကြရပါတယ်..။ သူတို့ ၀တ်ထားကြတဲ့ တီရှပ်တွေမှာ စက်ဝိုင်းထဲမှာ နာဇီစင်္ကြာတံဆိပ်နဲ့ အပေါ်ကNazi ဆိုတဲ့စာတန်းကိုလည်း တွေ့ရပါတယ်..။ ဒုတိယကမ္ဘာစစ်တုန်းက ဆိုင်ကယ်စီး ဦးထုတ်ပုံစံပေါ်မှာ နာဇီတံဆိပ်နဲ့ အလှဆင်ပြီး ဆောင်းကြတာကိုလည်း တွေ့ရပါတယ်..။
    မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံး တေးဂီတ၀ိုင်းလည်းဖြစ် .. အမေရိကားကိုလည်း အလည်ရောက်ခဲ့ဖူးပြီး.. ဖေ့စ်ဘွတ်(ခ်) မှာလည်း ပရိသတ် အများအပြားရှိနေတဲ့ The Iron Cross တီးဝိုင်းရဲ့ အမှတ်တံဆိပ်ဟာလည်း ဂျာမန်စစ်သူရဲကောင်းတွေကို ဟစ်တလာ ချီးမြှင့်လေ့ ရှိတဲ့ သံကြက်ခြေ တံဆိပ် ဖြစ်နေတာကို တွေ့ရပြန်တယ်.. အဲဒီ သံကြက်ခြေကို  လင်းယုန်က ချီထားတဲ့ ရုပ်ပုံဟာ လင်းယုန်ရဲ့ ခြေသည်းကြားမှာ နာဇီစင်္ကြာ အစား Iron Cross ကို ချီထားတာပဲ ကွာပါတယ်..။ အဲဒါတွေကိုမြင်ရဖန် များလာတော့မြန်မာဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီအုပ်ချုပ်ရေးဆီကို ဦးတည်နေတယ်လို့ နားလည်ထားကြတဲ့ ခရီးသွားတွေ.. ပညာရေးပညာရှင်တွေ.. စိတ်ဝင်စားသူတွေအဖို့ ဇဝေဇ၀ါ ဖြစ်စေပါတယ်..။ ခရီးသည်တစ်ဦးဖြစ်တဲ့ Micah Rubin က သူ့ရဲ့ ဘလော့ဂ်မှာ ရေးထားတာက “သူတို့ ဒီလိုဝတ်ဆင်ကြတာဟာ ကျော်ကြားလိုမှု အတွက်ပဲ လို့ မျှော်လင့်ပါရဲ့.. ဒါကို လျစ်လျူရှုထားတာဟာ နိုင်ငံရေးယုံကြည်ချက် တစ်ခုခုကြောင့်တော့ မဟုတ်လောက်ပါဘူး..” လို့ ရေးခဲ့ပါတယ်.. သူ့ရဲ့ ဘလော့ဂ်မှာလည်း ရင်ဘတ်မှာ နာဇီစင်္ကြာတံဆိပ်ပါတဲ့ တီရှပ်ဝတ်ပြီး ဆိုင်ကယ်စီးနေတဲ့ လူငယ်လေး တစ်ယောက်ရဲ့ ဓါတ်ပုံကိုလည်း တင်ထားခဲ့ပါတယ်..။
    မြန်မာအကြောင်းသုတေသနပြုခဲ့တဲ့ ဆစ်ဒ်နီတက္ကသိုလ်က မနုသဗေဒပညာရှင် Jane Fergusan က ပြောတာကတော့  “ ကျွန်မအမြင်မှာတော့ ဒီလူငယ်တွေ ဒီလိုတီရှပ်တွေ ၀တ်တာဟာ ပူတဲ့ရာသီမှာ အေးချင်လို့ ၀တ်တာပါပဲ..”
    Nazi_swastika_clean.svg “သူတို့ဟာဒီစင်္ကြာတံဆိပ်ဟာ နာဇီခေတ်ရဲ့ အမှတ်အသား တစ်ခုဖြစ်ခဲ့တယ်ဆိုတာ သိကောင်းသိကြမှာပါ။ ဒါပေမယ့် အခု ၀တ်ဆင်နေကြတာကတော့ အပူဒဏ်က လွတ်အောင် သာမန် တီရှပ်တစ်ထည်ကို ကောက်ဝတ် လိုက်တဲ့ သဘောပါ..။ သူတို့ဟာ သမိုင်းကို ထဲထဲဝင်ဝင် ပြန်ကြည့်မနေကြပါဘူး။ ပြီးတော့ သူတို့ပိုပြီးနားလည်တာက အဲဒီ (ဆွာစတိကာ) ဆိုတဲ့စင်္ကြာတံဆိပ်ဟာ နာဇီ အမှတ်အသား ဆိုတာထက် သက္ကတ ဘာသာ အလိုအရ အောင်မြင်တဲ့ အနာဂါတ် နိမိတ်ကို ကိုယ်စားပြုတယ်ဆိုတာပါပဲ..” လို့ သုံးသပ်ပါတယ်..။
    ဖာဂူဆန်နှိုင်းယှဉ်ပြခဲ့တာ တစ်ခုရှိပါသေးတယ်..။ အဲဒါကတော့ အနောက်နိုင်ငံက အရက်ဘားတွေ နိုက်ကလပ်တွေမှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ကို အလှဆင်အဖြစ်ထားသလိုပါပဲ..တဲ့။ အဲဒီလို အလှဆင် ထားလိုက်ခြင်းဖြင့် ဗုဒ္ဓဘာသာကို ယုံကြည် ကိုင်းရှိုင်းသူများကို စော်ကားသလိုဖြစ်စေတယ် ဆိုတာကို သူတို့ မသိကြသလိုပဲ နာဇီစင်္ကြာတံဆိပ်ကို အလှဆင်ဖို့ မြန်မာလူငယ်တွေ ၀တ်ဆင်တာဟာလဲ ဒီသဘောပါပဲ လို့ နှိုင်းယှဉ်ပြခဲ့ပါတယ်..။ အလားတူပဲ တရုတ်စာလုံးတွေကို ဘာမှန်းမသိညာမှန်းမသိနဲ့ ကိုယ်ပေါ်မှာ ဆေးမင် ထိုးထားကြတာလဲ တွေ့ရတာပါပဲ..။ အဲဒီစာလုံးတွေရဲ့ အဓိပ္ပါယ်မှန်ကို သိလို့မှ မဟုတ်တာလို့ လဲ နှိုင်းယှဉ်ပြခဲ့ပါတယ်..။
    မြန်မာတွေ တီရှပ်ဝတ်ကြရာမှာ အကျီကို ကြိုက်လို့ ၀တ်ကြတာဖြစ်ပြီး အဲဒီအကျီမှာအင်္ဂလိပ်လို ရိုက်ထားတဲ့ ကြွေးကျော်သံဟာ ဘာကို ဆိုလိုမှန်း သိတဲ့လူနည်းပါတယ်..လို့ ဖါဂူဆန်ကပြောပါတယ်.. “ တစ်ခုခုကို ရည်ရွယ်ချက် ရှိရှိနဲ့ တမင်လုပ်တာမဟုတ်ရင်.. အဲဒါကို တမင်လုပ်ပါတယ်လို့ မပြောသင့်ပါဘူး”  လို့လဲ ဖါဂူဆန်က ပြောပါတယ်..။
    ဘာပဲဖြစ်ဖြစ်ပါလေ.. နာဇီဘက်တော်သားလို့ ပြောမယ်ဆိုရင်ပြောနိုင်တဲ့ နာဇီတီရှပ်တွေ ၀တ်ဆင်လာတာ ကိုတော့ နိုင်ငံတကာမှာ မွှေစရာတစ်ခု ဖြစ်လာနေပါပြီ..။ ကမ္ဘာတစ်လွှားမှာ ဖြစ်နေတဲ့ ဂျူးမုန်းတီးရေးကို တိုက်ဖျက်နေတဲ့ ကယ်လီဖိုးနီးယား အခြေစိုက် Simon Wiesenthal Center ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျူးဘုန်းတော်ကြီး ရဘ်ဘီ အက်ဘ်ရာဟမ် ကူးပါးကတော့ သူ့ရဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ နာဇီအားပေး အထိမ်းအမှတ်တွေ များပြားလာတာကို ပါဝင်ပတ်သက် ရတော့မှာ ဖြစ်ကြောင်းပြောခဲ့ပါတယ်..။
    “ကျွန်တော်တို့ရဲ့ အခြေခံယူဆချက်ကတော့ မသိနားမလည်လို့ ဒီအထိမ်းအမှတ် ပါတဲ့ အကျီတွေကို ၀တ်နေကြတယ် လို့ မှတ်ယူပါတယ်..။ တစ်စုံတစ်ယောက်ကို မုန်းလို့ တမင်တကာ ၀တ်တာမဟုတ်ပါဘူး.”
    “ဒါပေမယ့် ကျွန်တော်တို့ဟာ ဂျူးလူမျိုးတွေကို မျိုးဖြုတ်သုတ်သင်ဖို့လုပ်ခဲ့တဲ့ အထိမ်းအမှတ်ဖြစ်တဲ့ နာဇီတံဆိပ်ကို ကမ္ဘာ့တစ်နေရာရာမှာ အချိန်တိုတိုအတွင်း ပေါ်ပြူလာ ဖြစ်လာနေတာမျိုးကို မမြင်ချင်ပါဘူး..”
    nazi party and Arakan army
    ရခိုင်တပ်မတော် အမှတ်တံဆိပ် လိုဂိုကို Arakan Army ရဲ့ Facebook Page  မှ ယူပါသည်။
    အိန္ဒိယမှာဆိုရင် ဟစ်တလာရဲ့ အထုပ္ပတ္တိစာအုပ်ဖြစ်တဲ့ Mein Kampf ရဲ့ရောင်းချရမှုဟာ.. အက်ပဲလ် ကို စတင်ထူထောင်သူ စတိဗ်ဂျော့ဘ်စ်ရဲ့ အထုပ္ပတ္တိစာအုပ်ပြီးရင် အရောင်းရဆုံး စာအုပ်ဖြစ်နေတာကိုတွေ့ရကြောင်း.. ၀ယ်ယူကြသူအများစုဟာ တက္ကသိုလ် ဘွဲ့ရများဖြစ်ကြကြောင်းကို ကူးပါးကပြောခဲ့ပါတယ်..။
    ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နဲ့ဂျာမဏီတို့နဲ့ မဟာမိတ်ပြုခဲ့တဲ့ ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင်လဲပဲ..မြောက်ပိုင်းမြို့တော် တစ်ခုဖြစ်တဲ့ ချင်းမိုင်မှာ ၂၀၁၁ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ကျောင်းပွဲတစ်ပွဲမှာ ကျောင်းသားလေးတွေဟာ ဟစ်တလာနဲ့ နာဇီ အက်စ်အက်စ် တပ်သားတွေရဲ့ ၀တ်စုံတွေကိုဝတ်ပြီး ချီတက်သရုပ်ပြခဲ့ကြတယ်။ Slur လို့ အမည်ရတဲ့ တီးဝိုင်းတစ်ခုကလည်း ဟစ်တလာလို့ အမည်ပေးထားတဲ့ ရုပ်ရှင်နဲ့သီချင်းကို ထုတ်လုပ်တင်ဆက်ခဲ့ကြပြီး အကသမားတွေက ဟစ်တလာ နှုတ်ခမ်းမွေးနဲ့ နာဇီ ပုံစံ အလေးပြုပုံ တွေကို သူတို့ရဲ့ အကထဲမှာ ထည့်သွင်းခဲ့ကြတယ်..။
    ကိုရီးယားမှာလည်း အလှကုန်ပစ္စည်းတွေ အရောင်းမြှင့်တင်ရာမှာတောင် နာဇီအမှတ်တံဆိပ်ကို သုံးခဲ့ကြတယ်.။ အဲဒါတွေကို ကြည့်ပြီး ကူးပါးက “ ဒီဖြစ်စဉ်တွေဟာ အာရှမှာ ပထမဆုံးအကြိမ်ဖြစ်ခြင်းပါလို့ ပြောလိုက်ချင်ပါရဲ့ ဗျာ.. ဒါပေမယ့် ဒါမျိုးတွေ ခဏခဏဖြစ်နေတယ်..။ ဘာကြောင့်ဖြစ်ရပါတယ်လို့ လက်ညှိုးထိုးပြ ဖို့ကလည်းခက်တယ်ဗျ..။” လို့ပြောပါတယ်.။
    ကူးပါး၏ စိုးရိမ်မှုကလည်း အခြေအမြစ်ရှိနေပါတယ်..။ ကမ္ဘာပေါ်မှာ အာရှတိုက်ဟာ ဂျူးလူမျိုးဆိုတာကိုတောင် ကောင်းကောင်း မမြင်ဖူးတဲ့ နေရာဖြစ်တယ်..။ ဒါကြောင့် ဂျူးမုန်းတီးရေးဝါဒဆိုတာကို ဘာမှန်းညာမှန်းသဲသဲ ကွဲကွဲမသိပဲနဲ့ စိမ့်ဝင်လာတာကို မသိလိုက်မသိဖာသာနဲ့ လက်ခံမိသွားနိုင်တယ်..။ အာရှဆိုတာကလည်း အ၀တ်အထည်တွေ အများဆုံးထုတ်လုပ်တဲ့ နေရာဖြစ်လေတော့ အ၀တ်အထည်ဈေးကွက်က တဆင့်ဂျူးမုန်းတီးရေးကို သွတ်သွင်းပြီး ပြန့်နှံ့အောင်လုပ်ချင်ရင် ရန်ကုန်လိုနေရာမျိုးဟာ ဈေးကွက်ကြီးပဲလေ..။
    ဒုတိယကမ္ဘာစစ်ကာလက နာဇီတွေ ဘာလုပ်ခဲ့တယ်ဆိုတာကိုမြန်မာလူငယ်တွေ သိပ်မသိကြဘူး..။ အာရှသား တချို့ဟာ ဟစ်တလာကို ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ်တောင် မြင်နေကြလေသေးရဲ့။ သူတို့ရဲ့အမြင်မှာ အင်္ဂလိပ်နဲ့ပြင်သစ်တို့ဟာ ကိုလိုနီ နယ်ချဲ့သူတွေဖြစ်ပြီး သူတို့ကို ဟစ်တလာက ဆန့်ကျင်ခုခံ တိုက်ခိုက်ခဲ့တယ်။
    အမေရိကန် သမိုင်းပညာရှင် Rosalie Metro ကသူ့ရဲ့ ပါရဂူ ဘွဲ့ယူကျမ်းထဲမှာမြန်မာနိုင်ငံရဲ့ သမိုင်းသင်ပုံကို ဖေါ်ပြခဲ့တယ်..။မြန်မာပြည်မှာ ဟစ်တလာကို များသောအားဖြင့် အကောင်းမြင်ကြတယ်..။ Metro ကမြန်မာပြည်မှာ ခရီးသွားရင်း တက္ကစီမောင်းသူတချို့နဲ့ သမိုင်းအကြောင်း မေးမြန်းဆွေးနွေးကြည့်တဲ့ အခါတချို့က “ဟစ်တလာဟာ လူတော်တစ်ယောက်ဖြစ်ကြောင်း ကြံ့ခိုင်တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ကြောင်း ပြောပြတတ်ကြတယ်..” လို့ ပြောပါတယ်။
    မက်ထရိုရဲ့ အပြောအရမြန်မာအစိုးရကထုတ်တဲ့ သမိုင်းဖတ်စာအုပ်တွေမှာ နာဇီတွေရဲ့ ရက်စက်ဆိုးသွမ်းမှုတွေကို ဖေါ်ပြမထားဘူး.. ဟစ်တလာရဲ့ ခေါင်းဆောင်မှုကောင်းခြင်းကိုသာ ဖေါ်ပြထားတယ် လို့ ဆိုပါတယ်..။
    “ သူတို့ဟာ ပထမကမ္ဘာစစ်အပြီး မှာ ဗာဆိုင်းစာချုပ်အကြောင်းကိုပဲ ဖေါ်ပြကြတယ်..။ အဲဒီအချိန်က ဂျာမဏီရဲ့ အခြေအနေက တော်တော်ဆိုးတယ်.။ ဂျာမန်တွေ ဒုက္ခရောက်ရတာဟာ ဂျာမဏီမှာ ရှိတဲ့ ဂျူးတွေက စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားလို့ဖြစ်တယ်.. အဲဒီအတွက် ဂျူးတွေမှာ တာဝန်ရှိတယ်.. အဲဒီလိုနဲ့ ဟစ်တလာဟာ ကြံ့ခိုင်တဲ့ ဂျာမန်ခေါင်းဆောင်ဖြစ်လာခဲ့တယ်” လို့ မက်ထရိုက မြန်မာအစိုးရထုတ် ကျောင်းသုံး သမိုင်းစာအုပ်တွေအကြောင်းကို အကျဉ်းချုံးပြီး ပြောပြပါတယ်..။ မက်ထရိုဟာ မြန်မာစာကိုဖတ်နိုင်သူလည်းဖြစ်ပါတယ်..။
    “အဲဒါဟာ ထူးဆန်းအံ့ဖွယ်ပါပဲ.. အဲဒီထဲမှာ ‘သူတို့မှားတယ်’ ဆိုတာ မပါသလို နာဇီတွေဟာဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတယ်ဆိုတာလဲ မပါဘူး” လို့ပြောခဲ့ပါတယ်..။
    မြန်မာကျောင်းသုံး သမိုင်းစာအုပ်တွေမှာ အင်္ဂလိပ်နဲ့ ဂျပန်တို့ဟာမြန်မာပြည်သူတွေရဲ့ ရန်သူဖြစ်ကြောင်း မြန်မာတွေရဲ့ ဂုတ်သွေးစုပ်ခဲ့သူများဖြစ်ကြောင်း ရေးထားတယ်..လို့ မက်ထရိုကပြောပါတယ်..။
    အာရှနိုင်ငံတချို့မှာ တဖြည်းဖြည်းတိုးပွားလာနေတဲ့ နာဇီလက္ခဏာ တွေကို တိုက်ဖျက်ဖို့အတွက် ၀ိုက်ဆဲန်သဲလ် အဖွဲ့ဟာ ဂျူးတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ မှတ်တမ်းတွေ ဓါတ်ပုံတွေကို အများပြည်သူသိအောင် ပြပွဲတွေ ခင်းကျင်းပြီးပြသဖို့ လုပ်နေကြပါတယ်..။ ဂျူးလူမျိုးတွေ ၆သန်းလောက် အသတ်ခံရတဲ့ ဓါတ်ပုံတွေ မှတ်တမ်းတွေကို ခင်းကျင်းပြတဲ့အတွက် ၁၉၄၀၀န်းကျင်နှစ်တွေဆီက ဥရောပမှာ ဖြစ်ခဲ့တဲ့ သမိုင်းအဖြစ် အပျက်တွေကိုနှောင်းလူတွေ သိစေဖို့ ရည်ရွယ်ပါတယ်..။ ၀ိုက်ဆဲန်သဲလ် စင်တာ ရဲ့ ပထမဆုံးပြပွဲကို အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာပြသပြီး  ထိုင်းနိုင်ငံဘန်ကောက် မှာတော့ ချင်းမိုင်ကျောင်းက ကျောင်းသားလေးတွေဟစ်တလာနဲ့ နာဇီပုံစံကို ဖေါ်ကျူးခဲ့ကြတာ တွေကို တုန့်ပြန်တဲ့ အနေနဲ့ ဂျူးတွေအစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ မှတ်တမ်းတွေကို ဖေဖေါ်ဝါရီလ ၄ရက်နေ့မှာ ပြသသွားမှာဖြစ်ပါတယ်..။ မြန်မာပြည်မှာတော့ အဲဒီလို ပြပွဲမျိုး တစ်ခါမှ မလုပ်ဖူးသေးပါဘူး..။ ဒါပေမယ့် ဂျူးဘုန်းတော်ကြီး ကူးပါးကမြန်မာပြည်မှာ တစ်ကြိမ်လောက်လုပ်ဖို့ စိတ်ဝင်စားနေပါတယ်..။ ဒါ့အပြင် အဲဒီ ဘုန်းတော်ကြီးဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ ၀င်ရောက်နေရာယူနေတဲ့ နာဇီတံဆိပ်နဲ့ တီရှပ်တွေရဲ့ လာရောက်ရာပင်မလမ်းကြောင်းကိုလည်း ရှာဖွေသွားဖို့ ပြင်ဆင်နေပါတယ်..။
    “တကယ်လို့များ ကုမ္ပဏီတစ်ခုခုဟာ သူ့ရဲ့ ရပ်တည်မှုအတွက် ဒီတံဆိပ်ပါတဲ့ တီရှပ်တွေ ထုတ်လုပ်ြပီးတင်ပို့ခြင်းနဲ့ ကြိုးစားနေတယ်ဆိုရင်တော့ ကျွန်တော်တို့ အဲဒါကို ရပ်သွားအောင် လုပ်နိုင်မယ့် နည်းလမ်းကို ရှာရမှာပဲ..” လို့ ကူးပါးကပြောပါတယ်..။
    ဒီဆောင်းပါးကို ရေးသားသူဟာ ကမ္ဘောဒီးယား အခြေစိုက် ဂျာနယ်လစ်(စ်) တစ်ဦးဖြစ်သူ Julie Masis ဖြစ်ပါတယ်..။
    http://www.atimes.com/ တွင် ဖော်ပြထားသည့် ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။