News @ M-Media

Tag: NLD MP

  • စီဗွီတွင် ဘွဲ့အတုနှစ်ခု ဖော်ပြထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဦးကျော်ဝင်းမှ ၀န်ခံ

    စီဗွီတွင် ဘွဲ့အတုနှစ်ခု ဖော်ပြထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဦးကျော်ဝင်းမှ ၀န်ခံ

    မတ် ၂၃, ၂၀၁၆
    M-Media
    U Kyaw Win
    ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာမည်ဟု ခန့်မှန်းနေကြသည့် ဦးကျော်ဝင်း၏စီဗွီတွင် အမေရိကန်အခြေဆိုက် တက္ကသိုလ်အတုတစ်ခုမှ ဘွဲ့နှစ်ခုကို ဖော်ပြထားခဲ့ကြောင်း ဦးကျော်ဝင်းက ၀န်ခံခဲ့သည်။ ယင်းသတင်းကို မြန်မာတိုင်းမ်စ်က ဖော်ပြထားခြင်းဖြစ်သည်။

    အသက် ၆၈ နှစ်ရှိ ဦးကျော်ဝင်းမှာ သမ္မတဦးထင်ကျော်၏ ၀န်ကြီး ၁၈ ဦးစာရင်းတွင် ပါဝင်လာခဲ့ပြီး သူကိုယ်တိုင် ပါကစ္စတန်အခြေဆိုက် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခု၏ အဆက်အသွယ်ဖြင့် ၄င်းတက္ကသိုလ်အတုမှ ဘွဲ့ရရှိရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် သူ့အနေဖြင့် ယင်းကုမ္ပဏီက တက္ကသိုလ်အတုပေါင်း ၃၇၀ ခန့်ကို ဖန်တီးပြီး လိမ်လည်နေသည့် ကုမ္ပဏီဖြစ်သည်ကိုမူ မသိရှိခဲ့ကြောင်း မြန်မာတိုင်းမ်စ် က ဖော်ပြထားသည်။

    သို့သော် ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သူ၏စီဗွီတွင်မူ တက္ကသိုလ်အတုဖြစ်သည့် Brooklyn Park University မှ ရရှိထားသော ပီအိပ်ခ်ျဒီနှင့် မာစတာဘွဲ့များကို ဖော်ပြထားခဲ့သည်။ ဦးကျော်ဝင်းကမူ “ကျနော့်ကိုယ် ကျနော် ဒေါက်တာလို့ မခေါ်တော့ဘူး၊ အဲဒီဘွဲ့တွေက အတုတွေဆိုတာ ကျနော်အခု သိပြီးပါပြီ” ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။

     

    About U Kyaw Win
    Photo: ပါကစ္စတန် နိုင်ငံ၊ ကရာချီမြို့တွင် အခြေဆိုက်သည့် ဦးကျော်ဝင်းအား လိမ်လည်ခဲ့သော Axact ကုမ္ပဏီကို ၂၀၁၅ မေလက ရဲများက ဝင်ရောက်စစ်ဆေးပြီး စီအီးအိုကို ဖမ်းဆီးခဲ့သည်။

    ၂၀၁၄ တွင် ထုတ်ပြန်ခဲ့သော နယူးယောက်တိုင်းမ် သတင်းအရ ပါကစ္စတန်အခြေဆိုက် ယင်းဆော့ဖ်ဝဲကုမ္ပဏီမှာ ကမ္ဘာအနှံ့မှ လူပေါင်းများစွာကို လိမ်လည်လှည့်ဖျားပြီး ဒေါ်လာသန်းနှင့်ချီ ရရှိခဲ့ကြောင်း သိရသည်။ ဦးကျော်ဝင်းက “ကျနော် ကာလီဖိုးနီးယားက အဲဒီတက္ကသိုလ်ကို ဆက်သွယ်ခဲ့တယ်။ ၂၀၀၅ တုန်းကပါ။ ကျနော်ဆက်သွယ်လို့ မရခဲ့ဘူး။ ၂၀၀၈ ကျတော့ Brooklyn Park University ရဲ့ အွန်လိုင်း သင်တန်းတစ်ခုကို တက်ပြီးတော့ စာတမ်းတစ်ခုပြုစုခဲ့တယ်။ ပြီးတော့ မပြီးပြတ်ခဲ့ဘူး။ ဒါကြောင့် ကျနော့်စီဗွီထဲက ပီအိပ်ခ်ျဒီဘွဲ့က ဘွဲ့အစစ်အမှန်မဟုတ်ပါဘူး” ဟု ပြောကြားသည်။

    (Ref: mmtimes)