News @ M-Media

Tag: north korea

  • မြန်မာနှင့် ဗီဇာကင်းလွတ်ခွင့် သဘောတူထားသည့် နိုင်ငံများတွင် အာဏာပိုင်များ လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့်စာရင်း၌ မြောက်ကိုရီးယား ပါဝင်နေ

    M-Media
    အောက်တိုဘာ ၁၉ ရက်၊ ၂၀၁၃

    nkorea

    မြန်မာနှင့် ဗီဇာကင်းလွတ်ခွင့်သဘောတူနိုင်ငံများစာရင်းတွင် ဆိုက်ရောက်ဗီဇာ သို့မဟုတ် သာမာန်ခရီးသွားဗီဇာကင်းလွတ်ခွင့်၊ သံတမန်ဗီဇာ ကင်းလွတ်ခွင့်နှင့် အာဏာပိုင် သို့မဟုတ် အစိုးရပိုင်းဆိုင်ရာပုဂ္ဂိုလ်များဗီဇာကင်းလွတ်ခွင့်ဟူ၍ ကဏ္ဍသုံးမျိုးပါဝင်ရာ ထိုကဏ္ဍများထဲမှ သံတမန်ဗီဇာ ကင်းလွတ်ခွင့်နှင့် အာဏာပိုင် သို့မဟုတ် အစိုးရပိုင်းဆိုင်ရာပုဂ္ဂိုလ်များဗီဇာကင်းလွတ်ခွင့် ကဏ္ဍနှစ်ရပ်တွင် သဘောတူထားသည့် နိုင်ငံများစာရင်း၌ မြောက်ကိုရီးယားလည်း ပါဝင်နေသည်။

    ထို့အတွက်ကြောင့် မြန်မာအစိုးရအာဏာပိုင်များက မြောက်ကိုရီးယားသို့ ဗီဇာလွတ်ဝင်ထွက်သွားလာခွင့်ရှိသလို မြောက်ကိုရီးယားတို့ ကလည်း မြန်မာပြည် သို့ ဗီဇာလွတ် ၀င်ထွက်သွားလာခွင့်ရှိနေပေသည်။

    အကျင့်ပျက်ခြစားမှုနာမည်ဆိုးဖြင့် ကျော်ကြားသည့် မြန်မာရော မြောက်ကိုရီးယားတို့ပါ ထိုသို့အပြန်အလှန်နားလည်မှုယူထားသည့်အချက်မှာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံများအတွက် သတိထားဖွယ်ကိစ္စဖြစ်နေသည်။

ုမြန်မာနှင့် အာဏာပိုင်ဗီဇာကင်းလွတ်ခွင့်သဘောတူထားသည့်နိုင်ငံများစာရင်းတွင် ဘင်္ဂလားဒေ့ရှ်၊ တရုတ် နှင့်ရုရှတို့လည်း ပါဝင်သည်။

    ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့်မူ သာမာန်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် သို့မဟုတ် ဆိုက်ရောက်ဗီဇာ ထုတ်ပေးရေး တို့တွင်ပါ သဘောတူညီချက် ရရှိထားသည်။

    လက်ရှိအာဏာရမြန်မာအစိုးရအဖွဲ့မှာ ယခင်စစ်အာဏာရှင်ဟောင်းများ၏ သြဇာသက်ရောက်မှု ရှိမရှိဆိုသည်နှင့်ပတ်သတ်ပြီး သံသယ၀င်ဖွယ် အချက်များ ရှိနေရာ ယခုကဲ့သို့ တရုတ်၊ ရုရှနှင့် မြောက်ကိုးရီးယားတို့နှင့် အာဏာပိုင်လွတ်လပ် စွာထွက်ခွာခွင့် သဘောတူထားသည်ကိစ္စရပ်မှာလည်း စိတ်ဝင်စားဖွယ် ကိစ္စတစ်ရပ်ဖြစ်နေသည်။

    မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ တင်ပြထားသည့် မြန်မာနှင့် ဗီဇာကင်းလွတ်ခွင့်သဘောတူထားသည့် နိုင်ငံများစာရင်း ကို အောက်ပါ အတိုင်း တွေ့ရှိရရပါသည်။

    ကလစ်နှိပ်၍ ကြည်ရှုရန် – List-of-Countries-Having-Bilateral-Visa-Waiver-Agreement-with-Myanmar

     

  • မြောက် ကိုးရီးယား ၏ နျူးကလီယား ခြိမ်းခြောက်မှု မြင့်တက်လာ

    မြောက်ကိုးရီးယားနိုင်ငံသည် နိုင်ငံတကာမိသားစု မှ တားမြစ်နေသည့် ကြားမှပင် နျူးကလီးယားစမ်းသပ်မှု ကို ၂၀၀၆ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် ဖောက်ခွဲစမ်းသပ်ပြ ခဲ့သည်။ နျူးကလီးယား မပြန့်ပွား ရေးစာချုပ်မှ လည်း နုတ်ထွက်ခဲ့ပြီး နိုင်ငံတွင်းသို့လည်း နျူးကလီးယားစစ်ဆေးသူများ ၀င်ရောက်စစ်ဆေးရေးကို တားမြစ် ထားခဲ့ သည်။  အမေရိကန်က တရုတ်အပါအ၀င် အိမ်နီချင်နိုင်ငံများပါဝင်သော ခြောက်နိုင်ငံဆွေးနွေးပွဲကို ကျင်း ပကာ ယင်းသို့ တရားမ၀င်ပိုင်ဆိုင်ထားသော နျူးကလီးယား လက်နက်များကို ဖျက်သိမ်းနိုင်ရန် ကြိုး စား ခဲ့သော်လည်း မည်သို့မျှ အရာမထင်ခဲပေ၊။ (more…)