News @ M-Media

Tag: Oakkan

  • ဥက္ကံတွင် ယနေ့ည တရားပွဲပြီးချိန်၌ အိမ်များ ဖျက်မည့် သတင်းများကြောင့် မွတ်စလင်မ်များ စိုးရိမ်

    မတ်လ ၂၉၊ ၂၀၁၃
    M-Media
    သုတ

    ဥက္ကံတွင် ယနေ့ည တရားပွဲပြီးချိန်၌ မွတ်စလင်မ်အိမ်များ ဖျက်မည်ဟုဆိုသော သတင်းများကြောင့် မွတ်စလင်မ်များစိုးရိမ်ထိတ်လန့်ကြ (ည ၉း၃၀ နာရီ)

    Oak Kan
    ဥက္ကံ ။ ။ ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ည တရားပွဲအပြီးတွင် ဖျက်ဆီးမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်နေ့ပြီး မွတ်စလင်မ်တချို့မှာ ရှောင်ပြေးနေကြောင်းသတင်းရရှိသည်။

    ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ဖျက်ဆီးမည်ဟု လွန်ခဲ့သောရက်ကတည်းမှ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေးချထားသော်လည်း ၂၇-ရက်ညမှ စတင်ခဲ့သော (၃)ရက်တိုင် တရားပွဲပြီးဆုံးမည့် ၂၉-ရက်နေ့ ညပိုင်းရောက်မည်ကို ဥက္ကံမှ မွတ်စလင်မ်လင်များ စိုးရိမ်သောကရောက်နေခဲ့ကြကြောင်း သိရပြီးဖြစ်သည်။

    (၃)ရက် တရားပွဲမှာ ယနေ့ည နောက်ဆုံးဖြစ်ပြီး တရားပွဲပြီးသည်နှင့် ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးမည်ဟုစီစဉ်ထားကြောင်း၊ ယခင်က ရပ်ကွက်အတွင်းရှိခဲ့သူ တချို့အား ကတုံးများတုံးပြီး သင်္ကန်းများဝတ်ပေးထားကြောင်း၊ တရားပွဲအပြီး ဖျက်မည်ဟု သံဓိဌာန်ချပြီး ကြိုတင်စီမံမှုများပြုလုပ်ထားပြီးဖြစ်သောကြောင့် မွတ်စလင်မ်များအား ရှောင်နေကြရန် ဗုဒ္ဓဘာသာဝင် မိတ်ဆွေတချို့မှ တိတ်တဆိတ်သတိပေးလာကြောင်းသိရသည်။

    ယခုအခါ စစ်တပ်မှ စစ်ကား ၂-စီးမှာ ဥက္ကံမြို့ အနော်ရထာ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့တွင် ရှိနေပြီး၊ တရားပွဲပြုလုပ်နေသည့် နေရာမှာ အနော်ရထာရပ်ကွက် ဘုရားကြီးဘုန်းကြီးကျောင်းဘေးက ကွင်းတွင် ဖြစ်ကြောင်းသိရသည်။ ယနေ့ည တရားဟောပြောမည့် ဆရာတော်မှာ မစိုးရိမ်တိုက်မှ ဖြစ်သည်ဆိုသောကြောင့် ဥက္ကံမြို့သားများ ပိုမိုထိတ်လန့်နေကြောင်းလည်းသိရသည်။ မစိုးရိမ်တိုက်ဆရာတော်မှာ ဦးဝီရသူ မဟုတ်ကြောင်းနှင့် နာမည်ကို မပြောတတ်ကြောင်း ဥက္ကံမြို့ခံမှ M-Media အား ပြောကြားလာပါသည်။

     

  • ဥက္ကံတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက် ဖျက်ဆီးမည် ဆိုသောကြောင့် စိုးရိမ် ထိတ်လန့်နေကြ

    မတ်လ ၂၇၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    Oak Kan
    ဥက္ကံမြို့ ။ ။ ရန်ကုန်မြောက်ပိုင်း အုတ်ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်ဖျက်ဆီးမည်ဆိုသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေကြကြောင်းသတင်းရရှိသည်။

    “ဥက္ကံမှာ မွတ်စလင်မ်တွေကို အကြမ်းဖက်ဖျက်ဆီးမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အားလုံးလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အုတ်ကံမြို့ပေါ်မှာ ဒီနေ့ (၂၇)ရက်ကနေ (၂၉)ရက်ထိ ညစဉ် (၃)ရက်တိုင်တိုင် ၉၆၉ တရားပွဲ ရှိနေပါတယ်။ ဒီတရားပွဲပြီးမယ့်ရက် ၂၉-ရက်နေ့ကို အထူးစိုးရိမ်နေကြပါတယ်။ ဥက္ကံမြို့မှာက ဗလီ(၂)လုံးပဲရှိတာပါ။ ဥက္ကံအနီးက မွတ်စလင်မ်တွေချည်းပဲနေတဲ့ ပနီပင်ရွာကိုလည်း မီးရှို့မယ်၊ မီးကွင်းပစ်မယ်ဆိုပြီးခြိမ်းခြောက်စာတွေ ပစ်ခံနေရပါတယ်။ အဲဒီအတွက် အားလုံးမှာ စိုးရိမ်နေကြတယ်။ ဥက္ကံမြို့ပေါ်က မွတ်စလင်မ် ကလေး၊ လူကြီးနဲ့ အမျိုးသမီးတွေကို ဘေးလွတ်ကင်းရာဘက်ကို ပို့ထားကြပြီး အမျိုးသားအများစုသာ ရှိနေကြပါတော့တယ်။ တရားပွဲပြီးမယ့် ၂၉-ရက်နေ့ကို အထူးစိုးရိမ်ပါတယ်”ဟု ဥက္ကံမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။