စက်တင်ဘာ ၁၂ ၊ ၂၀၁၆
M-Media
သတင်း-သီဟ
.
မန္တလေးမြို့ အရှေ့ ပြင် ဓမ္မသဟာရ သင်တန်းမှ ကျောင်းသား/သူ လူငယ် သင်တန်းသား များဟာ အုပ်ထိန်းသူ ဆ၇ာတော် တစ်ပါးလိုက်ပါလျက် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးမြို့မှ သမိုင်းဝင် ပန်းသေးဗလီသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရပါတယ်။
.
လေ့လာရေး ကျောင်းသား/သူများကို ပန်းသေးဗလီ ဂေါပက အဖွဲ့ ဥက္ကဌ မှ ပန်းသေး ဗလီ သမိုင်းကြောင်း နှင့် အစ္စလာမ်ဘာသာ အကြောင်း သိ ကောင်းစ ရာ များ ကို ရှင်း လင်း ပြောကြား ခဲ့ ကြောင်း သတင်းရရှိပါတယ်။
.
မန္တလေးမြို့မှ ပန်းသေးဗလီကို ၁၈၆၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
Tag: PantayMasjid
-
ဓမ္မသဟာရ သင်တန်းသားများ သမိုင်းဝင် ပန်းသေးဗလီသို့ သွားရောက်လေ့လာ
-
၂၀၁၆ ရမဿွာန်ဥပုတ်လ ပန်းသေးမိသားစု များ၏ ဝါထွက်ချိန် ပုံရိပ်များ (ဓါတ်ပုံ သတင်း)
ဇွန် ၁၂ ၊ ၂၀၁၆M-Mediaဇွန် ၁၁ ရက်၊ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တို့ရဲ့ ရမဿွာန်ဥပုတ်လ (၅) ရက်မြောက်နေ့ ဥပုတ်ထွက်ဖို့ ပြင်ဆင်နေကြတဲ့ မန္တလေးမြို့မှ ပန်းသေးမိသားစု၏ မြင်ကွင်းပဲ ဖြစ်ပါတယ်။.ဥပုတ် ဝါထွက်ချိန် စုပေါင်း စားသောက်တဲ့ နေရာကတော့ ၁၈၆၈ ခုနှစ် က တည်ဆောက်ခဲ့တဲ့ သမို်င်းဝင် ပန်းသေးဗလီ(မန္တလေး) မှာပဲဖြစ်ပါတယ်။.ဓါတ်ပုံ(ဦးဝင်းအောင်)ပန်းလုံ ပန်းသေးတို့၏ သမိုင်းဆောင်းပါးများဖတ်ရှုလိုလျှင်. -
မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ စုပေါင်း သွေးလှူပွဲ ပန်းသေးဗလီ ခန်းမ မှာ ပြုလုပ်
ဇန်နဝါရီ ၃၀၊ ၂၀၁၆
M-Media
မိုးစက်
ရန်ကုန်။ ။ မန္တလေးမြို့နယ်လုံးဆိုင်ရာ မဟာတမန်တော်နေ့ ကျင်းပရေး ဗဟိုကော်မတီမှ ဦးစီးပြီး မဟာတမန်တော်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲတစ်ရပ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့က မန္တလေးမြို့ ပန်းသေးဗလီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။“ကျွန်တော်တို့ ၁၉၉၉ ခုနှစ်ကတည်းက စတင်လုပ်ခဲ့တာပါ။ ကြားထဲမှာ မလုပ်ဖြစ်တဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်။ ခုလို စုပေါင်းပြီးတော့ သွေးလှူဒါန်းပွဲပြုလုပ်ရခြင်းဟာလည်း တမန်တော်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်တာရယ်၊ ဘာသာပေါင်းစုံ ညီအစ်ကိုမောင်နှတွေ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြစ်အောင် ခုလို ဘာသာပေါင်းစုံကလူတွေ အားလုံး သွေးလှူဒါန်းနိုင်အောင် ကျင်းပရခြင်းဖြစ်တယ်” လို့ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပရေးကော်မတီမှ တာဝန်ခံတစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းက ဆိုပါတယ်။
ယခုကဲ့သို့ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပရခြင်းသည် (၅) ကြိမ်မြောက်ကျင်းပရခြင်းဖြစ်ပြီး မန္တလေးမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ (၉၂) ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လှူဒါန်းသည့်သွေးများကို သွေးလှူဘဏ်မှ လာရောက်ကူညီ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်းလည်း သိရပါတယ်။
သွေးလှူဒါန်းခဲ့သော မန္တလေးမြို့မှ ကိုကျော်မိုးအောင်ကလည်း သွေးလှူဒါန်းရခြင်းနှင့် ပတ်သတ်ပြီး “ကျွန်တော် ဒီကလုပ်တဲ့ ဒုတိယအကြိမ်မြောက်ကတည်းက စတင်လှူဒါန်းခဲ့တာပါ။ တမန်တော်နေ့ အထိမ်းအမှတ် အဖြစ် သွေးလှူရတာဆိုတော့ တမန်တော်မြတ်ချမှတ်ခဲ့တဲ့ လူသားအကျိုးပြုလုပ်ငန်းတွေကို တစ်စိတ်တစ်ဒေသ လိုက်နာ ကျင့်သုံးတာပဲလေ။ သွေးလှူတယ် ဆိုတာလည်း လူ့အသက်ကို ကယ်တင်တာပါပေါ့။ အဲဒါကြောင့် တမန်တော်မြတ်ရဲ့ ဆုံးမသြဝါဒတွေကို နာခံတဲ့အနေနဲ့ ကျွန်တော့်အနေနဲ့ သွေးလှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အဆိုပါ သွေးလှူဒါန်းပွဲကို နှစ်စဉ် ကျင်းပနိုင်အောင် ပြုလုပ်သွားနိုင်ပြီး လှူဒါန်းသည့် လူဦးရေလည်း များပြား လာနိုင်စေရန် ဆောင်ရွက်လျက် ရှိကြောင်း သွေးလှူဒါန်းပွဲကျင်းပရေးကော်မတီမှ သိရပါတယ်။
ဓါတ်ပုံများကို ပန်းသေးမိသားစု FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။