News @ M-Media

Tag: Peace process

  • ရှေ့ဆက်တိုးမှာလား နောက်ပြန်ဆုတ်မလား မသေချာသေးတဲ့ မြန်မာ့ငြိမ်းချမ်းရေး

    ရှေ့ဆက်တိုးမှာလား နောက်ပြန်ဆုတ်မလား မသေချာသေးတဲ့ မြန်မာ့ငြိမ်းချမ်းရေး

    သာလွန်ဇောင်းထက် ရေးသည်။

    သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က စတင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ တွေ ဆက်တိုက်ကျင်းပလာခဲ့တာ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာလည်းပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပနေဆဲပါပဲ။ အစိုးရသစ်လက်ထက်မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၂၁ ရာစုပင်လုံညီလာခံဆိုတဲ့ အမည်နဲ့ ပြောင်းလဲ ကျင်းပခဲ့ပြီး အခုဆိုရင် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။

    ကျင်းပပြီးစီးသွားပြီဖြစ်တဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအလားအလာတွေရှိနေလဲ ၊ ငြိမ်းချမ်းရေး အလားအလာက နီးစပ်နေပြီလား စိတ်ဝင်စားစရာပါပဲ။

    ၂၁ ရာစုပင်လုံညီလာခံ
    ———————–
    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အဓိက ဦးဆောင်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက် ငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ပြင်ဆင်ဖွဲ့စည်း ခဲ့ပါတယ်။ ဒါ့အပြင် သမ္မတဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေးေ ဆွးနွေးပွဲတွေကို ၂၁ ရာစု ပင်လုံညီလာခံဆိုပြီး အမည်ပြောင်းလဲကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေး နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေမယ့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး(NCA) အတွက် လက်မှတ်ထိုးမှုကို ဆက်လက် အမွေဆက်ခံခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းမှာ ကျင်းပခဲ့ပြီး အဓိကအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အားလုံး တက်ရောက်ခဲ့ကြပါတယ်။ ပထမအကြိမ်ညီလာခံဟာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က စာတမ်းတွေ တင်သွင်းခဲ့ကြပြီး သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ အမြင်သဘောထားတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။ ၆ လအကြာမှာ ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပဖို့ရည်ရွယ်ခဲ့ပေမယ့်လည်း တကယ်တမ်း ၆ လကျော်ကြာမှပဲ ၂၁ ရာစုပင်လုံညီလာခံ ကိုဒုတိယအကြိမ်ကျင်းပခဲ့နိုင်ခဲ့ပါတယ်။

    ဒုတိယအကြိမ် ညီလာခံနှင့် သမိုင်းတွင်သော သဘောတူညီချက်များ

    ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ ကို မေလ ၂၄ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့ အထိကျင်းပခဲ့ပြီး သမိုင်းတွင်တဲ့ သဘောတူညီချက်တွေ အဖြစ် နိုင်ငံရေး ကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒ ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ ၄ ချက်၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ ၁၀ ချက် စုစုပေါင်း ၃၇ ချက်ရရှိခဲ့ပါတယ်။ ၃၇ ချက်ဟာ သမိုင်းဝင် ၃၇ ချက်လို့ အစိုးရနဲ့ တပ်မတော်ဘက်က ပြောဆိုသုံးနှုန်းကြပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကလည်း ဒါကို သဘောတူကြပါတယ်။

    တန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု သဘောတူညီချက်

    နိုင်ငံရေးကဏ္ဍ သဘောတူညီချက် ၁၂ ချက်မှာ တန်တူးရေးနဲ့ တပ်မတော်က အမြဲ လက်ခံဖို့ ခက်ခဲတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ စကားရပ်ဟာ တရားဝင်သဘောတူညီချက်အဖြစ် ပါဝင် လာပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ဖွဲ့စည်းမှုနဲ့ အာဏာခွဲဝေမှု ပြုထားပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တိုင်းဒေသကြီး/ပြည်နယ် များဖြင့် ဖွဲ့စည်းရမယ်ဆိုတဲ့ သဘောတူညီချက်တွေ ပါဝင်လာပါတယ်။

    မှတ်ချက်အနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေဟာ အခွင့်အာဏာ တန်းတူရှိရမယ်ဆိုတာ လည်း ပါရှိပါတယ်။ ဒီသဘောတူညီချက်က အပြုသဘောဆောင်ပြီး တပ်မတော် ကိုယ်စား လှယ် တွေကပါ လိုက်လျောမှုရှိတာမို့ သမိုင်းဝင် သဘောတူညီချက်အဖြစ် ရှုမြင်သုံးသပ်မှုတွေ လည်းရှိနေပါတယ်။ ဒါ့အပြင် အခြားသော သဘောတူညီချက် ၃၇ ချက်စလုံးဟာလည်း တကယ့်ကို သမိုင်းဝင် သဘောတူညီချက်တွေအဖြစ် မှတ်တမ်းဝင် လာပါတယ်။

    ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုတဲ့ သဘောတူညီချက်ကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ တိုင်းရင်းသားအားလုံးလိုလားနေတဲ့ ဆန္ဒတွေဟာလည်း နီးစပ်မှုရှိလာတယ်လို့ တိုင်းရင်းသား တွေဘက်က ပြောဆိုပါတယ်။

    အငြင်းပွားဖွယ်ရာ ခွဲမထွက်ရေး နဲ့ ပြည်ထောင်စုတပ်မတော်

    ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာ အငြင်းပွားဖွယ်ရာ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး အဲဒီ အငြင်းပွားဖွယ်ရာ စကားလုံးတွေကတော့ ခွဲထွက်ခွင့်နဲ့ ပြည်ထောင်စုတပ်မတော် တစ်ခုတည်း ထားရှိရေးဆိုတဲ့ မူဝါဒတွေဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေက ခွဲမထွက်ရေး မူဝါဒကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ချိတ်ဆက်လိုက်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင်ရှိနေ သရွေ့ ခွဲမထွက်ဘူးဆိုတဲ့ သဘောထားရှိကြတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေလည်း ရှိနေပါတယ်။ ခွဲမထွက်ရေး ခေါင်းစဉ်ဟာ အငြင်းပွားဖွယ်ရာဖြစ်တာကြောင့် ဆက်လက် ဆွေးနွေးခြင်းမရှိဘဲ ရပ်ဆိုင်းထားခဲ့ရပါတယ်။

    အလားတူပါပဲ လုံခြုံရေးကဏ္ဍမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပြည်ထောင်စု တပ်မတော်အဖြစ် တစ်ခုတည်းထားရှိဖို့ ဆွေးနွေးခဲ့ကြ ပါသေးတယ်။ ဒါပေမယ့်လည်း တပ်မတော်ဘက်က ကိုယ်စားလှယ်အဖြစ်တက်ရောက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်
    ကန့်ကွက်တဲ့အပြင် အဲဒီဆွေးနွေးမှုတွေမှာ ပါဝင်ခြင်းမရှိတာကြောင့် ပြည်ထောင်စု တပ်မတော် ထားရှိနေရးဟာလည်း ရပ်ဆိုင်းသွားခဲ့ရပြန်ပါတယ်။

    ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်မှာ ဆွေးနွေးမှုတွေက ကွဲလွဲချက်တွေ ၊ အမြင်မတူတာတွေ များပေမယ့်လည်း ဆွေးနွေးငြင်းခုံပြီး သဘောတူညီချက် တွေရလာတာ၊ ညှိနှိုင်းချက်တွေရလာတာတွေက အားတက်စရာကောင်းကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုး နိုင်တာကလည်း ငြိမ်းချမ်းရေး အိပ်မက်ကို စတင်အကောင် အထည်ဖော်နိုင် တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ အပိတ်မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။

    မပြေလည်သေးတဲ့ NCA နဲ့ တပ်ချုပ်၏ သတိပေးချက်

    ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့ပြီး ဒီမိန့်ခွန်းမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA လက်မှတ်ထိုးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် NCA အပြင် အခြားဒုတိယလမ်းစဉ် တွေ စဉ်းစားထားတာဟာ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို မလိုလားတာပဲလို့လည်း တပ်ချုပ်က ပြောဆိုလိုက်ပါတယ်။

    တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှာ NCA လမ်းကြောင်းတိုင်းပဲ ခိုင်ခိုင်မာမာ ပြောဆိုတဲ့အပြင် NCA ကိုသွေဖီရင် လက်မခံဘူးလို့ပါ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

    “အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ကြရာမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နဲ့ အညီ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အခွင့်အရေးများ၊အာမခံချက်များအပြည့်အဝရှိတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဆိုပြီး NCA မှာ သဘော တူညီခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒါဟာ NCA လမ်းကြောင်းရဲ့ ပန်းတိုင်ပဲဖြစ်ပြီး တိုင်းရင်းသားများ ယနေ့တောင်းဆိုနေတဲ့ အချက်အားလုံးအတွက် ခြုံငုံမိပြီးဖြစ်တယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။ ဒါကို လျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲလုပ်ဆောင်နေခြင်းဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်းသာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်း အဖြေရှာရေးလမ်းစဉ်က သွေဖည်ပြီး လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရေးလမ်းစဉ်၊ လက်နက်စွဲကိုင်ပြီး အာဏာရယူရေး လမ်းစဉ်နဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေးလမ်းစဉ်တို့ကိုသာ ဦးတည်နေကြောင်း ယူဆရမှာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းခဲ့တဲ့ စာတမ်း ၇၂ စောင်ကို လေ့လာတဲ့အခါမှာ အချို့တိုင်းရင်းသားအဖွဲ့များရဲ့ ဆွေးနွေးချက်၊ တင်ပြချက်၊ လုပ်ဆောင်ချက်နဲ့ အခြေခံအယူအဆတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်ကို ကျော်လွန်ပြီး အလွန်အကျွံတောင်းဆိုမှုတွေ ဖြစ်နေတာကိုလည်း သတိပြုမိခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ချက်မျိုးတွေဟာ ဒီမိုကရေစီ အရေးနဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ကြီးမားစွာထားရှိနေတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေခြင်းသာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

    NCA ကို လက်မှတ် မထိုးသေးတဲ့ တိုင်းရင်းလက်နက်ကိုင်တွေအနေနဲ့ တပ်မတော်ရဲ့NCA လမ်းကြောင်းမူဝါကို မနှစ်မြို့မှုတွေ ရှိနေတာကတော့ အသေအချာပါပဲ။

    တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ များရဲ့ အခန်းကဏ္ဍ

    ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်မြောက်မှာ ထူးခြားချက်တော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးခြင်းဖြင့် နေပြည်တော်ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေ တက်ရောက်ခွင့်ရခဲ့ကြပါတယ်။

    တရုတ်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်နဲ့ ဆက်ဆံရေး အလေးထားတဲ့အနေနဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့များကို နေပြည်တော် ညီလာခံတက်ဖို့ စည်းရုံးခဲ့တဲ့အပြင် တရုတ်နိုင်ငံကူးမင်းလေဆိပ်ကနေ နေပြည်တော်လေဆိပ်အထိ တောက်လျှောက် လေယာဉ် ခရီးစဉ်ပါ စီစဉ်ပေးလိုက်ပါတယ်။

    ကေအိုင်အေ၊ “၀” တပ်ဖွဲ့ အပါအ၀င် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ နေပြည်တော်ကို ရောက်ရှိခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကို နေပြည်တော်ကို မဖြစ်မနေ တိုက်တွန်းစေလွှတ်လိုက်မှုနဲ့ တရုတ်နိုင်ငံဟာ မြန်မာ့ငြိမ်းချမ်းရေးမှာ အဓိက အခရာ အဖြစ် ပါဝင်နေတာကိုလည်း ပေါ်လွင်စေခဲ့ပါတယ်။

    အချုပ်အားဖြင်တော့ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် ဟာငြိမ်းချမ်းရေးအတွက် တိုးတက်မှုတွေများစွာတွေ့ရသလို ရှေ့ဆက်သွားဖို့ အခက်အခဲ အဟန့်အတားဖြစ်နေတဲ့ အခြေအနေများစွာလည်း ပေါ်ထွန်းနေတာကို မြင်တွေ့နေရတာကတော့ အသေအချာပါပဲ။

  • မြန်မာ့ငြိမ်းချမ်းရေးမှာ ခရိုနီတွေ တိတ်ဆိတ်နေတာ ဘာကြောင့်လဲ

    မြန်မာ့ငြိမ်းချမ်းရေးမှာ ခရိုနီတွေ တိတ်ဆိတ်နေတာ ဘာကြောင့်လဲ

    သာလွန်ဇောင်းထက် ရေးသည်။

    မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းအာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ရဲ့ စီးပွားရေး တစ်ခုလုံးကို ချုပ်ကိုင်လိုက်ပါတယ်။

    စစ်တပ်က တိုင်းပြည်စီးပွားရေးချုပ်ကိုင်ခဲ့တဲ့ ကာလအတွင်းမှာ နိုင်ငံတစ်ဝန်း ပြည် တွင်း စစ်မီးတောက်နေလင့်ကစား စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ခွင့်ကို ရယူ ချမ်းသာလာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အများအပြား ပေါ်ထွန်း လာခဲ့ ပါတယ်။   အဓိက
    အားဖြင့်တော့ တိုင်းပြည်ရဲ့ သယံဇာတ တူးဖော်မှု လုပ်ငန်း တွေမှာ လုပ်ပိုင်ခွင့်ရရင်း သူတို့တွေ ချမ်းသာလာကြတာပါ။

    သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အရပ်သား အစိုးရလက်ထက်မှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစား နေပေမယ့်လည်း နိုင်ငံရဲ့ သယံဇာတ တူးဖော်မှုနဲ့ ကြီးပွားလာကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက နှုတ်ဆိတ်နေကြဆဲပါပဲ။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်မှုက နည်းပါးနေဆဲပါပဲ။

    ခရိုနီတွေ ပေါ်ထွန်းလာခြင်း
    ————————
    မြန်မာလူမှုအသိုင်းအ၀ိုင်းမှာ စစ်တပ်နဲ့ နီးစပ်သူတွေ၊ အာဏာရှိသူတွေနဲ့ နီးစပ်ပြီး စီးပွားရေးလုပ်ကိုင်ခွင့်ရရှိသူတွေကို ခရိုနီရယ်လို့ တွင်တွင်ကျယ်ကျယ်ခေါ်ဝေါ်သုံးစွဲ လာပြီး အရေအတွက်အားဖြင့်လက်ချိုးရေတွက်လို့ရနိုင်တဲ့ ခရိုနီတွေ ပေါ်ထွန်းလာပုံကလည်း
    စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

    ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ စစ်အာဏာရှင်အစိုးရ တက်လာချိန် ကစပြီး တိုင်းပြည်မှာ တံခါးပိတ် စီးပွားရေးစနစ်နဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့ပြီး စီးပွားရေးလုပ်ငန်းမှန်သမျှ ပြည်သူပိုင်သိမ်းဆည်းခဲ့တာကြောင့်
    စီးပွားရေးလုပ်ငန်းရှင်လူတန်းစား ပျောက်ကွယ်ခဲ့ပါတယ်။

    ၁၉၈၈ ခုနှစ် ရှစ်လေး လုံး ဒီမိုကရေ လူထုလှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်း အာဏာ သိမ်းယူပြီးတဲ့နောက်မှာတော့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စီးပွားရေး လုပ်ပိုင်ခွင့်တွေအားလုံးကို စစ်တပ်က ထိန်းချုပ် ခဲ့ပါတယ်။

    အာဏာနဲ့ စီးပွားရေးဟာ ခေါင်းနဲ့ပန်းလို ခွဲခြားမရတာမို့ အာဏာ ခိုင်မြဲဖို့ စီးပွားရေးအင်အားတည်ဆောက်ရသလို စီးပွားရေးအင်အား တည်မြဲ လာတာ နဲ့အမျှ အာဏာဟာလည်း ခိုင်မာမှု ရှိလာတာမို့ အာဏာရှင် စစ်အစိုးရဟာ စီးပွားရေးသြဇာချဲ့ထွင်လာပါတယ်။

    သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ ကျောက်မျက်တူးဖော်ခွင့်၊ သစ်ထုတ်လုပ်ခွင့် အပါအ၀င် သယံဇာ တူးဖော်ရေး လုပ်ခွင့်တွေ၊ ကုန်သွယ်ရေးလုပ်ပိုင်ခွင့် ၊ ကားတင်သွင်းခွင့်၊ စားသုံးဆီနဲ့ စက်သုံးဆီ တင်သွင်းခွင့် စတဲ့ စီးပွားရေးလုပ်ပိုင်ခွင့် စစ်အစိုးရက
    ကိုယ်တိုင် လုပ်ဆောင်သလို နီးစပ်တဲ့ အကျိုးတူ စီးပွားရေးသမား တွေကိုလည်း လုပ်ခွင့်ပေး ခဲ့ပါတယ်။

    စစ်တပ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းဆိုတဲ့ နာမည်နဲ့  စီးပွားရေးတွေ လုပ်ကိုင်သလို ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေဟာလည်း စီးပွားရေး လုပ်ပိုင် ခွင့်ရရှိပြီး
    ကြွယ်ဝချမ်းသာတဲ့ ခရိုနီ သူဌေးကြီးတွေဖြစ်လာကြပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ မူးယစ်ရာဇာ တချို့ဟာလည်း အစိုးရဆီမှာ အလင်းဝင် အညံ့ခံပြီး စီးပွားရေးလုပ်ခွင့်ရယူ ချမ်းသာလာကြတာတွေ လည်းရှိပါတယ်။

    စစ်အစိုးရလက်ထက် ကြွယ်ဝချမ်းသာလာတဲ့ ခရိုနီ သူဌေးကြီးတွေ စုစုပေါင်း ၁၇ ဦးရှိပြီး သူတို့ဟာ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အများစုကို ချုပ်ကိုင်ထား နိုင်ကြတဲ့ အထိ ကြွယ်ဝချမ်းသာလာကြတာပါ။ ၂၀၁၃ ခုနှစ် မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့် ရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဦးတေဇ( ထူးထရေးဒင်း) ၊ ဦးဇော်ဇော် ( မက်စ်မြန်မာ)၊ ဦးထွန်းမြင့်နိုင်(အေးရှားဝေါလ်)၊ ဦးကျော်ဝင်း(ရွှေသံလွင်)၊ ဦးအောင်ကိုဝင်း(ကမ္ဘောဇ) ၊ ဦးဝင်းအောင် (ဒဂုံအင်တာနေရှင်နယ်)၊ ဦးပြည်အောင်နှင့်ဦးနေအောင် ( အောင်ပြည့်ဖြိုး ကုမ္ဗဏီနှင့် IGE) ၊ ဦးအောင်သက်မန်း(ဧရာရွှေဝါ)၊ မိုက်ကယ်မိုးမြင့် (မြင့်နှင့်အပေါင်းပါများ အုပ်စု)၊ ဦးနေ၀င်းထွန်း(ပတ္တမြားနဂါး) ၊ ဦးခင်ရွှေ (ဇေကမ္ဘာ)၊ ဦးဌေးမြင့်(ယုဇန)၊ ဦးအိုက်ထွန်း(အိုလံပစ်)၊ ဦးချစ်ခိုင်(ဧဒင်)၊ ဦးတင်ဝင်း(တင်ဝင်းထွန်း)၊ ဦးအောင်မြတ်( မားသား ထရိတ်ဒင်း) တို့ ၁၇ ဦးဟာ စစ်အစိုးရ လက်ထက်မှာ အကြီးအကျယ် ချမ်းသာလာတဲ့ ခရိုနီတွေ အဖြစ် ဖော်ပြထားပါတယ်။

    စီးပွားရေးပိတ်ဆို့မှုမှ လွတ်မြောက်ခြင်း
    ————————————–
    စစ်အစိုးရလက်ထက် ကြွယ်ဝချမ်းသာလာတဲ့ ခရိုနီနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တော်တော်များများဟာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းမှာ ပါဝင်နေတာမို့ နိုင်ငံတကာနဲ့ စီးပွားရေး လုပ်ဖို့
    အဆင်မပြေခဲ့ကြပါဘူး။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာတဲ့အချိန်မှာတော့ စီးပွားရေးပိတ်ဆို့မှု ဒဏ်ခံ နေရတဲ့ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေအားလုံး
    အနောက်နိုင်ငံကြီးတွေရဲ့ပိတ်ဆို့မှုကနေ လွတ်မြောက် အောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးခဲ့ပါတယ်။

    တချိန်က တိုင်းပြည်ရဲ့ သယံဇာတနဲ့ လုပ်ပိုင်ခွင့် တွေကို တရားမ၀င် ရယူ ချမ်းသာခဲ့ကြတဲ့ ခရိုနီနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ပိုင်ဆိုင်မှုတွေဟာ စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်သွားချိန်မှာတော့ နိုင်ငံတကာအထိ လွှဲပြောင်းလို့ရတဲ့ တရားဝင် ချမ်းသာကြွယ်ဝမှုတွေဖြစ်လာပါတယ်။

    အစိုးရသစ်လက်ထက်မှာ တချို့သော ခရိုနီကြီးများဟာ တိုင်းပြည်ကို အမှန်တကယ် အခွန်ဆောင်ခြင်းဖြင့် နိုင်ငံကို အထောက်အကူပြုတာတွေ ရှိပေမယ့်လည်း အများစုသော ခရိုနီကတော့ အခွန်တိမ်းရှောင်နေကြဆဲပါပဲ။
    ပေးဆောင်ရမယ့် အခွန်ကိုတောင် တိမ်းရှောင်နေတဲ့အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ ပါဝင်ဖို့ကတော့ အလှမ်းဝေးနေဆဲပါပဲ။

    ငြိမ်းချမ်းရေးမှာ ခရိုနီတွေ ဘာကြောင့် မပါဝင်သေးတာလဲ
    ————————————–
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ခရိုနီတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအနေနဲ့ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သုံးစွဲ ပါဝင်ကြဖို့ မေလ ၇ ရက်နေ့ ကျင်းပတဲ့ ပြည်မြို့ လုပ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံထောက်ခံပွဲမှာ
    တိုက်တွန်းခဲ့ပါတယ်။

    “စီးပွားရေးလုပ်ငန်းရှင်တွေကလည်း မိမိတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို မိမိတို့ရဲ့ တစ်ဘ၀စာလေး မကြည့်ဘဲနဲ့ မိမိတို့ထောက်ခံအားပေးနေတဲ့ ပြည်သူ လူထု တရပ်လုံး ရဲ့ မျက်နှာ ကို ကြည့်ပြီးတော့ လာမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ အောင်မြင်အောင်လုပ်ဖို့ တိုက်တွန်းတယ်” လို့ ဦးတင်ဦးက ဆိုပါတယ်။

    NLD နာယက ဦးတင်ဦး တိုက်တွန်းနေရတာကလည်း စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ငြိမ်းချမ်းရေးကို မဆိုင်သလို နေနေကြလို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကတော့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်လို့ရမယ့် လမ်းတွေ ဖွင့်ပေးဖို့ လိုနေတယ်လို့ ဆိုပါတယ်။

    တကယ်လို့ တိုင်းပြည် ငြိမ်းချမ်းရေး ရခဲ့မယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာ အသေအချာဖြစ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘက်ကလည်း ငြိမ်းချမ်းရေး ရအောင် ကျရာ နေရာပေါင်းစုံ ပါဝင်ဖို့ တိုက်တွန်းမှုတွေက နယ်ပယ်ပေါင်းစုံက
    ပေါ်ထွက်နေတာပါ။

    ငြိမ်းချမ်းရေးအတွက် အစိုးရဘက်က လုပ်ငန်းရှင်တွေပါဝင်လာအောင် လမ်းဖွင့်ပေးဖို့ လိုသလို လုပ်ငန်းရှင်တွေဘက်ကလည်း ငြိမ်းချမ်းရေး အတွက် ဘယ်လိုနေရာကဖြစ်ဖြစ် ပါဝင်မယ်ဆိုတဲ့ အမြတ်မတွက်တဲ့ စိတ်ဓာတ်ရှိနေဖို့ လိုနေတာကတော့ အသေအချာပါပဲ။

    လတ်တလော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ရန်ပုံငွေတွေ လိုအပ်နေပြီး ရန်ပုံငွေ အများစုက နိုင်ငံတကာက ကူညီထောက်ပံ့တာဖြစ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေဘက်က ထောက်ပံ့ကူညီ လှူဒါန်းတာ အင်မတန်ကို နည်းပါးလွန်းလှပါတယ်။

    NLD အစိုးရသစ်က ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သိပ်မကြာခင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း အသုံးပြုဖို့ ရည်ရွယ်ထားပြီး အဲဒီငွေကြေးတွေဟာလည်း နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ထားတဲ့ငွေကြေးတွေဖြစ်ပါတယ်။ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရိုနီတွေဘက်က လှူဒါန်းထားတဲ့ငွေကြေးက မရှိသလောက် နည်းပါးနေတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သိပ်မကြာသေးခင်က ငြိမ်းချမ်းရေးရန်ပုံငွေအတွက် ပြည်သူတွေအားလုံးပါဝင်လှူဒါန်းကြဖို့ အလှူခံခဲ့ပေမယ့်လည်း စီးပွားရေးသမားတွေ ပါဝင်မှု အတော်ကို နည်းပါးခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ မေလ အထိ အစိုးရသစ်က ငြိမ်းချမ်းရေး ရန်ပုံငွေ အတွက် အလှူခံခဲ့ရာမှာ ငွေကျပ် ၁၅ ဒသမ ၄၅ ဘီလီယံ ရရှိခဲ့ပြီး ပြည်တွင်းအလှူရှင် ၁၅၀ ကျော်က လှူဒါန်းခဲ့တာပါ။ အဲဒီအထဲမှာ ခရိုနီ တချို့ ပါဝင်ခဲ့ပြီး တစ်ဦးတည်းကနေ ငွေကျပ် ၃ ဘီလီယံ လှူဒါန်းခဲ့တယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    ငြိမ်းချမ်းရေးအတွက် စီးပွားရေး ခေါ် B4P
    —————————————-
    ပြည်တွင်းငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းတွေ ပါဝင် ဆောင်ရွက်ရန် မြန်မာနိုင်ငံကုန်သည်များအသင်းချုပ် (UMFCCI) နဲ့  United Nation Global Compact Network Myanmar တို့ ဧပြီလ ၄ ရက်နေ့ ရန်ကုန်မှာ စာချွန်လွှာ တရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ဒီစာချွန်လွှာအရ ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ ဒေသတွေကို ဦးစားပေးကာ ပြည်တွင်းလူမှု အသိုင်းအ၀ိုင်းအတွင်း တာဝန်ယူမှု၊ တာဝန်ကျေပွန်မှုဖြင့် အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်ဆီးပေးရေး အပါအ၀င် လုပ်ငန်းအတွင်း ကုန်စည်နဲ့ ၀န်ဆောင်မှုဈေးကွက်အတွင်း၊ လူ့အဖွဲ့အစည်းအတွင်းငြိမ်းချမ်းမှု ရရှိ တည်မြဲရေး ဆောင်ရွက်နိုင်တာတွေကို လေ့လာ သင်ယူ ညှိနှိုင်း စုပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    Global Compact ဟာ ၂၀၁၂ ခုနှစ်မှာ ကုမ္ဗဏီ ၁၅ ခုနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ကုမ္ဗဏီ ၃၀၀ ရှိခဲ့ပြီဖြစ်ပါတယ်။ UMFCCI မှာ ကုမ္ဗဏီပေါင်း ၃၀၀၀၀ ရှိသည့်အနက် ကုမ္ဗဏီ ၁၀၀၀၀ ခန့်ကို အဖွဲ့ဝင်ဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။

    Global Compact အဖွဲ့ဝင်ဖြစ်လာတဲ့ ကုမ္ဗဏီတွေအနေနဲ့ လူ့အခွင့်အရေး၊ ဥပဒေ လေးစားလိုက်နာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပြီး အဂတိလိုက်စားမှုကို အားမပေးခြင်း အပါအ၀င် United Nation Global Impact အဖွဲ့က ချမှတ်ထားတဲ့
    စည်းကမ်းစည်းမျဉ်းတွေကို လိုက်နာပြီး ငြိမ်းချမ်းရေးအတွက် ပါဝင်ရမှာဖြစ်ပါတယ်။

    Global Impact နဲ့ UMFCCI တို့ ရဲ့ သဘောတူညီမှု စာချွန်လွှာအရ လတ်တလော ကရင်ပြည်နယ်၊ မွန်ပြည်နယ် တွေအပါအ၀င် ပြည်နယ်၊ တိုင်းဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် တာဝန်သိ တာဝန်ယူ တတ်တဲ့
    စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာဖို့ ပြည်နယ်အစိုးရတွေ၊ တိုင်းဒေသကြီးအစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေအကြား ညှိနှိုင်း  ဆွေးနွေးတာတွေ လုပ်ဆောင်လာနေပြီဖြစ်ပါတယ်။

    ဒါပေမယ့်လည်း တကယ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ဗဏီတွေနဲ့ ငြိမ်းချမ်းရေးအတွက် တကယ်ပဲ စီးပွားရေးကဏ္ဍကနေ ပါဝင်နေသလား၊ မပါဝင်ဖူးလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

  • UNFC ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်  ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့်  မိန့်ခွန်းနှင့် ဆွေးနွေးချက်များ

    UNFC ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ဆွေးနွေးချက်များ

    13886329_10207380712657920_880230523169589571_n
    သျှမ်းသံတော်ဆင့်
    .
    ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ UNFC စည်းလုံး ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီခေါင်းဆောင်များအား တွေ့ဆုံရာတွင် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော မှတ်သားဖွယ်ရာ မိန့်ခွန်း နှင့် ဆွေးနွေးချက်များကို သျှမ်းသံတော်ဆင့် သတင်းဌာန ဋ္ဌာန၏ ဖော်ပြချက်ကို ကူးယူဖော်ပြလိုက်ပါတယ်။

    အဖွင့်မိန့်ခွန်း

    ကျမကိုအခုလိုလာပြီးတွေ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ဒီလိုတွေ့ဆုံမှုအတွက်လဲကျမတို့မျှော်လင့်ခဲ့တာကြာပါပြီ။တွေ့ဆုံခြင်းအားဖြင့်လဲကျမတို့အားလုံးအတွက်တိုးတက်မှုတွေအကျိုးကောင်းတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
    ကျမတို့ တွေမိသားစုလိုတွေ့တယ်ဆိုတော့ ကျမတခုမေးချင်ပါတယ်။
    .
    ဒီအထဲမှာဘယ်သူအသက်အကြီးဆုံးလဲ ? ဦးကျော်တင့်ဆွေအပါအ၀င်ပေါ့။ ဦးကျော်တင့်ဆွေက ကျမထက် ၃ လငယ်တယ်။ကျန်တဲ့ဧည့်သည်တွေကော ကျမထက်ကြီးတဲ့သူပါလား။
    .
    ဗိုလ်ချုပ်ဆေထဲင်ကအသက်ဘယ်လောက်လဲ။ ၈၀နှစ်။ ကျမထက်ကြီးတယ်။ ဗိုလ်ချုပ်အန်ဘန်လာကော၊ ၆၇ ဆိုကျမထက်ငယ်တယ်။ကျမထက်ကြီးတာ တယောက်ဘဲရှိတာပေါ့။
    .
    ကျမဘာဖြစ်လို့မေးလဲဆိုတော့ ကျမ ဒီအစည်း အဝေးမလာခင် ကျမ စဉ်းစား မိတယ်။ ကျမတို့အားလုံးမှာ ကျမတို့ကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်စေ တူညီချက်တခုရှိတယ်။ ကျမတို့ဘယ်လိုမှအမြဲနေသွားလို့မရဘူး။ ကျမတို့ သက်တမ်းဆုံးတဲ့ အခါမှာ ကျမတို့ဒီလောကကနေထွက်သွားရမှာဘဲ။
    .
    ကျမတို့ဒီလောကကနေမထွက်သွားခင်မှာ အားလုံး စုပေါင်းပြီးတော့ နိုင်ငံ့ တိုးတက်မှုလုပ်သွားချင်တယ်။အဲဒါကျမစိတ်ထဲရောက်လာတယ်။ကျမတို့ဒီမှာရှိတဲ့အားလုံးလူငယ်တွေအပါအ၀င်ပေါ့၊ပြောလို့ရတာမဟုတ်ဘူး၊လူငယ် လူကြီးဘယ်သူဟာဤလောကကြီးကနေအရင်ထွက်သွားမလဲဆိုတာတနေ့တချိန်တခါမှကျမတို့ထွက်သွားရမှာဘဲ။ဘယ်သူမှငြင်းလို့မရဘူး။
    .
    ကျမတို့အားလုံးတခြားကိစ္စတွေ NCA နဲ့ဘယ်လောက်ဘဲငြင်းခုံခုံ၊ ဖက်ဒရယ် နဲ့ပတ်သက်ပြီးဘယ်လောက် ဘဲငြင်းခုံခုံတူညီတဲ့ ကိစ္စတခုကတော့ ကျမတို့ တချိန်ချိန်မှာဤလောကကနေထွက်သွားရမှာဘဲ။မထွက်သွားခင်မှာကျမညီညွှတ်မှုကိုလိုချင်တယ်။ကျမတို့အစဉ်အဆက်ကျမတို့ခေါင်းဆောင်တွေတိုင်းရင်းသားခေါင်းဆောင်တွေ၊နိုင်ငံရေးခေါင်းဆောင်တွေမျှော်မှန်းခဲ့တဲ့ညီညွတ်မှုကိုရယူပြီးတော့ထားပစ်ခဲ့ချင်တယ်ဆိုတဲ့စိတ်ကျမပေါ်ပေါက်ခဲ့ပါတယ်။
    .
    နောက်တခုကျမစဉ်းစားမိတာဘာလဲဆိုတော့ ကျမတို့အားလုံးဟာ ဘာလဲ ဘယ်သူလဲ ဆိုတာ အရင်စဉ်းစား ရင်ကောင်းမလားလို့။ ဥပမာဆို လို့ ရှိရင် ကျမအနေနဲ့ ကျမကဘယ်သူလဲ ဆိုတော့ ကျမဟာမြန်မာ နိုင်ငံသား တယောက်လို့ ပြော မှာလား၊ကျမဟာကျမမိဘရဲ့သမီးပြောရမှာလား၊ ကျမအဖေဟာ အညာသားဗမာစစ်စစ်၊ ကျမအမေဟာ ဧရာဝတီက မွန်သွေးပါ တယ်။ ရခိုင်သွေး ပါကောင်းပါမယ်။ ဖိုးဖိုးဘက်က ကျမ သိပ်မသေချာဘူး ။ သေချာတာ ကတော့ မွန်သွေး ပါတယ်။ ကျမက မွန်မျိုးနွယ်လို့ခေါ်ရမှာ လား။ အညာသားမျိုးနွယ်လို့ ခေါ်ရမှာလား။ ပြောရမယ် ဆိုရင်ကျမတို့ Identity အမျိုးမျိုးရှိတယ်။ တခုတည်းမဟုတ်ပါဘူး။
    .
    ဒီတော့ကျမကကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာတယောက်လို့ သတ်မှတ်ရမှာလား။
    .
    ကိုယ့်ကိုယ်ကိုဘာလဲဘယ်လူလဲဆိုတာ သတ်မှတ်သာအမျိုးမျိုးရှိတယ်။ လူတိုင်းလူတိုင်းမှာရှိပါတယ်။ အဲဒါ Diversity ဘဲ။
    .
    နောက်ဆုံးတော့ ဒိုင်ဗာစီတီအရင်လာသလား ယူနီတီလာတာလား။ Diversity of the unity ဆိုတာဒီမတူကွဲပြား မှုဆိုတာ ကျမတို့အချင်း ချင်းကြား ထဲမှာမဟုတ်ဘူး၊ ကျမတို့ တယောက်ချင်းတယောက် ချင်း အတွင်းမှာကို မတူကွဲပြားမှုတွေ အစုံရှိပါတယ်။
    .
    ဥပမာဆို ကချင်၊ ကချင် ဆိုပေမယ့် ကိုယ်ကိုးကွယ်တဲ့ဘာသာဆိုလို့ကိုယ့်ရဲ့ Identity ဘဲ။ကိုယ်ကိုး ကွယ်တဲ့ ဘာသာဆိုလဲ မတူတဲ့ကချင် တိုင်းရင်းသားေ တွ ရှိတယ်။ ကချင်ပြည်နယ်မှာ ဆိုတာလဲမတူတဲ့အရပ် ဒေသ က လာတာ ရှိတယ်။ ကိုယ့်ရဲ့မိဘကမတူညီတဲ့ အခြေအနေတွေရှိတယ်။ အဲဒီလိုအမျိုးမျိုး မတူညီတာ တွေရှိတယ်။
    .
    ကျမစဉ်းစားမိတာကတော့တကယ်ကြီးတဲ့သစ်ပင်ကြီးတွေခိုင်ခံ့တဲ့သစ်ပင်ကြီးတွေဆိုတာအမြစ်တွေအများကြီးရှိပါတယ်။ဒီအမြစ်တွေအများကြီးစုစောင်းပြီးတော့မှခိုင်ခံ့တဲ့အပင်ကြီးတခုဖြစ်လာတာပါ။အမြစ်တခုတည်းရှိတဲ့အပင်တွေဟာမခိုင်ခံ့ပါဘူး။
    .
    ဥပမာဆိုရင်မုံလာဥ ဆွဲထုတ် လိုက်ရင်ပါသွားတာဘဲ။ သူကအမြစ်က တခု တည်း ရှိတယ်။ တကယ်တော့မြစ်မ ပင်မတခုတည်းရှိတယ်။ နည်းနည်းေ လးပေါ့တခြားအမြစ်သေးသေးလေးရှိရင်ရှိမယ်။ဒီလိုအမြစ်ကြီးကြီး တခုတည်း ရှိတာ မခိုင်ခံ့ပါဘူး။ဆွဲနှုတ်လိုက်လို့ရှိရင်တခါတည်းပါသွားတာဘဲ။
    .
    ဒီလို Diversity ရှိတဲ့အမြစ်တွေအများကြီးရှိတဲ့သစ်ပင်ကြီးတွေတာ တကယ်ကို ခိုင်ခံ့နိုင်မှာပါ။ အဲဒီတော့ကျမတို့ ကနေပြီးတော့ Diversity of Strength ဆို ပြီးတော့လက်တွေ့ကျကျသဘာဝအရမှန် တယ်လို့ကျမမြင် တယ်။ ကျမ တို့ ဘယ်သူမှ Identity တခုတည်းရှိတာမဟုတ်ဘူး။ ကျမဒီဟာကိုဘာဖြစ် လို့ေ လ့လာလဲဆိုတော့ ကျမတို့တကမ္ဘာလုံးမှာဖြစ်နေတဲ့ Identity Crisis ပေါ့ေ နာ် အထူးသဖြင့်ဘာသာရေးအရ ကွဲပြားတာတွေ၊ အဲဒီဟာနဲ့ ပတ် သက်ပြီးတော့ ပြင်သစ်မှာကြီးလာတဲ့ North Africa က မူစလင်ဘာသာဝင် တယောက် က ရေး ဖူး ပါတယ်။
    .
    ဒီ Identity နဲ့ပတ်သက်လို့ပေါ့။လူတွေဟာကိုယ့်မှာ Identity တခုရှိတယ်လို့ သတ်မှတ်လိုက်လို့ရှိရင်ပြသနာ ဖြစ်တယ်တဲ့။ ဒါပေမယ့်လူတိုင်းလူတိုင်းမှာ Identity အများကြီးရှိတယ်။ဒီဟာတွေအားလုံးကိုသိမ်းသွင်းပြီးတော့ လက်ခံပြီးတော့ကျော်လွှားနိုင်ရမယ်။ဒီဟာတွေအားလုံးကိုအင်အားဖြစ်အောင်လုပ်ဆောင်နိုင်ရမယ်ဆိုတော့ကျမ ဒီဟာကိုသိပ်ကိုသဘောကျပါတယ်။
    .
    ကျမတို့အားလုံးဟာပြည်ထောင်စုသားတွေဆိုတဲ့ Identity ကိုလဲရှိစေချင် တယ်။ကိုယ်သက်ဆိုင်ရာ သက်ဆိုင်ရာ တိုင်းရင်းသားဆိုတဲ့ Identity ကိုလဲရှိေ စချင်တယ်။ကိုယ်ကိုးကွယ်ရာဘာသာဆိုတဲ့ Identity ကိုလဲရှိစေ ချင်တယ်။ .
    ကိုယ့်ရဲ့မိဘတွေကလဲ လူမျိုးစုတခုတည်းက ဘဲဖြစ်ချင်မှဖြစ်မယ်။ ဒီလိုမတူကွဲပြားတဲ့ Identity ကိုပေါင်းပြီးတော့ပိုပြီးခိုင်ခံ့တဲ့အပင်ကြီး သဖွယ်ဖြစ်တဲ့ပြည်ထောင်စုကို ထူထောင်တာဟာ ကျမတို့ ခေတ်မှာ ကျမတို့အသက်ရှင် ကာလ မှာကျမတို့ ထူထောင်သွားစေချင်တယ်။
    .
    ကျမတို့ဒီမှာအမြဲရှိနေမှာမဟုတ်ဘူး။ဒါဘယ်သူမှငြင်းလို့ရမှာမဟုတ်ဘူး။ကျမတို့အသက်၅၀ကျော်လာတာနဲ့အမျှသက်တမ်းတ၀က်ရောက်တဲ့သူကများပါတယ်။အသက်တရာကျော်တဲ့သူကအခုနည်းနည်းတော့များလာတယ်။
    .
    ကျမတို့မြန်မာနိုင်ငံရဲ့ပျမ်းမျှခြင်းသက်တမ်းနဲ့အမျိုးသားတွေက၆၃နှစ်၊အမျိုးသမီးတွေက၆၅နှစ်ဆိုတော့၊ဒီမှာလဲအမျိုးသားတွေဘက်က၆၃နှစ်ကျော်သွားပြီ ကျမလဲ၆၅နှစ်ကျော်သွားပြီ ကျမတို့မှာကျန်တဲ့သက်တမ်း အတွင်းမှာကျမတို့ရေရှည်ထားပေးခဲ့ ရမယ့် နောင်မျိုးဆက်တွေအတွက် ဘာဖြစ်မလဲဆိုတာ စဉ်းစားပြီးတော့ကျမတို့ပြောမယ် ဆိုမယ် ဆွေးနွေးမယ်ဆိုရင် အခက်အခဲရှိမယ်မထင်ဘူးလို့ ကျမယုံကြည်ပါတယ်။
    .
    အဲဒါ့ကြောင့်မို့လို့ဒီအချက်နှစ်ချက်မနေ့ကစဉ်းစားတာပါ။ ဒီအစည်းအဝေးကျရင် ပွင့်ပွင့်လင်းပြောရရင်အောင်မြင်ချင်စေတယ်။ အရင်တုန်းကမအောင်မြင်ခဲ့တဲ့ဟာကိုအောင်မြင်ချင်တယ်။.
    .
    ဒီလိုအောင်မြင်မှုရအောင်ဘယ်လိုစဉ်းစားမလဲဆိုတော့ကျမအတွေးနှစ်ခုဝင်လာတယ်။တခုကအကန့်အသတ်မရှိတဲ့အချိန်မရှိဘူး။ကမ္ဘာကြီးတောင်မှအကန့်အသတ်မရှိဘူးလို့ပြောလို့ရတာမဟုတ်ဘူး။ကမ္ဘာကြီးလဲတချိန်တခါပြီးသွားမှာပဲပေါ့နော်။. ကျမတို့တဦးချင်းတဦးချင်းမှာ အကန့်အသတ်မဲ့အချိန်ရှိတာ မဟုတ်ပါဘူး။ဒီရှိတဲ့အချိန်ကို တန်ဖိုးအရှိဆုံးဖြစ်အောင်လို့ သုံးစေချင်တယ်။ဒီရှိတဲ့အချိန်ကို သတ္တိရှိရှိနဲ့ အပြောင်းအလဲဖြစ်အောင် ကျမလုပ်ချင်တယ်။
    .
    နောက်ပြီးတော့ကျမတို့အားလုံးဟာ Identity ပေါ့နော်အမျိုးမျိုးရှိတယ်။ တခု တည်း ရှိတာမဟုတ်ဘူး။ အဲဒီ လိုစဉ်းစားမယ်ဆိုလို့ရှိရင်ကျမတို့ ကွာဟ ချက်တွေက အင်မတန်မှနည်းသွားမယ်။ ဥပမာဆိုလို့ ရှိရင်ကျမမေမေ က မွန် ဆိုတော့မွန်သွေးပါတယ်။.
    .မွန်တွေနဲ့ချိတ်ဆက်မှု လုပ်လို့ရတယ်။ ကျမအဖိုးက ခရစ်ယာန်ဆိုတော့ ခရစ်ယာန်တွေနဲ့ချိတ်ဆက်လို့ ရတယ်။ကျမတို့ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာက ဘာသာဆိုပြီးတော့ ဗုဒ္ဓဘာသာနဲ့ချိတ်ဆက်လို့ရတယ်။.
    တူညီတဲ့အပိုင်းတွေမှာ ကျမတို့ချိတ်ဆက်ပြီးတော့ ငါတို့အားလုံးဟာ မျှဝေနိုင်တာဘဲဆိုတဲ့ စိတ်ထားနဲ့ပြသနာတွေကို ကိုင်တွယ်မယ်ဆိုရင်ဖြေရှင်းမယ်ဆိုရင် ချဉ်းကပ်မယ်ဆိုရင်တော့မဖြေရှင်းနိုင်တဲ့ ကိစ္စမရှိဘူးလို့ကျမထင်ပါတယ်။
    .
    Identityနဲ့ပတ်သက်လို့ကျမကလေးမတယောက်အကြောင်းဖတ်ပြီးတော့သူကလဲဒီလိုပါဘဲ။သူ့ရဲ့မျိုးနွယ်တွေမနေတဲ့နိုင်ငံမှာကြီးလာရတော့သူ့ရဲ့ Identity ကိုသူပြောပြေတော့Tangla Identity ပေါ့၊ ရှုပ်ထွေးလှတဲ့ Identity ပေါ့၊သူဘယ်သူလဲဆိုတာ သူဆုံးဖြတ်ရတာရှုပ်ထွေးနေ တယ်။
    .
    ဒီလိုရှုပ်ထွေးမှုက ကျမတို့ မဖြစ်စေ ချင်ဘူး။ကိုယ့်မှာရှိတဲ့ Identity အားလုံး ဟာတန်းတူရည်တူလက်ခံနိုင်တယ်၊ သူတို့တွေဟာ သဟဇာတရှိရှိနဲ့ ရှင်သန် နိုင် တယ်။ဒီလိုအခြေအနေမျိုးဖြစ်စေချင်တယ် ။ပြည်ထောင်စု ဆိုတာဒီလိုပါ ဘဲ။ အားလုံးဟာအတူတူနေပြီးတော့ ကိုယ့်ရဲ့မတူညီတဲ့ကိစ္စတွေကို သဟ ဇာတဖြစ်အောင်လုပ်တာဟုပြည်ထောင်စုတည်ထောင်ခြင်းပါဘဲ။
    .
    အဲဒီလိုစိတ်ဓါတ်နဲ့သွားမယ်ဆိုရင်ကျမတို့အောင်မြင်နိုင်မယ်လို့ကျမယုံကြည်ပါတယ်။.
    .
    ဒါကိုကျမတို့အနေနဲ့ကျမတို့တိုင်းရင်းသားတွေကဘာ့ကြောင့်ဒီ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာဘာဝင်ဖို့အခက်အခဲရှိတယ်ဆိုတာပွင့်ပွင့်လင်းလင်းပြောပါပွင့်ပွင့်လင်းလင်းပြောရင်ကျမတို့လဲဒီကိစ္စကိုထိထိရောက်ရောက်ကိုင်တွယ်ဖို့ကြိုးစားပါ့မယ်။.
    ကျမတို့အနေနဲ့လဲကျမတို့အမြင်တွေကိုပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောပြမယ်။အခြေခံအားဖြင့်တော့ပွင့်လင်းဖို့ဖြောင့်မတ်ဖို့လိုပါတယ်။ဖြောင့်မတ်ဖို့ပွင့်လင်းဖို့ဆိုတာကလဲဒါပထမလိုအပ်တဲ့ယုံကြည်မှုဘဲ။. ကိုယ်မယုံကြည်တဲ့ သူနဲ့ဆို ပွင့်လင်းဖို့အင်မတန်မှ ခက်ပါတယ်။
    .
    ဘာဖြစ်လို့လဲဆိုတော့ဒီသူဟာကိုယ့်ကိုမကောင်းကြံမယ်လို့ထင်ရင်သူနဲ့ပွင့်ပွင့်လင်းလင်းဆက်ဆံမယ်ဆိုရင်ကိုယ့်အကြောင်းသိသွားတာကိုအခြေခံပြီးတော့အခွင့်အရေးယူမလားဆိုပြီးတော့ဒီလိုစိုးရိမ်မှုလဲရှိနိုင်ပါတယ် ပထမဦးဆုံးတယောက်နဲ့ တယောက်ပွင့်လင်းနိုင်ဖို့ အတွက်ဖြောင့်မတ်နိုင်ဖို့အတွက် အဲဒီ့ အထိတော့ယုံကြည်မှုရှိရမယ်။
    .
    ကျမတို့ဟာတယောက်နဲ့တယောက်ဆွေးနွေးတဲ့အချက်တွေကိုပြန်ပြီးတော့ တိုက်ခိုက်ဖို့သုံးဖို့အတွက် မဟုတ်ဖူး၊ကြားမှရှိနေတဲ့ပြသနာကို ဘယ်လိုပြေလည်အောင်အဖြေရှာဖို့။ ကျမထပ်သလဲလဲပြောပါတယ်။ပြသနာဟာ ခက်တာမဟုတ်ဘူး။.
    အဖြေရှာမှာမို့ဘဲ အရေးကြီးတာ။ပြသနာတော့ရှိမှာပဲ။ အခုလဲရှိမှာပဲနောင်လဲရှိမှာဘဲ။ ကျမတို့ပြည်ထောင်စုကြီး တည်တည်တံ့တံ့ရှိတဲ့အခါမှာလဲရှိမှာဘဲ။ အဲဒီ့တော့ပြသနာဖြေရှင်းတဲ့နည်းကိုဘဲကျမတို့ရှာဖို့ပါဘဲ ပြသနာကိုတော့စိုးရိမ်ဖို့ မလိုပါဘူးလို့ကျမအနေနဲ့တင်ပြချင်ပါတယ်။
    .
    ဒါ့ကြောင့်မို့လို့ NCA အခက်အခဲငြိမ်းချမ်းရေးပရောဆက်တွေရဲ့ အခက် အခဲတွေကိုပြသနာပါလို့ဆိုမဲ့ အစား ကိုင်တွယ်ရမယ့်ကိစ္စ တခုဆိုတဲ့ အမြင်နဲ့ ၀ိုင်းပြီးတော့အဖြေရှာပေးချင်ပါတယ်လို့ကျမမနေနဲ့မေတ္တာရပ်ခံချင်ပါတယ်။
    .
    ဆွေးနွေးချက်
    —————
    အခုကျမတို့ ဆွေးနွေးပြောဆိုသွားတဲ့အထဲမှာ ပင်လုံစာချုပ် NCA ဖက်ဒရယ်နဲ့ တိုက်ပွဲ တွေအကြောင်းပါမယ်။ အချိန်ကာလ အကြောင်းပါတယ်နော်။
    .
    ကျမတို့ အချိန်ကာလ အရင်ကြည့်ရအောင်အချိန်ကာလ အကန့် အသတ် တခုလိုတယ်လို့ ဘာကြောင့် ကျမတို့ဆုံးဖြတ်ရသလဲဆိုရင် တခြားနိုင်ငံ ကနေရတဲ့ အတွေ့အကြုံ ကိုကျမတို့ကြည့်ပြီးတော့ပြောတာပါ။ တခြားနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုစတဲ့အခါမှာ အချိန်အကန့်အသတ်မရှိထားလိုက်တဲ့အခါမှာ အလုပ်ကိုမပြီးဘူး ဆို တာဖြစ် သွားပါတယ်။
    .
    ဥပမာဆိုရင်အထူးသဖြင့် မြောက်အိုင်ယာလန်နဲ့ပတ်သက်လို့ ထဲထဲဝင်ဝင်လုပ် ခဲ့တဲ့ Jonathan Powell တို့ ဆိုရင်သိဖူးကြမှာပါ။ သူပြောခဲ့တာက သူတို့ ပထမပိုင်းမှာဘာမှားသွားလဲဆိုတာက အကန့်အသတ်မရှိ အချိန်ကိုထား လိုက်တဲ့အခါကျတော့ အလုပ်မဖြစ်ဘူးတဲ့။ သူတို့အရင်တုန်းကထင်ခဲ့တာက အရင်တုန်းက အကန့်အသတ်မရှိ ပြောချင်တာပြော ဆွေးနွေးချင်တာဆွေးနွေး ဆိုလို့ရှိရင်ပြသနာတွေ ပြေလည် သွားမယ်လို့ထင်ပေမယ့် မဟုတ်ဘူး တဲ့။ ပြသနာတွေမဆုံးနိုင်ဘူးဘဲဖြစ်သွားတယ်။ အဲတော့ အိုင်ယာလန် ကို ပြန် ကြည့် မယ်ဆိုရင်တော့ အိုင်းရစ်ပြသနာစ တာဟာ Cromwell တို့လက်ထက် ကတည်းက ထဲထဲဝင်ဝင်စတယ် ဆိုရင် အဲဒီမတိုင်မီကတည်းက အိုင်ယာလန် တို့ကနေသွားသွားပြီးတော့ ဒီမိန်းလန်းနားကနေပြီးတော့ အင်္ဂလိပ် တွေ ကျူးကျော်တာတွေဆိုတာ ၁၃ ရာစုလောက်ကတည်းက စခဲ့တဲ့ ကိစ္စ ပါ။
    .
    တရားဝင် အိုင်ယာလန်ကိုဝင်သိမ်း လိုက်တာ ကတော့ Cromwell တို့ခေတ် မှာေ ပါ့နော်။ အဲဒီကနေ တွက်လာရင်တောင်မှ နှစ် ၃၀၀ ကျော်မှ ငြိမ်း ချမ်း ရေး ရအောင် လုပ်တယ်။ အဲတော့ နှစ် ၃၀၀ ကြာမှာ ပြသနာတခုဟာ သူ့ဖာသာ သူပျောက်သွား လား ဆိုတာ သူ့ဟာသူ မပျောက်သွားပါဘူး။ သူတို့ဆွေးနွေး ယူရပါတယ်။ အဲတာ ကျမတို့ကိုသတိပေးလိုက် တာက အချိန် သတ်မှတ် ချက်ဆိုတာ ရှိသင့်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူ့သဘာဝအလျောက် အချိန်ရှိရင်ရှိ သလောက်ပြောမယ်ဆိုမယ်ငြင်းမယ် ခုံမယ်ပေါ့။ အဲတာကို အချိန်သတ်မှတ်ချက်တခုထားမှသာလျှင် ပြောမယ် ဆိုရင် အချိန်နဲ့ပတ် သက်ပြီးတော့လည်း ပန်းတိုင်တခုထားရပါမယ်။ ကိစ္စရပ်တွေနဲ့ပတ်သက်မှသာ ပန်းတိုင်ထား ရမှာ မဟုတ်ပါဘူး။ အချိန်နဲ့ပတ်သက် လို့လည်း ပန်းတိုင်တခုထား ရမယ် လို့ပြောတဲ့ဟာကိုလည်း ကျမအမြဲမှတ်ထားပါတယ် ။
    .
    တိုက်ပွဲ
    ——–
    နောက်တခုက ခုနက ခေါင်းဆောင်ကြီးတွေပြောသွားတဲ့အထဲမှာ တိုင်းရင်း သားတွေ အချင်းချင်းလဲ တိုက်ပွဲ တွေဖြစ် နေကြတယ်ဆိုတာကတော့ အဲတာဟာကျမတို့အတွက်လေးလေးနက်နက်စဉ်းစားစရာဘဲ။ ဘာဖြစ်လို့ တိုက်ပွဲတွေဖြစ်လဲ။ တိုက်ပွဲတွေဖြစ်တယ်ဆိုတာဟာ နိုင်ငံရေးသဘော ထားမတူညီမှုကြောင့်ဖြစ်တာလား။ ရှိတဲ့အရင်းအမြစ်တွေအတွက် လုကြ တာပေါ့နော်။ မျှမျှတတ မခွဲယူနိုင်မှုကြောင့်ဖြစ်တာလား။ တခြား ကိစ္စ တွေေ ကြာင့်ဖြစ်တာလား။ အပြင်ပယောဂကြောင့်ဖြစ်တာလား စသည်ဖြင့် …။
    ဘာဖြစ်လို့တိုင်းရင်းသားတွေကြားထဲမှာတိုက်ပွဲတွေဖြစ်သလဲ ဆိုတာကျမတို့ စဉ်းစားရပါလိမ့်မယ်။ အဓိက ကတော့ ဗမာ့တပ်မတော်ပေါ့နော်။ နိုင်ငံ့တပ် မတော်ခေါ်မှာလား ရွေးရတာခက်ပါတယ်။ တကယ်တော့ဗမာ အများ စုပါနေတော့ ဗမာ့တပ်မတော်ဘဲခေါ်ရမှာပေါ့။ ဒါပေမယ့် ဗမာ့တပ်မတော်ေ ခ်ါပြန်တော့လည်း ဗမာလူမျိုးနဲ့တခြား တိုင်းရင်းသား တွေ တိုက်နေတယ်ဆို တဲ့ပုံစံကြီးဖြစ်နေတဲ့ခါကျတော့ ၀မ်းသာစရာ ကိစ္စ မဟုတ်ပါဘူး။ ဒါဘယ်လို ဘဲပြောပြော တပ်မတော်နဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေ တိုက်ပွဲတွေဖြစ်ေ နတာ မဟုတ် ဘူး။ တိုင်းရင်းသား အချင်းချင်းလည်းဖြစ်နေတယ်ဆိုတော့ ဒီဟာကိုကျမတို့က မေးခွန်းမေးရမယ်။ ဘာဖြစ်လို့ကျမတို့ အချင်းချင်း တိုက်ပွဲတွေဖြစ်နေရသလဲ။ ဘာကြောင့်လဲ။ မတူကွဲပြားမှုေ ကြာင့် လို့ပြော သွားတဲ့အပေါ်မှာ ကျမတို့က ဖက်ဒရယ်သာအဖြေဆိုတာ လက်ခံ ထားပြီး သားပါ။ ဖက်ဒရယ်ဆိုတဲ့အဓိပါယ်ကိုဖော်ရမယ်ဆိုတော့ အမှန်ပြော ရင် ဒါကျမတို့ ခေါ်လို့မရဘူး။ ငြိမ်းချမ်းရေး ညီလာခံ လည်းဖော်လို့မရဘူး။ ဘာဖြစ်လို့ပြောလဲဆိုတော့ ဖက်ဒရယ်ဆိုတဲ့အနက် အဓိပါယ် ကိုဖော်ရမယ် ဆိုရင် ပညာ ရှင်များပေါင်းစုံ နှစ်ပေါင်းရာနဲ့ချီပြီးဖော်လို့မရပါဘူး။ တိတိကျ ကျဖော်လို့မရ ပါဘူး။ အခုထက်ထိ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့စာရွက် စာတမ်းေ တွက တချိန်လုံးထုတ်နေကြတာ။ တယောက် တမျိုးပေါ့။ နောက်ဆုံး ကျမ တို့ရဲ့နိုင်ငံရဲ့ဖက်ဒရယ်ကဘာလဲဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကဘဲ ဆုံးဖြတ်မှာ။ အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဂျာမနီနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မတူပါဘူး။ ဂျာမနီနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း ဆွိစ်ဇာလန် ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းမတူပါဘူး။ မတူတာနဲ့အမျှ သူတို့ရဲ့ဖက်ဒရယ် တွေကလည်း တခုနဲ့တခု ကွာခြားပါတယ်။
    .
    ကွာခြားတဲ့အပေါ် ဘယ်ဟာက ပိုကောင်းတာလဲဆိုတာ ကိုလည်း ပြောဖို့ခ က်ပါတယ်။ သူ့နည်းသူ့ဟန်နဲ့အောင်မြင်နေကြတာဘဲ မတူကြဘူးပေါ့။ ကျမတော့ ဖက်ဒရယ်နဲ့ပတ် သက်ပြီးပြည်သူတွေကိုရှင်းပြတဲ့အခါမှာ- အရင် တုန်းကတော့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ၀ါဒဖြန့်မှုတွေ အများ ကြီး ရှိပါတယ်။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေး။ ကျမတို့အဖွဲ့က အမြဲတမ်း ဖက်ဒရယ် နဲ့ရပ် တည်ခဲ့တာကိုး။ အဲတာကြောင့် NLD က ခွဲထွက်ရေးကိုလိုလား တယ်။ ပြည်ေ ထာင်စုပြိုကွဲအောင် လုပ်နေတာဆိုပြီး အဲ့တုန်းက ဖက်ဒရယ်ဆိုတဲ့စကားသုံးရင် ဖမ်းတာဆီးတာတွေရှိခဲ့ပါတယ်။ ကျမတို့တော့ ဖက်ဒရယ်ဆိုတာ ကိုအမြဲသုံးခဲ့ တယ်။ မူအရပေါ့။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေးမဟုတ်မှန်းလူထုကို သိစေချင် လို့။ ဆိုတော့ ဖက်ဒရယ်ဆိုတဲ့ အဓိပယ်ကိုအရိုးသားဆုံး ရှင်းပြရမယ်ဆိုရင် နိုင်ငံတနိုင်ငံအတွင်းမှာ အာဏာကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ၊ တိုင်း အစိုးရတွေကြားထဲမှာခွဲယူဖို့ ၊ခွဲယူတဲ့စနစ် ။ အဲဒီဟာဖက်ဒရယ်ဘဲ။
    .
    ဘယ်လိုပုံစံနဲ့ခွဲယူလဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်တယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပညာရှင်တွေ ရဲ့လေ့လာချက် သုတေသန ပြုချက် အရ ဖက်ဒရယ်စနစ်လုပ်လိုက်တဲ့အခါမှာ ခွဲထွက်ချင်တဲ့ စိတ်ဓါတ်တွေက ကျဆင်းသွားတယ်။ ဒါကြောင့် ဖက်ဒရယ်ဆိုတာ ခွဲထွက်ချင်တဲ့စိတ်ကို အားပေးတာတော့မဟုတ်ဘူး။ ခွဲထွက် ချင်စရာ အကြောင်း မရှိအောင် အဆောက်အအုံတခုကိုတည်ဆောက်တာဘဲဆိုပြီးတော့ ကျမတို့ဒီလို ဘဲရှင်းပြပါ တယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ကျမတို့နိုင်ငံနဲ့ အသင့်တော်ဆုံး ဖက်ဒရယ်ပုံစံတခုကို သတ်မှတ်ပေးပါမယ်။
    .
    ဆက်ပြီးပြော မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံက ဖက်ဒရယ်က ရအောင် လုပ်မယ်ဆိုတော့ ညီလာခံတွေဘာတွေနဲ့ ပတ်သက်လို့ Ceasefire မရခင် ညီလာခံလုပ်လို့သင့်တော်ပါ့မလား ခုနပြောတဲ့အတိုင်း အချိန်တိတိကျကျ လိုအပ်ပါတယ်။ ဆိုတော့ NCA ဘက်ကိုပြန်လှည့်လာပါမယ်။
    .
    NCA
    ——–
    NCA ထဲမှာပါတဲ့အချက်တွေကိုတချို့ဟာတွေကသဘောမတူဘူး။ ဒါကြောင့် NCA ရေးဆွဲရေးမှာ ကျမတို့အဖွဲ့ ချုပ် မပါခဲ့ပါဘူး။ ကျမတို့ကဏ္ဍလည်း အင် မတန်မှသေးပါတယ်။ ကျမတို့ ကိုယ်စားလှယ် ၂ ယောက်ဘဲတက်ပါ တယ်။ NCA နဲ့ပတ်သက်လို့ ကျမတို့သဘောမတူခဲ့တာတွေလည်းရှိခဲ့ပါတယ်။ သို့ပေ မယ့် ကျမတို့တောင်းဆို တာ တခုဘဲရှိခဲ့ပါ တယ်။ ပြုသာပြင် သာအောင်တော့ ထည့်ခဲ့ပါ။ အဲတာမထည့်ခဲ့လို့ ကျမတို့လက်မခံနိုင်ပါဘူး။ ဒါေ တာင္မွ က်မတုိ့လက္မွတ္မထုိးခဲ့ပါဘူး။ ပြည်ထောင်စုနေ့တုန်းကလေ။ မထိုးဘူးဆို တာက ကျမတို့ကို နို့တစ်စ်မပေးဘဲနဲ့ လာပါတက်ပါ လက်မှတ် ထိုးပါဆိုတော့ ကျမတို့ကိုယ်စားလှယ်တွေက ထိုးခွင့်မရှိဘူးလေ။ တိတိကျကျပြောမယ်ဆိုရင် NCA လက်မှတ်ထိုးပြီးတာနဲ့ရက်ပေါင်း ၉၀ အတွင်း ငြိမ်းချမ်းရေးညီလာခံ လုပ်မယ် ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီတိုင်းဘဲဖြစ်မယ်ဆိုရင် NCA ကဘယ်တော့လောက်မှလက်မှတ် ထိုးနိုင်မလဲဆိုတာ ကျမတို့မှန်းလို့ရမယ်။ NCA လက်မှတ်ထိုးပြီးမှ ဆက်ပြီးသွားဖို့ဆိုတာအမှန်ပြောရင် ကျမတို့ ဆုံးဖြတ်ချက် မဟုတ် ပါ ဘူး။ အရင်တုန်းက အုပ်ချုပ်ရေး ယန်းတယား လို့ဘဲပြောချင်ပါတယ်။ ဒါကျမတို့အမွေခံပါတယ်။
    .
    နိုင်ငံတနိုင်ငံရဲ့ အစိုးရတာဝန်ကို ယူတဲ့အဖွဲ့ဟာ အရင်အစိုးရ လုပ်ခဲ့သမျှ ကိုတာဝန်မယူ ဘူးဆိုပြီး လုပ်လို့ မရပါဘူး။ ဒါကြောင့် ဒီ NCA ဆိုတဲ့ဝန်ထုပ် ၀န်ပိုးကကျမတို့အပေါ် ရောက်လာပါတယ်။ ကျမတို့ကထမ်းပြီး တတ်နိုင် သမျှပြေလည်အောင်လုပ်ရမှာဘဲ။ အခွင့်အလမ်းတခုလို့ကျမမြင်သလို တိုင်း ရင်း သားတွေကို မြင်စေ ချင်ပါတယ်။ NCA က ဒီတိုင်းရှိတယ်ဆိုပေမယ့် တချို့သော ဒက်ဖှနေးရှင်းတွေက အဓိပါယ်ဖော်မှုတွေက မပြီးပြတ်သေး ပါဘူး။ ဒီအဓိပ္ပါယ်ဖော်မှုတွေက အလျှော့အတင်းလုပ်လို့ရပါတယ်။ ဒါကြောင့် အားလုံး အဆင်ပြေစေ ရမယ်လို့ မပြော လိုဘူး။ အရင်တုန်းကကျမကိုဟို ဘက် ကလာကမ်းလှမ်းတုန်းက Calculated risk ယူလိုက်ပါဆိုသလို။ ၂၀၁၂ ကနေ မကျော်ဖြတ်နိုင်ရင် ၂၀၁၅ ကိုကျမတို့ရောက်မှာမဟုတ်ပါဘူး။ ကျမတို့အလျှော့အတင်းလုပ် ခဲ့ပါတယ်။ အလျှော့အတင်းလုပ်ပြီးတော့ မှ အောင်မြင်အောင်လုပ်ရမှာဘဲ။
    .
    ပင်လုံညီလာခံ
    ——————
    ပင်လုံညီလာခံ ဆိုတာ ပင်လုံ Agreement အပေါ်မှာအခြေခံမှာ လား။ ပင်လုံစိတ်ဓါတ်အပေါ်မှာ အခြေခံတာ လား။ ပင်လုံသဘော တူညီ ချက် ဟာ ယျေဘုယသဘောဆန်ပါတယ်။ တိတိကျကျရယ်လို့တော့မဟုတ်ပါ ဘူး။ ပြန်ဖတ် ကြည့်မယ်ဆိုရင်တော့ အဓိက ပါနေတာက ကချင်နဲ့ပတ် သက်တဲ့ဟာ ပါတာပါ ။ တခြားတိုင်းရင်း သားတွေနဲ့စာ လို့ရှိရင်တော့ အပိုဒ် ၅ အပိုဒ် ၆ နဲ့အပိုဒ် ၉ မှာ သေသေချာချာကို ကချင်ဆိုပြီးတော့ ဖော်ပြ ထား တာရှိပါတယ်။ ၈ မှာတော့ ရှမ်းကိုဖော်ပြထားပါတယ်။ ရှမ်းကိုဖော်ပြထားရာမှာ လည်း တကယ်တော့ General ဖြစ်ပါတယ်။ ဥပမာ (VIII) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.

    အဲတော့ without prejudice ဆိုတာ အဓိပါယ် အမျိုးမျိုးဖော်လို့ရပါတယ်။ အဲတော့ ပင်လုံစာချုပ်အတိုင်းသွားမယ်ဆို လို့ရှိရင် တောင်မှ လိုတိုးပိုလျှော့ေ တွ အများ ကြီးလုပ်နိုင်တဲ့အခြေအနေရှိပါတယ်။ ဒါဟာကျမတို့အ တွက်ပြ သနာ မဖြစ်နိုင်ပါဘူး။ ပြသနာက တကယ်ကျမတို့ သဘောတူညီမှုယူချင် တယ် ဆိုလို့ရှိရင် ဘာမှပြသနာမရှိပါဘူး။ ကျမက ပင်လုံစိတ်ဓါတ် လို့ပြော တာဟာ ပူးပေါင်း ဆက်ဆဲရေး။ ပူးပေါင်း ခြင်းအားဖြင့်ပေါ့နော်။ ဒါမယ့် ကျမ တို့က စိတ်ဓါတ်ဘဲယူရမယ်။ ဒီထဲမှာ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ ပါတယ်။ မွန်မပါ ကယားမပါ ။ မပါတာတွေအများကြီးဘဲ။ ဒါကြောင့် ကျမက ပင်လုံ စိတ်ဓါတ်ကို အခြေခံပါ လို့ပြောတာ။ ပင်လုံစာချုပ်ကိုအခြေခံမယ်ဆိုရင် ကချင်၊ ချင်း၊ဗမာ၊ ရှမ်း နဲ့ဘဲပြီးသွားရောလားဆိုတာ- မဖြစ်နိုင် ပါဘူး။ နောက် ပင်လုံစာချုပ် ထဲကအတိုင်း လို့ မပြောတာဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ကန့်သတ် ချင်လို့ မဟုတ်ပါဘူး။ပြောရမယ်ဆိုရင် ပင်လုံစာချုပ်က ကျဉ်းလွန်းလို့ပါ။ ဒါ့ထက်ပိုပြီးတော့ ကျယ်ပြန့်ဖို့ ကျမ တို့လိုပါတယ် တကယ့်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုလို့ရှိရင်ပေါ့။
    .
    နိဂုံး
    ——
    နောက်တခုက ဒီ Ceasefire တွေလုပ်မှ အားလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ထိုးပြီးမှ ညီလာခံကို စ နိုင်မယ်ဆိုရင် ညီလာခံဘယ်ေ တာ့ စနိုင်မလဲ ။ အဲတော့ အဲလိုဆိုလို့ရှိရင် ညီလာခံမဖြစ်မြောက်ချင်တဲ့ အဖွဲ့အစည်း တခုတည်းကနေပြီးတော့ အားလုံးကိုပျက်စီးအောင် လုပ်လို့ရ တယ်။ အပစ်အခတ် ရပ်စဲရေးဆိုတာ ကျမတို့ ဒီကိစ္စလည်းလေ့လာပြီးပါပြီ။ အပစ်ရပ်စဲရေး သဘောတူညီချက်တွေထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် ၉၀ ရာခိုင်နှုန်း ကာလပိုင်း အတွင်း ချိုးဖောက်တယ်။ ဒါတ ကမ္ဘာလုံး က အဖြစ် အပျက်ကိုကြည့်လိုက်တာ။ အဲတော့ ကျမအမြဲဘဲပြောတယ်။ အပစ်အခတ်ရပ် စဲရေး ပျက်ဖို့ဆိုတာ ၁ စက္ကန့် ဘဲလိုတယ်။
    .
    ကျည်ဆံတတောင့်ထွက်ဖို့ဆိုတာ၁ စက္ကန့် ဘဲ။ ၁ စက္ကန့်တောင်မရှိဘူး ထင်တယ်။ ကျမတော့ မကျွမ်းကျင် တော့ သိပ်မသိဘူး သေနတ်တွေ ဘာတွေ နဲ့။ ကျွမ်းကျင်တဲ့ ဗိုလ်ချုပ်တွေတော့ပိုသိတာပေါ့။ အဲတော့ ဒိုင်း ဆိုတာနဲ့ အပစ်ရပ်က ပြိုကွဲသွားနိုင်တယ်။ ကျည်ဆံတတောင့်ဟာ အပစ်ရပ်ပျက်စီးတဲ့ အခြေအနေကိုဖန်တီး နိုင်တယ်။ အဲတော့ အဲဒီအပေါ်ကို ကျမတို့ရဲ့ငြိမ်းချမ်း ညီလာခံက အခြေခံမှာလား။ အဲတော့ ကျမတို့ရဲ့ ဒီငြိမ်း ချမ်းရေးညီလာခံက သိပ်ကိုအားနည်းသွားပါတယ်။ ဒါကြောင့်ကျမတို့က တမူးတရှူး ကမန်းကတန်း လုပ်ချင် တာမဟုတ်ပါဘူး။
    .
    တကယ်ပြောမယ်ဆိုရင်ကျမတို့ ငြိမ်းချမ်းရေးညီလာခံဖြစ်သင့်တာဟာ ရာစုနှစ် တ၀က် လောက်ကို ရှိနေပါပြီ။ ဒါကျမတို့ သိပ်ပြီးတော့ ကမန်းကတန်း လုပ်တယ်လို့ပြောလို့မရပါဘူး။ လုပ်ခဲ့တဲ့ လုပ်ခဲ့တဲ့အစဉ်အဆက်တွေ အပေါ်ကျမတို့ အခြေခံတာပါ။ ကျမတို့ ဒီ စပြီးဆွေးနွေးတဲ့ ၂ လ လောက် ကမှ စ တာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ပရောစက်ဆိုတာ ဟိုးကတည်းက လွတ်လပ်ရေး ရ ကတည်းက စတယ် လို့ဘဲပြောလို့ရမှာပေါ့။
    .
    လွတ်လပ်ရေးနဲ့အတူတူ ကျမတို့ပြည်တွင်းငြိမ်းချမ်း ရေးကိုဆုံးရှုံးခဲ့တာကိုး။ အဲတော့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်လို့ ကြိုးပမ်းမှုတွေက လွတ်လပ်ရေး သက်တမ်းနဲ့အတူတူဘဲလို့ ကျမတို့ပြောလို့ရပါတယ်။
    .
    အဲတော့ကျမပြောလိုတာက လိုချင်တာတွေတောင်းပါ ။ ကျမတို့ပေးမယ်လို့ အာမ မခံဘူး။ ကျမတို့ဆွေးနွေးမယ်။ ဒါပေမယ့် Calculated Risk ဆိုတာ ကိုလည်းယူပါ။ ၁၀၀ ရာခိုင်နှုန်းအာမခံ ချက်ရှိမှလုပ်မယ် ဆိုရင်ကျမတို့ ဘယ်တော့လုပ်ဖြစ်မှာမဟုတ်ဘူး။ ဘယ်တုန်းကမှကျမတို့ ၁၀၀ ရာခိုင်နှုန်းက မရှိခဲ့ပါဘူး။ ဥပမာကျမတို့ ၂၀၁၂ – ၂၀၁၅ မှာ ၀င်ပြိုင်တုန်းက – ၉၀ တုန်းကကြည့်ပါလား ဘာဖြစ်သွားလဲ။ ဘာကြောင့်အခု ၀င်ပြိုင်မှာလဲ- လို့မေးတယ်။
    .
    အဲဒီတော့ ခုနကပြောသွားသလိုပေါ့နော်။ အရင်တုန်းက ဖေဖေတို့နဲ့ သဘော တူညီချက်ဟာ နောက်ပိုင်းကျတော့ မတည်ဘူး။ မတည်လို့ အခု နောက် သဘောတူညီချက် အသစ် မယူသင့်ဘူး ဆိုတာ မသင့်ဘူးဆိုလို့ရှိရင် ကျမတို့ က ၉၀ တုန်းက ကျမတို့ရဲ့ရွေးကောက်ပွဲရလာဒ်ဟာ အဟောသိကံဖြစ် သွားလို့ ၂၀၁၂ ၊ ၂၀၁၅ တို့ဟာ အခွင့်အရေး အလွတ်ခံခဲ့ကြမှာလား။
    .
    အလွတ်ခံခဲ့ရင်တော့ ကျမတို့မှားမယ်လို့ ပြန်ပြီးတော့သုံးသပ်လို့ရပါတယ်။ မှားမယ်၊ မှန်မယ် ဆိုတာ ၁၀၀ ရာခိုင်နှုန်း ကျမတို့ ပြောလို့မရဘူး။ ကျမတို့စွန့် စားပြီးတော့မှ- တခါ ဖြစ်ပြီးလို့ အမြဲဘဲဖြစ်မယ်လို့ အဲဒီအမြင်နဲ့ဆိုရင်တော့ အရှေ့တိုးလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ ကျမတို့စွန့်စားပြီးလုပ်လိုက်တာပါ။
    .
    အသေးစိပ်ဟာတွေနဲ့ပတ်သက်လို့ကတော့ ကျမသိတယ် တိုင်းရင်းသားတွေ နဲ့ဆွေးနွေးရမယ်။ ဘာဘဲဆွေးနွေးဆွေးနွေး Peace Process မှာဝင်နိုင်ရေး ကို ဦးတည်ပြီးတော့ဆွေးနွေးပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။ Peace Process မှာဝင်နိုင်ဖို့ ဒို့ဘယ်လိုလုပ်ကြမယ်။ ဘယ်လို အပေးအယူ လုပ်ကြ မလဲ အဲလိုပုံစံနဲ့ဘဲဆွေးနွေးပါလို့ မေတာရပ်ခံချင်ပါတယ်။
    .
    ဒါကြောင့်ကျမတို့က ပင်လုံစိတ်ဓါတ်က အင်မတန်ကျယ်ပြန့်တယ် သဘောတူ ညီချက်ကနဲနဲကျဉ်းတယ်။ အဲတာ ကျမတို့စဉ်း စားပြီးပြေလည်အောင် လုပ်ပါမယ်။
    .
    ၂၁ ရာစုပင်လုံညီလာခံကိုလည်း အပစ်အခတ်ရပ်စဲရေးမထိုးတဲ့ လူတွေကိုလည်း တက်နိုင်တဲ့အနေအထားမျိုး ကိုဖန်းတိးချင်တယ် ဒါမယ့်တန်းတူညီတူတော့ အခွင့်အရေး ပေးလို့မရဘူး။ ဒါကတော့ လက်တွေ့ကျပါတယ်။ ဘာလို့လဲ ဆိုတော့ လက်မှတ်မထိုးတဲ့ အတူတူဘဲဆိုရင်တော့ ဘယ်သူကထိုးတော့မှာလဲ။ လက်မှတ်မထိုးတဲ့လူနဲ့ လက်မှတ်ထိုးနဲ့ လူနဲ့အတူတူဘဲဆိုရင်တော့ ဘယ်သူကမှထိုးတော့မှာ မဟုတ်ဘူး။
    .
    အဲ့တော့အဲ့ဟာတခုကတော့သတ်မှတ်ချက်ကတော့ရှိမှာပေါ့။ ဒါပေမယ့် ကျမ တို့က တတ်နိုင်သမျှ အောလ်အင်ကလူးစစ်ဖြစ်အောင်လို့ ဘယ်လိုပုံစံ နဲ့လက်မှတ်မထိုးတဲ့သူတွေ ပါဝင်ပြီးတော့ကျမတို့ ညီလာ ခံဖြစ် မြောက်ရေး အတွက်လုပ်နိုင်မလဲဆိုပြီးတော့ ကျမတို့အဲတာကိုလည်း စဉ်းစားထားပြီး သားပါ။
    .
    အကောင်းဆုံးကတော့ လက်မှတ်ထိုးပြီးဝင်လာရင်ကောင်းတာပေါ့။ အဲတော့ လက်မှတ်ထိုးနိုင်အောင်လို့ ဒီ အန်စီအေ အပေါ်မှာပတ်သက်ပြီးတော့ ဘယ်လို အလျှော့အတင်းလုပ်မလဲ။ ဘယ်လိုအဓိပယ်ဖော်မလဲဆိုတာ ကိုကျမက ဦးတည်စေချင်တယ်။ လက်မှတ်မထိုးဘဲနဲ့တက်ရအောင်လုပ်ပေးဆိုရင် ဒါကတော့မတရားဘူး။ လက်မှတ်ထိုးတဲ့လူတွေကပြောမှာပါ ကျနော်တို့ကျတော့လက်မှတ်ထိုးရတယ်သူတို့ကလက်မှတ်မထိုးရဘူး ဆိုရင်ကျမက ဘယ်လိုဖြေရမလဲ။

    https://www.facebook.com/Panglong.burmese

  • အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် အကောင်းမြင်ရန် မထိုက်တန်သေး

    အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် အကောင်းမြင်ရန် မထိုက်တန်သေး

    ဧပြီ ၅ ၊ ၂၀၁၅
    M-Media
    Myanmar's draft cease-fire
    မြန်မာနိုင်ငံ၏ လက်နက်ကိုင် တိုင်းရင်းအုပ်စုများ အကြောင်းကို နှစ်ရှည်လေ့လာထားသူ ထိပ်တန်းသုတေသီတစ်ဦးက အမျိုးသား ရင်ကြားစေ့ရေးဆွေးနွေးခြင်း၌ လတ်တလော နည်းလမ်းရှာမှုမှာ လျှာပေါ်ဝဲ စကားများသာဖြစ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း စကားလုံးများအပေါ် အမွှမ်းတင်နေကြသည့် နိုင်ငံတကာလေ့လာသူများအကြားတွင် ဖွင့်ချပြောဆိုလိုက်သည်။

    မြန်မာအစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့သည် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် NCA အတွက် လက်မှတ်ထိုးနိုင်ရန် သဘောတူညီချက် ရရှိခဲ့သည်။ ၎င်းကို ကုလသံတမန်က မြန်မာ့သမိုင်း၏ မှတ်တိုင်တစ်ရပ်အဖြစ် ဖော်ပြသည်။

    သို့သော် ယင်းသဘောတူညီချက်အပေါ် အလှမ်းကျယ်စွာအကောင်းမြင်ပေးရန်အတွက် မထိုက်တန်သေးကြောင်း မြန်မာ့ရေးရာ စာအုပ်ကောင်းများကို ရေးသားခဲ့သည့် ဗျူဟာပိုင်းသုတေသီနှင့် စာနယ်ဇင်းသမားဖြစ်သူ ဘာတီးလ် လင့်တ်နာ Bertil Lintner မှ Anadoul Agency သို့ပြောကြားသည်။

    “သူတို့တက်လှမ်းထားနိုင်ခဲ့တဲ့အဆင့်ဟာ ခါတိုင်းလိုပါပဲ။ နှစ်ဖက်သဘောတူညိုနှိုင်း ရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်ကို လက်မှတ်ရေးထိုးတဲ့အဆင့်အထိသာ ရှိပါသေးတယ်။ ဒီလနောက်ဆုံးပတ် သို့မဟုတ် မေလအတွင်းမှာ လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေဆီ သဘောတူစာချုပ်ကို တင်ပြရဦးမှာဖြစ်ပါတယ်။ ဒီ့ထက် မပိုပါဘူး” ဟု သူက ဆိုသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT  တို့သည် သဘောတူစာချုပ်ကို တရားဝင် လက်မှတ်မထိုးရသေးပါ။ မိမိတို့၏ခေါင်းဆောင်များထံမှ အတည်ပြုချက် ရယူရန် လိုနေသေးသည်ဟု တိုင်းရင်းသားများဖက်မှ စေ့စပ်ညှိနှိုင်းရေးသမားတို့က ပြောကြားသည်။ ထို့ပြင် စာချုပ်ပါအချက်အလက်များကိုလည်း တရားဝင် ထုတ်ပြခြင်း မရှိသေးချေ။

    ပြည်တွင်းရေးပဋိပက္ခများ ချုပ်ငြိမ်းစေမည့် အပစ်အခတ်ရပ်စဲရေးအာမခံချက်သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် အရေးပါသော အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ လေသံမဟခဲ့ကြ။ စစ်အာဏာရှင်များ ဘေးထွက်ထိုင်သည့် ၂၀၁၁ ခုနှစ်မှစ၍ အာဏာရလာသော ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်က ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲမတိုင်မီ သဘောတူစာချုပ်အား အတည်ပြုလက်မှတ်ရေးထိုးနိုင်ဖို့ တိုက်တွန်းထားသည်။

    သို့သော် သုံးနှစ်နီးပါးကြာသည့်တိုင် ငြိမ်းချမ်းရေးစကားဝိုင်း ဟူသော လက္ခဏာများကိုသာ တွေ့ရသဖြင့် သဘောတူ လက်မှတ်ရေးထိုးပြီးသည့်နောက် ပြဿနာပိုမိုကြီးထွားလာဖွယ်ရှိနေသည်။ အငြင်းပွားဖွယ် ၂၀၀၈ ဖွဲ့စည်းပုံစည်းမျဉ်းအား တိုင်းရင်းသားအုပ်စုတို့မှ လိုက်နာမှသာ ငြိမ်းချမ်းရေးစကားဝိုင်း ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း စစ်တပ်က တင်းခံနေသည်ဟု NCCT ခေါင်းဆောင်မှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    “၂၀၀၈ ဖွဲ့စည်းပုံစည်းမျဉ်းဟာ ဒီမိုကရေစီနည်းလမ်းမကျဘူး။ ပြီးတော့ အဲ့ဒီထဲမှာ တိုင်းရင်းသားတွေအတွက် ဘာအခွင့်အရေးမှ မပါဝင်ပါဘူး” ဟု Radio Free Asia – RFA သို့ နိုင်ဟံသာက ပြောပြသည်။

    ပြည်သူ့ဆန္ဒခံယူမှုကို မလှိမ့်တပတ်လုပ်၍ ထွက်လာခဲ့သည့် အဆိုပါ စစ်တပ်ရေးဆွဲထားသော အခြေခံဥပဒေ၌ တိုင်းရင်းသား သူပုန်များသည် တပ်မတော်နှင့်ပူးပေါင်းရမည် သို့မဟုတ် လက်နက်ဖြုတ်သိမ်းရမည်ဟု တောင်းဆိုထား၏။ လက်ရှိမူကြမ်းမှ စစ်တပ်၏တောင်းဆိုချက် ၆ ရပ်၌ ထိုအချက်က ဆက်လက်ပါဝင်နေသည်။

    ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက အင်္ဂါနေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ “ကျွန်တော်တို့ချမှတ်ထားတဲ့ အခြေခံမူ ၆ ရပ်ကိုလက်ခံရင် ပြည်တွင်းမှာ ထာဝရငြိမ်းချမ်းရေးရရှိပါလိမ့်မယ်” ဟု ပြောကြားသွားသည်။

    ပြဿနာများ ရှေ့ဆက်နေသည့်ကြားမှ တနင်္လာနေ့တွင် လက်မှတ်ထိုးရေး သဘောတူညီချက်ရခြင်းကိုသံပြိုင်အကောင်းဆိုရာ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလှူရှင်များပါဝင်ဖွဲ့စည်းထားသည့် အုပ်စုများကလည်း ပါဝင်နေပေသည်။

    မြန်မာနိုင်ငံ၏ ဟန်ပြသတင်းကောင်းများအပေါ် ထိုးဖောက်မြင်သည့်အတွေ့အကြုံရှိနေသူ လင့်တ်နာ ကမူ သူ၏သီးခြားအမြင်တစ်ရပ်ကို ဤသို့ဆိုလေသည်။

    “ပြည်ပလေ့လာသူများလို့ အမည်ခံထားသူတွေဟာ တကယ်တော့ အဖြစ်မှန်ကို မမြင်နိုင်သူများသာ ဖြစ်ကြတယ်”။

    Ref : Joshua Carroll’s “ Analyst dismisses Myanmar’s draft cease-fire deal ” ; AA(Anadoul Agency).
    မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။

  • ငြိမ်းချမ်းရေ အတွက် အစိုးရပေါ် ယုံကြည်မှု အနိမ့်ဆုံးအဆင့် ရောက်ရှိလာပြီဟု ဗိုလ်ချုပ်ဂွမ်မော်ဆို

    ငြိမ်းချမ်းရေ အတွက် အစိုးရပေါ် ယုံကြည်မှု အနိမ့်ဆုံးအဆင့် ရောက်ရှိလာပြီဟု ဗိုလ်ချုပ်ဂွမ်မော်ဆို

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    548166244c77e.image
    – ဒေသအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရေး ရည်ရွယ်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများ နှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့သော်လည်း စစ်တပ်လွှမ်းမိုးသည့် အစိုးရအပေါ် ယုံကြည်မှုမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်လာခဲ့ပြီဟု ကချင် လွတ်မြောက်ရေး တပ်မတော်မှ  ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက်သည်။

    ဘန်ကောက်တွင် ယနေ့၌ ပြုလုပ်ခဲ့သော AP သတင်းဌာနနှင့် အင်တာဗျူးတွင် ဗိုလ်ချုပ်ဂွမ်မော်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဆွေးနွေး ညှိနှိုင်းမှုကသာ ရှေ့ဆက်သွားမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် အတွက် မိမိတို့အဖွဲ့က ထိုနည်းလမ်းကိုပင် ဆုပ်ကိုင်ထားဆဲဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ၁၇ နှစ်ကြာ အပစ်ရပ်ခဲ့ပြီးနောက် ကချင်ဒေသတွင်း ၂၀၁၁ ခုနှစ်မှစ၍ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး လူပေါင်း ၁၂၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်မှစ၍ သမ္မတဦးသိန်းစိန်အစိုးရမှာ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၁၄ ခုနှင့် အပစ်ရပ်ရေးသဘောတူညီချက် ရရှိခဲ့သော်လည်း ကချင် လက်နက်ကိုင်အဖွဲ့နှင့် သဘောတူညီချက် မရသေးဘဲ နိုင်ငံတစ်ဝှမ်း ကျယ်ပြန့်သော အပစ်ရပ်ရေးအတွက်လည်း ဆောင်ရွက်နိုင်ခြင်း မရှိသေးချေ။

    `အစိုးရနဲ့ စစ်တပ်အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်မှုက စပြီး စကားပြောတဲ့အချိန်ကထက်စာရင် အနိမ့်ဆုံးကိုရောက်နေပါပြီ။ ဘာ့ကြောင့် ယုံကြည်မှုနည်းရသလဲဆိုတော့ ဆွေးနွေးမှုတွေ လိုအပ်နေလို့ပါ´ ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့သည်။

    လိပ်ခဲတည်းလည်းဖြစ်နေသည့် ဆွေးနွေးညှိနိုင်မှုများမှာ နိုဝင်ဘာ ၁၉ ရက်နေ့က ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းသို့ အစိုးရတပ်မှ ၁၀၅ မမ အမြှောက်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ပြီးနောက် အခြေအနေမှာ ပို၍ တင်းမာလာခဲ့သည်။

    ဗိုလ်ချုပ်ဂွမ်မော်ကမူ မိမိတို့၏ အဓိက ရည်ရွယ်ချက်မှာ လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် သဘောတူညီခဲ့သည့် အခွင့်အရေး တန်းတူ ညီမျှရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ်နှင့် အတူ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရရေးဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍လည်း မှတ်ချက်ပေးခဲ့ပြီး အဆိုပါ အခြေခံဥပဒေမှာ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မဲ့ဖြစ်စေကြောင်းနှင့် စစ်တပ်ကမူ အဆိုပါ အခြေခံဥပဒေကို လက်ခံရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား မရမက တောင်းဆိုနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    `သေချာတာကတော့ သူတို့(စစ်တပ်က)က ၂၀၀၈ အခြေခံဥပဒေကို လုံးဝ မပြောင်းချင်ပါဘူး။ ဘာ့ကြောင့် လဲဆိုတော့ ပြောင်းလိုက်ရင် သူတို့ရဲ့ အာဏာလျော့သွား မယ်လေ။ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် သူတို့ရဲ့ပုံစံက `မင်းတို့ ငါတို့တောင်းဆိုတာကိုပဲ နားထောင်ရမယ်´ ဆိုတာမျိုးဖြစ်နေတယ်´ ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ အခြေခံဥပဒေတွင် တိုင်းပြည်အား ခြိမ်းခြောက်နိုင်သည့် အရေးပေါ် အခြေအနေဖြစ်လာပါက တိုင်းပြည်၏ အချုပ်အခြာအာဏာကို ရယူနိုင်သည့် အခွင့်အရေးအပြင် ကာကွယ်ရေးဦးစီးချုပ်အား သမ္မတထက်ပို၍ အာဏာပေးထားသည်။

    AP