မေ ၁ ၊ ၂၀၁၄
M-Media
မင်းထွဋ်ခေါင် ဘာသာပြန်သည်။

ဘာသာရေးအကြမ်းဖက်မှုကြောင့် မြန်မာမွတ်စ်လင်မ်လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာများက အိုးအိမ်မဲ့ဖြစ်သွားခဲ့ရတဲ့နောက် ယခုအချိန်မှာ နိုင်ငံတကာထောက်ပံ့ ကူညီမှုကန့်သတ် ခံလိုက်ရပြန်တဲ့ အတွက် ဆိုးသထက်ဆိုးရွားလာတဲ့ ကျန်းမာရေးပြဿနာကို အသည်းအသန် ရင်ဆိုင်နေရရှာပါတယ်။
ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ သန်းတစ်ဝက်ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု အဓိကပေးနေတဲ့ Medecins Sans Frontieres-Holland (MSF-H) အဖွဲ့ကို မြန်မာအစိုးးရက ဖေဖော်ဝါရီလအတွင်း မောင်းထုတ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်ကစပြီး ဗုဒ္ဓဘာသာဝင်နဲ့မွတ်စ်လင်မ်တို့အကြားက အကြမ်းဖက်မှုကြောင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတို့ဟာ နေရပ်စွန့် အိုးအိမ်မဲ့ဘ၀ ရောက်ခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ လက်ရှိ နေထိုင်နေရတယ်။ အထက်ဖော်ပြပါပုံက သူတို့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ သူတို့တစ်တွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုအပြင် အခြေခံလိုအပ်ချက်အကူအညီပေးနေကြတဲ့ အဲန်ဂျီအို နဲ့ ကုလရုံးတွေကို ရခိုင်လူရမ်းကားတစ်စုက မတ်လအတွင်းမှာ ဦးတည်တိုက်ခိုက်ခဲ့ကြတယ်။
ဇန္န၀ါရီလက ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်းတောမြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တယ်။ အဲ့ဒီ အကြမ်းဖက်ခံလူစုကို Medecins Sans Frontieres-Holland (MSF-H) အဖွဲ့က ကုသပေးခဲ့တယ်လို့ ကြားသိရပြီးနောက် အဆိုပါအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေကို မြန်မာအာဏာပိုင်များက တားဆီးပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။
အဲ့ဒီ အကြမ်းဖက်မှုမှာ ဗုဒ္ဓဘာသာဝင် ရခိုင်ရွာသားတို့လက်ချက်နဲ့ ရိုဟင်ဂျာ ၄၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂမှ ဆိုထားပါတယ်။
၂၀၁၄ ဧပြီ ၂၃၊ ပေါက်တော်၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)
ယခုလ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နှစ်သစ်ကာလအဆုံးသတ်ချိန်မှာတော့ အဲန်ဂျီအို အားလုံးနီးပါးရဲ့ လုပ်ငန်းတွေ ပုံမှန်ပြန်လည်ဆောင်ရွက်စေမယ်လို့ မြန်မာအစိုးရက ဆိုခဲ့သော်လည်း ရိက္ခာဖြန့်ပို့ဝေငှတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တစ်ဖွဲ့တည်းသာ ယခင်အတိုင်း ပြန်လည်သွားရောက်ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။
ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတစ်ခုမှာ ထောက်ပံ့ရေးရိက္ခာဝေစုရရှိဖို့ စောင့်ဆိုင်းနေရတဲ့ ရိုဟင်ဂျာတစ်စုကို အထက်ဖော်ပြပါပုံထဲ တွေ့ကြရပါလိမ့်မယ်။
ရခိုင်လူ့အဖွဲ့အစည်းခေါင်းဆောင်များက ဗဟိုအစိုးရနယ်ပယ်ထဲအထိ ထိုးဖောက်လို့ ပြန်လည်ဝင်ရောက်လိုကြတဲ့ အခြားကယ်ဆယ်ကူညီရေးအဖွဲ့များအပေါ် တစ်ဖက်သတ်စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြဋ္ဌာန်းစေခဲ့တယ်။
အဲန်ဂျီအိုအဖွဲ့များအနေနဲ့ သူတို့ခရီးစဉ်များ၊ စီမံချက်များကို အကြွင်းမဲ့ ပွင့်လင်းမြင်သာစွာ ဖွင့်ချဖော်ပြမယ်၊ ပြီးတော့ ရိုဟင်ဂျာတို့ကို မျက်နှာသာမပေးဘူး ဆိုမှသာ ပြန်လည်ဆောက်ရွက်ခွင့်ပြုသွားမယ်လို့ ရခိုင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက ပြောခဲ့ပါတယ်။
၂၀၁၄ ဧပြီ ၂၄ ရက်၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)

ပြည်ပအထောက်အပံ့ အကြီးအကျယ် လစ်ဟာသွားခြင်းနဲ့အတူ လူနည်းစုမွတ်စ်လင်မ်များအဖို့ တော်တော်ရုန်းကန်နေကြရပါတယ်။
ဖုန်ထူညစ်ထေးတဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ Gorima Khatu ရဲ့ သုံးနှစ်အရွယ်သမီးငယ် Asoma လေးဟာ diarrhoea ဝေဒနာခံစားရပြီး သေဆုံးသွားခဲ့တယ်။
“ အကယ်၍ တစ်စုံတစ်ဦးသာ ကူညီဖို့ ရောက်လာခဲ့မယ်ဆိုရင် ကျွန်မရင်သွေးလေး ဒီတောင်ကို ကျော်နိုင်ခဲ့မယ်လို့ ကျွန်မ ထင်မြင်ပါတယ် ” ဆိုပြီး ကလေးမိခင် Gorima က ပုဝါအုပ်ထားတဲ့ ကလေးရဲ့ရုပ်ကလာပ်ကို ပုခက်လွှဲသလိုပြုပေးရင်း ပြောရှာပါတယ်။
၂၀၁၄ ဧပြီ ၂၈ ရက်၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)
 ဒုက္ခသည်စခန်းများစွာကို ရောက်ရှိခဲ့တဲ့ ရိုက်တာသတင်းထောက်များက ဖျားနာတဲ့ဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေကြရကြောင်း ဖွင့်ထုတ်တင်ပြကြပါတယ်။ အထက်ပါပုံထဲက အာဟာရချို့တဲ့နေတဲ့ ၂၅ ရက်သား အမြွာလေး နှစ်ဦးက သာဓကတစ်ရပ်ဖြစ်ပါတယ်။

အစိုးရဖက်က ဆေးကုသရေးအဖွဲ့က ရိုဟင်ဂျာဒေသတွေဆီ အခါအားလျော်စွာ သွားရောက်ကြပေမယ့် ပြည့်ဝလုံလောက်မှု မရှိကြဘူးလို့ ပြည်ပကူညီရေး အဖွဲ့အစည်းများက ဆိုပါတယ်။ အဲ့ဒီလူတွေအများစုက ရိုဟင်ဂျာတွေရဲ့ ဘယ်အရေးမှာဖြစ်ဖြစ် ဖြစ်ကတတ်ဆန်း လျော့တိလျော့ရဲ ဆောင်ရွက် သွားခဲ့ကြတာဖြစ်တယ်။
၂၀၁၄ ဧပြီ ၂၄၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)
 အထက်ဖော်ပြပါ ကြိမ်းနီပြင်မှာဆိုရင် ရိုဟင်ဂျာ ၄၆၀၀ နီးပါးဟာ ရဲအစောင့်အကြပ်အောက်မှာ နေကြရပြီး သွားလာခွင့်လည်း ကန့်သတ်ခံထားရတယ်။ အစိုးရက သူတို့ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီများအဖြစ် သတ်မှတ်ထားလို့ပါပဲ။
အထက်ဖော်ပြပါ ကြိမ်းနီပြင်မှာဆိုရင် ရိုဟင်ဂျာ ၄၆၀၀ နီးပါးဟာ ရဲအစောင့်အကြပ်အောက်မှာ နေကြရပြီး သွားလာခွင့်လည်း ကန့်သတ်ခံထားရတယ်။ အစိုးရက သူတို့ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီများအဖြစ် သတ်မှတ်ထားလို့ပါပဲ။
အဲ့ဒီ နေရာမျိုးတွေမှာ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရတယ်ဆိုတဲ့ အဆိုကို ရခိုင်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ငြင်းပယ်ခဲ့တယ်။
“ အဲ့ဒီစခန်းတွေထဲက တစ်ခုမှာ လာရောက်တဲ့သူတိုင်းကို ဖျားနာနေတဲ့ ကလေးတွေပြသနေတတ်တဲ့ လူတစ်စုရှိနေတယ်။ ဆေးကုသရေးကို အစိုးရဖက်က စီစဉ်ပေးသည့်တိုင် သူတို့က ငြင်းဆန်ကြတယ်လေ” လို့ သူက ပြောပါတယ်။
ကူညီရေးအဖွဲ့တွေကို မည်သည့်သြဇာလွှမ်းမိုးမှု မရှိစေပဲ ရခိုင်ပြည်နယ်ဆီ ပြန်သွားခွင့်ပြုဖို့ အမေရိကန်၊ ဗြိတိန်နဲ့ အခြားနိုင်ငံတို့မှ မြန်မာအစိုးရအပေါ် တွန်းအားပေးထားပါတယ်။
၂၀၁၄ ဧပြီ ၂၈၊ ပေါက်တော၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတစ်ခုဖြစ်သော ဒါးပိုင်စခန်းအနီး လယ်ကွင်းများအတွင်း ဆော့ကစားနေကြသည့် ကလေးငယ်များ
REUTERS/Minzayar
 ကြိမ်းနီပြင်ဒုက္ခသည်စခန်းတွင် ရပ်နေသော ရိုဟင်ဂျာ အမျိုးသမီးများ
 ကြိမ်းနီပြင်ဒုက္ခသည်စခန်းတွင် ရပ်နေသော ရိုဟင်ဂျာ အမျိုးသမီးများ
REUTERS/Minzayar
 သက်ကယ်ပြင်ဒုက္ခသည်စခန်းသို့ လာရောက်သော ရှောင်တခင်ဆေးခန်းတွင် ဆေးကုသမှုခံယူရန် စောင့်စားနေကြသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် ၎င်းတို့၏ကလေးငယ်များ
သက်ကယ်ပြင်ဒုက္ခသည်စခန်းသို့ လာရောက်သော ရှောင်တခင်ဆေးခန်းတွင် ဆေးကုသမှုခံယူရန် စောင့်စားနေကြသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် ၎င်းတို့၏ကလေးငယ်များ
REUTERS/Minzayar
 ဒုက္ခသည်စခန်းတစ်ခု၌ အရေပြားရောဂါဝေဒနာခံစားနေရရှာသည့် ကလေးငယ်အား ပွေ့ချီထားသော ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး
 ဒုက္ခသည်စခန်းတစ်ခု၌ အရေပြားရောဂါဝေဒနာခံစားနေရရှာသည့် ကလေးငယ်အား ပွေ့ချီထားသော ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး
REUTERS/Minzayar
 ကြိမ်းနီပြင်မှ ဒုက္ခသည် ရိုဟင်ဂျာ မိန်းမငယ်တစ်ဦး
 ကြိမ်းနီပြင်မှ ဒုက္ခသည် ရိုဟင်ဂျာ မိန်းမငယ်တစ်ဦး
REUTERS/Minzayar
သက်ကယ်ပြင်စခန်းအနီး ရွာတစ်ရွာရှိ အိမ်သစ်တစ်ဆောင်အတွင်း ကြမ်းပြင်ပေါ် လဲလျောင်းနေသည့် ကလေးငယ်။ ထိုကလေးငယ်မှာ တင်အောင်ဇင် (၉ နှစ်)ဖြစ်ပြီး ယခင်နေရပ်ဝန်းကျင်၌ အကြမ်းဖက်မှုဖြစ်စဉ်အတွင်း လန့်ဖျပ်သွားခြင်းကြောင့် ကိုးမားဝေဒနာခံစားနေရသည်ဟု ၎င်း၏မိခင်က ပြောပြသည်။
REUTERS/Minzayar
 ဒါးပိုင်စခန်းရှိ ကိုယ်ပိုင်အခန်းတစ်ခုအတွင်း ဆိုးဆိုးဝါးဝါး အာဟာရချို့တဲ့နေသည့် သားချင်းလေးကို ကိုင်ထိန်းထားသော ကလေးတစ်ဦး
ဒါးပိုင်စခန်းရှိ ကိုယ်ပိုင်အခန်းတစ်ခုအတွင်း ဆိုးဆိုးဝါးဝါး အာဟာရချို့တဲ့နေသည့် သားချင်းလေးကို ကိုင်ထိန်းထားသော ကလေးတစ်ဦး
 REUTERS/Minzayar
 ကြိမ်းနီပင်စခန်းတွင် diarrhoea ဝေဒနာဖြင့် သေဆုံးသွားသည့် သုံးလအရွယ် Asoma Khatu ၏ ရုပ်ခန္ဓာအား ပိတ်ဖြူတစ်စဖြင့် ခြုံလွှမ်းထားပုံ
 ကြိမ်းနီပင်စခန်းတွင် diarrhoea ဝေဒနာဖြင့် သေဆုံးသွားသည့် သုံးလအရွယ် Asoma Khatu ၏ ရုပ်ခန္ဓာအား ပိတ်ဖြူတစ်စဖြင့် ခြုံလွှမ်းထားပုံ
REUTERS/Minzayar
 သက်ကယ်ပြင်စခန်းရှိ အခန်းအတွင်း တစ်နှစ်ကျော် အဆုတ်ရောဂါဝေဒနာဖြင့် လဲနေသည့် အသက် ၅၄ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသား မုဟမ္မဒ် အလီ
သက်ကယ်ပြင်စခန်းရှိ အခန်းအတွင်း တစ်နှစ်ကျော် အဆုတ်ရောဂါဝေဒနာဖြင့် လဲနေသည့် အသက် ၅၄ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသား မုဟမ္မဒ် အလီ
REUTERS/Minzayar
 diarrhea ဝေဒနာကို တစ်ပတ်ကျော်ခံစားနေရသည့် မုဟမ္မဒ် အလံမ်အား သူ့အခန်းရှေ့ ဖျာတစ်ချပ်ပေါ် လဲလျောင်းနေသည်ကို တွေ့ရစဉ်
 diarrhea ဝေဒနာကို တစ်ပတ်ကျော်ခံစားနေရသည့် မုဟမ္မဒ် အလံမ်အား သူ့အခန်းရှေ့ ဖျာတစ်ချပ်ပေါ် လဲလျောင်းနေသည်ကို တွေ့ရစဉ်
REUTERS/Minzayar
 ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်မှ အစာရေစာဝေစုများကို လက်ခံရယူနေကြသော သဲချောင်းစခန်းမှ ရိုဟင်ဂျာများ
ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်မှ အစာရေစာဝေစုများကို လက်ခံရယူနေကြသော သဲချောင်းစခန်းမှ ရိုဟင်ဂျာများ
REUTERS/Minzayar
 ကောင်းဒုက္ခစခန်းတွင် တွေ့ရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် သူတို့၏ကလေးငယ်များ
ကောင်းဒုက္ခစခန်းတွင် တွေ့ရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် သူတို့၏ကလေးငယ်များ
REUTERS/Minzayar
 ဒါးပိုင်စခန်းအနီး ဆေးရုံတစ်ခု၌ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှ ဆရာဝန်တစ်ဦးထံ စမ်းသပ်ခံနေသော ရိုဟင်ဂျာအမျိုးသမီး နှင့် သူနာပြုထံ မိမိ၏ရင်သွေးကို ပြသနေသော ရိုဟင်ဂျာအမျိုးသမီး
 ဒါးပိုင်စခန်းအနီး ဆေးရုံတစ်ခု၌ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှ ဆရာဝန်တစ်ဦးထံ စမ်းသပ်ခံနေသော ရိုဟင်ဂျာအမျိုးသမီး နှင့် သူနာပြုထံ မိမိ၏ရင်သွေးကို ပြသနေသော ရိုဟင်ဂျာအမျိုးသမီး
REUTERS/Minzayar
 စစ်တွေရှိ သက်ကယ်ပြင်စခန်းမှ ယာယီဆေးခန်းသို့ မိခင်ဖြစ်သူက ခေါ်ဆောင်သွားပြီး စစ်ဆေးပြီးနောက် diarrhea ဝေဒနာခံစားနေကြောင်း သိခဲ့ရသည့် အသက် ၂၂ လအရွယ် ရိုဟင်ဂျာမိန်းကလေး Musana Khatu
စစ်တွေရှိ သက်ကယ်ပြင်စခန်းမှ ယာယီဆေးခန်းသို့ မိခင်ဖြစ်သူက ခေါ်ဆောင်သွားပြီး စစ်ဆေးပြီးနောက် diarrhea ဝေဒနာခံစားနေကြောင်း သိခဲ့ရသည့် အသက် ၂၂ လအရွယ် ရိုဟင်ဂျာမိန်းကလေး Musana Khatu
REUTERS/Minzayar
 သဲချောင်းစခန်းတွင် ဆေးပေးဝေနေသည့် ဆေးပေးခန်း။ ၎င်းကို ယာယီဆေးကုသခန်းအဖြစ်လည်း အသုံးပြုသည်။
သဲချောင်းစခန်းတွင် ဆေးပေးဝေနေသည့် ဆေးပေးခန်း။ ၎င်းကို ယာယီဆေးကုသခန်းအဖြစ်လည်း အသုံးပြုသည်။
REUTERS/Minzayar
 ယာယီဆေးခန်းတွင် မိမိ၏ဖျားနာခြင်းကို ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် ရိုဟင်ဂျာလူငယ်တစ်ဦး
ယာယီဆေးခန်းတွင် မိမိ၏ဖျားနာခြင်းကို ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် ရိုဟင်ဂျာလူငယ်တစ်ဦး
ကြိမ်းနီပြင်ဒုက္ခသည်စခန်း၏ မြင်ကွင်းတစ်ရပ်
REUTERS/Minzayar