News @ M-Media

Tag: photonews

  • “ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှင့် ငြိမ်းချမ်းရေး” ဟောပြောပွဲ ပဲခူးမှာ ပြုလုပ် (ဓါတ်ပုံသတင်း)

    မတ် ၂၄၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ- မိုးသူ(CJ)

    1544284_639157209490989_287280374_n

    ပဲခူးမြို့ ဘာသာပေါင်းစုံ လူငယ်များမှ ဦးဆောင် ကျင်းပသည့် “ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှင့် ငြိမ်းချမ်းရေး” ဟောပြောပွဲ တစ်ရပ် ကို ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်ခန်းမ တွင် ယနေ့ ၂၄.၃.၂၀၁၄ (တနင်္လာနေ့) နေ့လည် ၁၂:၃၀ နာရီ မှ ညနေ ၄:၃၀ နာရီ အတွင်း ကျင်းပသွားကြောင်းသိရှိရပါသည်။

    pago

  • မင်္ဂလာတောင်ညွှန့် မြို့နယ်မှ MPTရဲ့ ၁၅၀၀ တန် ဖုန်းကဒ် ရောင်းချနေမှုမြင်ကွင်း (ဓါတ်ပုံ သတင်း)

    မတ် ၁၁ ၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ – လင်းခန့်ဇော် (CJ)
    Sim Card
    ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စာတိုက်ရုံးရှေ့ မိုဘိုင်းဖုန်း SIM ကဒ်များ ထုတ်ယူရန် စောင့်ဆိုင်းနေသော မြင်ကွင်းဖြစ်ပါတယ်။

    မြန်မာ့ဆက်သွယ်ရေး (MPT) မှ ၁၅၀၀ တန် မိုဘိုင်းဖုန်း SIM ကဒ်များ ယခင်က ခွဲတန်းဖြင့် မဲနှိုက် ရောင်းချပေးခဲ့ပြီး ပြည်ပမှ ကုမ္ပဏီ (၂) ခုဖြစ်သော အူရီဒူးနှင့် တယ်လီနော့ ကုမ္ပဏီ (၂)ခုကို လုပ်ငန်းလိုင်စင်များ ချပေးပြိးနောက်ပိုင်း ဖုန်းမရသေးသူ မည်သူမဆို ဝယ်ယူနိုင်သည့် ပုံစံဖြင့် ပြောင်းလဲ ရောင်းချလာခြင်းဖြစ်ပါတယ်။

  • အိန္ဒိယ သဲပန်းပု ပညာရှင်ရဲ့ MH370 အတွက် ဆုတောင်း (ဓါတ်ပုံသတင်း)

    မတ် ၁၀ ၊၂၀၁၄
    M-Media
    via-Koung Loon

    အိန္ဒိယက သဲပန်းပု ပညာရှင် Sudarshan Patnaik က ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်း ရဲ့ လေယာဉ်နဲ့ ခရီးသည်တွေအတွက် သြဒိသျှပြည်နယ် ပူရီ ဆိပ်ကမ်းက သဲပြင်ပေါ်မှာ အခုလို ဖန်တီးပုံဖေါ်ပြီး ဆုတောင်းခဲ့ပါတယ်..

    9809201_600x400

    Photo- Reuters

    #MH370

  • Muslim Medical Family (မန္တလေး) မိတ်ဆုံစားပွဲ ပြုလုပ်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media
    ချို

    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲပြုလုပ်
    1507587_683842388334127_1308964840_n
    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ မန္တလေးမြို့ ပန်းသေးဗလီဝင်းများ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အဆိုပါအခမ်းအနားမှာ ၂၀၁၄ ခုနှစ်အတွက် မန္တလေး ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် နှင် တိုင်းရင်းဆေးတက္ကသိုလ်များမှာ ပထမနှစ်တက်ရောက်ခွင့်ရရှိတဲ့ ပထမနှစ် မွတ်စလင် ကျောင်းသား/သူများကို မောင်မယ် သစ်လွင် ကြိုဆိုသည့်အစီအစဉ်အစဉ်နှင့် မန္တလေးမြို့မှ မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများကို ဂုဏ်ပြုခြင်း နှင့် မိတ်ဆုံစားပွဲ အစီအစဉ်များပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

    Photo via- Ah Tuu FB

  • သတိပေးဆိုင်းဘုတ်ကို ကွမ်းတံတွေး ထွေးထားသော ရန်ကုန်မြို့လယ်ခေါင်က မြင်ကွင်း (ဓါတ်ပုံသတင်း)

    ဇန်နဝါရီ-၁၂-၂၀၁၄
    M-Media
    A.N.Lay

     

    IMG_20140111_132628

    ရန်ကုန်။        ။ ရန်ကုန်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် မဟာ ဗန္ဓုလပန်းခြံ ရှေ့ သစ်ပင်များတွင် ဈေးမရောင်းရ၊ အမှိုက်မပစ်ရ၊ ကွမ်းတံတွေးမထွေးရ ဟု စာများကဒ်ထားသော်ငြားလည်း ကဒ်ထားသည့်ကြေညာ စာရွက်များကို ကွမ်းတံထွေးဖြင့် ထွေးထားသည့်ကို တွေ့ရှိခဲ့ပါသည်။

    ရန်ကုန်မြို့လယ်ခေါင်မှာ ကမ္ဘာလှည့်ခရီးသည်များ အများဆုံးလာရောက်သောနေရာများအနက်မှ တစ်ခုဖြစ်သည်။

    ” ထိုသို့လုပ်ရပ်ဟာ အင်မတန်မှ ယုတ်ညံသည့်လုပ်ရပ်ဖြစ်ပါတယ်။ ဘာအကြောင်းကြောင်းနဲ့ပဲလုပ်လုပ် ဤသို့မလုပ်သင့်ဘူး။ ဒါဟာ လူတစ်ယောက်တည်းနဲ့ဆိုင်သည့်ကိစ္စမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အားလုံးနဲ့ သက်ဆိုင်သွားပါတယ်။ တစ်ယောက်တည်းကစ ည်းကမ်းမရှိလုပ်လိုက်ပေမဲ့ အထင်အမြင်သေးခံရမှာက မြန်နိုင်ငံမှာရှိတဲ့ လူတွေအားလုံး အထင်အမြင်သေးခံရမှာပါ။ ယခုလိုကိစ္စကို ယခုလည်းမလုပ်သင့်ပါဘူး။ နောက်လည်း မလုပ်သင့်ပါဘူးဟု ခရီးသွားပြည်သူတစ်ဦးက ယခုလိုပြောကြားခဲ့ပါတယ်။

    လွန်ခဲ့သည့် ၁၉၅၀ ခုနှစ် ဝန်းကျင်တွင် ရန်ကုန်မြို့သည့် တချိန်က လှပသန့်ရှင်းသော မြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး စင်ကာပူ နိုင်ငံပင်လျှင် ရန်ကုန်မြို့၏ ဖွဲ့စည်း တည်ဆောက်ပုံကို နမူနာယူ တည်ဆောက်ခဲ့ရသည့် ဟု မှတ်တမ်းများအရ သိရှိ ရပါသည်။