News @ M-Media

Tag: Quran Reality Show

  • ဂါနာတွင် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ကုရ်အာန် ရွတ်ဖတ်မှုပြိုင်ပွဲ ကျင်းပမည်

    ဇွန်လ ၂၅ ရက်၊ ၂၀၁၄
    M-Media
    First-Islamic-television-reality-show-inaugurated
    – ရမသွာန် ဥပုသ်လတွင် အစ္စလာမ်၏ သွန်သင်ချက်များကို ရှင်သန်စေသည့် အနေဖြင့် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ကုရ်အာန် ကျမ်းတော်မြတ် ရွတ်ဖတ် သရဇ္ဈာယ်မှုပြိုင်ပွဲကို ဂါနာနိုင်ငံတွင် ပြုလုပ်သွားမည်ဟု သိရသည်။

    “ကုရ်အာန် ကျမ်းတော်မြတ်ဟာ စိတ်စွမ်းအား၊ ခံစားမှုတွေကို ညှို့ယူ ဖမ်းစားတာကြောင့် စိတ်နှလုံးနဲ့၊ နာမ်ဝိဥာဉ်ကိုပါ ထိမှန်စေပြီး ကြားရသူဟာလည်း မဆိုင်းမတွ တုံ့ပြန်တတ်ကြပါတယ်” ဟု ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်မှုပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ အွတ်စ်မန် အီဗရာဟင် ဘာရီက ပြောကြားခဲ့သည်။

    ပြိုင်ပွဲ၏ ခေါင်းစဉ်မှာ “ကျမ်မြတ်ကုရ်အာန် သရဇ္ဈာယ်ခြင်းမှ အစ္စလာမ့် တရားမြှင့်တင်ကြ” ဖြစ်ပြီး ဆူလ်တန် အစ္စလာမ်ဖောင်ဒေးရှင်း SIF က ဂါနာရှိ ကလေးသူငယ်များနှင့် လူငယ်များအကြား ကုရ်အာန်ကျမ်းတော်မြတ် နားလည်သဘောပေါက်မှုကို တိုးမြှင့်စေလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် ဂါနာလူ့အဖွဲ့အစည်း အတွင်း ကုရ်အာန်ကျမ်းတော်မြတ်နှင့် အစ္စလာမ့် သွန်သင်ချက်များနှင့် ပတ်သက်၍ အသိပညာ မြှင့်တင်ပေးရေးအပေါ် ထိုပြိုင်ပွဲက အကျိုးသက်ရောက်မည်ဖြစ်သည်။

    အဆိုပါပြိုင်ပွဲကို ရမသွာန် ဥပုသ်လအတွင်း နေ့စဉ်ပြုလုပ်၍ ဂါနာရုပ်မြင်သံကြား GTV မှ ထုတ်လွှင့်သွားမည်ဖြစ်သည်။ ထို့ပြင် ဂါနာနိုင်ငံတွင် ပထမဆုံး Quran reaity TV Show တစ်ခုကိုလည်း ရိုက်ကူးထုတ်လွှင့်သွားမည် ဖြစ်ပြီး ထို Show ၌ ပါဝင်မည့်သူများကို ဂါနာနိုင်ငံတစ်ဝှမ်း ဇုံသုံးဇုံခွဲ၍ ပြုလုပ်ခဲ့သည့် ပြိုင်ပွဲများမှ ရွေးချယ်ထားပြီးဖြစ်သည်။

    ထိုပြိုင်ပွဲက မွတ်စလင်လူငယ်များ၏ စွမ်းရည်များ ဖွံ့ဖြိုးလာမည်ဟု စီစဉ်သူများက ယုံကြည်နေပြီး၊ နိုင်ငံတစ်ဝှမ်း ထင်ရှားသည့် မွတ်စလင် ပညာရှင်များကလည်း ထိုပြိုင်ပွဲအား ချီးကျူးခဲ့ကြသည်။
    အနောက်အာဖရိကနိုင်ငံ တစ်ခုဖြစ်သည့် ဂါနာတွင် လူဦးရေ ၂၅ သန်းရှိပြီး ၁၇.၆ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူမျာျးဖြစ်ကြသည်။

    Ref: OnIslam & News Agencies