News @ M-Media

Tag: RobertElhose

  • တရားဥပဒေ အထက်မှာ မည်သူမျှ မရှိ No one is Above the Law

    တရားဥပဒေ အထက်မှာ မည်သူမျှ မရှိ No one is Above the Law

    ဖေဖော်ဝါရီ ၁၄ ၊ ၂၀၁၆
    ရောဘတ်အယ်လ်ဟို့စ် ရေးသည်။

    12670582_447508922114712_6391611075426937690_n

    လက်ရှိအခြေခံဥပဒေရဲ့ပုဒ်မ ၃၄၇ မှာ ဘယ်လိုရေးထားသလဲဆိုတော့
    ” နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။”
    လို့ ဆိုထားတယ်။

    အခြေခံဥပဒေပုဒ်မ ၃၆၄ မှာ ပြဆိုထားတာကျပြန်တော့
    “နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာသာသနာကို အလွဲသုံးစား မပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော (သို့မဟုတ်) ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေ ပြဋ္ဌာန်းနိုင်သည်။ ” လို့ ဆိုထားပြန်တယ်။

    အခြေခံဥပဒေပုဒ်မ ၃၅၅ မှာ …
    “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသတွင်မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်နိုင်သည်။ ” လို့ အတိအကျ ဖော်ပြထားတယ်။

    အခြေခံဥပဒေရဲ့ ပုဒ်မ ၃၄၈ မှာ ကျပြန်တော့ ..
    ” နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြုပြီး ခွဲခြားမှု မရှိစေရ။” လို့ ဆိုထားပြန်တယ်။

    ဒီနေ့ နိုင်ငံတော်အစိုးရကနေ တရားဝင်အသိအမှတ်ပြုထားပြီး အားပေးအားမြှောက် လုပ်နေတဲ့ ယခင် ၉၆၉ တဖြစ်လဲ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အသင်း ( မ.ဘ.သ) ဆိုသူများကတော့ တစ်နိုင်ငံလုံးမှာ နိုင်ငံသားတွေပဲ ဖြစ်တဲ့ အစ္စလာမ်ဘာသာ ၀င်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေကို ဆန့်ကျင်တဲ့ ဟောပြောမှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတယ်။ အစိုးရက ဘာမှ ၀င်ရောက် ဟန့်တားမှု မပြုခဲ့ကြဘူး။ ဥပဒေအရ အကာအကွယ် ပေးတာမျိုးလည်း ယနေ့တိုင် မတွေ့ရသေးဘူး။ ဒါဟာ ဖွဲ့စည်း ပုံ အခြေခံဥပဒေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ အနေအထားမျိုးတွေပဲ ဖြစ်တယ်။

    ကရင်ပြည်နယ်တစ်နေရာမှာ လွန်ခဲ့တဲ့ အနှစ်လေးငါးခြောက်ဆယ်ကတည်းက ရှိလာခဲ့တဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းရဲ့ ခြံဝင်းထဲမှာ ဘုန်းကြီးတစ်ပါးက အိမ်မက်မက် လို့ဆိုတဲ့ မခိုင်မာတဲ့ အကြောင်းပြချက် တစ်ခုနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းရဲ့ အ၀င်တံခါးကိုပိတ်ပြီး ပြီးခဲ့တဲ့လ အနည်းငယ်ကပဲ စေတီတည်ခဲ့တဲ့ ဖြစ်စဉ်မျိုးလို၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက ခရစ်ယာန်တွေရဲ့ မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုတွေကို အင်အားသုံး ချူပ်ချယ်ကန့်သတ်တာတွေ သူတို့ရဲ့ ဘာသာရေးအမှတ်အသား လက်ဝါးကပ်တိုင်တွေ၊ ချာ့ခ်ျကျောင်းတွေကို ပိတ်ပင်ဖြိုချပစ်တာမျိုးတွေကလည်း အခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကို စော်ကားနေကြတာပဲ မဟုတ်ပါလား။

    တခါ ဒုတိယပံုမွာ ပါတဲ့ဟာမ်ဴိးလို “အစၥလာမ္ဘာသာမ်ား ညအိပ္ခြင့္မျပဳ ဆိုတာလို၊ အစၥလာမ္ဘာသာမ်ားကို အိမ်ခြံမြေ ရောင်း၊၀ယ်၊ ငှား ခွင့်မပြုဘူး” ဆိုတာလိုမျိုးတွေကလည်း ရန်ကုန်မြို့ကြီးလို အပါအ၀င် တစ်နိုင်ငံလုံးမှာ ပေါ်ပေါ်ထင်ထင် ဆိုင်းဘုတ်ထောင်ပြီး ကိုးကွယ်ရာ ဘာသာကို အကြောင်းပြုလို့ခွဲခြား၊ အမုန်းတရားတွေ ဖြန့်ဖြူးနေကြတာဖြစ်ပေတဲ့ ဘယ်အုပ်ချူပ်ရေး အာဏာပိုင်ကမှလည်း အခြေခံ ဥပဒေက ပေးထားတဲ့ ရပိုင်ခွင့်အတိုင်း ဟန့်တား အရေးယူတာမျိုး ယနေ့တိုင် မတွေ့ရသေးဘူး။ လက်ရှိအစိုးရမှာ ဒါတွေအတွက် တာဝန် အပြည့်အ၀ရှိတယ်။ လက်ရှိအာဏာရ ဘ၀ကနေ သက်ဆင်းသွားပြီး မနက်ဖန် အရပ်သားဘ၀ကိုရောက်သွားခဲ့ရင်လည်း ဒီနေ့ လုပ်ခဲ့ကြသမျှအတွက် သူတို့မှာ တာဝန်အပြည့်အ၀ရှိနေတုန်းပဲဆိုတာကို သိစေလိုပါတယ်။

    လက်ရှိအစိုးရကို အတိုက်အခံပြုပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီရပိုင်ခွင့်အတွက် တိုက်ပွဲ ၀င် နေပါတယ် ဆိုတဲ့ ဘယ်နိုင်ငံရေး ပါတီကြီးတွေ၊ ဘယ် ဒီမိုကရေစီ အင်အားစုကြီးတွေ ကမှလည်း ဒါတွေအတွက် တစ်ခွန်းတစ်ပါဒ တစ်လုံးမှ ဝေဖန်ဆန့်ကျင် ပြောကြားကြတာမျိုး ယနေ့ထိတိုင် မတွေ့ရသေးဘူး။ ဒါကလည်း အခြေခံဥပဒေပါ နိုင်ငံသားရပိုင်ခွင့် ပြဋ္ဌာန်းချက်တွေကို မျက်ကွယ်ပြု မမြင်ယောင်ဆောင်နေကြတာပဲ မဟုတ်ပါလား။ နောင် ဒီမိုကရေစီအင်အားစုတွေ ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရလက်ထက်မှာလည်း ဒါမျိုးပဲ ဆက်လက် မျက်ကွယ်ပြုပြီး အမုန်းတရား ဖြန့်ဖြူးနေသူတွေကို ဆက်လက် လွှတ်ပေးထားဦးမှာပဲလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

    ဆိုလိုချင်တာက အခြေခံဥပဒေပါ ရပိုင်ခွင့် ဆိုတာတွေမှာ ပေါက္ခရ၀ဿ မိုး လို့ ခေါ်တဲ့ စိုစေချင်သူကိုသာ ကွက်ကျားစိုစေပြီး၊ မစိုစေချင်သူကျတော့ မစိုအောင် ပစ်ထားတဲ့ အလေ့အကျင့်မျိုးဟာ ဒီမိုကရေစီ အလေ့အကျင့် မဟုတ်ပါဘူး။ ထိရောက်တဲ့ တရားဥပဒေစိုးမိုးမှုကို ဖော်ဆောင်တဲ့ Effective Law Enforcement အလေ့အကျင့်လည်း မဟုတ်ဘူး ဆိုတာ အသိပေးပါရစေ။

    ငါတို့အုပ်စု အသင်းအပင်းဝင်များ၊ ငါတို့လူမျိုးဘာသာများသာ သာစေ ၊ ငါတို့နဲ့မတူသူ များကတော့ နာစေ ဆိုတဲ့ စိတ်ဓာတ်ကျင့်သုံးမှု အရင်းခံမှာ ဒီမိုကရေစီရဲ့ ဘာအနှစ်အသားမှ အကျိုးခံစားစရာ မရှိဘူးဆိုတာ သိကြပါစေဗျာ။ မျှတမှု မှာ မင်္ဂလာတရားသာ ရှိပါတယ်။ မမျှမတ ကိုယ်သာ အနိုင်ရလိုမှု မောဟ သဘောမှာ အဆုံးတစ်နေ့ အမင်္ဂလာ သာ အကျိုးတရားရှိကြောင်း ဗုဒ္ဓဟောကြား တရားဒေသနာတော်များနဲ့ တိုက်စစ် သံဝေဂ ယူနိုင်ကြပါစေကြောင်း။

    တရားဥပဒေအထက်မှာ မည်သူမျှ မရှိ ဆိုတဲ့ စကားလေးက တာသွားလှပါတယ်။ တကယ်လို့ တရားဥပဒေအထက်မှာ တစုံတရာ၊ တစုံတစ်ဦး၊ တစ်သင်းတစ်ဖွဲ့၊ တစ်အုပ်စု တစ်ဘာသာ ရှိနေပြီဆိုရင်တော့ ဒါမျိုး ကျင့်သုံးနေတဲ့နေရာမှာ တရားဥပဒေ မစိုးမိုးဘူး ဆိုတာ အထင်အရှား သာဓကပြနေသလိုပါပဲ။

    မိမိတို့ကိုယ်တိုင်ရေးထားတဲ့ ဥပဒေကို မိမိတို့ကိုယ်တိုင်ကပင် လေးစားကျင့်သုံးမှု မရှိတဲ့ လူ့အဖွဲ့အစည်းကိုလည်း မည်သူကမျှ လေးစားလိမ့်မယ် မဟုတ်ပါ။ ဒီလိုနေရာမျိုးကို မည်သည့် လူကောင်းသူကောင်းကမျှ အယုံအကြည် ရှိလာမည်လည်း မဟုတ်ဘဲ အကျိုးဆက်အားဖြင့် ရေရှည်တွင် မည်သည့် ကောင်းကျိုးချမ်းသာကိုမျှလည်း ထိုနည်းဖြင့် ဆောင်ကြဉ်းနိုင်မည် မဟုတ်ကြောင်း နှိုးဆော်ပါရစေခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

  • မြန်မာ့သမိုင်းကို ယခုလိုရေးပြီး မွတ်စလင့်မ့် သမိုင်းကို ဖျောက်ဖျက်ခဲ့သည် ချည်းဖြစ်သည်

    ဧပြီ ၇ ၊ ၂၀၁၄
    M-Media
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

    10152412_684968381545635_1200128292_n

    ရခိုင်ပြည်နယ် ၊ မြောက်ဥိးတွင် နှစ်ပေါင်း ထောင်ချီ တည်ရှိခဲ့သည့် အစ္စလာမ်ဘာသာဝင်တို့၏ ဗလိဝတ်ကျောင်းအားလည်း ဗိုလ်ချူပ်ကြီး ခင်ညွန့် တန်ခိုးထွားခဲ့စဉ် ၁၉၉၀ ကျော်ကာလက အပြီးသတ် ဖျက်စီးလက်စတုန်းပစ်ခဲ့ပြီးပါပြီ။

    နှစ် ၅၀၀ ခန့်သက်တမ်းရှိသည့် စစ်တွေမြို့မှ ဗလီကြီးအားလည်း လက်စတုန်းပစ်ခဲ့ပြီးပါပြီ။

    ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရား လက်ထက်ကတည်းက မန္တလေးတိုင်း၊ အမရပူရ ရှေး ကုန်းဘောင်မင်းဆက် အလယ်ပိုင်းကာလကတည်းက တည်ရှိလာခဲ့သည့် သမိုင်းအမွေ အနှစ် တန်ဘိုးဖြင့် ပြည့်လျှမ်းနေသည့် မြန်မာ မွတ်စလင်မ် ပသီ တို့၏ ရှေးဟောင်း အမွေအနှစ် များထဲမှ တစ်ခုဖြစ်သည့် လင်းဇင်းကုန်းသုဿန် အားလည်း ယခုကဲ့သို့ မျက်နှာမျှမထောက် ဖျက်စီးပစ်ခဲ့ပြီးပါပြီ။

    အနှစ် ၁၆၆ နှစ်သက်တမ်းရှိ ပသီတို့၏ အထင်ကရ အမှတ်တရ နေရာတစ်ခုဖြစ်ခဲ့သည့် အမ ရပူရမြို့ဟောင်း နယ်မြေ တောင်သမန်အင်းပေါ် ဖြတ်ထိုးထားသည့် ကမ္ဘာကျော် ဦးပိန် တံ တား အားလည်း မြန်မာမွတ်စလင်မ် တို့၏ သမိုင်းကို တင်ကူးဖျောက်ဖျက်ရန် ရည်စူးချက်ဖြင့် စနစ်တကျ အစဖျောက်ရန် စတင် လုပ်ဆောင်နေကြပါပြီ။ သမိုင်းဝင် တောင်သမန်အင်း အား မြေဖို့ပြီး ကန်ထရိုက်မြို့ပြတည်ရန် ဟူသည့် အကြောင်းပြ ချက်ဖြင့် သမိုင်းမှတ်တမ်း မှတ်ရာ တစ်ခုအား ဖျောက်ဖျက်ရန် အထင်ကရကြိုးစားနေကြပြီ ဖြစ်ကြောင်း အများသူငှာ များသိစေရန် နှိုးဆော်အပ်ပါသည်။

    မြန်မာ့သမိုင်းအား ခေတ်အဆက်ဆက် အာဏာရှိခဲ့သူများ ယခုနည်းနှင့် ရေးခဲ့ သည် ချည်း ဖြစ်သည်။ ထိုသည့်ကြောင့် မြန်မာ့သမိုင်းတွင် ပါးစပ် ရာဇ၀င်များသာ မှတ်တမ်းမှတ်ရာ ကျန်ခဲ့ကြပြီး အထောက်အထားခိုင်မာသည့် မှတ်တမ်းမှတ်ရာများ ပျောက်ပျက်ခဲ့သည့် ချည်း ဖြစ်ပါသောကြောင့် မြန်မာ့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကပင် မဆဲရုံ တမယ် ရေးသားခဲ့ဘူးသည် ကို သတိချပ်သင့်လှပါကြောင်း အသိပေးအပ်ပါသည်။

    အဆိုပါ သုဿန်တွင် ကုန်းဘောင်မင်းဆက်ခေတ် နှစ်အရှည်ကြာဆုံး စိုးစံသွားခဲ့သည့် ဘိုးတော်မင်းတြားကြီး ခေါ် ဘိုးတော်ဦးဝိုင်း လက်ထက် က ၎င်း ကိုယ်တိုင် စာချွန်ေ တ်ာပြန် တမ်း ထုတ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်၊ ပသီလူမျိုးတို့၏ သာသနာပိုင် အဖြစ်ခန့်အပ်ခံရသည့် ဟသွရသ် အဘစ်ဒ်ရှားဟူစိန်နီ ၏ ကဗရ် ဂူဗိမာန် တည် ရှိရာ လည်း ဖြစ်သည်။

    နှောင်းလူတို့ခေတ် တွင် မွတ်စလင်မ် ဟူသည် ခိုးဝင်ကုလားများဟု သာ လိမ်လည်ခြင်း အထပ်ထပ်ဖြင့် ထပ်မံ ပုံဖော်ကြလိမ့်ဦးမည်သာ ဖြစ်သည်။

    ဓာတ်ပုံ – နှစ်ပေါင်း နှစ်ရာခန့်သက်တမ်းရှိခဲ့သည့် အမရပူရမြို့ဟောင်းနေရာ လင်းဇင်းကုန်း မွတ်စလင်မ် သုဿန် ကို ယခုလပိုင်းကမျှ မန္တလေးမြို့တော် စည်ပင်သာယာရေး အဖွဲ့ အမည်ခံကာ မြန်မာတစ်ပြည်လုံးရှိ အစ္စလာမ် ဘာသာဝင်များက ကန့်ကွက်နေသည့် ကြား မှ အတင်းအကြပ် ဘူဒိုဇာထိုး ဖျက်စီးနေသည့် မြင်ကွင်း။

  • သန်းခေါင်စာရင်း စာရွက်ကြောင့်တော့ စိတ်မထွေပြားပါနဲ့၊ ထည့်ဖြစ်အောင်ထည့်ပါ

    မတ် ၃၁ ၊ ၂၀၁၄
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

    Paper

    သန်းခေါင်စာရင်းမှာ ကောက်တဲ့ စာရွက်တွေ ဟာ အထူးစပါယ်ရှယ် ရိုက်နှိပ်ထားတဲ့ စာရွက်တွေဖြစ်ပါတယ်။ ဘယ်လို အထူးစပါယ်ရှယ် ရိုက်နှိပ်ထားတာလည်း ဆိုတာကို အသေးစိတ် သိချင်ရင် UNFPA နဲ့ နီးစပ်သူများ စုံစမ်းမေးမြန်းကြည့်ကြပါ။

    ခဲတံနဲ့ ရေးတယ် ဆိုပေမဲ့ ဖျက်ပစ်လိုက်ပါစေ ဒီစာရွက်တွေကို Computer Scanning ဖတ်တဲ့အခါ စက်တွေနဲ့ ဖတ်မှာမို့ မူလ ရေးထားတဲ့ အဖြေအတိုင်းပဲ ထွက်မှာပါ။ ဒီ့အတွက်ကြောင့် ပထမဆုံး ရေးတဲ့ First Printing မှာ ဘယ်လိုရေး သလဲ ဆိုတာကို ကိုယ့်အရှေ့မှာ မျက်မြင် အသေအချာကြည့်ပါ။ ခဲတံ ဟာ B2 ဖြစ် သလား/မဖြစ်သလား ဆိုတာကိုလည်း စစ်ပါ။ Scan ဖတ်တာကို သိမ်းဆည်းမှုဟာ မြန်မာအစိုးရ တစ်ခုတည်း မျက်မှောက်မှာ လုပ်မယ့် လုပ်ငန်းစဉ်တစ်ခု မဟုတ်ပါ။ ကုလသမဂ္ဂ ကလည်း သက်သေ အဖြစ် အနားမှာရှိနေမယ့် Process တစ်ခုပါ။ မေ၀၀ါး သွားကြပါနဲ့။

    ရေးတဲ့အချိန်မှာ ဒါတွေကို ခင်ဗျား စစ်ကြည့်ဖို့ အခွင့်အရေး ရှိပါတယ်။ ကို့်ယ့်မိသားစု တစ်ခုလုံးရဲ့ သမိုင်းကို ဆုံးဖြတ် မယ့် အရေးကိစ္စ ဖြစ်လို့ ကျောင်းဆရာမ ချောချောလေးဖြစ်ဖြစ် ၊ ရ့ပ်ကွက်က ကိုယ်နဲ့ ခင်နေတဲ့ ရပ်မိရပ်ဖပဲ ဖြစ်နေနေ၊၊ ဘယ်သူပဲ ဖြစ်နေနေ အားနာစရာ မလိုပါဘူး။

    ဒါဟာ အားနာစရာ ကိစ္စလည်း မဟုတ်တာမို့ ကိုယ့်ဘ၀ အထိအခိုက်ခံပြီး အားမနာကြပါနဲ့လို့သာ ပြောပါရစေ။ စစ်ကြည့်ပါ။ ပြီးရင် ခင်ဗျားထည့်ချင်တဲ့ ကုတ် နံပါတ် ဟုတ်မဟုတ်၊ လူမျိုးးဟုတ်မဟုတ် အသေအချာပြန်စစ်ပါ။ ကျန်တာကို အလ္လာဟ်သျှင့်ထံမှာသာ ပုံအပ်ထားလိုက်ပါတော့။

    စာရွက်ပေါ်ကဟာ ဖျက်လိုက်မှာကြောင့်တော့ ပူပြီး မထူးပါဘူးကွာ ဆိုပြီး ထည့်ချင်ရာ ထည့်သွားတာမျိုးကို လုံးဝ (လုံးဝ) ခွင်မပြုလိုက်ပါနဲ့။ စာရွက်ကို သူတို့လိမ်လို့ မရပါ။ ဒါကိုသိထားဖို့လိုပါတယ်။

  • နိုဘယ်လ်ဆု အမည်စာရင်း တင်သွင်းခြင်းခံရလို့ ကြည်နှုးနေသူ မြန်မာသမ္မတကြီး သို့ (သူ့အတွေး သူ့အမြင်)

    အောက်တိုဘာ၊ ၉
    ရောဘတ် အယ်လ်ဟို့စ်

    541904_163519360513671_1816103269_n

    ဒီပုံထဲက ပုဂ္ဂိုလ်ကြီး နှစ်ယောက်လုံး ကို တစ်ချိန်သော အခါများက နိုဘယ်လ် ငြိမ်း ချမ်း ရေး ဆုအတွက် (nominee ) အဖြစ် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ ရဘူးပါ တယ်။ တစ်ဖက်မှာ ဒီပုဂ္ဂိုလ်ကြီး နှစ်ယောက်ပေါင်း ပြီး ကမ္ဘာ့လူသားပေါင်း သန်းပေါင်း လေးဆယ် ခန့် ကို သတ်ဖြတ်ပစ် ခဲ့ဘူးပါတယ်။ လူ သန်းလေးဆယ်ပါ။

    ဒီပုံထဲက နှစ်ယောက်ကို လူတိုင်းသိကြမှာပါ။ တစ်ဦးက နာဇီဂျာမနီပြည် ရဲ့ အဓိပတိ ကြီး ဖြစ်ခဲ့ဘူးပြီး ဒုတိယ ကမ္ဘာစစ်မီးကြီးကို မွှေးခဲ့သူ အဒေါ့ဖ် ဟစ်တလာပါ။ အပြစ်မဲ့ အရပ် သားပေါင်း သန်း ပေါင်း များစွာကို နည်းမျိုးစုံ နဲ့ ညှဉ်းပမ်း သတ်ဖြတ် ခဲ့သူ။ လူသားမျိုးနွယ်ကြီး တစ်ရပ်လုံးအပေါ်မှာ အကောက်ကျစ်တကာ့ အကောက်ကျစ်ဆုံး၊ အယုတ်မာတကာ့ အယုတ်မာဆုံး နည်းလမ်းတွေနဲ့ ရာဇ၀တ်မှု များ ပြုကျင့်ခဲ့သူ တစ်ဦးပါ။

    နောက်တစ်ဦး ကတော့ တစ် ချိန်က ဆိုဗီယက်ယူနီယံ ဆိုတဲ့နာမည်နဲ့ ကမ္ဘာ့ မြေပုံပေါ် မှာ နှစ် ပေါင်း ၇၀ ကျော်ကြာ နေရာယူခဲ့ ဘူးတဲ့ အာဏာရှင် ကွန်မြူနစ် ရုရှ အင်ပါယာ ကြီး ရဲ့ ကာလ အကြာရှည်ဆုံး အာဏာရှင်ကြီး ဂျိုးဆက်စတာလင် ပါပဲ။ သူ့လက် ထက်မှာလည်း လူပေါင်း သန်းပေါင်း များစွာကို နည်းမျိုးစုံ နဲ့ သေကြေစေခဲ့ သူ၊ သတ် မိန့်ပေးခဲ့သူ၊ ညှမ်းပမ်းခဲ့သူ၊ ရုရှဘာသာစကား နဲ့ (Gulag ) လို့ခေါ်တဲ့ ကမ္ဘာကျော် ညှမ်းပမ်း နှိပ်စက် သတ်ဖြတ်ရေး အကျဉ်းစခန်းတွေမှာ သေကြေစေခဲ့သူ။

    သူတို့ နှစ်ဦးလုံးဟာ သူတို့နဲ့ အတွေးအခေါ် အယူအဆ မတူသူများ၊ အယူဝါဒ ကွဲ ပြားသူများ၊ လူမျိုးနွယ် ကွဲပြားသူများကို သဲကြီးမဲကြီး ပစ်မှတ်ထား နှိပ်ကွပ် ခဲ့ကြတဲ့ ၊ ကမ္ဘာ့သမိုင်း မှာ အဆိုးဝါး ဆုံးသော လူသတ်ကောင်ကြီး များပါပဲ။ ဆိုလိုတာက ယနေ့ထိ တွင်ရစ် ခဲ့သမျှ ကမ္ဘာ့သမိုင်း မှာ ထိပ်ဆုံးက အဆိုးဝါးဆုံး လူသတ်သမား၊ သူယုတ် မာ များဟာ သူတို့ပါပဲ။

    သူတို့ပြုကျင့်ခဲ့သမျှသော အဓမ္မ၊ ယုတ်မာပက်စက် ခဲ့မှုများကို ကမ္ဘာ့ သမိုင်းမှာ မည်သည့်အခါမျှ၊ မည်သည့်ပုံစံနဲ့မျှ ပြန်လည် ပြုပြင်ခြင်းငှာ မစွမ်းသာတော့ပါ။ သမိုင်းကပဲ သမိုင်းကို ရေးပါတယ်။ သမိုင်းကို လူ တွေ က ကြိုက်သလို ပုံသွင်း ပြင်ဆင်ခြင်းငှာ မစွမ်းသာပါ။

    ဟစ်တလာ လို လူဆို တစ်သက်လုံး ဘယ်တော့မှ အရက်သေစာ သောက်စားခဲ့ဘူး တဲ့ မှတ်တမ်း မရှိသလို၊ သက်သတ်လွတ် သမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီ့အပြင် မြန်မာပြည် က ဗိုလ်ချူပ်မှုး ကြီး သန်းရွှေတို့ မိသားစုလို နက္ခတ္တဗေဒင်၊ ယတြာ များကိုတောင် ယုံကြည် တဲ့ မျက်ကန်းမိစ္စာဝါဒီ တစ်ယောက်လည်း ဖြစ်ပါတယ်။

    စတာ လင်လို လူစားမျိုးဆို ခရစ်ယာန်ဘုန်းတော်ကြီး၊ ငယ်ဖြူ အဖြစ် တစ်သက်လုံး အရိုး ထုတ်တော့ မယ်လို့ဆိုပြီး ဘုန်းကြီးဖြစ် သင်တန်းကျောင်း ကိုတောင် နှစ်ရှည်ကြာ တက် ခဲ့ဘူးသူ တစ်ယောက်ဖြစ်ပါတယ်။

    ဒီလိုလူတွေ က ဒီလိုကောက်ကျစ် ယုတ်မာမှု တွေကို ပြုကျင့်ခဲ့ပြီး ဒီလို နိုဘယ်လ် ငြိမ်းချမ်းရေး ဆု အထိ အမည်စာရင်း တင်သွင်း ခြင်းတောင် ခံခဲ့ရဘူးတယ် ဆိုတာ ကမ္ဘာ့သမိုင်းမှာ အံ့ ဘွယ်သရဲ စဉ်းစားတွေးခေါ်ရန် နဲ့ ဆင်ခြင် နိုင်စရာ တစ်ခုလို့ ထင်မြင်မိပါတယ်။ တ ရား ရထိုက်သူများ ရကြပါစေ။

    ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒါမျိုးလေးတွေ အခုနောက်ပိုင်း မြင်လာနေရလို့ပါ။သမ္မတကြီး အပါအ၀င် တစ်ချို့သော သူများ လက်တွေ့နဲ့ ကင်းကွာပြီး အကြည်နှုး မ လွန်မိစေရန်ပါ။

  • ဆင်ဖြူကို နဖားကြိုး ထိုးရန် ကြံစည်ကြ သူများ (သူ့အမြင်ကဏ္ဍ)

    Robert Elhose
    သြဂုတ်လ ၂၄ ရက်၊ ၂၀၁၃။

    Quintana
    သြဂုတ်လ ၁၉ ရက်နေ့ ကုလ လူအခွင့်အရေးကိုယ်စားလှယ် ကင်တားနား မိထ္ထိလာမြို့သို့ရောက်ရှိစဉ် တွေ့ရသော ဆန္ဒပြလူအုပ်ကို တွေ့ရစဉ်
    Photo Credit- (VOA Burmese Service)

    ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ရဲ့ အထူးကိုယ်စားလှယ် ပါမောက္ခ တောမတ်စ်အိုဟေး ကင်တားနား ရဲ့ မြန်မာပြည် ယခု ခရီးစဉ် အတွင်း မှာ မြန်မာနိုင်ငံ အတွက် အရုပ်ဆိုး အကျည်းတန် တဲ့ မျက်နှာ ပျက်စရာ အဖြစ်အပျက် အတော် များ များ အများပြည်သူတို့ ကြားသိခဲ့ရပါတယ်။

    တခြားသော ကိစ္စ အများအပြားကို ထားလိုက်ပါတော့။ ဒီ မျက်နှာပျက်စရာ ကိစ္စ အတော်များများ ထဲမှာ အခုနောက်ဆုံး အနေနဲ့ မြန်မာအစိုးရ တာဝန်ရှိ သူတွေ အနေ နဲ့ ကင်တားနားရဲ့ မင်္ဂလာဒုံ လေဆိပ် သတင်းထုတ်ပြန်ချက် အပေါ် တရားဝင် ပြန် လည် တုံ့ပြန်မှု တွေက မျက်နှာပျက်စရာ တွေထဲက က ရုပ်အပျက်ဆုံး ဖြစ်ရပ် တွေ လို့ ကျွန်တော်တော့ ထင်ပါတယ်။

    ပထမ အနေနဲ့ မြန်မာအစိုးရအဖွဲ့ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ လည်းဖြစ်၊ လက်ရှိ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန ရဲ့ ဒုတိယ၀န်ကြီး လည်း ဖြစ်တဲ့ ဦးရဲထွဋ် ရဲ့ ပြောကြား ချက် တွေပါ။ သြဂုတ်လ ၂၂ ရက်နေ့ည ဘီဘီစီ မြန်မာပိုင်း အစီအစဉ် နဲ့ လုပ်တဲ့ အင်တာ ဗျူးမှာ သူပြောသွားတာတွေ တော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ တစ်ချက် နှစ်ချက်လောက်ကိုပဲ ထောက်ပြချင်ပါတယ်။

    သူပြောချင်တာက ပါမောက္ခကင်တားနားက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတဲ့ မိတ္ထီလာမှာ ဆန္ဒပြတယ် ဆိုတဲ့ လူအုပ်က သူ့ကားကို ကန်ကျောက်တယ်၊ လက်သီးနဲ့ ထိုးတယ် ၊ ပြီးတော့ သူ့ကားတံခါးကို ဆွဲ ဖွင့်ဖို့ ကြိုးစားခဲ့ကြတယ် ဆိုတဲ့ ပြောဆိုချက် ကို ဦးရဲထွဋ် ပြန်လည် ချေပတာက ၊ “မဟုတ်ပါဘူး။ ဆန္ဒပြတဲ့ သူတွေက သူ့ကို အိတ်ပိတ်စာ နဲ့ တီရှပ်တစ်ထည် ပေးဖို့ ကြိုးစားတာပါ။ ကားတံခါး မဖွင့်ပေးတော့ ကားတံခါး ဖွင့်ခိုင်း တဲ့အနေနဲ့ ကားမှန်ကို ခေါက်တာပါ ” ဆိုပြီး အဲ့ဒီအချိန်က မူးရူးနေ ကြတဲ့ ဆန္ဒပြသူများ ဆိုသူ တွေကို ကာကွယ်ဖို့ ထင်ထင်ရှားရှားကြီး ကြိုးစားထားတာ တွေ့ရပါတယ်။

    နောက်တစ်ခါ မိတ္ထီလာခရိုင် တာဝန်ခံ ရဲမှုးကြီးနဲ့ အာရ်အက်ဖ်အေ တို့ သြဂုတ်လ ၂၃ ရက် နံနက် ပိုင်း မြန်မာဘာသာ အစီအစဉ် အင်တာဗျူးမှာလည်း ဒီလေသံ ပဲ ဆန္ဒပြ လူအုပ်စု တွေက သူ့ကို အိတ်ပိတ်ပေးစာ တစ်စောင်နဲ့ တီရှပ်တစ်ထည် လက်ဆောင် ပေးဖို့ ကင်တားနား ရဲ့ ကားတံခါး ကို ဖွင့်ပေးဖို့ အချက်ပေးတဲ့ အနေနဲ့ ကားမှန်တွေ ကို ခေါက်ရတာပါ လို့ ထုချေ ထားပြန်ပါတယ်။ ကင်တားနားက ကား တံခါး မဖွင့်ပေးရ ကောင်းလား ဆိုပြီး တော့တောင် အပြစ်တင် ချင် ပုံ မျိုး။

    ပြီးတော့ အဲ့ဒီအချိန်က မိတ္ထီလာမှာ ညမထွက်ရ အမိန့်ထုတ်ထားတဲ့ ကန့်သတ်ချိန် က ည ၁၀ နာရီ။ သဘောက ည ၁၀ နာရီ ဆို လမ်းတွေပေါ်မှာ လူမပြောနဲ့ ၊ ခွေး တောင် ရှိမနေရ တော့ပါဘူး။ ကင်တားနား တို့ ကားတန်း အဲ့ဒီ မိတ္ထီလာ တံတား ပေါ် ရောက်လာခဲ့တဲ့ အချိန်က ၁၀ နာရီ ၃၀ လို့ အားလုံးလက်ခံ ထားကြတယ်။

    ဒီတော့ မေးစရာ မေးခွန်း ရှိလာတာက ကင်တားနား လိုလူရဲ့ ကားကို ဆိုပါစို့ လူတစ် အုပ် က ဆန္ဒပြတယ်ပေါ့ဗျာ။ ဒါလက်ခံနိုင်ပါတယ်။ ညမထွက်ရ အမိန့် နောက်ဆုံးကန့်သတ်ချိန် နဲ့ မိနစ်သုံးဆယ် အပြင်ဖက် ကို စွန်းနေတဲ့ အချိန်မတော် မှာ လူအုပ်စုနဲ့ ဒီလို ရုန့်ရင်းတဲ့ အပြု နဲ့ ဆန္ဒပြနိုင်၊ ဆန္ဒပြခဲ့တာ ကပဲ ထူးဆန်းနေတာ။

    ကဲ .. ကင်တားနား ကဘယ်သူလဲ။ ကင်တားနား ဆိုတာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်း ရဲ့ အထူးကိုယ်စားလှယ်တော်။ ကုလသမဂ္ဂ ရဲ့ အထူးအခွင့်အာဏာ (Mandate) အပ်နှင်းခံရသူတစ်ဦး အနေ နဲ့ မြန်မာပြည် ကို လာခဲ့ တာ။ သူ့ဟာသူ ပျော်လို့ ငါးမျှားထွက်လာတာ မ ဟုတ်ပါ ဘူး။ သူလာတာ ကုလအတွင်းရေးမှုးချူပ် ကိုယ်တိုင် လာတဲ့သဘော သက် ရောက်တယ်။

    ကုလအတွင်းရေးမှုးချူပ်လို လူက နေရာတိုင်းကို အသေးစိတ် သွားပြီး စစ်ဆေးမေးမြန်း တာတွေ လုပ်ဖို့ အခြေအနေ မပေးဘူး။ အချိန် မရှိဘူး။ ဒါ့ကြောင့် သူ့ ကိုယ်စား လာ တာ။ လေးစားလောက်တဲ့ သိက္ခာသမာဓိ ရှိသူ၊ ပညာရည် ရှိသူ၊ နိုင်ငံတကာ အတွေ့အကြုံ ရှိသူများ သာ ဒီလိုရာထူးမျိုး ထမ်းဆောင် နိုင်ပါတယ်။ ဦးရဲထွဋ် လိုလူမျိုး ဒါမျိုး ရာထူး သွားထမ်းဆောင်ချင်လို့လည်း အနားတောင် သီနိုင်မှာ မဟုတ်ပါ။

    ဒီတော့ ဒီလို အဆင့်ရှိသူ ကို လမ်းဘေးမှာ တွေ့တဲ့ ဘယ်သူမှန်းမသိရသူ လူအုပ်စု က ခပ်လှမ်းလှမ်း ကနေ ဆန္ဒပြတာမဟုတ်ဘဲ၊ အနားကပ်လာ၊ ပြီးတော့ တံခါးပါ ဖွင့်ခိုင်းတာဆိုတော့။

    ဥပမာဗျာ သမ္မတဦးသိန်းစိန် ကိုပဲ ဆိုပါစို့။ မင်္ဂလာဒုံ လေဆိပ်လို နေရာမျိုးမှာ သူ့ကားတန်း ထွက်လာတဲ့အခါ မကျေနပ်သူ လူတစ်စု က ဆန္ဒပြတယ်ပေါ့ဗျာ။ သမ္မတ ကို တီရှပ်တစ်ထည် ပေးချင်တယ်။ ဒီတော့ သမ္မတ စီးလာတဲ့ ကား ကို အနားကပ်ပြီး တံခါးသွားဖွင့် ခိုင်းတယ်။ ပုံစံအနေအထား တွေကြည့် ရတာကလည်း မူးရူးသောက် စား ထားတဲ့ ပုံစံတွေ ဆိုတာ မြင်ရုံ နဲ့တင် သိသာနေတယ်။ ဒီတော့ သမ္မတ က တံခါး ဖွင့်ပေးမလား။ ဖွင့်မပေးဘူးလား။ ဒါမျူိးလုပ်လာခဲ့ရင် ကားတန်းမှာ အသင့် ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့များကရော ဘယ်လိုတုန့်ပြန် ကြမှာလဲ။ ကျွန်တော်လည်း တမ္မတကြီးကို ဆန္ဒပြတဲ့ အနေနဲ့ သမ္မတ ကိုတီရှပ် တစ်ထည် သွားပေးချင်ပါတယ်။ ဒါ့ကြောင့် သမ္မတ ကားနားကို ကပ်သွားပြီး ကားတံခါး ဖွင့် ပေးဖို့ မှန်တံခါး ကို ခြေထောက်နဲ့ ကန် ပြိး ခေါက်ချင်ပါတယ်။ ရမလား ခင်ဗျာ။

    သမ္မတ အဆင့် ထားပါဦး တိုင်းမှုးအဆင့်လောက် ရှိသူတစ်ဦး ကို ဒီအချိုးမျိုး သွားချိုး ရင်ရော ဒါမျိုး သွားလုပ်တဲ့ သူတွေ ဘာဖြစ်သွား နိုင်သလဲ။ ပြီးတော့ ညမထွက်ရ ကာ ဖျူးအမိန့် ထုတ်ထားတဲ့ အချိန် မျိုးကြီးမှာ။ ဘာဖြစ်သွားနိုင်သလဲ ဆိုတဲ့ အဖြေကို မြန် မာပြည် မှာ မွေးပြီး ကြီးခဲ့တယ် ဆိုရင် အားလုံးသိပါတယ်။ မစ္စတာကင်တားနား ရဲ့ ကားတန်း ကိုဒါမျိုး သွားလုပ်ခဲ့ပါတယ်။

    ဒါကို တီရှပ်နဲ့ စာ ပေး ချင်လို့ တံခါးဖွင့် ဖို့ မှန်ကို ခေါက်တာပါဆို ပြီး အစိုးရ နဲ့ နယ်မြေစိုးမိုး ရေး အာဏာ ကို ဖော်ဆောင် နေကြတဲ့ တာဝန်ရှိသူများက တာဝန်မဲ့တုံ့ ပြန် ခဲ့ပါတယ်။ တံခါး မဖွင့် ပေးရ ကောင်းလားဆိုပြီး အပြစ်တင်ချင်တဲ့ သဘောထား ကိုလည်း တွေ့ရပါတယ်။ ဒါဟာ မိုးကြိုးပစ်ရာ ထန်းလက် နဲ့ ကာ ဆိုသလို အင်မတန် ရယ်ဖွယ် ကောင်းတဲ့ ပျက်လုံး သက်သက် ပါပဲ။ ရယ်စရာ လည်း ဟာသဂုဏ် မမြောက်လှတဲ့ ပျက်လုံးပဲ ဖြစ်ပါတယ်။

    ဒီလိုလုပ်ရ့ပ်မျိုး လုပ်ခဲ့ကြ သူတွေ နဲ့ သူတို့ရဲ့ လုပ်ရပ်ကို ရယ်ဘွယ် ကာကွယ် ပေး နေကြသူတွေ ဟာ ဆင်ဖြူတော် ကို နွားအမှတ် နဲ့ နဖားကြိုး ထိုး ဖို့ ကြိုးစား နေသူ တွေလို ပါပဲ။ ကိုယ့်အဖြစ် ကိုယ်ပြန်မမြင် နိုင်တာမို့ ကိုယ့်ကိုကိုယ် ဘာမှန်း ညာမှန်း မသိကြပေမယ့် အများအမြင် မှာတော့ ဆင်ဖြူတော်ကို နဖား ကြိုးထိုးဖို့ ကြံ သူများ သာ နွားလုံးလုံး ဖြစ်တယ် ဆိုတာ လယ်ပြင် ဆင်သွားသလို ထင်ရှားလှပါတယ်။

    နောက်နောင် ဆင်ခြင်ဖို့နဲ့ တွေးတော နိုင်စေဖို့ မိချောင်းမင်းများ ကို ရေခင်း ပြနေ ရခြင်းသာ ဖြစ်ပါကြောင်း ရေးသားရင်း နိဂုံးချူပ်ခွင့်ပြုပါခင်ဗျာ။    ။

    ဓါတ်ပုံ ရှင်းလင်းချက်- သြဂုတ်လ ၁၉ ရက်နေ့ ကုလ လူအခွင့်အရေးကိုယ်စားလှယ် ကင်တားနား မိထ္ထိလာမြို့သို့ရောက်ရှိစဉ် တွေ့ရသော ဆန္ဒပြလူအုပ်ကို တွေ့ရစဉ်
    Photo Credit- (VOA Burmese Service)